မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Saturday 31 December 2011

နှစ်သစ်ကိုကြိုဆိုရင်း

   တောင်သာသားလေးတို့ အသက်တွေတစ်နှစ်ပိုကြီးလာပြီပေါ့။ ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ ၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ ကိုယ်စီကြုံခဲ့ရမှာပါ။ ပြန်ပြီးတော့ အတိတ်ကိုကြည့်လိုက်ရင်းနဲ့ ပျော်ရွှင်စရာ အကြောင်းအရာလေးတွေ၊ ရင်နင့်အောင်ခံစားရတဲ့ ဒဏ်ရာဟောင်းတွေက လက်ပြနှုတ်ဆက်နေကြမှာပါ။ ဘယ်လိုပဲကြုံကြုံ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ဆိုတဲ့ မလွန်ဆန်နိုင်တဲ့ လောကနိယာမကြီးအောက်မှာ မင်းသားဇာတ်ရုပ်ကြရင် မင်းသားလေးလို၊ လူကြမ်းဇာတ်ရုပ်ကြရင် လူကြမ်းကြီးလို ကိုယ်စီကိုယ်ငှ သရုပ်ဆောင်ပေးနေရတာပါ။ 
   ကဲ--အတိတ်က အကြောင်းတွေကို အတိတ်မှာပဲ ထားလိုက်ကြရအောင်လာဗျာ။ လာမည့်အနာဂါတ်အတွက် မျှော်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြရင် မကောင်းဘူးလားဗျာ။ ပျော်ရွှင်စရာနှစ်သစ်နှင့်အတူ အတွေးသစ်၊ အမြင်သစ်၊ စိတ်သစ်၊ လူသစ် တွေနဲ့ နှစ်သစ်ကို ကြိုဆိုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း......။
                                                                            ဆက်လက်ကြိုးစားပါအုံးမည်
                                                                            တောင်သာခရီးသည်

Tuesday 27 December 2011

(လုံးကြီးတင်၊ ၀ဆွဲ) စသိတဲ့အရွယ်

   တောင်သာသားလေးတစ်ယောက် စာမေးပွဲတွေပြီးလို့ အချိန်လေးနည်းနည်းလေးရလို့ အိမ်လေးဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒီတစ်ခါတော့ စဉ်းစားမိတယ်ဗျ။ ဘာလဲဆိုတော့ စာလေးပုံမှန်ရေးဖြစ်အောင် အခန်းဆက်လေးရေးရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ဒီတော့လည်း ပြသနာက ဘာအခန်းဆက်ရေး ရမလဲပေါ့။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့စိတ်နဲ့၊ ကလောင်လေးသွေးချင်တဲ့စိတ်နဲ့ ရေးလိုက်မိတာမို့ အမှားတွေပါသွားခဲ့ရင် နားလည်ပေးကြပါလို့ ချစ်သောအကို၊ အမများကို ရိုသေစွာ တောင်းပန်ရင်း.......။

(လုံးကြီးတင်၊ ၀ဆွဲ) စသိတဲ့အရွယ်
   မနက်မိုးလင်းတာနဲ့ အရှေ့မိုးကောင်းကင်ယံမှာ နေမင်းကြီးက အလင်းတွေအစွမ်းကုန် ထွန်းလင်းတောက်ပ ဖို့ တာစူနေလေရဲ့။ အညာနွေရဲ့ ဂုဏ်အင်္ဂါတွေလိုပဲ ပြောရမှာလားမသိတော့။ နေလေးနည်းနည်းထွက်လာတာနဲ့ ပူအိုက်နေတော့တာပဲ။ ဒီအချိန်မှာ စိုးရိမ်သောက ဖြစ်နေတာကတော့ ဘိုသူရဲ့မေမေပါပဲ။ ဘိုသူလေးတစ်ယောက်အတွက် ဒီနေ့က ကျောင်းသားဘ၀ရဲ့ပထမဆုံးနေ့။ ဘိုသူလေးကပျော်နေပေမယ့် မိခင်ဖြစ်သူကတော့ မပျော်နိုင်။ ပူပြင်းလွန်းတဲ့ နေမင်းကြီးအရှိန်ကြောင့် ချစ်သောသူ့ရဲ့သား နုနုလေးကို မပင်ပန်းစေချင်လို၊ မိဘရင်ခွင်ထဲက မသွားစေလို၊ စိတ်မချ ဖြစ်နေတော့တာပါ။
    သို့ပေမယ့် ဟိုအတိတ်အကြောင်းတွေကို ပြန်တွေးရင်း စောစောက တွေးပူ သွေးဆူနေတဲ့ စိတ်တွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာပါ။ မိမိတို့တုန်းက မသင်ခဲ့ဖူးတဲ့ ပညာတွေ၊ အသိရှိခဲ့တဲ့ အသိတွေ ငါ့သားသမီးတွေ သိရမယ်ဆိုတဲ့ အတွေးတွေကြောင့်ထင်။
   ဘိုသူလေးတစ်ယောက်ကတော့ ဘောင်ဘီတိုအစိမ်းလေး၊ ကျောင်းဖြူလက်တိုလေး၊ လွယ်အိတ်ကလေးရယ်က ဘုရင်းတစ်ပါး မင်းမြှောက်တန်ဆာ(၅)မျိုး ဆင်မြန်းထားသလို စိတ်ထဲမှာထင်နေပါတော့တယ်။ ဘိုသူလေးတစ်ယောက်အတွက် မိခင်ဖြစ်သူက ကျောင်းစစတတ်တဲ့နေမှာ မျက်နှာမငယ်ရအောင် တခြားကျောင်းသားများနည်းတူ မုန်းစားတဲ့အချိန်မှာ စားနိုင်အောင် နှစ်ချို့(၅)ကျပ်တန်လေး တစ်ရွက် အတွင်းခံအိပ်ကပ်ထဲမှ အသားကုန်ဆွဲထုတ်နေလေရဲ့။ ဘယ်နေ့ ဘယ်ရက် ကတည်းက ထည့်ထားတယ်မသိ။ စုထားတယ်မသိ။ ဟောင်းနွမ်းနေတာတော့အမှန်ပါ။ သို့ပေမယ့်လည်း ပိုက်ဆံလေးကိုတော့ ဘိုသူလေးတစ်ယောက် တန်ဖိုးထား၊ မြက်နိုးနေမိပါတယ်။ 
    အကိုအကြီးဆုံးကို တတွတ်တွတ်မှာနေတဲ့မေမေ။ မိဘရင်ခွင်ကနေ (၁၀)နာရီလောက် ခွဲခွါသွားမယ့် သားငယ်လေးကို စိတ်မချနိုင်။ ဘိုသူတို့ မူလတန်းကျောင်းလေးက တောကျောင်းလေးတစ်ကျောင်း။ ဘိုသူတို့နေတဲ့ ရွာကလေးနဲ့ဆို (၃)မိုင်လောက်ဝေးသည်။ မိခင်တစ်ယောက်စိတ်မချနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ နုနယ်လွန်းတဲ့ အရွယ်၊ (၅)နှစ်သားလေးတစ်ယောက် (၃)မိုင်လောက်ခရီးကို ခြေကျင်သွားရမည်ဆိုတာကို မိခင်စိတ်ရှိတဲ့ မိခင်တိုင်း စာနာနိုင်မည်ထင်ပါသည်။ 
   ပျော်ရွှင်မှုတွေရဲ့စွမ်းအားတွေကြောင့်လား၊ အကိုကြီးရဲ့ တခါတရံဂွမ်းပိုးမှုတွေကြောင့်လား မသိ။ လျောလျော ရှုရှု ချစ်သောကျောင်းတော်ကြီးကို ရောက်သွားလေရဲ့။ ဘိုသူလေးရဲ့မူလတန်းကျောင်းလေးက ကျောင်းတတ်ခေါင်းလောင်းသံမထိုးပါ။ သို့ပေမယ့် ကျောင်းတတ်ပြီဆိုရင် ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို ပြောလိုက်တာပါ။ မောင်ကျောင်းသား ကျောင်းတတ်ချိန်လို့ အော်လိုက်ကွာလို့။
အဲ့ဒီအချိန်မှာပဲ စောစောက မောင်ကျောင်းသားက ကျောင်းတတ်ချိန်၊ ကျောင်းတတ်ချိန် ဆိုပြီး ဆော်သြော်လိုက်ပါတော့တယ်။ အဲ့ဒီနှိုးစက်ကတော့ ဘိုသူလေး တတ်နေတဲ့ မူလတန်းကျောင်းလေးရဲ့ ကျောင်းတတ်နှိုးဆော်မှုပါ။ သူများတွေနည်းတူ ခုံးတန်းလေးမှ ၀င်ထိုင်မိသည်။ အဲ့ဒီအချိန်မှာ အသားညိုညို၊ အရပ်မမြင့်တမြင့်၊ သွားလေးများပေါ်အောင် ပြုံးရင်း ဘိုသူလေးတို့ အတန်းထဲကို ၀င်လာတာတော့ ဆရာတစ်ယောက်။ ဆရာလှအောင်တဲ့။ စိတ်ထဲမှာ မှတ်ထားမိတယ်။ အဲ့ဒါ ဘိုသူလေးတို့ရဲ့ အတန်းပိုင်ဆရာ။
   ခဏမျှမိတ်ဆက်ပြီး စာသင်ပါတော့သည်။ က၊ ခ၊ ဂ၊ ဃ၊ င။ အော်လိုက်ကြပါသည်။ အသံကိုမနှမြော။ အဲ့လိုအော်ရတဲ့ အရသာကိုက မူလတန်းကလေးဘ၀။ က၊ ခ၊ သင်နေရင်းနဲ့ ဆရာက မောင်ကျောင်းသားတို့ကို အမြည်းလေး သင်ပေးမယ်တဲ့။ အဲ့ဒါက ဘာလဲဆိုတော့ လုံးကြီးတင်ဆိုတာ ဒါမျိုးလေးကွ၊ ဒီလိုလေးဆွဲရတာ၊ ၀ဆွဲလေးကလည်း ဒီလိုလေးကွ၊ သူကျတော့ ဒီလိုလေးဆွဲရတယ် မောင်ကျောင်းသားတို့။ အဲ့ဒါလေးကို ဘိုသူလေးတစ်ယောက် ကျောက်သင်ပုန်းလေးမှာ ဆွဲမိတော့ပါတယ်။ ကျောက်သင်ပုန်းဆိုတာ စာမျက်နှာ နှစ်ဖက်ပဲပါတဲ့ အရာလေးတစ်ခုပါ။ စာမျက်နှာ နှစ်ဖက်ပြည့်သွားပြီဆိုရင် ပြန်ဖျတ်ပြီး ရေးရတဲ့အမျိုး။ သို့ပေမယ့် ဘိုသူလေးတစ်ယောက် လုံးကြီးတင်၊ ၀ဆွဲလေး ရေးထားတဲ့ စာမျက်နှာလေးကို မဖျက်ရက်။ နှမြောလွန်းသည်။ ထို့ကြောင့် မဖျက်တော့ပဲ တခြားတစ်ဖက်ကိုပဲ ထပ်တလဲလဲ သုံးမိပါတော့တယ်။
   အကြောင်းတစ်ခုရှိသည်။ ကျောင်းသားဘ၀ပထမဆုံးနေ့မှာ ဘာလေးသင်ခဲ့ရတယ်ဆိုတာ ဘိုသူလေးတစ်ယောက် ချစ်သော မေမေနဲ့ဖေဖေကို ပြောပြချင်မိသည်။ ရေးထားတဲ့ ကျောက်သင်ပုန်းထဲက စာလေးတွေကို ပြချင်နေမိသည်။ ထိုအချိန်မှာပဲ ကျောင်းသားတစ်ယောက်၏အော်သံကို ကြားလိုက်ရသည်။ ကျောင်းဆင်းချိန်၊ ကျောင်းဆင်းချိန် တဲ့။ ကျောက်တံ၊ ကျောက်သင်ပုန်းတွေကို ကိုယ်စီသိမ်းနေကြပါတော့တယ်။ မင်္ဂလာပါဆရာ၊ နုတ်ဆက်ပါတယ် ဆရာဆိုတဲ့ စကားလေးကိုလည်း အခုအချိန်ထိ မေ့မရနိုင်။ ပါးစပ်ထဲမှာ အာသီသရှိရှိ ရွက်နေမိသည်။ အတန်းထဲက ထွက်ပြီး အကိုကြီးကို ရှာနေမိသည်။ ဟော-- တွေ့ပြီ အကိုကြီးနဲ့ အကိုလတ်။ ပြိုင်တူထွက်လာကြသည်။ ငါ့ညီလေး အဆင်ပြေပ့ါမလားဆိုတဲ့ စိတ်တွေကိုယ်စီနဲ့ထင်။ ဘိုသူလေးတစ်ယောက် အပြေးလေးသွားမိသည်။ အကိုကြီးနှစ်ယောက်ကို ဘယ်၊ ညာတစ်ဖက်ဆီ လက်ဆွဲရင်း မိဘအေးရိပ်ဆီကို ပြန်လာပါတော့တယ်။
   အိမ်ပြန်ရောက်ရောက်ချင်း မိခင်နဲ့ ဖခင်ဆီကို အရင်ပြေး၊ ကျောင်းဝတ်စုံကို မလဲနိုင်သေး။ ဘာတွေသင်လိုက်သည်၊ ဘာတွေရေးလိုက်သည်ဆိုတာကို ပြောပြချင်တဲ့ ဆန္ဒတွေက ဖိုးသကြားတားမရနိုင်ဘူးထင်။ မေမေနဲ့ဖေဖေ ဆရာလှအောင်က ပြောတယ်။ လုံးကြီးတင်ဆိုတာ ဒီလိုကြီးတဲ့။ ၀ဆွဲကတော့ ဒီလိုလေးတဲ့။ ပါးစပ်ကအမြုပ်ထွက်မတတ် ပြောပြနေမိတော့သည်။ မေမေနဲ့ ဖေဖေတို့ကို ကြွားပြီးပြီဆိုတော့ အိမ်ဘေးက အန်တီတို့ အိမ်ကို ထပ်သွားကြွားရပြန်သည်။ အေးပါကွယ် ငါ့တူလေးတော်လိုက်တာ။ ရော့ မုန့်စားအုံးဆိုတဲ့ အန်တီရဲ့ ချိုမြိန်တဲ့အသံလေး။ အဲ့ဒီအခါကျမှ မိမိဝမ်းက အကြောင်းကြားသည်။ ငါဗိုက်ဆာနေပြီတဲ့။  ဘိုသူလေးတစ်ယောက်ရဲ့ကျောင်းသား ပထမဆုံးနေ့လေး ခုထိမေ့မရနိုင်။ ဘယ်သောအခါမှ မေ့နိုင်မည်လည်းမထင်......။ 
                                                             ဆက်လက်ကြိုးစားပါအုံးမည်....
                                                             တောင်သာခရီးသည်












Sunday 18 December 2011

လေးစားဖွယ်၊ အတုယူဖွယ် ၀န်ထမ်းတစ်ဦး

   တောင်သာသားလေးတစ်ယောက် ပျောက်နေတယ်လို့ပဲပြောပြော၊ ပေါ်မလာတာလားပြောပြော ဘယ်လိုပဲပြောပြော အပြောခံဖို့အသင့်ပါပဲ။ အကြောင်းပြချက်ကတော့ ထွေထွေထူးထူး မရှိပါဘူး။ စာမေးပွဲနီးလာလို့ စာတွေလုပ်နေရတယ်လို့ပဲ ပြောရမှာပါ။ အရင်ကတော့ ပြည်ပကနေ မာစတာဘွဲ့လောက်ပဲ ယူပြီး အမိမြေကို ပြန်တော့မယ်လို့ စိတ်ကူးထားတာပါ။ ဒါပေမယ့် တောင်သာသားလေးဆီမှ ပညာတွေ မပြည့်သေးဘူး၊ မလုံလောက်သေးဘူးလို့ စိတ်ထဲမှာတွေးမိတယ်။ ဆက်ပြီးလေ့လာရအုံးမယ်၊ ဆည်းပူးရအုံးမယ်ဆိုတာကို စိတ်ကအလိုလိုသိနေတာနဲ့ ပါရဂူဘွဲ့လေးများ အဆင့်မှီလာမလားဆိုပြီး စာတွေကုန်းလုပ်နေတာပါ။
   တနေ့ကပေါ့။ တောင်သာသားလေးတို့ကျောင်းတတ်တဲ့မြို့မှာ ကျောင်းသားတွေအတွက် ကားကဒ်တွေ လစဉ်ထုတ်ပေးပါတယ်။ ဒါပေမယ့် အခု (၀၁-၀၁-၂၀၁၂)ကနေစပြီးတော့ ကားကဒ်တွေ ထုတ်မပေးတော့ပဲ ဖုန်းကဒ်တွေလို လစဉ်ငွေသွင်းတဲ့ ကဒ်တွေ လုပ်ရမယ်လို့ ကျောင်းသားရေးရာဌာနက ပြောပါတယ်။ လုပ်ဆိုတော့လည်း လုပ်ပေါ့။ တောင်သာသားလေးဦးစီး (၃)ယောက်သွားတယ်ပေါ့ဗျာ။ (ဆက်ရှင်တစ်ခုလုံးစာအတွက်)။ သွားလုပ်ရမယ့်နေရာက မြေအောက်ရထားဘူတာတွေမှာပါ။ ပထမဆုံး အဆင်ပြေနိုင်ဆုံး ဘူတာကိုသွားပြီး စာရွက်စာတမ်းတွေနဲ့ ကားကဒ်(ငွေသွင်းကဒ်) လုပ်ချင်ပါတယ်ပေါ့။ အန်တီကြီး တစ်ယောက်ကပြောတယ်။ လာလုပ်တဲ့သူအတွက်ပဲ လုပ်လို့ရတယ်တဲ့။ ကြားရတဲ့စကား နားဝမှာ မသက်သာလိုက်ပါဘူး။ လာရတာအဝေးကြီးလေ။ ကားတတန်၊ မြေအောက်ရထားတတန်နဲ့ပေါ့။ လုပ်ပါဗျာ၊ ကူညီပါအုံးဆိုပြီး အဖြူတဖြူသွားလေးတွေပေါ်အောင် ပြုံးပြီး ပြသော်လည်း မရပါ။ ကိုယ်တိုင်လုပ်ချင်ရင် ကိုယ်တိုင်လာပါတဲ့။ လုပ်လို့မရရင် ရအောင်လုပ်မယ်ဆိုပြီး မြေအောက်ရထားဘူတာ (၈)ခုလောက် လိုက်မေးလိုက်ပါတော့တယ်။ ဟော---နောက်ဆုံးဘူတာမှာ တွေ့ပါပြီး။ ကောင်တာမှာ ထိုင်နေတဲ့ အန်တီကြီးမျက်နှာကိုက နူးညံ့သိမ်မွေ့နေတာပါလားလို့ (အကုန်ကူညီလို့လဲ ပါလောက်ပါတယ်)။ အန်တီရေ ကျွန်တော်တို့ ကားကဒ်လေးလုပ်ချင်လို့ပါပေါ့။ ရပါတယ်တဲ့။ အစတော့ အဆင်ပြေတယ်ဗျ။ တ၀က်လောက်လဲရောက်ရော ဗွေဖောက်လာတယ်။ သူ နေ့လည်စာ စားချိန်ရောက်ပြီတဲ့။ မနက်ဖြန်မှ လာတော့တဲ့။ သွားဖြဲလဲမရ၊ မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ပြလည်း မရတော့။ ကဲ နောက်ဆုံးတော့ ထွက်စမ်းအကြံဥာဏ် ထွက်စမ်းအကြံဥဏ် လို့ ပြောတော့ အကြံတော့ထွက်မလာပါဘူး။ အိတ်ထဲက ပိုက်ဆံ (၅၀၀)တန်လေး ထွက်လာပြီး ကပ်တိုးလေး အန်တီအတွက် ကော်ဖီဖိုးလေးပါပေါ့။ (စိတ်ထဲမှာတော့ အဆင်ပြေပြီပေါ့)။ အပြင်မှတော့ မတူဘူးဗျ။ ငါ့မှာ အဲ့ဒါမလိုဘူးတဲ့ ပြန်ပြောလိုက်ပါတယ်။ (စိတ်ထဲမှာ မူနေတာနေမှာပါလို့တော့ တွေးမိပါတယ်)။ အမှန်အတိုင်းပဲ ၀န်ခံလိုက်ပါတော့တယ်။ ကျွန်တော်တို့က အဝေးကနေလာရလို့ပါ၊ သူငယ်ချင်းတွေက ကျောင်းချိန်ရှိလို့ပါ၊ ကားတတန်၊ မြေအောက်ရထား တတန် လာရလို့ပါ၊ စသည်ဖြင့်ပေါ့။ ဟော အဲ့ကျမှ အဆင်ပြေသဗျ။ နေ့လည်စာ စားပြီးရင် လာခဲ့တဲ့။
   နေ့လည်စာစားပြီး ကျန်တဲ့လူတွေအတွက် ဆက်လုပ်ပေးနေပါတော့တယ်။ ပြီးခါနီး မှာ မနက်က မူနေတာနဲ့ ပိုက်ဆံမယူတာ အခုတော့ ယူလောက်တယ်ဆိုပြီး ဒုတိယအကြိမ် ထပ်ပေးမိပါတယ်။ ဒီတကြိမ်လည်း မယူဘူးဗျ။ (အော် စိတ်ထဲမှာတော့ တော်တော်လေးကို ချီးကျူးမိပါတယ်)။ ငါတို့နိုင်ငံက လူတွေနဲ့များကွာပါ့။ ဒီကပေးတာတောင် မယူဘူးလို့။ တို့နိုင်ငံက မပေးတာတောင် အတင်းတောင်းချင်နေတာလို့။ 
   စိတ်ထဲမှာလည်း ငါတို့နိုင်ငံမှာ ဒီလိုဝန်ထမ်းတွေ အများကြီးရှိရင် ဘယ်လောက်များကောင်းလိုက်မလဲ။ နောက်ကျနေတဲ့ ငါတို့နိုင်ငံကြီး ရှေ့ရောက်ဖို့ ဒီလိုဝန်ထမ်းတွေအများကြီး လိုအပ်တယ်လို့ လမ်းလျှောက်ရင်း အတွေးလေးတွေ ၀င်လာနေပါတယ်။ ငါလည်း ဒီလိုဝန်ထမ်းဖြစ်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့  ဆုံးဖြတ်လိုက်ပါတော့တယ်။ လေးစားဖွယ်၊ အတုယူဖွယ် ၀န်ထမ်းတစ်ဦးကို ဂုဏ်ပြုရင်း.......။

                                                                                     ဆက်လက်ကြိုးစားပါအုံးမည်
                                                                                     တောင်သာခရီးသည်
 


Wednesday 7 December 2011

အိမ် (ချစ်သောမိသားစုအတွက် အမှတ်တရ)

   တောင်သာသားလေးတစ်ယောက် မွေးရပ်မြေနဲ့ ခွဲလာရတာ (၂၀၀၅)ခုနှစ်ကနေ စပြီးတော့ ရေတွက်မယ် ဆိုရင် (၆)နှစ်တင်းတင်း ပြည့်တော့မယ်ပေါ့။ ငယ်ငယ်တုန်းက နေခဲ့ရတဲ့ အိမ်မှာရှိတဲ့ အကို ညီတွေနဲ့ နေခဲ့ရတာတွေကို ပြန်ပြောင်းသတိရနေလို့ ဒီသီချင်းလေးကို တင်လိုက်တာပါ။ ငယ်ငယ်တုန်းက တောင်သာသားလေးတို့ ညီအကို(၄)ယောက်ဟာဆိုရင် တကယ်အပျော်ရွှင်ဆုံး ညီအကိုတွေထဲမှာ ပါတာပေါ့။ ဥပမာ- ဘောလုံးကန်မယ်ဆိုရင်တောင် ဘေးပါတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ ညှိနေစရာ မလိုပါဘူး။ ညီအကို(၄)ဆိုတော့ အကြီးဆုံးနဲ့ အငယ်ဆုံးနဲ့က တဖက်၊ အလယ်နှစ်ယောက်က တဖက်။ ဘယ်လောက်ပျော်ရွှင်စရာကောင်းလိုက်သလဲဗျာ။ ရဲဖမ်းမှာတော့ ကြောက်ပါတယ်။ ဒါပေမယ့်ပြောရအုံးမယ်။ ဖဲခိုးရိုက်ရင်တောင် ညီအကို(၄)ယောက်နဲ့ ဆော့လို့ရတယ်ဗျ။ (ဖေဖေမသိအောင်တော့ ဆော့ရတာပေါ့၊ ဟိဟိ သိရင်တော့ ပြေးစရာ မြေမရှိတော့ဘူးသာမှတ်)။ အော်--- အခုတော့လည်း ညီအကိုတွေ တနယ်စီမှာပါလား။ တာဝန်တွေကိုယ်စီ၊ အလုပ်တွေကိုယ်စီနဲ့ပါလား။ ချစ်သော အကို(၂)ယောက်နှင့်၊ ချစ်သော ညီငယ်လေး(၁)ယောက် ရောက်တဲ့နေရာ၊ လုပ်တဲ့အလုပ်၊ မိသားစုအရေးတွေ အဆင်ပြေပါစေလို့ ဆုတောင်းရင်း ----
  ချစ်တဲ့ညီလေး

Tuesday 6 December 2011

မြန်မာဘုရင်မင်းဆက်များ











တောင်သာသားလေးတစ်ယောက် ဒီနေ့ပို့စ်အသစ်လေး တင်ချင်လို့၊ ကိုယ်တိုင်ကလောင်သွေးဖို့ကျတော့လည်း သွေးနိုင်လောက်တဲ့ အဆင့်မရှိသေးလို့ မွှေရင်းနှောက်ရင်း နောက်ဆုံးတော့ မြန်မာ့အွန်လိုင်းစွယ်စုံကျမ်းဆီကို ရောက်သွားပါတယ်။ အဲ့ဒီမှာ ရှေးမြန်မာဘုရင်တွေအကြောင်းတွေ့တယ်ဗျ။ များတော့များတယ်ဗျ။ အချိန်ရရင်တော့ ဖတ်စေချင်ပါတယ်။ တောင်သာသားလေးကြားဖူးတာတစ်ခုက သမိုင်းမသိတဲ့သူတွေက မျက်စိတ်မမြင်တဲ့သူနဲ့တူတယ်တဲ့။ (ဟုတ်ကော ဟုတ်လားမသိဘူး)။ မှားရင်လည်း ထောက်ပေးပါအုံး။ တောင်သာသားလေး လေးစားတန်ဖိုးထားရတဲ့ တောင်သာသားလေးဆီကို လာလည်တဲ့ အကို အမများကို  မျက်စိမြင်တဲ့သူတွေ ဖြစ်စေချင်လို့ ပြန်လည် ဝေမျှခြင်းသာဖြစ်ပါတယ်။ တောင်သာသားလေးတော့ မျက်စိကောင်းကောင်းမမြင်သေးပါကြောင်း ၀န်ခံရင်း---။

မြန်မာဘုရင်မင်းဆက်များ


ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသည် အိန္ဒိယမြောက်ပိုင်း နယ်စပ် နီပေါတစ်နေရာတွင် ဖွားမြင်ခဲ့သည့် သာကီဝင်မင်းသားတစ်ပါး ဖြစ်သည်။ ထိုမင်းသား၏ အဘိုးသည် သာကီဝင် မျိုးတူစုအတွင်း မကျေမနပ် ခိုက်ရန်ဖြစ်ပွား၍ ဇာတိရပ်ရွာကို စွန့်ပြီး မြန်မာနိုင်ငံဧရာဝတီမြစ်ညာအရပ် တကောင်းတွင် လာနေကြသည်။ ထိုမင်းကို အဘိရာဇာဟုခေါ်သည်။ သူကို ကြီးမြတ်သော မင်းဖြစ်သည်ဟု ခေါ်ကြသည်။ (အဘိရာဇာ၊ မဟာရာဇာ၊ မင်းကြီးစွာ၊ တ္ဒဗံ့) အားလုံးမှာ ကြီးမြတ်သော မင်းကြီးဟု အဓိပ္ပါယ်ရသည်။ အဘိရာဇာ နတ်ရွာစံသောအခါ အမွေခံ သားတော်နှစ်ပါး (ကံရာဇာကြီး‎ကံရာဇာငယ်) က နန်းလုကြသည်။ အငယ်က အထက်အညာကို အနိုင်ရသည်။ အကြီးက တောင်ဘက်သို့ ထွက်ခွာခဲ့ပြီး နောက်ဆုံး ဓည၀တီ(ရခိုင်)သို့ ရောက်လေသည်။ တကောင်း နန်းရိုးမှာ ကံရာဇာငယ်က စတဲ့ မင်းဆက် (၃၂)ဆက်မြောက်တွင် (စိန၊ တရုတ်)တို့ ဖျက်၍ တကောင်းပြည် ပျက်လေသည်။ ထိုအခါ အုပ်စုသုံးစုကွဲပြီး တစ်စုက ဧရာဝတီမြစ်ပေါ်ရှိ တကောင်းတောင်ဘက် မလည်အရပ်တွင် နေထိုင်ကြသည်။ အချိန်ကာလက ဗုဒ္ဓရှင်တော်ဘုရား လက်ထက်ဖြစ်သည်။

မင်းဆက်(၃၃)ဆက်
1.       အဘိရာဇာ
2.       (သား) ကံရာဇာငယ်
3.       (သား) ဇမ္ဗူဒီပရာဇာ
4.       (သား) သင်္ဃသရာဇာ
5.       (သား) ၀ိပ္ပန္နရာဇာ
6.       (သား) ဒေ၀တရာဇာ
7.       (သား) မုနိကရာဇာ
8.       (ဘထွေး) နာဂရာဇာ
9.       (ညီ) ဣန္ဒရာဇာ
10.   (သား) သမုတိရာဇာ
11.   (သား) ဒေ၀ရာဇာ
12.   (သား) မဟိန္ဒရာဇာ
13.   (သား) ၀ိမလရာဇာ
14.   (သား) သီဟနုရာဇာ
15.   (သား) မင်္ဂလရာဇာ
16.   (သား) ကံသရာဇာ
17.   (သား) ကလိင်္ဂရာဇာ
18.   (သား) သင်းတွဲရာဇာ
19.   (သား) သီဟဠရာဇာ
20.   (ညီ) ဟံသရာဇာ
21.   (သား) ဝရရာဇာ
22.   (သား) အလောင်းရာဇာ
23.   (သား) ကောလကရာဇာ
24.   (သား) သူရိယရာဇာ
25.   (သား) သင်ကြီးရာဇာ
26.   (သား) တိုင်းချစ်ရာဇာ
27.   (သား) မဓုရာဇာ
28.   (သား) မင်းလှကြီးရာဇာ
29.   (သား) သံသုသီဟရာဇာ
30.   (သား) ဓနင်္ဂရာဇာ
31.   (သား) ဟိန္ဒရာဇာ
32.   (သား) မောရိယရာဇာ
33.   (သား) ဘိန္နကရာဇာ တို့ဖြစ်သည်။ *(စိန၊ တရုတ်)တို့ ဖျက်၍ တကောင်း ပြည်ပျက် လေသည်။

အဘိရာဇာကို ဘိုးဘွားအရိပ်အရာ ဆက်မနေနိုင်အောင် နှင်ထုတ်ခံရသကဲ့သို့ ဓဇရာဇာဟူသော သာကီဝင်မင်းတစ်ပါးသည် သာကီဝင်ဆက် မင်းသမီး (? မိဖုရား) တစ်ပါး ခိုကိုးနေသော မလည်အရပ်သို့ ရောက်လာပြန်သည်။ ထိုမင်းသားနှင့် မင်းသမီး ပေါင်းဖက်ကာ မင်းဆက်အသစ်ကို တကောင်းမှာထူထောင်သည်။ ထိုနေရာက (၁၇)မြောက်မင်းက သတိုးမဟာရာဇာမင်းဟု ဘွဲ့အမည်ရှိသည်။ နန်းဆက်ခံမည့် သားတော်မရှိ၍ ယောက်ဖတော် ခေပဒုတ ကို အိမ်ရှေ့မင်း အပ်နှင်း၏။ ခရစ်မပေါ်မီ အနှစ် ၅၀၄-တွင် ခေပဒုတသည် ရန်သူနှိမ်နင်းရန် တပ်နှင့် ထွက်ခဲ့ပြီး ရန်အားလုံးကို နှိမ်နင်းပြီးသောအခါ မူလနေခဲ့သော မြို့နှင့် သိပ်ကွာဝေးနေသဖြင့် မပြန်ဘဲ (နောင်အခါ) ဂြီက္ဗေတြ (သရေခေတ္တရာ) ဖြစ်မည့်နေရာတွင် ရသေ့လုပ်နေသည်။ ဤတွင် ဒုတိယတကောင်း မင်းဆက် ပြီးလေသည်။

မင်းဆက်(၁၇)ဆက်
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2.သတိုးတိုင်းသ ရာဇာမင်း
3.သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7.သတိုးဂဠုန်ရမင်း
8.သတိုးနဂါးရမင်း
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17. သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။

ဧရာဝတီမြစ်‎၏ အောက်ပိုင်း (အကြေအရပ်)တွင် ရသေ့ဖြစ်နေသော ခေပဒုတမင်း၏ ယောက်ဖ သတိုးမဟာရာဇာမင်းတွင် မျက်ကန်းမင်းသား ညီနောင်နှစ်ပါး ရှိသည်။ ထိုသားနှစ်ပါးကို မွေးစကတည်းက ဖျောက်ဖျက်ရန် စေခိုင်းသော်လည်း မယ်တော်က တိတ်တဆိပ်မွေးထား၍ အရွယ်ရောက်လာလေသည်။ ထိုအခါ မင်းကြီးသိပြီး ဖေါင်ပေါ်တင်၍ ဧရာဝတီမြစ်‎ အတွင်း မျှောလိုက်သည်။ မြစ်မှာ မျှောပါရင်း မျက်စိမြင်သည်။ ဦးကြီးရသေ့နှင့် တွေ့သည်။ ရသေ့၏ အစီအမံဖြင့် မဟာသမ္ဘာ၀ အမည်ဖြင့် ပျူမိဖုရား နန်းခမ်းနှင့် ထိမ်းမြားကာ ပျူတို့ကို မင်းလုပ်အုပ်ချုပ်စေသည်။ ခရစ်မပေါ်မီ အနှစ် ၄၄၃ က ဖြစ်သည်။ မြို့တော်မှာ (ဂြီက္ဗေတြ) အသရေရှိသော မြေအရပ်ဟု အဓိပ္ပါယ်ရ၍ (သရေခေတ္တရာ) ဖြစ်လာသည်။ သရေခေတ္တရာသည် ပျူခေတ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ မဟာသမ္ဘာ၀တွင် သားတော်တစ်ပါး ဖွားမြင်ရာ ဒွတ္တဘောင် (တ္ဒဗံ့မင်းကြီး) ဖြစ်လာသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တဘောင်မင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမဘုရားညီးညီးဘုရားစီးစီးဘုရားဘောဘောဘုရားပုထိုးကြီးဘုရား များဖြစ်သည်။
သို့သော် ဒွတ္တဘောင်မင်းသည် သာသနာမြေ (ဘုန်းကြီးကျောင်း)မြေအား သိမ်းယူခဲ့သောအမှုကို ပြုခဲ့သောကြောင့် ပြည်သူတို့၏ လေးစားမှုအား မရတော့ပဲ အခွန်အကောက်များ ရရှိမှုနည်းပါးခဲ့သည်။ မင်းကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန်ရာ၊ ပန်ထွာမင်းသမီး(? တောင်တွင်းကြီး)နှင့်တွေ့ပြီး ပန်ထွာဘုရင်မ၏ ဧည့်ခံပြုစုခြင်း၌ နစ်မွန်း၍ မဆင်မခြင်သွား လာရာကာ မုန်တိုင်းတစ်ခုနှင့် ဆုံသဖြင့် ရေနစ်ပျောက်ဆုံး သွားရသည်။ ထိုမင်းသည် မြန်မာ့သမိုင်း၌ ပင်လယ်တွင် နစ်မွန်းပျက်စီးရသည့် တစ်ပါးတည်းသော မင်းဖြစ်သည်။ ကွယ်လွန်ချိန်ကား ခရစ်မပေါ်မီ ၃၇၃ တွင်ဖြစ်သည်။

မင်းဆက်(၂၇)ဆက်
1.မဟာသမ္ဘာ၀ (သာသနာနှစ်-၆၀) (BC-484)
2.(ညီ) စူဠာသမ္ဘာ၀ (သာသနာနှစ်-၆၆) (BC-478)
3.(သား) ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)
4.(သား) ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)
5.(သား) ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)
6.(သား) ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)
7.(သား) ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)
8.(သား) ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)
9.(သား) လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)
10.(သား) သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)
11.(သား) သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)
12.ငတပါး (သာသနာနှစ်-၄၄၆) (BC-98)
13.(သား) ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)
14.(သား) ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)
15.(သား) ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)
16.(သား) ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9) *(သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။)
17.(ညီ) ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)
18.(သား) မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)
19.(သား) ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)
20.(ညီ) သာခ (သာသနာနှစ်-၅၈၁) (AD-37)
21.(သား) သာသိ (သာသနာနှစ်-၅၈၄) (AD-40)
22.(ညီ) ကန္န (သာသနာနှစ်-၅၉၁) (AD-47)
23.(နောင်တော်) ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)
24.(နောင်တော်) ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)
25.(သား) သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)
26.(သား) အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)
27.(ညီ) သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68) *(ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။)

သရေခေတ္တရာဒုတိယမင်းဆက်
မင်းဆက်(၂၀)
1.သီဟသူ
2.(ညီ) ကျစွာ
3.စောရန်နောင်
4.မျက်နှာရှည်
5. မထီးလို (လု)
6.လုပ်ပြာ (ဖျာ)
7. စုကတေး
8.မင်းရဲကျော်စွာ
9.သီဟသူ
10.စောရွှေခွက်
11.နရပတိ
12.(သာယာဝတီ)
13.မင်းကြီးဆင်များ
14.ညီတော်သတိုး
15.မင်းစောဆင်ဖြူရှင်
16.သားတော် မင်းတရား
17.နရပတိ
18.မင်းခေါင်
19.မင်းတရားကျွန်တော် သတိုး
20.သတိုးမင်းစော

မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် ဗမာလူမျိုးတို့ အုပ်ချုပ်သည့် ပုဂံခေတ်တွင် မင်းဆက်ပေါင်း ၅၈-ဆက်ရှိခဲ့သည် ဟုဆိုပါသည်။
ခရစ်နှစ် ၁၀ရ -ခု (AD 107 ) ၊ မြန်မာ သက္ကရာဇ် ၂၉ -ခု တွင် နန်းတက်သော မဟာသမုဒ္ဒရာဇ် မင်း မှစ၍ ခရစ်နှစ် ၁၃၆၈ -ခု (AD 1368 )၊ မြန်မာသက္ကရာဇ် ၇၃၀ ပြည့်နှစ်တွင် နန်းကျခဲ့သော စောမွန်နစ် မင်းအထိ ။ ၁၂၆၁ -နှစ်ကြာအောင် ရှည်သော အပိုင်း ကို ပုဂံခေတ် ဟု သတ်မှတ်ပါသည် ။ မင်းဆက်ပေါင်း ၅၅ ဆက် ရှိသည် ဟုဆိုသော်လည်း ဘိသိပ်မခံသောမင်း ၊ ကျောက်စာ အထောက်အထား မရှိသောမင်း ၊ ကျောက်စာ တွင်ပါဝင်သော်လည်း ရာဇ၀င် တွင် စာမတင်သောမင်း စသဖြင့် အယူအဆ အမျိုးမျိုး ကွဲပြားနေပါသည်။
၁၀၇ -ခုနှစ် မဟာသမုဒ္ဒရာဇ်မင်း မှစတင် ပြီး ၁၃၆၉-ခုနှစ် စောမွန်နစ်မင်း အထိ နှစ်ပေါင်း (၁၂၆၂)နှစ် ၊ မင်းဆက် (၅၈) ဆက် ကြာအောင် တည်တံ့ခဲ့သည် မြန်မာပြည်၏ အရှည်ကြာဆုံး ခေတ်ဖြစ်သော ပုဂံခေတ်၏ မင်းဆက် များကို
  • (က) အထောက်အထား ခိုင်ခိုင်မာမာ မရှိသော ၁၀ရ မှ ၁၀၄၄ အထိတစ်ပိုင်း၊
  • (ခ) အထောက်အထား များဖြင့် ခိုင်ခိုင်လုံလုံ ပြောနိုင်သော ၁၀၄၄ မှ ၁၃၆၉ အထိ တစ်ပိုင်း၊
၂ ပိုင်း ခွဲ၍ ရနိုင်သမျှ အထောက်အထားများ ပေါင်းစပ်၍ ဖော်ပြလိုပါသည်

မင်းဆက် (၅၈)ဆက်
  1. မင်းဆက်(၁) သမုဒ္ဒရာဇ်မင်း (ကောဇာ သက္ကရာဇ် ၂၉-နှစ်)
  2. မင်းဆက်(၂) ရသေ့ကြောင် (ကောဇာ သက္ကရာဇ် ၇၄-နှစ်)
  3. မင်းဆက်(၃) ပျူမင်းထီး (ကောဇာ သက္ကရာဇ် ၈၉-နှစ်)
  4. မင်းဆက်(၄) ထီးမင်းယည် (ကောဇာ သက္ကရာဇ် ၁၆၄-နှစ်)
  5. မင်းဆက်(၅) ယဉ်မင်းပိုက် (ကောဇာ သက္ကရာဇ် ၂၂၁-နှစ်)
  6. မင်းဆက်(၆) ပိုက်သေဉ်လည် (ကောဇာ သက္ကရာဇ် ၂၄၆-နှစ်)
  7. မင်းဆက်(၇) သေဉ်လည်ကြောင် (ကောဇာ သက္ကရာဇ် ၂၆၆-နှစ်)
  8. မင်းဆက်(၈)ကြောင်တူရစ် (ကောဇာ သက္ကရာဇ် ၃၀၉-နှစ်)
  9. မင်းဆက်(၉) သည်ထန်မင်း (ကောဇာ သက္ကရာဇ် ၃၃၄-နှစ်)
  10. မင်းဆက်(၁၀) မုက္ခမန် အမတ် (၂) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
  11. မင်းဆက်(၁၁) သူရဲ အမတ် (၃) (ကောဇာ သက္ကရာဇ် ၃၆၁-နှစ်)
  12. မင်းဆက်(၁၂) သာရမွန် (သည်တန်မင်းသား) (ကောဇာ သက္ကရာဇ် ၄၁၆-နှစ်)
  13. မင်းဆက်(၁၃) သိုက်တိုင်မင်း (ကောဇာ သက္ကရာဇ် ၄၃၈-နှစ်)
  14. မင်းဆက်(၁၄) သေဉ်လည်ကြောင်ငယ် (ကောဇာ သက္ကရာဇ် ၄၄၅-နှစ်)
  15. မင်းဆက်(၁၅) သေဉ်လည်ပိုက် (ကောဇာ သက္ကရာဇ် ၄၅၄-နှစ်)
  16. မင်းဆက်(၁၆) ခန်းလောင်း (ခဲလောင်းမင်း) (ကောဇာ သက္ကရာဇ် ၄၆၉-နှစ်)
  17. မင်းဆက်(၁၇) ခန်းတက် (ခဲလတ်) (ကောဇာ သက္ကရာဇ် ၄၇၉-နှစ်) မှန်နန်းရာဇ၀င်၌ (ခန်းလတ်)
  18. မင်းဆက်(၁၈) ထွန်တိုက် (ကောဇာ သက္ကရာဇ် ၄၉၁-နှစ်)
  19. မင်းဆက်(၁၉) ထွန်ပစ် (ကောဇာ သက္ကရာဇ် ၅၀၃-နှစ်)
  20. မင်းဆက်(၂၀) ထွန်ချစ် (ကောဇာ သက္ကရာဇ် ၅၂၀-နှစ်)
  21. မင်းဆက်(၂၁) ပုပ္ပါးစောရဟန်းမင်း (ကောဇာ သက္ကရာဇ် ၅၃၅-နှစ်) (သက္ကရာဇ်ဖြို)
  22. မင်းဆက်(၂၂) ရွှေအုန်းသီး (ကောဇာ သက္ကရာဇ် ၂)
  23. မင်းဆက်(၂၃) ပိတ်သုံ (ကောဇာ သက္ကရာဇ် ၁၄)
  24. မင်းဆက်(၂၄) ပိတ်တောင်း (ကောဇာ သက္ကရာဇ် ၂၂)
  25. မင်းဆက်(၂၅) စောခွေး (ကောဇာ သက္ကရာဇ် ၇၂)
  26. မင်းဆက်(၂၆) မြင်းကျွေး (ကောဇာ သက္ကရာဇ် ၇၈)
  27. မင်းဆက်(၂၇) သိန်ခဲ (ကောဇာ သက္ကရာဇ် ၈၈) မှန်နန်းရာဇ၀င်၌ (သိင်္ခ)
  28. မင်းဆက်(၂၈) သိန်ခွန် (ကောဇာ သက္ကရာဇ် ၉၆) မှန်နန်းရာဇ၀င်၌ (သိန်းစွန်)
  29. မင်းဆက်(၂၉) ရွှေလောင်း (ကောဇာ သက္ကရာဇ် ၁၀၆)
  30. မင်းဆက်(၃၀) ထွန်တွင်းမင်း (ကောဇာ သက္ကရာဇ် ၁၁၅)
  31. မင်းဆက်(၃၁) ရွှေမှောက် (ကောဇာ သက္ကရာဇ် ၁၂၄)
  32. မင်းဆက်(၃၂) ထွန်လတ် (ကောဇာ သက္ကရာဇ် ၁၄၇) မှန်နန်းရာဇ၀င်၌ (မွန်လတ်)
  33. မင်းဆက်(၃၃) စောခင်နှစ် (ကောဇာ သက္ကရာဇ် ၁၆၄)
  34. မင်းဆက်(၃၄) ခဲလူးမင်း (ကောဇာ သက္ကရာဇ် ၁၉၁)
  35. မင်းဆက်(၃၅) ပျဉ်းပြားမင်း (ကောဇာ သက္ကရာဇ် ၂၀၈) (ပုဂံတည်)
  36. မင်းဆက်(၃၆) တန်နက်မင်း (ကောဇာ သက္ကရာဇ် ၂၂၀)
  37. မင်းဆက်(၃၇) စလေငခွေး (ကောဇာ သက္ကရာဇ် ၂၃၈) (မင်းခွေးချေး)
  38. မင်းဆက်(၃၈) သိန်းခိုမင်း (ကောဇာ သက္ကရာဇ် ၂၆၃)
  39. မင်းဆက်(၃၉) တောင်သူကြီးမင်း (ကောဇာ သက္ကရာဇ် ၂၇၉) (ညောင်ဦး စောရဟန်းမင်း)
  40. မင်းဆက်(၄၀) ကွမ်းဆော်ကြောင်ဖြူ (ကောဇာ ၃၁၂)
  41. မင်းဆက်(၄၁) ကျဉ်စိုး (ကောဇာ သက္ကရာဇ် ၃၃၃)
  42. မင်းဆက်(၄၂) စုက္ကတေး (ကောဇာ သက္ကရာဇ် ၃၃၉)
  43. မင်းဆက်(၄၃) အနော်ရထာ (ကောဇာ သက္ကရာဇ် ၃၆၄) (အနော်ရထာစော)
  44. မင်းဆက်(၄၄) စောလူး (ကောဇာ သက္ကရာဇ် ၃၉၇)
  45. မင်းဆက်(၄၅) ကျန်စစ်သား (ကောဇာ သက္ကရာဇ် ၄၂၃) (ထီးလှိုင်ရှင်) တရုတ်ပြည်ကို သံစေလွှတ်ပါသည်။
  46. မင်းဆက်(၄၆) အလောင်းစည်သူ (ကောဇာ သက္ကရာဇ် ၄၅၀)
  47. မင်းဆက်(၄၇) မင်းရှင်စော <ထီးနန်းမရ>
  48. မင်းဆက်(၄၈) နရသူ (ကောဇာ သက္ကရာဇ် ၅၂၀) (ကုလားကျမင်း)
  49. မင်းဆက်(၄၉) နရသိင်္ခ (ကောဇာ သက္ကရာဇ် ၅၂၃) (မင်းယဉ်နရသိင်္ခ)
  50. မင်းဆက်(၅၀) နရပတိစည်သူ (ကောဇာ သက္ကရာဇ် ၅၂၆)
  51. မင်းဆက်(၅၁) ဇေယျသိင်္ခ (ကောဇာ သက္ကရာဇ် ၅၅၉) (ထီးလိုမင်းလို)
  52. မင်းဆက်(၅၂) ကျစွာ (ကောဇာ သက္ကရာဇ် ၅၈၁) (ဓမ္မရာဇာဘွဲ့ခံ)
  53. မင်းဆက်(၅၃)ဥဇနာ (ကောဇာ သက္ကရာဇ် ၅၉၇) (ပုသိမ်စား)
  54. မင်းဆက်(၅၄)သီဟသူ (ပြည်စား) <ထီးနန်းမရ>
  55. မင်းဆက်(၅၅)နရသီဟပတေ့ (ကောဇာ သက္ကရာဇ် ၆၀၂) (မင်းခွေးချေး၊တရုတ်ပြေးမင်း)မွန်ဂိုတာတာများ ပုဂံကိုဝင်ရောက်တိုက်ခိုက်သည်။
  56. မင်းဆက်(၅၆)ကျော်စွာ (ကောဇာ သက္ကရာဇ် ၁၂၈၇-နှစ်)(၆၄၆) (ဓမ္မရာဇာ)
  57. မင်းဆက်(၅၇)စောနစ် (ကောဇာ သက္ကရာဇ် ၁၃၀၀-နှစ်)(၆၆၂)
  58. မင်းဆက်(၅၈)စောမွန်နစ် (ကောဇာ သက္ကရာဇ် ၁၃၃၁-နှစ်)(၆၈၄) [2]
သို့သော် မွန်ဂိုတို့၏ တိုက်ခိုက်မှုကြောင့် ပုဂံပျက်ဆီးပြီးနောက် နန်းတက်ကြသည့် ပုဂံမင်းဆက်၏ နောက်ဆုံးမင်းများမှာ အမည်ခံမျှသာဖြစ်ကြပြီး အမှန်တကယ် တန်ခိုးထွားသူများမှ ရှမ်းညီနောင်သုံးဦးဖြစ်သည်။


ပင်းယမင်းဆက် (၆)ဆက်
1.မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
2.မင်းဆက်(၁)တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
3.မင်းဆက်(၂)ဥဇနာ (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
4.မင်းဆက်(၃)ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
5.မင်းဆက်(၄)ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
6.မင်းဆက်(၅)နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
7.မင်းဆက်(၆)ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း


စစ်ကိုင်းမင်းဆက် (၇)ဆက်
  1. မင်းဆက်(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၉၂၊ ခရစ် ၁၃၃၀)
  2. မင်းဆက်(၂) တရဖျားကြီး (ကောဇာ ၆၉၈၊ ခရစ် ၁၃၃၆)
  3. မင်းဆက်(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
  4. မင်းဆက်(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
  5. မင်းဆက်(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
  6. မင်းဆက်(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
  7. မင်းဆက်(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1]
စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။


မဂဒူးမင်းဆက်(၁၂၈၇-၁၅၃၉)
အေဒီ (၁၁) ရာစုတွင် သုဝဏ္ဏဘူမိ ခေါ် သထုံပြည်ကြီးကို ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးက တိုက်ခိုက်ပြီးသည့်နောက်တွင် အောက်မြန်မာနိုင်ငံရှိ မွန်တို့မှာ တစ်ထီးတစ်နန်း နေထိုင်နိုင်သည့် အဆင့်မှ လျောကျခဲ့ရသည်။ ထို့အတူပြင် ယနေ့ ထိုင်းနိုင်ငံအတွင်းရှိ မွန်တို့မှာလည်း မြောက်ဖက်မှ အလုံးအရင်း ဆင်းသက်လာကြသည့် ရှမ်း-ထိုင်း(တိုင်)အနွယ်တို့၏ နယ်ချဲ့မှုကို ခံရပြီး အေဒီ (၁၂) ရာစုအတွင်းတွင် အပြီးတိုင် ပြိုလဲရပြန်သည်။ ထိုနောက် မြန်မာနိုင်ငံအတွင်းရှိ မွန်တို့မှာ ပုဂံလက်အောက်ခံ ဘ၀ရောက်နေရာမှ ပုဂံအင်အားကျဆင်းချိန်၊ မွန်ဂိုတာတာ တို့၏ ရန်ကြောင့် ပုဂံ ပျက်ချိန်များတွင် ကိုယ်ပိုင်ထီးနန်းကို ပြန်လည်ထူထောင်ရန် ကြိုးပမ်းရာမှ မဂဒူး မင်းဆက် ပေါ်ထွန်းလာသည်။ မဂဒူး မင်းဆက်ကို ဗညားဝါရူး (ခေါ်) ၀ါရီရူးမင်းက မုတ္တမမြို့မှ စတင်တည်ထောင်သည်။ ထိုမင်း၏ ငယ်အမည် မဂဒူး ကိုအစွဲပြုကာ ၄င်းတည်ထောင်သည့် မင်းဆက်ကို မဂဒူးမင်းဆက်ဟုလည်းကောင်း၊ ဘွဲ့နာမည်ကို အစွဲပြုကာ ၀ါရီရူးမင်းဆက် ဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ မဂဒူးမင်းဆက်တွင် မင်းပေါင်း ၁၈ ဆက်တိတိမင်းပြုကြသည်။ မင်းဆက်(၇)ဆက်ထိ မူလဖြစ်သည့် မုတ္တမမြို့တွင်သာ အစဉ်အဆက် မင်းပြုကာထီးနန်း စိုးစံခဲ့သော်လည်း (၈) ဆက်မြှောက်ဖြစ်သည့် ဆင်ဖြူရှင်ဗညားဦး(သုရှင်ဗညားဦး)လက်ထက်အရောက်တွင် လက်အောက်ခံမြို့စားများဖြစ်သည့် လောက်ဖျား၊ဥလို၊အဲဗြပန်ု နှင့် ဗြတ်ထဗ တို့ညီနောင်များကပုန်ကန်သည့်အတွက် မုတ္တမ မှ ဒုန်ဝန်း(ယခု ၀န်မြို့)သို့ပြောင်းရွှေ့စိုးစံရသည်။ သို့သော် ၀န်မြို့တွင်လည်း အချိန်များစွာမကြာလိုက်ပဲ စစ်ရှူံးပြန်သဖြင့် ဟံသာဝတီ(ပဲခူး)သို့ ပြောင်းရွှေ့ရပြန်သည်။ ထိုဆင်ဖြူရှင်ဗညားဦးနောက် နန်းတက်သည့် ဗညားနွဲ့ (ခေါ်) ရာဇာဓိရာဇ် လက်ထက်တွင် မဂဒူးမင်းဆက်၏ အထွန်းတောက်ဆုံး အချိန်ဖြစ်သကဲ့သို့ မွန်တို့အင်အား ကြီးမားလာခဲ့သည်။ရာဇာဓိရာဇ် ထိုစဉ်က အင်းဝတွင် ထီးနန်းစိုးစံကြသည့် မင်းကြီးစွာစော်ကဲ ၊ ၄င်း၏သားတော်များ ဖြစ်သည့် ဆင်ဖြူရှင် နှင့် မင်းခေါင်တို့နှင့် စစ်ပြိုင်ပြုကာ ရာဇ၀င်တွင် ထင်ရှားလှသည့် အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကိုတိုက်ခိုက်ခဲ့ကြသည်။ ၁၈ ဆက်မြှောက်ဖြစ်သည့် သုရှင်တကာရွတ်ပိမင်း လက်ထက်အရောက်တွင်မူ တောင်ငူမှ အင်အားကြီးမားလာသည့် တပင်ရွှေထီး၏ အင်အားကိုမခံနိုင်ပဲကျဆုံးကာ မွန်တို့၏ မဂဒူးမင်းဆက်လည်း ပျက်သုဉ်းသွားခဲ့ရသည်။

မဂဒူးမင်းဆက် ၁၈ ဆက်
  1. ၀ါရီရူး(ခေါ်)မဂဒူး(ခေါ်)ဗညားဝါရူး (၁၂၈၇-၁၂၉၆)
  2. ခွန်လော(ခေါ်)မဂဒါ(ခေါ်)စောရမ်းပရကွတ်(၁၂၉၆-၁၃၁၀)
  3. စောသင်မောင်(ခေါ်)စောအော(၁၃၁၀-၁၃၂၄)
  4. စောဇိတ်(ခေါ်)ဗညားရံဒယ်(၁၃၂၄-၁၃၃၁)
  5. ဇိတ်ပွန်(၇ ရက်)
  6. စောအဲကံကောင်း(၄၉ ရက်)
  7. ဗညားအဲလော(၁၃၃၁-၁၃၄၈)
  8. ဗညားဦး(ခေါ်)ဆင်ဖြူရှင်ဗညားဦး(၁၃၄၈-၁၃၈၃)
  9. ရာဇာဓိရာဇ်(ခေါ်)ဗညားနွဲ့(၁၃၈၃-၁၄၂၁)
  10. ဗညားဓမ္မရာဇာ(ခေါ်)ဗညားကျန်းမင်း(၁၄၂၃-၁၄၂၆)
  11. ပထမဗညားရံ(၁၄၂၆-၁၄၄၆)
  12. ဗညားဗရူး(၁၄၄၆-၁၄၅၀)
  13. ဗညားကျန်းထော(၁၄၅၀-၁၄၅၃)
  14. လိပ်မွတ်ထော(၇ လ)
  15. ရှင်စောပု(ခေါ်)ဗညားထောဝ်(ခေါ်)၀ိဟာရဒေ၀ီ(၁၄၅၃-၁၄၇၂)
  16. ဓမ္မစေတီ(၁၄၇၂-၁၄၉၂)
  17. ဒုတိယဗညားရံ(၁၄၉၂-၁၅၂၆)
  18. သုရှင်တကာရွတ်ပိ(၁၅၂၆-၁၅၃၉)
ထို့ပြင် မဂဒူးမင်းဆက်ဟု ဟူဆလျှင်လည်းရနိုင်သည့် မင်းနှစ်ပါးရှိသေးသည်။ ၄င်းတို့မှာ ဟံသာဝတီကို သိမ်းပိုက်ထားသည့် တောင်ငူဘုရင် တပင်ရွှေထီး အားလုပ်ကြံပြီး နန်းတက်သည့် သမိန်စက္ကဝေါ ဘွဲ့ခံ သမိန်စောထွတ် နှင့် ဒုတိယဗညားရံ မင်း၏သား အိမ်နှိမ့်စံဘ၀မှ တပင်ရွှေထီးအားပုန်ကန်ပြီး သမိန်စောထွတ် ကိုပါ လုပ်ကြံ နန်းတက်သည့် သမိန်ထောရာမ တို့ဖြစ်သည်။သမိန်ထောရာမ မှာ ဘုရင့်နောင် တိုက်သဖြင့် ရှုံးကာပြေးရပြီး နောင်တွင် အရှင်မိသဖြင့် ကွပ်မျက်ခံရသည်။


အင်းဝမင်းဆက်
အနော်ရထာလက်ထက်မှ စတင်ကာ အင်အားကြီးခဲ့သော ပုဂံသည် ၁၃ရာစုအလယ်မှစကာ အကြောင်းအမျိုးမျိုးကြောင့် အင်အားနည်းပါးလာပြီး နောက်ဆုံးတွင် မြောက်ဖက်မှတရုတ်နိုင်ငံကို သိမ်းပိုက်ပြီး တောင်ဖက်သို့ ဆက်လက်နယ်ချဲ့လာသည့် မွန်ဂိုတို့၏ တိုက်ခိုက်ဖျက်စီးမှုကြောင့် ပျက်စီးခြင်းသို့ရောက်ရသည်။ မွန်ဂိုတို့ အပြန်တွင် ကျော်စွာ ကိုပုဂံတွင် နန်းတင်ခဲ့သော်လည်း အမှန်တကယ် သြဇာကြီးနေသည် မှာ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်းများ လုံးဝ သြဇာမရှိတော့နောက်တွင် တိုတောင်းလှသည့် မြင်စိုင်း၊ နှင့် ပင်းယ-စစ်ကိုင်းခေတ်များ ပေါ်ပေါက်လာသေးသည်။သို့သော် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ဝှမ်းကို မြောက်ပိုင်းမှ မောရှမ်းတို့ အင်အားကြီးမားစွာဖြင့် ၀င်ရောက်တိုက်ခိုက်သဖြင့် ပင်းယနှင့် စစ်ကိုင်းမြို့များလည်းပျက်စီးပြန်သည်။ ထိုကဲ့သို့ နှစ်၅၀အကြာ တစ်နယ်တစ်မင်း မငြိမ်မသက်ဖြစ်နေခဲ့ရပြီးနောက် ရှမ်းညီနောင်သုံးဦးမှ ဆင်းသက်လာသည့် သတိုးမင်းဖျားက ၁၊ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်းဝနန်းတည်ကာ အင်းဝမင်းဆက်(၁၃၆၄-၁၅၂၇/၁၅၅၅)ကို တည်ထောင်သည်။ ထို့ကြောင်း အင်းဝမင်းဆက်မှ မင်းများသည် ရှမ်းသွေးမကင်းကြဟု ဆိုနိုင်သော်လည်း မြန်မာဘွဲ့ခံသည် မြန်မာစစ်စစ်များသဖွယ် ဖြစ်ခဲ့ကြသည်ကိုတွေ့ရသည်။
တည်ထောင်စတွင် အထက်မြန်မာနိုင်ငံရှိ ဒေသများကို သိမ်းသွင်းနိုင်ကာ အင်အားကြီး မင်းနေပြည်တော်ဖြစ်လာခဲ့သည်။ ဒုတိယ နန်းတက်သည့် မင်းကြီးစွာစော်ကဲ လက်ထက်မှစကာ အောက်အရပ် ရာမညမှ မွန်ပဒေသရာဇ်များ မညီညွှတ်သည်ကို အခွင့်ကောင်းယူသည့် အနေဖြင့် စစ်ပြုခဲ့သည်။ ထိုမှအစပြုကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ် ဖြစ်ပွားသည်။ မင်းကြီးစွာစော်ကဲနောက် နန်းတက်သည့် ဆင်ဖြူရှင် ၊ ဘုရင်မင်းခေါင် တို့လက်ထက်များအထိတိုင် တိုက်ခိုက်ခဲ့ရသည့် စစ်ပွဲဖြစ်ပေသည်။ ထိုမင်းများနောက် နန်းတက်သည့် မင်းများလက်ထက်တွင်လည်း တိုင်းပြည်အေးချမ်းရေးကို လိုလားစွာ ဆောင်ရွက်ကြသည်မရှိသလောက် နည်းပါးသဖြင့် အချိန်ကြာသည် နှင့်အမျှ အင်အားဆုတ်ယုတ်လာပြီး နောက်ဆုံးတွင် လက်အောက်ခံ ပဒေသရာဇ်များဖြစ်သည့် ရှမ်းစော်ဘွားများအင်အားကြီးလာသည်။ နောက်ဆုံးမင်းဖြစ်သည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် ပြည်မင်း သတိုးမင်းစော နှင့် ရှမ်းစော်ဘွား မိုးညှင်းစလုံ၊၄င်း၏သား သိုဟန်ဘွားတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ထိုနောက်သိုဟန်ဘွား နန်းတက်သည်။ သိုဟန်ဘွားလုပ်ကြံခံရပြီးနောက် နန်းတက်သည့် အုန်းဘောင်ခုံမှိုင်းနှင့် မိုးဗြဲနရပတိတို့ လက်ထက်များတွင် ဟံသာဝတီကို သိမ်းပိုက်လိုက်သည့် တောင်ငူမှ တပင်ရွှေထီးနှင့် စစ်ပြိုင်ရန်ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက်နန်းတက်သည့် နရပတိစည်သူ လက်ထက်တွင် ဘုရင့်နောင်၏ လက်သို့ ကျရောက်ရတော့သည်။

အင်းဝမင်းဆက် ၃၀ ဆက်
  1. မင်းဆက်(၁)သတိုးမင်းဖျား (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄)
  2. မင်းဆက်(၂)မင်းကြီးစွာစော်ကဲ (ကောဇာ ၇၃၀၊ ခရစ် ၁၃၆၈)
  3. မင်းဆက်(၃)ဆင်ဖြူရှင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁) (ဆင်ဖြူရှင် တရဖျား)
  4. မင်းဆက်(၄)ပထမမင်းခေါင် (ကောဇာ ၇၆၃၊ ခရစ် ၁၄၀၁)
  5. မင်းဆက်(၅)ဆင်ဖြူရှင်သီဟသူ (ကောဇာ ၇၈၅၊ ခရစ် ၁၄၂၃)
  6. မင်းဆက်(၆)မင်းလှငယ် (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
  7. မင်းဆက်(၇)ကလေးကျေးတောင်ညို (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆) (ဤမင်းအထိ သတိုးဆက်ဟုလည်းကောင်း)
  8. မင်းဆက်(၈)မိုးညှင်းသတိုး (ကောဇာ ၇၈၈၊ ခရစ် ၁၄၂၆)
  9. မင်းဆက်(၉)မင်းရဲကျော်စွာ (ကောဇာ ၈၀၀၊ ခရစ် ၁၄၃၈) (ဆင်ဖြူရှင် မင်းရဲကျော်စွာကြီး)
  10. မင်းဆက်(၁၀)နရပတိ (ကောဇာ ၈၀၃၊ ခရစ် ၁၄၄၁) (နရပတိကြီး)(ထူပါရုံဒါယကာ)
  11. မင်းဆက်(၁၁)ပြည်စုန်သီဟသူ (ကောဇာ ၈၂၉၊ ခရစ် ၁၄၆၇) (မြစည်းခုံဒါယကာ မဟာသီဟသူရ)
  12. မင်းဆက်(၁၂)ဒုတိယမင်းခေါင် (ကောဇာ ၈၄၁၊ ခရစ် ၁၄၇၉) (တံတားဦးဘုရား ဒါယကာ)
  13. မင်းဆက်(၁၃)ရွှေနန်းကျော့ရှင်နရပတိ (ကောဇာ ၈၆၃၊ ခရစ် ၁၅၀၁) (ဤမင်းအထိ မိုးညှင်းဆက်ဟုလည်းကောင်း)
  14. မင်းဆက်(၁၄)သိုဟန်ဘွား (ကောဇာ ၈၈၈၊ ခရစ် ၁၅၂၆) (ရှမ်းစလုံစော်ဘွား)
  15. မင်းဆက်(၁၅)အုန်းဘောင်ခုံမှိုင်း (ကောဇာ ၉၀၃၊ ခရစ် ၁၅၄၁) (ခုံမှိုင်းစော်ဘွား)
  16. မင်းဆက်(၁၆)မိုးဗြဲနရပတိ (ကောဇာ ၉၀၉၊ ခရစ် ၁၅၄၇) (ရှမ်းမိုးဗြဲစော်ဘွား) (ရှမ်းသုံးဆက်ဟုလည်းကောင်း)
  17. မင်းဆက်(၁၇)စစ်ကိုင်းနရပတိစည်သူ (ကောဇာ ၉၁၃၊ ခရစ် ၁၅၅၁) (စလင်း စည်သူကျော်ထင်)
  18. မင်းဆက်(၁၈)သတိုးမင်းစော (ကောဇာ ၉၁၆၊ ခရစ် ၁၅၅၄) (လောကနာထစေတီ ဒါယကာ)
  19. မင်းဆက်(၁၉)အမတ်လင်္ကျာစည်သူ (ထီးနန်းမရ)
  20. မင်းဆက်(၂၀)မင်းရဲကျော်စွာ (ကောဇာ ၉၄၆၊ ခရစ် ၁၅၈၄)
  21. မင်းဆက်(၂၁)ညောင်ရမ်းမင်းတရားကြီး (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉) (မဟာမြတ်မုနိ ဒါယကာ)
  22. မင်းဆက်(၂၂)အနောက်ဖက်လွန်မင်း (ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
  23. မင်းဆက်(၂၃)သတိုးဓမ္မရာဇာ (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂) (သာလွန်မင်း)(ရာဇမဏိစူဠ ဒါယကာ)
  24. မင်းဆက်(၂၄)ပင်းတလဲမင်း (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈) (မင်းရဲနန္တမိတ်)(ငါးထပ်ကြီးဘုရား ဒါယကာ)
  25. မင်းဆက်(၂၅)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
  26. မင်းဆက်(၂၆)နရာဝရ (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁) (အိမ်ရှေ့မင်း)
  27. မင်းဆက်(၂၇)မင်းရဲကျော်ထင် (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂) (၀မ်းဘဲအင်းစံမင်း)(၀ရဇေယ)
  28. မင်းဆက်(၂၈)စနေမင်း (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈) (မန်အောင်ရတနာ ဒါယကာ)
  29. မင်းဆက်(၂၉)တနင်္ဂနွေမင်း (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄) (မှန်နန်းရှင်)
  30. မင်းဆက်(၃၀)မဟာဓမ္မရာဇာဓိပတိ (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃) (ဟံသာဝတီပါမင်း) [1]

တောင်ငူမင်းဆက်
တောင်ငူမင်းဆက်သည် တောင်ငူ-ဟံသာဝတီ ခေတ်နှင့် ရောထွေးသတ်မှတ်ကြလေ့ရှိပါသည်။သို့သော် ထိုသို့သတ်မှတ်သည်ထက် တောင်ငူမင်းဆက်ကို သီးသန့် သတ်မှတ်လျှင် လေ့လာရန်ပိုမိုအဆင်ပြေမည်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် တောင်ငူမင်းဆက်သည် အင်အားကြီးသည့် တပင်ရွှေထီး၊ဘုရင့်နောင်တို့ ကိုမွေးထုတ်ပေးကာ သမိုင်းတွင် တောင်ငူ-ဟံသာဝတီခေတ် ဟုခေါ်သည့် ခေတ်တစ်ခေတ်ကို အစပျိုးပေးခဲ့သည့် နည်းတူ ထိုခေတ်ကို အဆုံးသတ်သူလည်းဖြစ်ပြန်သည်။ထို့ပြင် နောက် ခေတ်တစ်ခေတ်ဖြစ်သည့် ညောင်ရမ်းခေတ် တွင်လည်းပါဝင်ပါတ်သတ်မှုရှိနေပြသောကြောင့် ဖြစ်သည်။

တောင်ငူရာဇ၀င်အကျဉ်း
သမိုင်းတွင် တောင်ငူကိုစတင်တည်ထောင်သူမှာ ပုဂံခေတ် အလောင်းစည်သူမင်း၏အမတ်ဖြစ်သူ အနန္ဒပစ္စည်း ဖြစ်သည်ဟုဆိုကြသည်။သို့သော် အမှန်တကယ်အင်အားကြီးလာနိုင်သည်မှာ တပင်ရွှေထီး၏ ဖခင်ဖြစ်သည့် မင်းကြီညို လက်ထက်တွင်ဖြစ်သည်။သို့ဖြင့် တပင်ရွှေထီး၊ဘုရင့်နောင် တို့ဟံသာဝတီကို အောင်နိုင်ပြီး ဟံသာဝတီမှတစ်ဆင့် ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကို တည်ထောင်ကြချိန်တွင်လည်း တောင်ငူတွင် ယုံကြည်လောက်သည့် အဆွေအမျိုးများကို ဘုရင်ခံအဖြစ် ခန့်ထားအုပ်ချုပ်စေသည်။တပင်ရွှေထီး ဟံသာဝတီကို အောင်နိုင်ပြီးဟံသာဝတီတါင်နန်းစံစဉ် တောင်ငူထီးနန်းအား ဘုရင့်နောင်၏ဖခင် မင်းကြီးဆွေကို ဘုရင်ခံအဖြစ် အုပ်စိုးစေသည်။ဘုရင့်နောင်လက်ထက်တွင်လည်း တောင်ငူနန်းကို ညီတော် တောင်ငူမင်းခေါင်အားဆက်လက် ပေးခဲ့သည်။ထိုသို့ပေးအပ်မှုများတွင် လက်အောက်ခံအဖြစ်သာ ဆိုသော်လည်း ရွှေမှန်ကင်း၊မင်းမြှောက်တန်ဆာ ငါးပါး၊မင်းဧကရာဇ်တို့၏ အဆောင်အယောင် များကိုပေးပြီး အုပ်စိုးစေခြင်းဖြစ်သည်။နန္ဒဘုရင်လက်ထက်အရောက်တွင်တောင်ငူမင်း မင်းရဲသီဟသူ နှင့်သားဖြစ်သူ နတ်သျှင်နောင်တို့က ပုန်ကန်ပြီး တောင်ငူ-ဟံသာဝတီ ခေတ်ကို အဆုံးသတ်ပေးခဲ့သည်။သို့သော် နောက်ဆုံးနန်းတက်သည့် နတ်သျှင်နောင် လက်ထက်တွင်တောင်ငူကို အင်းဝမှ အနောက်ဖက်လွန်မင်းက လာရောက်တိုက်ခိုက်ပြီး မှန်ကင်းအထွဋ်ချကာ သာမန်ပဒေသရာဇ် အဆင့်သို့လျော့ချခံခဲ့ရသည်။တောင်ငူမင်း နတ်သျှင်နောင်လည်း စိတ်ဓါတ်ကျဆင်းကာ မပြုသင့်ပဲ တိုင်းတပါးသား ငဇင်ကာ နှင့်ပူးပေါင်းကာ အောက်ပြည်အရပ်မှ ထောင်ထားရန်ကြိုးပမ်းသဖြင့် အနောက်ဖက်လွန်မင်းကပင် နှိမ်နှင်းကွပ်မျက် ခဲ့ရသည်။ ထိုသို့ဖြင့် တောင်ငူမင်းဆက်မှာ လည်းကျဆုံးခဲ့ရလေသည်။

တောင်ငူမင်းဆက် ၈ ဆက်
  1. မင်းကြီးညို (ခရစ်-၁၄၈၆)(ကောဇာ-၈၄၈)
  2. တပင်ရွှေထီး (ခရစ်-၁၅၃၁)(ကောဇာ-၈၉၃)
  3. မင်းကြီးဆွေ (ခရစ်-၁၅၄၀)(ကောဇာ-၉၀၂)
  4. တောင်ငူမင်းခေါင် (ခရစ်-၁၅၄၉)(ကောဇာ-၉၁၁)
  5. ဘုရင့်နောင် (ခရစ်-၁၅၅၀)(ကောဇာ-၉၁၂)
  6. နန္ဒဘုရင် (ခရစ်-၁၅၈၁)(ကောဇာ-၉၄၃)
  7. မင်းရဲသီဟသူ (ခရစ်-၁၅၈၄)(ကောဇာ-၉၄၆)
  8. နတ်သျှင်နောင် (ခရစ်-၁၆၀၉)(ကောဇာ-၉၇၁)တို့ဖြစ်ကြသည်။

မွန်မင်းဆက်
မှတ်တမ်းမရှိသေးပါ


……..
ညောင်ရမ်းမင်းဆက်
တပင်ရွှေထီးဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတ၀န်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။၎င်းနှင့် ၄င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်းသာလွန်မင်း တို့သည် အင်းဝပြည်တောင်ငူဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားသြဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။


ညောင်ရမ်းမင်းဆက် (၁၁)ဆက်
1.မင်းဆက်(၁)ညောင်ရမ်းမင်းတရားကြီး(မဟာသီဟသူရ ဓမ္မရာဇာ) (မဟာမြတ်မုနိ ဒါယကာ) (ကောဇာ ၉၆၁၊ ခရစ် ၁၅၉၉)
2.မင်းဆက်(၂)အနောက်ဖက်လွန်မင်း(မဟာဓမ္မရာဇာ)(ကောဇာ ၉၆၇၊ ခရစ် ၁၆၀၅)
3.မင်းဆက်(၃)မင်းရဲဒိဗ္ဗ (ကောဇာ ၉၉၀၊ ခရစ် ၁၆၂၈)
4.မင်းဆက်(၄)သာလွန်မင်း(သတိုးဓမ္မရာဇာ) (ရာဇမဏိစူဠ ဒါယကာ) (ကောဇာ ၉၉၄၊ ခရစ် ၁၆၃၂)
5.မင်းဆက်(၅)ပင်းတလဲမင်း(သီရိနန္ဒသူရဓမ္မရာဇာ) (မင်းရဲနန္တမိတ်) (ငါးထပ်ကြီးဘုရား ဒါယကာ) (ကောဇာ ၁၀၁၀၊ ခရစ် ၁၆၄၈)
6.မင်းဆက်(၆)ပြည်မင်း (ကောဇာ ၁၀၅၃၊ ခရစ် ၁၆၉၁)
7.မင်းဆက်(၇)နရာဝရ (အိမ်ရှေ့မင်း) (ကောဇာ ၁၀၃၃၊ ခရစ် ၁၆၇၁)
8.မင်းဆက်(၈)မင်းရဲကျော်ထင်(သီရိပရ၀ မဟာဓမ္မရာဇာ) (၀မ်းဘဲအင်းစံမင်း) (၀ရဇေယ) (ကောဇာ ၁၀၃၄၊ ခရစ် ၁၆၇၂)
9.မင်းဆက်(၉)စနေမင်း (မာန်အောင်ရတနာ ဒါယကာ) (ကောဇာ ၁၀၆၀၊ ခရစ် ၁၆၉၈)
10.မင်းဆက်(၁၀)တနင်္ဂနွေမင်း (မှန်နန်းရှင်) (ကောဇာ ၁၀၇၆၊ ခရစ် ၁၇၁၄)
11.မင်းဆက်(၁၁)မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီပါမင်း/လောကသရဖူ ဒါယကာမင်း) (ကောဇာ ၁၀၉၅၊ ခရစ် ၁၇၃၃)

ကုန်းဘောင်မင်း ၁၁-ဆက် ရှိသည်။ ဒေ၀ဒဟ ကောလိယ ကပ္ပိလမှ ဆက်၍ အထက်အညာ တကောင်း သရေခေတ္တရာ, ပုဂံ, မြင်စိုင်း, ပင်းယ, အ၀(အင်းဝ), တိုင်အောင် သာကီနွယ်ရိုး သတိုးအဆက်ဆက်မှ ဆင်းသက်ကာ ညောင်ရမ်းဆယ်ဆက်မြောက်မင်းဖြစ်သော ဟံသာဝတီပါမင်းတရားကြီးလက်ထက် ရတနာပူရ အ၀နေပြည်တော်ကြီး၌ သာကီနွယ်ရိုး သတိုးမင်းဆက်ပြတ်သွားပေရာ သင်္ဘော လှေဖေါင်ကြီးနှင့်ကမ်းပါး ကွာခြားပြတ်ကင်းနေရာတွင် တံတားကုန်းဘောင်သဖွယ် ဆက်သွယ်ပေးနိုင်သော အလောင်းမင်းတရားကြီးဖွားမြင်ရာ ဌာနကိုပင် ဗေဒင်ကျမ်းအရ ဓါတ်မြတ်ဓါတ်ထူးဖြစ်သော ဂဗ္ဘေ ဓါတ်ရိုက်၍ ကုန်းဘောင် မြို့တော်ဟု သမုတ်လေသည်။
ကုန်းဘောင်မင်းဆက်သည် မြန်မာနိုင်ငံကိုနောက်ဆုံးအုပ်ချုပ်ခဲ့သည့် မြန်မာမင်းဆက်ဖြစ်သည်။ စတင်ထူထောင်သူ အလောင်းမင်းတရား မှသည်နောက်ဆုံး သီပေါမင်းအထိ မင်းဆက် ၁၁ ဆက်တိတိရှိသည်။ ထိုမင်းဆက်၏ အစောပိုင်းမင်းများ လက်ထက်တွင် ကာလရှည်ကြာရှိခဲ့သည့် မွန်-မြန်မာဆက်ဆံရေး ပြိုလဲကာ မွန်လူမျိုးတို့မှာလည်း လူမျိုးကြီးအဖြစ်မှ ကျဆင်းသွားသည်။ နောက်ပိုင်းမင်းဆက်များသည်လည်း တိုင်းပြည်တိုးတက်ရေးအတွက် များစွားအားထုပ်ဆောင်ရွက်သည်မရှိပဲ ထီးနန်းစည်းစိမ်တည်မြဲရေး၊ရယူပိုင်ဆိုင်ရေး အစရှိသည့် နန်းတွင်းအရေးတော်ပုံများ နှင့်သာလုံးပန်းနေရသည်။သို့သော် ဘာသာရေးနှင့်ထင်ရှားသည့် မင်း၂ပါးရှိပြီး ၄င်းတို့မှာ ဘိုးတော်ဘုရား နှင့်မင်းတုန်းမင်းတို့ဖြစ်ကြသည်။ ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီး တည်ဆောင်ရန်ကြိုးပမ်းမှု နှင့် သာဿနာရေးဆိုင်ရာ အငြင်းအခုန်နှင့် ပြဿနာများကို ဖြေရှင်းရန်အားထုပ်မှုတို့ဖြင့် သမိုင်းတွင်သကဲ့သို့ မင်းတုန်းမင်းအနေဖြင့်လည်း ပဉ္စမသံဂါယနာတင်ခြင်းနှင့် ထိုမှတဆင့် ပိဋိကပ်သုံးပုံကို ကျောက်ထက်အက္ခရာတင်ပြီး ပူဇော်ခြင်းတို့ဖြင့် ကျော်ကြားရသည်။ထိုမင်းဆက်သည် အခြားမြန်မာမင်းဆက်များ နီးတူ ကုန်းတွင်းပိတ်သဘာဝမှ ပင်လယ်ထွက်ပေါက်ရသည့် အခွင့်အရေးကို အသုံးမချနိုင်သကဲ့သို့ ပဒေသရာဇ် ပီသစွာပင် ထီးနန်းတည်မြဲရေးကို သာအဓိကထားကာ ကျူးကျော်လာသည် အင်္ဂလိပ်တို့ရန်ကို တွန်းလှန်ကာကွယ်ရန်အတွက် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရန် အချိန်နှောင်းခဲ့သဖြင့် နောက်ဆုံးမင်းဖြစ်သည့် သီပေါမင်းလက်ထက်တွင် ရန်သူနယ်ချဲ့အင်္ဂလိပ်တို့၏ အပြီးတိုင်သိမ်းပိုက်ခြင်းကို ခံခဲ့ရလေသည်။

1.အလောင်းမင်းတရား (ဦးအောင်ဇေယျ) (နန်းစံ ၁၇၅၂ -၁၇၆၀)
2.နောင်တော်ကြီး (နန်းစံ ၁၇၆၀- ၁၇၆၃)
3.ဆင်ဖြူရှင် (နန်းစံ ၁၇၆၃-၁၇၇၆)
4.စဥ့်ကူးမင်း (နန်းစံ ၁၇၇၆-၁၇၈၂)
5.ဖောင်းကားစားမင်း (နန်းစံ ၁၇၈၂ ဖေဖော်ဝါရီလအတွင်း နန်းစံ ရက် ၇ ရက်)
6.ပဒုံမင်း (မြေဒူးမင်း-ဘိုးတော်ဘုရား) (နန်းစံ ၁၇၈၂-၁၈၁၉)
7.စစ်ကိုင်းမင်း (နန်းစံ ၁၈၁၉-၁၈၃၇)
8.သာယာဝတီမင်း (နန်းစံ ၁၈၃၇-၁၈၄၆)
9.ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃)
10.မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈)
11.သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅)


လိုအပ်တဲ့သူတွေအတွက်တစုတစည်းတည်းဖြစ်သွားအောင်လို့ပါ

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More