03:24
တောင်သာသားလေး
နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ ပဂ္ဂိုလ်တွေကို သုတေသနပြုကြည့်တဲ့အခါမှာ သူတို့ဟာ ထူးခြားတဲ့ စွမ်းရည်တစ်ရပ် ရှိနေကြကြောင်း တွေ့ရှိရပါတယ်။ အဲဒီထူးခြားချက်ကတော့ တစ်ခြားမဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ " ဇွဲ " ပဲ ဖြစ်ပါတယ်။
ဒီလို ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အောင်မြင်မှု ခရီးလမ်းကို လျှောက်လှမ်းရာမှာ လူတစ်ချို့အတွက် ခက်ခဲလွန်း လို့ အလွယ်တကူ အရှုံးပေးခဲ့ကြတဲ့ ပြသနာတွေကို ဘယ်တော့မှ အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ ဒီထဲ က ထူးခြားတဲ့ ဇွဲလုံ့လရှိသူတစ်ဦးကို ဖေါ်ပြရမယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ တစ်ခြားမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်းပဲ ဖြစ်ပါတယ်။
သူဟာ သူ့ရဲ့ အသက် ၃၁-နှစ်မှာ လုပ်ငန်းတွေ ဆုံးရှုံးခဲ့ပါတယ်။ အသက် ၃၂-နှစ်အရွယ်မှာ နိုင်ငံဥပဒေပြု အဖွဲ့ထဲ ၀င်ရောက်အရွေးခံတော့လည်း ရှုံးနိမ့်ပြန်တာပါပဲ။ အသက် ၃၄-နှစ်မှာတော့ သူဟာ အောင်မြင်မှု မရရှိခဲ့ပါဘူး။ အသက် ၄၁-နှစ် ကျတော့ စိတ်နှလုံးထိခိုက်စရာတွေနဲ့ ကြုံ့တွေ့ခဲ့ရပြန်ပါတယ်။ အသက် ၄၃-နှစ် မှာ သူ့ရဲ့ပါတီဟာ ကွန်ဂရက်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြန်တော့လည်း ရှုံးခဲ့ရပါတယ်။ အသက် ၅၅-နှစ်မှာ ဆီးနိတ်လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြန်တော့လည်း ထပ်ပြီး ရှုံးနိမ့်ခဲ့ပြန်တယ်။
ဒါပေမယ့် သူဟာ အရှုံးမပေးခဲ့ပါဘူး။
အသက် ၅၈-နှစ်ရောက်တော့ ဆီးနိတ်လွှတ်တော်မှာပဲ ထပ်မံအရွေးခံခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်လည်း ရှုံးနိမ့်ခဲ့ရပြန်တာပါပဲ။
ခုလောက် အရှုံးပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် သူ့ကို လူတစ်ချို့က မျှော်လက့်ချက် မရှိတော့တဲ့ အရှုံးသမားအဖြစ် ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုမှန်သမျှကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့ သူဟာ ၁၈၆၀-ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးအဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံခဲ့ရပါတယ်။
သမ္မတကြီး အေဗရာဟင်လင်ကွန်းဟာ ဆုံးရှုံးမှုမှန်သမျှကို ယာယီအခိုက်အတန့်သဘောသာဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့တဲ့ တကယ့်ဇွဲသတ္တိရှင်ပဲ ဖြစ်ပါတယ်။
( အောင်သစ်၏ သူတို့ဘာ့ကြောင့်အောင်မြင်ကြသလဲ- စာအုပ်မှ)
တောင်သာခရီးသည်
13:48
တောင်သာသားလေး
ဘ၀ဆိုတဲ့ဖိနပ်ကြီးကို တောင်သာသားလေးတစ်ယောက် စီးလာခဲ့တာ (၂၃)လှမ်းတောင် ရှိလာခဲ့ပါပြီ။ မွေးနေ့နဲ့ပါတ်သတ်ပြီးတော့လည်း စာရေးဆရာတွေကလည်း ရှု့ထောင့်အမျိုးမျိုးကနေ အဓိပ္ပ္ပ္ပ္ပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနေကြ တာတွေ့ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော့်ရဲ့ရှု့ထောင့် အမြင် ကိုလည်း မျှဝေချင်ပါတယ်။ မွေးနေ့ဆိုတာလူတစ်ယောက်ရဲ့တန်ဖိုးအရှိဆုံး၊ အဓိပ္ပ္ပ္ပ္ပ္ပါယ်အရှိဆုံးနေ့လေး တစ်နေ့လို့ ထင်ပါတယ်။ အကြောင်းကတော့ ဗုဒ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ဓ္ဓ္ဓ္ဓ္ဓ္ဓဘာသာအမြင်အရ လူတစ်ယောက်ဖြစ် ဖို့ဆိုတာ ကောင်းကင်ကအပ်ဖျားနဲ့ ကမ္ဘာမြေကအပ်ဖျား ထိဖို့ဆိုတာ လွယ်ကူနိုင်ပေမယ့် လူတစ်ယောက်ဖြစ်ဖို့ မလွယ်ကူဘူးလို့ ကြားဖူးပါတယ်။ ဒီလိုမလွယ်ကူတဲ့ကြားကပဲ လူဆိုတဲ့သက်ရှိ တစ်ယောက်ဖြစ်လာဖို့ လူ့လောကထဲကို ပထမဆုံးရောက်ရှိ လာတဲ့နေ့ကတောမွေးနေ့လေးပါပဲ။ ဒီနေ့လေးမှာ ကောင်းတဲ့အရာတွေ၊ ကောင်းသောအလုပ်တွေ၊ ကောင်းသောအကြံစီတွေ၊ ကောင်းသောအတွေး
တွေ ရှိသင့်တယ်လို့လည်း ထင်မိပါတယ်။ ဒါကြောင့်မွေးနေ့ဆိုတာ ကောင်းသောဖြစ်ခြင်းတွေအတွက် သင်္ကေတတစ်ခုလို့ မြင်မိပါတယ်။
မနက်(၆)နာရီလောက်ကတည်းကနိုးနေတော့ ငါ့မျက်လုံးတွေ ထူးဆန်းနေပါ့လားဆိုပြီး တဒင်္ဂလေး တွေးလိုက်တော့မှ သြော် ဒီနေ့က ငါ့ရဲ့(၂၃)နှစ်ပြည့်မွေးနေ့လေးဆိုတာ ချက်ချင်း သိလိုက်ပါတယ်။ ဒါနဲ့ပဲ ရေမိုးချိုး၊ မနက်စာလေး အစာပြေစား၊ ပုဆိုးနဲ့အင်္ကျီလေးကို အိတ်ထဲ ကထုတ်နေမိတယ်။ ဘုရားခန်းမှာ မွေးနေ့တိုင်း တကြိမ်တခါမှ ပရိတ်ကြီး(၁၁)သုတ်ရွက်ဖတ်တဲ့ အကျင့်မရှိတာကြောင့် ဒီနှစ်မွေးနေ့လေးတော့ ဒါလေးလုပ်အုံးမှပဲဆိုပြီး ဘုရားခန်းထဲကို တတ်ကြွတဲ့ခြေလှမ်း၊ ပေါ့ပါးတဲ့ခန္ပ္ပ္ပ္ပ္ပ္ဓ္ဓ္ဓ္ဓ္ဓ္ဓာကိုယ်၊ လန်းဆန်းတဲ့မျက်လုံးတွေနဲ့ ဆင်းလာခဲ့မိတယ်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတို့ကို မြတ်ဗုဒ္ပ္ပ္ပ္ပ္ပ္ဓ္ဓ္ဓ္ဓ္ဓ္ဓရဲ့ ရုပ်ပွားတော်ရှေ့မှောက်မှာ စိတ်ထဲကမှန်းပြီးတော့ စစချင်းပဲ ကန်တော့လိုက်ပါတယ်။ ပြီးတော့ ငါးပါးသီလခံယူ၊ နတ်ပင့်၊ ပရိတ်ကြီး(၁၁)သုတ်ရွက်နေလိုက်တာ (၅၇)မိနစ်လောက် ကြာမယ်ထင်ပါတယ်။ အမျှဝေပြီးတော့ ဘုရားခန်းထဲကနေ ထွက်လာမိပါတော့တယ်။
မနက်(၇)နာရီမှာတော့ တောင်သာသားလေး တဒင်္ဂစံမြန်းတဲ့အခန်းလေးထဲကို ရောက်ရှိလို့နေပြီလေ။ အစာအိမ်ရဲ့ ခေါင်းလောင်းထိုးသံ ဂြီဂြီသံ ကြောင့် မနက်စာလေး စားဖြစ်သွားခဲ့တယ်။ ထမင်းစားပြီး အနည်းငယ် အနားယူပြီး အခန်းဖော်သူငယ်ချင်းများကို တစ်ခုခုလေး ကျွေးမွေးချင်တာကြောင့် မနီးမဝေး (အာတတ်) ဈေး လေးကို သွားခဲ့ပါတယ်။ စိတ်ထဲရှိတာတွေဝယ်လိုက်တာ တွန်းလာတဲ့တွန်းလှည်းတောင် တ၀က်မရှိတရှိ ဖြစ်နေပါပြီ။ ပြန်သွားရင် ငါ့တစ်ယောက်တည်း သယ်ရမှာဆိုတဲ့ အသိစိတ်ကြောင့် ထပ်မ၀ယ်တော့ဘဲ ငွေရှင်းကောင်တာဆီကို ထွက်ခဲ့ပါတယ်။
မနက်(၈)နာရီမှာတော့ အဆောင်ပေါ်ကိုရောက်ရှိနေပြီလေ။ ညနေကျွေးမွေးဖို့အတွက် မီးဖိုခန်းထဲမှာ ၀ယ်လာတဲ့အသားတွေကို ရေစင်အောင်ဆေးပြီး အားတဲ့မီးဖိုလေးမှာ ရေနွေး၊ ဂျင်း၊ နနွင်း၊ ဆားတို့နဲ့ရော နယ်ပြီး မီးဖိုပေါ်လေးတင်ထားလိုက်ပါတယ်။ တဖက်မီးဖိုထဲမှာလည်း ကြက်တောင်ပံကင် ဖို့အတွက် ပြင်နေမိပါတယ်။ တောင်သာသားလေး စဉ်းစားထားတာတော့ ခင်တဲ့သူငယ်ချင်းတွေ ၀က်ဆွတ် ပြုတ်၊ ကြက်တောင်ပံကင်၊ ကြက်ဥပြုတ်၊ အာလူးပြုတ်၊ ဆလပ်ရွက်၊ ပန်းသီး စတဲ့ စားသောက် ဖွယ်ရာတွေနဲ့ ဧည့်ခံဖို့ စီစဉ်ထားပါတယ်။
မနက်(၉)နာရီမှာတော့ ဘုရားခန်းကို ဒုတိယအကြိမ် သစ်သီးဆွမ်းကပ်ဖို့ ရောက်ခဲ့ပါတယ်။ ပန်းသီး(၅) လုံး၊ ငှက်ပျောသီး(၁)ပန်ကန် နဲ့ ချောကလပ်(၂၃)တောင့်တို့ကို ပန်ကန်အသီးသီးမှာ ထည့်ပြီးတော့ ဘုရားစင် ရှေ့မှာ တတ်သလောက်၊ မှတ်သလောက်လေး ရွက်ပြီးတော့ သစ်သီးဆွမ်းလေး တင်ခဲ့ပါတယ်။
မနက်(၁၀)နာရီမှာတော့ ကျွန်တော့်ရဲ့ချက်ပြုတ်ရေးအစီအစဉ်တွေ စလုပ်နေပါပြီ။ မီးဖိုတစ်ခုမှာ ၀က်စွပ်ပြုတ်၊ မီးဖိုတစ်ခုမှာ ကြက်တောင်ပံကင်လုပ်ရင်း ကွန်ပျူတာလေးလည်း သုံးဖြစ်နေပါတယ်။
တောင် သာသားလေး တကယ်ပျော်ပါတယ်။ (၂၃)နှစ်မွေးနေ့လေးမှာ ပြည်ပကိုပညာတော်သင် ရောက်နေပေမယ့် မမျှော်လင့်ထားတဲ့ မြန်မာနိုင်ငံက မိန်းခလေးတစ်ယောက်ဆီက ဖုန်းဆက်ပြီး bithday's wish လေး လုပ်လို့ ပါပဲ။ Facebook က အကို၊ အမ၊ ညီးလေး၊ ညီမလေးတွေကလည်း bithday's wish လေးတွေ လုပ်ကြပါတယ်။ ကျွန်တော့်ဘလော့လေးဟာ ကျွန်တော့်ကိုယ်ပိုင် မှတ်စုလေးဖြစ်လို့ နောင်တချိန်ပြန်ကြည့် ရင် အမှတ်တရဖြစ်အောင် သူတို့တွေရဲ့ဟာလေးတွေကိုလည်း အမှတ်တရ တင်ထားလိုက်ပါတယ်။
ညနေ(၂)နာရီလောက်မှာတော့ တောင်သာသားလေးရဲ့ ဟင်းလျာတွေက အဆင်သင့်ဖြစ်နေပြီလေ။
ညနေဘက် ကျန်းမာရေးအတွက် လမ်းလျှောက်၊ ဘောလုံးကန်၊ ခြင်းခတ် စတဲ့ အားကစားတစ်ခုခု လုပ်နိုင်ဖို့ (၅)ထပ်ဆောင်ကနေ အားကစားကွင်းထဲကို ရောက်ခဲ့ပါတယ်။
ညနေ(၇)နာရီအချိန်မှာတော့ တောင်သာသားလေးရဲ့မွေးနေ့ဧည့်ခံပွဲလေး စနေပါပြီ။ အခန်းဖော်သူငယ် ချင်း(၂)ယောက်ရယ်၊ အခြားလာတဲ့သူငယ်ချင်း (၅)ယောက်လောက်ရယ်ပါပဲ။ သူငယ်ချင်းတွေကလည်း birthday သီးချင်းလေးဆိုပြီး ဧည့်ခံပွဲလေးကို စဖွင့်ပေးပါတယ်။
ည(၁၀)နာရီမှာတော့ တောင်သာသားလေးရဲ့ ဧည့်ခံပွဲလေး အဆုံးသတ်လိုက်ပါတော့တယ်။ တောင်သာ သားလေးတစ်ယောက် သူငယ်ချင်းများအတွက် အကောင်းဆုံးဖြစ်အောင် မလုပ်ပေးနိုင်ပေ မယ့်၊ ကောင်းအောင်လုပ်ပေးနိုင်ခဲ့လို့ ၀မ်းသာပီတိဖြစ်မိပါတယ်။
တောင်သာသားလေးရဲ့(၂၃)နှစ်မွေးနေ့လေးမှာ ချစ်သောဖေဖေ၊ ချစ်သောမေမေနဲ့ ညီအကို မောင်နှမများအားလုံး ထပ်တူထပ်မျှ ၀မ်းသာပီတိဖြစ်ပါစေကြောင်း ဆုတောင်းရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်