မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Wednesday 30 November 2011

စကားပြောရာဝယ်



လူသားတွေ တစ်နေ့တာလုံးမှာ အမြဲမပျက်ပြောဆိုနေရတာ.....စကားပဲဖြစ်ပါတယ်။
စကာဆိုတဲ့အဓိပ္ပါယ်ကတော့ ပေါ့ပေါ့လေး သဘောထားလို့ရသလို........
တစ်ချို့တစ်ချို့တွေကတော့ အလေးအနက်ထားတဲ့သူတွေလဲ ဒုနဲ့ဒေရှိကြပါတယ်။
တစ်ခုတော့ရှိပါတယ်......စကားနဲ့ပက်သက်တဲ့ အထင်ကရ မှတ်သားစရာလေးတစ်ခုရှိပါတယ်.....
အဲ့တာကတော့.......ဦးပေါ်ဦး ပုံပြင်လေးပဲဖြစ်ပါတယ်....


ပုံပြင်အစမှာ......
ဘုရင်မင်းမြတ်ကြီးက ပေါ်ဦးကိုမေးပါတယ်.............
ပေါ်ဦးတဲ့ ဥတွေထဲမှာ ဘယ်ဥက အစိမ့်ဆုံးလဲတဲ့........
အဲ့အခါ ဦးပေါ်ဦးက လိပ်ဥပါ ဘုရား ဆိုပြီးဖြေလိုက်တယ်......
အဲ့လိုနဲ့ နေသွားလိုက်ကြတာ....ရက်ပေါင်တော်တော်ကြာကြာမှာပဲ.....
စကားအသွားအလာမရှိပဲနဲ့.......
အမှတ်တမဲ့မင်းကြီးက ဦးပေါ်ဦးကို ကောက်မေးလိုက်ပါလေရော
ဒါတင်ပဲလား.........ပာ ဆိုတော့.....
ဦးပေါ်ဦးက ဆားနဲ့ပါဘုရား လို့ ပာန်ချက်ညီညီ ဖြေပြသွားတာလေးကို
လူတော်တော်များများသိကြမှာပါ......

အဲ့ဇာတ်ဝင်ခန်းမှာ.....အထင်ကရဖြစ်တာလေးက သတိကောင်းတာရယ် ၊
မှတ်ညဏ်ကောင်းတာလေးရယ်
နောက်တစ်ခုက....ထင်ပါတယ်...အဲ့ခေတ် အဲ့အခါတုန်းက လူတွေက စကားကို အလေးအနက်
ထားပြီး ပြောတက်ကျပုံရပါတယ်....ဒါကြောင့်လဲ ရက်ဘယ်လောက် ခြားခြား ကိုယ်ပြောခဲ့တဲ့
စကားကိုခွဲခြမ်းစိတ်ဖြာတက်ကြတာပေါ့............ဒီဘက်ခေတ်မှာကြတော့................
စကားရဲ့အဓိပ္ပါယ်က........စတာနဲ့ ကား ကားးး သွားလို့ စကားဆိုပြီ ဖြစ်လာတာတဲ့...........


အဲ့တာလေးကိုကျွန်တော်က ဒီဘက်ခေတ် အယူနဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြရင်း..............
တစ်ခါတုန်းက ရွာတစ်ရွာမှာ ထူးထူးခြားခြားမပာုတ်ပဲ ကလေးမွေးပါတယ်.............
ကလေးကလဲ အများသူငှာတွေလိုပဲ မထူးမခြားနားလေးပဲ လက်နှစ်ဖက် ခြေနက်ဖက်ပါရှိပြီး
ထွက်လာတာပါပဲ.....ဒါပေမဲ့ အဲ့ကလေးမှာထူးခြားသော အရာလေးတစ်ခုပါရှိလာပါတယ်...
အဲ့တာက "နားကားကားလေးပါပဲ"
အဲ့တာနဲ့ လက်သည်အစ်မကြီးကလဲ ကလေးအဖေကို အခန်းထဲကနေ....လှမ်းအော်လိုက်
ပါတော့တယ်..."ပဲာ့....သာထွန်းရေ နင်သားလေးက နားကားကားလေးနဲ့တော့လို့ " အဲ့လိုပြော
လိုက်တဲ့ အချိန်မှာ....တစ်ဖက်ရွာက ရွာသူတစ်ယောက်က အိမ်ရှေ့ကဖြတ်အသွား ကြားလိုက်ရတဲ့
အသံကြောင့်...ချက်ချင်းပဲရွာကိုပြန်ပြေး..........သူ့ရွာရောက်တော့....အမောတကောနဲ့.......ပြော
လိုက်ပုံက" အမေရေ......အမေ......ပိာုဖက်ရွာက မိန်းမတစ်ယောက်က နဂါးလေးမွေးလို့တဲ့
အမေရေ " ဆိုပြီး အဲ့သတင်းသည် အဲ့ရွာတွင် ချက်ချင်းဆိုသလို ပျံနှံသွားပြန်သည်.....
အဲ့သတင်ကို နောက်တစ်ရွာတွင်.....ကြားရတဲံသူတစ်ယောက်ပြန်ပြောပုံက.....
ပိာုဖက်အစွန်ရွာတစ်ရွာက မိန်းမတစ်ယောက် နဂါးကြီးးမွေးလို့ပာတဲ့


အစဖြစ်ပုံမှာ နားကားကားလေးနဲ့ ကလေးမွေးတယ်.....
အဲ့တာကို ထပ်ကြားတာက နဂါးလေးမွေးတယ်.....
နောက်ဆုံးတစ်ရွာတွင်တော့.....နဂါးလေးမပာုတ်တော့ပဲ နဂါးကြီးတောင်ဖြစ်သွားခဲ့ပါသည်
(စကားဆိုသည်မှာ တယ်လဲ အံသြဖွယ်ကောင်းလှပါသည်)


ထိုကြောင့် သူငယ်ချင်းတွေကိုပြောချင်တာက စကားလုံးတွေကို တန်ဖိုးထားပါ...
နောက် စကားတစ်ခုကို ပေါ့ပေါ့တန်တန်မလုပ်ပဲ လေးလေးနက်နက်တန်ဖိုးထားမယ်ဆိုပါက.....
မိတ်ကောင်းဆွေကောင်း ၊ သူငယ်ချင်းကောင်းတို့ရဲ့ အရည်အချင်းထဲတွင် ပါဝင်သွားပါပြီ
စကားတစ်ခွန်းနှင့် လူတစ်ယောက်ကို ချစ်အောင်လဲ လုပ်လို့ရသလို
စကားတစ်ခွန်းထဲနဲ့ လူတစ်ယောက်ကို မုန်းသွားအောင်လဲ လုပ်လို့ရပါသည်


လူတွင် နှစ်မျိုး နှစ်စားသာလျှင်ရှိပါသည်
တစ်မျိုးသည် မိမိကိုယ်မိမိ ပိုပိုသာသာအကောင်းမြင်တက်ခြင်းနှင့်
နောက်တစ်မျိုးသည် သူများကို မိမိထက်အကောင်းမြင်တက်ခြင်း တို့သာလျှင်ဖြစ်ပါသည်
နောက်ဆုံးကျွန်တော်စာဖတ်သူတွေကို ပြောချင်တဲ့ စကားလက်ဆောင်လေးကတော့
"...လူတွေသည် တစ်ခါတစ်ရံ မှားတက်ကြပါသည် ထိုကြောင့်လဲ ခဲတံတွင် ခဲဖျက်ဆိုတာ
မျိုးထားရှိပေးထားသည်.."


စကားလုံးတွေနဲ့ ရိုက်ပုတ်ခြင်း ကင်ဝေးကြပါစေ
စကားလုံးတွေနဲ့ ထိုးနှက်ခြင်း ကင်းဝေကြပါစေ.......
စကားလုံးတွေနဲ့......မိတ်ဆွေသူငယ်ချင်းတွေကို ဖေးမပေးတဲ့
သူတစ်ယောက်ဖြစ်ပါစေလို့ပြောရင်း......
ဒီစာလေးရဲ့အဆုံးမှာ.....ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကြပါစေနော်.....

အမုန်းသခင်
(ရွှေမြို့တော် & ချစ်သူမြို့တော်)
 မှ
ပြန်လည်မျှဝေခြင်းဖြစ်ပါကြောင်း-----။




Tuesday 29 November 2011

အမှားကို မြန်မြန် ဘယ်လိုသိနိုင်မလဲ? ဘယ်လိုပြင်ရမလဲ?

   ဒီနေ့တော့ တောင်သာသားလေးတစ်ယောက် အလေ့အကျင့်ကောင်းဆိုတဲ့ ခေါင်းစဉ်လေးဖတ်ဖြစ်ပါတယ်။ ပြန်လည်ဝေမျှ ပေးပါရစေ။
   ပုံပြင်လေးတစ်ခု ရှိသည်။
   တစ်ခါက သစ်ခုတ်သမားတစ်ယောက် တောထဲတွင် သစ်ပင်ကြီး တစ်ပင်ကို လွှနှင့်တိုက်ဖြတ်နေသည်။ လူတစ်ကိုယ်လုံး ချွေးသီးချွေးပေါက်ကျနေပြီ၊ သစ်ပင်က မလဲနိုင်သေး။ တောထဲဖြတ်လာသူတစ်ဦးက သူ့ကို တွေ့သောအခါ မေးသည်။
   -ခင်ဗျားကြည့်ရတာ အတော်ပင်ပန်းနေပုံပဲ၊ လွှဆွဲနေတာ ဘယ်လောက်ကြာပြီလဲ
   -ငါးနာရီကျော်ပြီဗျ။ ခြေကုန်လက်ပန်းကျနေပြီ၊ ခုထိ မပြတ်သေးဘူး။
  -ကြည့်ရတာ လွှတုံးနေတယ်နဲ့တူတယ်၊ ခဏရပ်ပြီး လွှကို သွေးပါလား၊ အဲ့ဒါဆိုရင် ပိုပြီး   မြန်မြန်ပြတ်လိမ့်မယ်။
ခရီးသွားက အကြံပေးသည်။
   -အချိန်မရဘူးဗျ၊ အဓိကအလုပ်ကိုပဲ လုပ်နိုင်မယ်။ ဟု ဖြေကာ သစ်ခုတ်သမားသည် လွှတုံးတုံးကြီးနှင့်ပဲ ဆက်၍ ဆွဲနေလေသည်။ -ဟူ၍
   ပုံပြင်ဖတ်သူအနေနှင့်တော့ သစ်ခုတ်သမား၏ အမှားကို အလွယ်တကူ မြင်မည်ဖြစ်၏။ သို့သော် လက်တွေ့ဘ၀၌ လူအတော်များများပင် သည်အမှားမျိုးတွေ ကျူးလွန်နေမိတတ်ကြသည်။
   ထို့အတူပါပဲ။ သင်တန်းလေးတစ်ခု သွားတတ်လိုက်လျှင် ရာထူးတိုးနိုင်ပါလျက် ဇွတ်ပေနေမိသဖြင့် အနိမ့်ပိုင်း အဆင့်မှာပဲ အရိုးထုတ်ကြခြင်းမျိုး---။
    အောင်မြင်လိုသူသည် မိမိ၏ အရည်အသွေး ထက်မြက်သည်ထက် ထက်မြက်အောင် ပြုပြင်ပေး၊ ပျိုးထောင်လေ့ကျင့်ပေးနေဖို့ လိုသည်။ မိမိ၏ အားနည်းချက်ကို သိရမည်။ သိတာကိုလည်း ပြုပြင် ဖြည့်တင်းနိုင်ရမည်။ မိမိတည်းဟူသောလွှကို ထက်နေရှနေအောင် သွေးထားနိုင်မှ  အလုပ်တွင်မည်။ သစ်ပင်တွေ တစ်ပင်ပြီးတစ်ပင် ခုတ်လှဲနိုင်မည်။ ထူးခြားအောင်မြင်သူ ဖြစ်မည်။
   [မူးရင်း။   ။ Charlie ၏ Seven Habits of Highly Effective Students]

Monday 28 November 2011

အသက်(၁၀၀)ကျော် နေချင်ပါသလား


အသက်(၁၀၀)ကျော် နေချင်ပါသလား
၁။       စောစောအိပ်ရာထပါ။
၂။       အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
၃။       စိတ်မရွင်မပျဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
၎။       အရက်သောက်ရင် သင့်တင့်ရုံသာသောက်ပါ။
၅။       မိမိပတ်ဝန်းကျင်မှာ အမြဲပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လောစွာနေတတ်ပါ။
၆။       ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
၇။       မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီး ကျန်းမာလေပါ။
၈။       ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
၉။       နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
၁၀။     အစားအသောက်ကို တိုးစားလိုက်၊ လျှော့စားလိုက် မလုပ်ပါနဲ့။
၁၁။     ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
၁၂။     နှစ်သက်သဘောကျတဲ့ ၀ါသနာတစ်ခုရှိနေရင် စိတ်ဓာတ်ကြွ ရှင်သန်နေပါမယ်။
၁၃။     သကြား၊ အချိုများတဲ့ အစားအသောက်ရှောင်ပါ။
၁၄။     အဆီအဆိမ့်များတဲ့ အစားအသောက်ရှောင်ပါ။
၁၅။     ထုပ်ပိုးပြုပြင်ထားသော အစားများရှောင်ပါ။
၁၆။     သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်း များများစားပါ။
၁၇။     ရေတွေ၊ အရည်တွေ များများသောက်ပါ။
၁၈။     တစ်နေ့ ငှက်ပျောသီးတစ်လုံး စားဖြစ်အောင် စားပါ။ ငှက်ပျောသီးက ပန်းသီးထက် ခန္ဓာကိုယ်အတွက်           ပိုကောင်းပါတယ်။
၁၉။     တတ်နိုင်သမျှ အသားစားတာလျှော့ပါ။
၂၀။     မိမိရင်ထဲ ခံစားရတဲ့ ဝေဒနာတွေကို အရင်းနှီးဆုံး လူတွေထံ ရင်ဖွင့်ပါ။
၂၁။     မိမိအချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ ချစ်တယ် လို့ ဖွင့်ပြောပါ။ (အမှန်တရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပါတယ်)။
၂၂။     တစ်ပတ် အနည်းဆုံး(၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း (လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
၂၃။     တစ်ပါတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
၂၄။     ဘ၀ကို ပျော်ရွင်စရာ စွန့်စားခန်းတစ်ခုလို သဘောထားခံစားပါ။
၂၅။     အဆိုးဆုံးကို ရင်ဆိုင်ဖို့မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့ ကြောက်ရွံ့ တုန်လှုပ်စိတ်တွေ အတော်များများ ပျောက်ကွယ်သွားတာ အံ့သြဖွယ်တွေ့ရမှာပါ)
၂၆။     ဘ၀ကို အလဟသမဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
၂၇။     တယ်လီဖုန်းတွေက မိမိတို့ဘ၀ကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
၂၈။     မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်း စာအုပ်ထားပါ။
၂၉။     စိတ်ထိခိုက် ၀မ်းနည်းဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
၃၀။     ကြိုက်တဲ့ ရုပ်ရှင်ကြည့်နေလို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့ တစ်ခါတစ်ရံ အိပ်ရာဝင်နောက်ကျတာ ကျပါစေ။
၃၁။     နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံးမီးချောင်း ရှိပါစေ။
၃၂။     ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်း လျှော့သောက်ပါ။
၃၃။     မိမိကိုယ်ကို မိမိနှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
၃၄။     ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
၃၅။     ငြီးငွေ့မှု ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
၃၆။     တီဗွီအစီအစဉ်ကို ရွှေးကြည့်ပါ။ အကြာကြီး အကြည့်ပါနဲ့။
၃၇။     မိမိရဲ့စွမ်းအားကို လျှော့မတွက်ပါနဲ့။
၃၈။     အများသုံးရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
၃၉။     မိမိခန္ဓာကိုယ်က အချက်ပေးတာ နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်း မပြုပါနဲ့)။
၄၀။     လေကောင်းလေသန့် များများရှူပေးပါ။



Saturday 26 November 2011

ပညာဆိုတာဘာလဲ

   ဒီနေ့တော့ တောင်သာသားလေးတစ်ယောက် ဆရာဖေမြင့်ရေးတဲ့ ဂျီးနိယပ်(စ)စာအုပ်မှ ပညာနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ ဖတ်ဖြစ်ပါတယ်။ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။
   ပညာဆိုတဲ့ မြန်မာဝေါဟာရရဲ့ အဓိပ္ပ္ပာယ်ကို လေ့လာကြည့်ရအောင်။ 
   ပညာဆိုတာ ပါဠိက လာတဲ့ မြန်မာစကား တစ်လုံးပါပဲ။ ပညာကို မြန်မာအဘိဓာန်က အခြေခံအဓိပ္ပ္ပာယ်နှစ် မျိုး ပေးတယ်။
   (၁) အသိဥာဏ်။ ခွဲခြားဝေဖန်နိုင်သော အသိဥာဏ်။
   (၂) အတတ်။
   ဒါ့ကြောင့် ပညာသင်တယ်ဆိုတာ အတတ်ပညာ ဆည်းပူးလေ့လာတာ ဖြစ်သလို၊ အသိဥာဏ်မြင့်မားအောင် အားထုတ်လေ့ကျက်တဲ့ သဘောလည်း ပါတယ်။
   ပညာရှိနဲ့ ပညာတတ်ဆိုတာ ပညာရဲ့ အဲဒီအဓိပ္ပ္ပာယ်နှစ်မျိုးကို အခြေခံပြီး ခွဲခြားပြောဆိုကြတဲ့ သဘောပဲ။ ပညာရှိတာက အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံပြီး အကောင်းအဆိုး ဝေဖန် ခွဲခြားနိုင်တဲ့ ပုဂ္ပ္ဂိုလ်္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ။ ပညာတတ်ဆိုတာ အသိပညာ အတတ်ပညာတွေ လေ့လာတတ်မြောက်ထားတဲ့ ပုဂ္ပ္ဂိုလ်။ သို့သော်အတတ်ပ ညာတွေ လေ့လာတတ်မြောက်ထားတဲ့ ပုဂ္ပ္ဂိုလ်။ သို့သော် ပညာရှိလောက်တော့ မရင့်ကျတ်၊ မပြည့်ဝ၊ မမြင့်မားဘူးပေါ့။
   မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာတော့ ပညာ ကို အင်္ဂလိပ်ဘာသာနဲ့ဖွင့်တဲ့အခါ-
   (1) Knowledge, Learning, Education, Schooling
   (2) Skill, Craft
   ဆိုပြီး စကားလုံး ခြောက်လုံးနဲ့ ပေးထားပါတယ်။

မိမိကိုယ်ကို ယုံကြည်ခြင်း နှင့် ကိုးစားခြင်း

    ဒီနေ့တော့ အကိုအမများအတွက် တောင်သာသားလေး ဖတ်လိုက်ရတဲ့ စာစုလေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။
    လောက၌ ကြီးကျယ်ပေါက်မြောက် အောင်မြင်သူ မှန်သမျှ မိမိကိုယ်ကို ကိုးစားယုံကြည်ကြသူချည်းဖြစ်၏။
     မိမိအရည်အချင်းကို ယုံကြည်သည်။ မိမိဇွဲသတ္တိကို ကိုးစားသည်။ မိမိ၏ အနာဂတ်အလားအလာကို စိတ်ချသည်။
တောင်သာသားလေး ဖတ်မိတဲ့ ဥပမာလေးနဲ့ နှိုင်းယှဉ်ပြပါအုံးမယ်။

       ဗြိတိသျှသမိုင်းတွင် ထင်ရှားသည့် ဘင်ဂျမင် ဒစ္စရေးလီသည် ဂျူးလူမျိုးတစ်ယောက်ဖြစ်၏။ သူတို့ဆီ၌ ဂျူးဆိုသည်မှာ အနှိမ်ခံ အလှောင်ခံ သတ္တ၀ါတစ်မျိုးဖြစ်ရာ အကယ်၍ ဒစ္စရေးလီသာ အားငယ်တတ်သူတစ်ဦး ဖြစ်က နိုင်ငံရေးလောကထဲ ၀င်လာမည်မဟုတ်။ အခြားအခြားသော ဂျူးများနည်းတူ ကုန်သွယ်စီးပွားဘက်မှာသာ ကြီးပွားအောင် ကြံဆောင်မည်ဖြစ်၏။
       သို့သော် ဒစ္စရေးလီက သူတစ်ပါးအထင်အမြင် သူတစ်ပါး အပြောအဆိုကို ကြောက်ရွံ့နောက်တွန့် တတ်သူမျိုးမဟုတ်။ လူသည် ပတ်ဝန်းကျင်အခြေအနေများ၏ ဖန်တီးခံသတ္တ၀ါမဟုတ်၊ ပတ်ဝန်းကျင်အခြေအနေသည်သာ လူ၏ဖန်တီးခံဖြစ်သည်ဟူ၍ သူ အခိုင်အမာယုံကြည်သည်။ မည်သူမဆို လောက၌ မအောင်မြင်တာတွေ မလွဲမသွေ ကြုံရမည်သာဖြစ်သည်။ သို့သော် မနည်းသော ကာယစွမ်းအားနှင့် ကြီးမားသော စိတ်ဓာတ်သတ္တိရှိသူတို့အဖို့မူ လောက၌ မဖြစ်နိုင်သောအရာဟူသည် မရှိဟူ၍ သူ့စိတ်ထဲမှာ ပြတ်သားထားသည်။
          ထို့ကြောင့် မအောင်မြင်သော ရွေးကောက်ပွဲတွေကို ရင်ဆိုင်ကျော်လွှားကာ လွှတ်တော်အမတ်အဆင့်သို့ သူရောက်လာသည်။ အမတ်ဖြစ်စ လွှတ်တော်တွင် ပထမဆုံးအကြိမ် စကားပြောသည့်အခါ ၀ိုင်းဝန်းလှောင်ပြောင် ရယ်မောခြင်းခံရသည်။
            သို့သော် သူတွန့်ဆုတ်မသွား။ သူသည် တစ်နေ့ကျလျှင် ဗြိတိသျှ နိုင်ငံရေးလောက၌ အတောက်ပဆုံး ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်တစ်ယောက် ဖြစ်လာရမည်ဟု သူ့ဘာသာ ယုံကြည်ထားသည်။ ထို့ကြောင့် အလှောင်အပြောင်တွေ ကြားမှာပင် သူပြောစရာ စကားကို ရဲရဲပြောသည်။ လုပ်စရာရှိတာကို ရဲရဲလုပ်သည်။ သို့နှင့်ပင် နောက်ဆုံး၌ သူရည်မှန်းသည့်အတိုင်း ဗြိတိသျှ နိုင်ငံရေးလောက၏ အထွတ်အထိပ်ဖြစ်သော ၀န်ကြီးချုပ်ဘ၀၊ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် ၁၉ ရာစု ဒုတိယပိုင်းကာလ ကမ္ဘာတွင် အထင်ရှား အရေးပါဆုံး ပုဂ္ဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။



Tuesday 22 November 2011

မြင်းလား၊ ငန်းလား တဲ့

တောင်သာသားလေးတစ်ယောက် ကွန်ပျူတာရှေ့မှာ ထိုင်နေတုန်း ဆိုင်းမဆင့်၊ ဗုံမဆင့်ပါပဲ တောင်သာသားလေးရဲ့ နောင်တော်တစ်ယောက်က အင်တာနက်ကနေ စာအုပ်လေးတစ်အုပ်လက်ဆောင်ပေးပါတယ်။ ဆရာဖေမြင့်ရေးတဲ့ ဂျီနိးယပ်(စ) ဆိုတဲ့ စာအုပ်လေးပါ။ ဖတ်စေချင်တဲ့ စေတနာနဲ့ပေးတာဆိုပြီး တွေးမိလို့ ဖတ်ဖြစ်လိုက်ပါတယ်။ အများကြီးတော့ အချိန်မရသေးလို့ မဖတ်နိုင်သေးပါဘူး။ (၁၀)မျက်နှာလောက်လေးပါ။ အဲ့ဒီထဲကမှ အကိုအမများအတွက် ပြန်လည်ဝေမျှချင်တာလေးတွေ ရှိလာလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ 
မြင်းလား၊ ငန်းလား
စားကျတ်မြက်ခင်းထဲမှာ မြင်းတစ်ကောင်နှင့် ငန်းတစ်ကောင် ဆုံမိကြသည်။ ငန်းက မြင်း၏အမူအရာကို သဘောမကျ။ မထီလေးစား အားမနာသည့် ပုံစံဟုမြင်သည်။
ထို့ကြောင့် ဘဲငန်းတို့ထုံးစံ စူးစူးဝါးဝါးအသံဖြင့် ဆိုသည်။
‘ဟေ့ ဒီမှာ၊ ငါကမင်းထက် ပိုကြီးကျယ်ပြည့်စုံတဲ့ အကောင်ပါကွ။ မင်းခန္ဓ္ဓ္ဓာကိုယ်
ကြီး နဲ့ မင်းလုပ်နိုင်တာ တစ်မျိုးတည်းရှိတယ်။ ငါက ဟောဒီမြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလဲ ကောင်းကောင်းကြီး လျှောက်နိုင်တယ်။ ပြီးတော့ ငါ့မှာ ဟောဒီ တောင်ပံနှစ်ဖက်ပါတော့ လေထဲပျံချင်သပဆိုလဲ ပျံဝဲလို့ရတယ်။ ရေအိုင်၊ချောင်းမြောင်း တွေ့ရင်လည်း အသာဆင်း၊ ရေးအေးအေးလေး စိမ်ပြီး ကူးခတ်ဆော့ကစားနိုင်တယ်။ ငါ့မှာ ကောင်းကင်က ငှက်၊ ရေထဲကငါး၊ ကုန်းပေါ်က ဆင်၊မြင်း၊ ကျွဲ၊ နွား၊ သတ္တ၀ါသုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်’
သည်စကားကြားတော့ မြင်းက ရယ်သည်။
‘ဟုတ်ပါ့ဗျ။ ခင်ဗျားမှာ ကုန်း၊ ရေ၊ လေ သတ္တ၀ါသုံးမျိုးလုံးရဲ့ စွမ်းအားတွေ စုဝေးနေတာကိုး၊ ဒါပေမဲ့ ဘယ်စွမ်းအားမှ ပြည့်ပြည့်၀၀ မရှိ။ မစို့မပို့ချည်း ဖြစ်နေတာ ဆိုးတယ်ဗျာ။ ခင်ဗျား ပျံတယ်ဆိုတာ မနိုင်းမနင်း လေးလေးလံလံကြီး၊ မြေပေါ်က ခဏတစ်ဖြုတ် လွတ်တယ်ဆိုရုံ ဟိုနား သည်နားလေးလောက် ရောက်တာ။ အဲ့ဒါနဲ့တင် ကိုယ့်ကိုယ်ကို စင်ရော်တို့၊ လင်းယုန်တို့လို ငှက်စာရင်းသွင်းလို့ ဖြစ်ပ့ါမလား။ ရေမှာဆိုလဲ ငြိမ်သက်တဲ့ ကန်ရေပြင်လိုဟာမျိုးမှာ အပေါ်ယံလေး လှုပ်ပြီး ရွေ့ရွေ့လေး သွားနိုင်တာ၊ ငါးလို၊ ဖျံလို ကျင်လည်တာမဟုတ်ဘူး။ လှိုင်းတွေ၊ လေတွေနဲ့ဆိုရင် ခင်ဗျား ထွက်ပြေးမှာ မဟုတ်လား၊ မြေကြီးပေါ်မှာ လမ်းလျှောက်တော့ရော၊ လူတွေပြောပြောနေကြတဲ့ ဘဲသွား သွားတယ်ဆိုတာ ခင်ဗျား တစ်ခါမှ မကြားမိဘူးလား။ ခင်ဗျား လမ်းသွားပုံ အချိုးမကျတာကို ပြောကြတာ။ ခြေထောက် ပြားပြားကြီးကို မြှောက်လိုက်ချလိုက်နဲ့၊ တစ်လှမ်း လှမ်းလို့လဲ ဘယ်လောက်မှ မရောက်ဘူး။ အဲ့ဒီထဲ လည်ပင်းကြီးက ဟိုဆန့်ဒီဆန့်နဲ့ ဘေးလူတွေ လှမ်းပြီး ရန်ရှာချင်သေးတယ်။ တွေ့ရတဲ့လူတွေအားလုံး စိတ်ညစ်တယ်။ ကျုပ်က ခင်ဗျားပြောတဲ့အတိုင်း တစ်မျိုးတည်း စွမ်းတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်မျိုးဆို ဆိုသလောက် ပြတ်ပြတ်သားသား စွမ်းတယ်။ ကျုပ်က မြေကြီးပေါ်မှာ အရှိန်အဟုန်နဲ့ ပြေးလွှားဖို့ မွေးဖွားလာတဲ့ သတ္တ၀ါ၊ကျုပ်ခန္ဓ္ဓ္ဓာကိုယ်မှာ အပိုဆာဒါး အဖြစ်ညစ်ကျယ် အစိတ်အပိုင်း တစ်ခုမှ မပါဘူး။ ကျုပ်ရဲ့ တောင့်တင်းသန်မာတဲ့ ကြွက်သားအစိုင်အခဲတွေနဲ့ အချိုးမစားကျနတဲ့ ခြေတံ လက်တံတွေကို ကြည့်လိုက်ရုံနဲ့ ဘယ်လောက်ပြေးအားကောင်းမယ့် သတ္တ၀ါဆိုတာ မြင်နိုင်တယ်။ ကျုပ်ကြွကြွရွရွလေး ခုန်ပေါက် ပြရုံနဲ့တင် ကျုပ်ကိုယ်ထဲမှာ ခွန်အားတွေ ဘယ်လောက်ကြီးကြီးမားမား ကိန်းအောင်းနေတယ်ဆိုတာ သိနိုင်တယ်။ ကျုပ်က တစ်မျိုးတည်းသမား။ ဒါပေမယ့် အဲ့ဒီတစ်မျိုးမှာတော့ ထူးထူးချွန်ချွန် ပေါက်ပေါက်မြောက်မြောက် ထိပ်ဆုံးရောက်တဲ့သူ။ ခင်ဗျားလို ဟိုစပ်စပ် ဒီစပ်စပ် တတ်သလို နပ်သလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နယ်မှာမှ အသုံးမကျ အရာမ၀င်တဲ့ ဘဲငန်းမျိုး မဟုတ်ဘူး’
မြင်းက ဒေါနှင့် မောနှင့် ဆိုလေသည်။
စာရေးဆရာသုံးသပ်ချက်။    မှန်သည်။ တချို့လူတွေသည် ဟိုစပ်စပ် သည်စပ်စပ် ဘာမဆို နည်းနည်းစီ တတ်ကြသည်။ သို့သော် ဘယ်ကဏ္ဍတစ်ခုတွင်မျှ တကယ်တမ်း မကျွမ်းကျင်။ သည်လူတွေသည် အမှတ်မဲ့ကြည့်လျှင် လူ့အသိုင်းအ၀ိုင်းထဲတွင် အရာဝင်သလိုဖြင့် စင်စစ် နေရာတကာ ရောယောင်နောက်လိုက်အဖြစ်နှင့် ၀င်ပါနေကြခြင်းသာ ဖြစ်သည်၊ ဦးစီးဦးဆောင်ပြုနိုင်သူ၊ အောင်မြင်သူများကား မဟုတ်ကြ။



Monday 21 November 2011

တောင်သာသားလေးကြိုက်နှစ်သက်သော ကဗျာလေးများ(၁)

၁။     ခွဲခွာခြင်းသစ်ပင်မှာ
        လွမ်းဆွတ်မှုတွေ
        တမ်းတမှုတွေ
        အထီးကျန်မှုတွေ
        အပြိုင်အဆိုင် ပွင့်နေတယ်။


၂။    အတူတူနေခွင့်တဲ့
       တစ်ယောက်ဘ၀ထဲ တစ်ယောက်ခုန်ချဖို့၊
       တစ်ယောက်ဘ၀ထဲ တစ်ယောက်ကူးခတ်ဖို့၊
       တစ်ယောက်ဘ၀ပေါ် တစ်ယောက်လျှောက်လှမ်းဖို့၊
       ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူ၊
       မင်းနဲ့ငါ ဆုံတွေ့နိုင်ပါစေ။


၃။    စာဖတ်တိုင်း သမ္မတဖြစ်မယ်လို့ မပြောနိုင်ပေမယ့်၊
       သမ္မတိုင်းကတော့ စာဖတ်တဲ့သူ ဖြစ်ရမှာပါတဲ့။





Friday 18 November 2011

ကျန်းမာဆေး နှင့် ချမ်းသာဆေး

 တောင်သာသားလေး နေ့စဉ်ဖတ်မှတ်နေတဲ့ စာအုပ်ထဲမှ မှတ်သားစရာလေးများ၊ အတုယူစရာလေးများ ဖတ်မိပါက တောင်သာသားလေး၏ အကိုအမများကို ပြန်လည်ဝေမျှပေးဖို့ ၊ လက်ဆောင်လေးတွေပေးဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။
၁။   သက်ရှည်ကျန်းမာဖို့ဆိုလျှင်-
       (က)   သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကျဉ်ရမည်။
       (ခ)      အချိန်မှန်အိပ်ရမည်။
       (ဂ)      အချိန်မှန်စားရမည်။ (အဟာရဖြစ်သော၊ အစာကြေညှက်လွယ်သော အစားအစာဖြစ်ရမည်)
       (ဃ)    အကောင်းမြင်ဝါဒရှိကာ စိတ်ချမ်းသာအောင် နေတတ်ရမည်။


၂။    ချမ်းသာကြွယ်ဝဖို့ဆိုလျှင်-
        (က)    ထကြွလုံ့လ ၀ီရိယရှိစွာဖြင့် စီးပွါးဥစ္စာကို ရှာဖွေရမည်။
        (ခ)      ရလာသောဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
        (ဂ)      ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
        (ဃ)    မိမိကို ကူညီနိုင်သော၊ မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်းရှိရမည်။
           (ဆရာတော်အရှင်ဇ၀န ရေးသားတဲ့ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ)

Thursday 17 November 2011

My heart stopped


Tuesday 15 November 2011

men and women (ကိုယ်တိုင်တွေးမဟုတ်ပါ၊ ရှာတွေ့လို့ တင်ပေးတာပါဗျာ)

Men:

1. All men are extremely busy.
2. Although they are so busy, they still have time for women.
3. Although they have time for women, they don't really care for them.
4. Although they don't really care for them, they always have one around.
5. Although they always have one around them, they always try their luck with others.
6. Although they try their luck with others, they get really pissed off if the woman leaves them.
7. Although the woman leaves them they still don't learn from their mistakes and still try their luck with others.

Women:

1. The most important thing for a woman is financial security.
2. Although this is so important, they still go out and buy expensive clothes and stuff.
3. Although they always buy expensive clothes, they never have
something to wear.
4. Although they never have something to wear, they always dress
beautifully.
5. Although they always dress beautifully, their clothes are always just "an old rag".
6. Although their clothes are always "just an old rag", they still expect you to compliment them.
7. Although they expect you to compliment them, when you do, they
don't believe you.

Monday 14 November 2011

တောင်သာသားလေး ၀က်သားတုတ်ထိုး လုပ်နည်း

တောင်သာသားလေး တစ်ယောက် ဟင်းချက်နည်းတွေ ခဏခဏတင်လို့ မိန်းမစိတ်များ ပေါက်နေတာ လားလို့ မတွေးလိုက်ပါနဲ့ဗျာ။ ကိုယ်တိုင်မချက်ရင် ဘာမှ စားစရာမရှိလို့ပါ။ သူတို့အစားအစာတွေနဲ့ တောင်သာသားလေးတို့ ဗိုက်တွေနဲ့ကလည်း အဆင်မပြေဘူးဗျ။ စားလိုက် ခဏနေရင် ဗိုက်ဆာသလိုလို နဲ့။ အစာတွေကနုနေပြီး တောင်သာသားလေးဗိုက်ကကြမ်းနေတာဖြစ်မယ်။ ငယ်ငယ်ကလည်း ထမင်းကြမ်းနဲ့ ပဲပြုတ် စားလာတာဆိုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလည်း တောင်သာသားလေးတစ်ယောက် ၀က်သားတုတ်ထိုးလေး လုပ်စားနေပြန်ပါပီ။နာမည်ကိုတော့ တောင်သာသားလေးချက်လို့ တောင်သာသားလေးဝက်သားတုတ်ထိုးလို့ ပေးလိုက်ပါပြီ။

ဝက်သားတုတ်ထိုးလုပ်နည်း
အဆင့်(၁)       ၀ယ်လာသောဝက်သားတိုလီမိုလီများကို ရေစင်အောင်ဆေးပါ။ ပြီးနောက် လက်သီးစုပ်ပမာဏ လောက်အတုံးလေးမျာတုံးပါ။
အဆင့်(၂)       ငံပြာရည်၊ ပဲငံပြာရည်၊ ကရဝေးရွက်၊ သစ်ဂျပိုး၊ အရက်အနည်းငယ်(ကွမ်းသီးရှိရင်ကွမ်းသီး)၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သကြား၊ အချိုမှုန့်တို့ကို ပမာဏမျှတစွာထည့်ပေးပါ။
အဆင့်(၃)       မီဖိုပေါ်မှာ ခဏလုံးပေးပါ။ ပြီးရင် ရေလိုသလောက်ထည့်ပေးပါ။
အချည်အတွက်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး၊ သံပရာသီး၊ ခရည်းချည်ဘူး၊ နံနံပင်တို့ကို ရောပေးပါ။
ဒါဆို ၀က်သားတုတ်ထိုးကောင်းကောင်းလေးရပါပြီ။

Sunday 13 November 2011

အောင်မြင်ချင်သူများအတွက် အင်္ဂါ(၅)ချက် တဲ့


အောင်မြင်ချင်သူများအတွက် အင်္ဂါ(၅)ချက်
၁။   ကြာမြင့်စွာ အလုပ်လုပ်ခြင်း၊ ကောက်ရိုးမီးကဲ့သို့  ခဏလုပ်ပြီး ခဏနှင့်ရပ်သွားသူများသည်          ဘယ်သောအခါမှ အောင်မြင်မှုကို မရနိုင်ပေ။

၂။   မရပ်မနား အလုပ်လုပ်ခြင်း၊ အကြာကြီးလုပ်သည် ဆိုရာ၌လည်း နားနေချိန်က များပြီး အလုပ်လုပ်ချိန်က နည်းနေလျှင်လည်း မအောင်မြင်နိုင်ပေ။

၃။   လုပ်သင့်လုပ်ထိုက်သည်တို့ကိုအကြွင်းအကျန်မရှိအောင် လုပ်ဆောင်ခြင်း။

၎။   ရိုရိုသေသေ လေးလေးစားစား လုပ်ကိုင်ခြင်း။

၅။   မိမိလုပ်ကိုင်သော လုပ်ငန်း၌  နှစ်နှစ်သက်သက် ပျော်ပျော်ပါးပါး လုပ်ခြင်း။




Saturday 12 November 2011

ကျန်းမာရေး

1. ကြွက် ကိုက်ခံ ရပါက ခွေးရူး ရောဂါ ဖြစ်နိုင် သဖြင့် မပေါ့ဆ သင့်၊
2. အဝတ်လျှော်ခြင်း နှင့် ကျန်းမာရေး၊
3. ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံ၊
4. လိမ္မေ္မာ် သီး၏ဆေးဖတ်ဝင်ပုံများ၊
5. အရိုးကျီးပေါင်းတက်ခြင်း -Spondylosis၊
6. ယောက်ျားလေးများအတွက် အလှအပထိန်းသိမ်းနည်း၊
7. ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင်၊
8. အမျိုးသမီးများနှင့်တိုးတိုးတိတ်တိတ်ဆွေးနွှေးရမည့်ဆေးနည်းများ၊
9. ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ ၊
10. ၀က်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်၊
11. ဟာသပုံများ


ကြွက် ကိုက်ခံ ရပါက ခွေးရူး ရောဂါ ဖြစ်နိုင် သဖြင့် မပေါ့ဆ သင့်

ကြွက်သည် ခွေးရူး ရောဂါ ဖြစ်စေ သည့် ဗိုင်းရပ်စ် ပိုးကို သယ် ဆောင် ထားနိုင် သော တိရစ္ဆာန် ဖြစ် သည့် အတွက် ကြွက်ကိုက် ခံရ၍ ဒဏ်ရာ ရရှိ လာပါက မပေါ့ဆ သင့် ကြောင်း၊ လိုအပ် ပါက ဆေးဝါး ကုသ မှု ကြိုတင် ခံယူ သင့်ကြောင်း သိရ သည်။

ရောဂါ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း နည်းပါး သော်လည်း ကြွက်မှ တစ် ဆင့် လူကို တိုက်ရိုက် ကူးစက်နိုင် သော ရောဂါဖြစ်ခြင်း၊ အခြား ရောဂါ များလည်း ၀င်ရောက် နိုင်သည့်အ တွက် ကြွက်ကိုက်ခြင်း ကြောင့် ဒဏ် ရာ ရရှိ လာပါက ဂရုပြု သင့်ကြောင်း အလုံမြို့နယ် မှ ဆရာဝန် တစ်ဦးက ပြောသည်။

အဝတ်လျှော်ခြင်း နှင့် ကျန်းမာရေး

အဝတ်လျှော်ခြင်းဟာ ကျန်းမာရေးနဲ့ ဘာမှ ဆက်စပ်မှု မရှိဘူးလို့ ထင်ပါသလား။ တကယ်တော့ အများကြီးဆက်စပ်မှု ရှိပါတယ်။
အဝတ်လျှော်တဲ့ အခါ စနစ် မကျမှုတွေနဲ့ မှားယွင်းတဲ့ နည်းလမ်းတွေကြောင့်
ရောဂါပိုးတွေနဲ့ ထိတွေနေရခြင်း၊ ဓာတ်မတည့် ဖြစ်ခြင်း၊ အရေပြား
ယားယံခြင်းနဲ့ တခြားကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်
သင်နဲ့ သင့်မိသားစု အပေါ်မှာ အဝတ်လျှော်ခြင်းကြောင့် ကျန်းမာရေး ဆိုင်ရာ
ဆိုးကျိုးတွေ မကျရောက်အောင် ကာကွယ်နိုင်မယ့် အကြံပြုချက် တွေကို
ဖော်ပြလိုက်ပါတယ်။


အနံ့ မပါတဲ့ ဆပ်ပြာကို ရွေးချယ်ပါ

ဘာကြောင့်လဲ- အရေပြားယားယံမှုကို ကာကွယ်နိုင်ပါတယ်။

သင်ဟာ သင့်အဝတ်တွေမှာ ပန်းရနံ့ ဒါမှမဟုတ် တခြားမွှေးရနံ့တွေ သင်းပျံ့ မွှေးကြိုင် နေတာကို ကြိုက်နှစ်သက်ပါသလား။ ဒါဆိုရင် သင်သိသင့်တာကတော့ ဒီလို
မွှေးရနံ့ တွေကို ဖြစ်စေတဲ့အရာတွေက ဓာတုပစ္စည်းတွေ သောင်းပြောင်းရောထားတယ်
ဆိုတာကိုပါ။ ဒီဓာတုပစ္စည်းတွေဟာ သင့်အရေပြားကို ယားယံစေ နိုင်ပါတယ်။
University of Washiongoton မှ သုတေသီတွေက လူကြိုက်များတဲ့
ဆပ်ပြာမှုန့်တစ်မျိုးမှ အငွေ့ပြန်နိုင်တဲ့ သြဂဲနစ်ဒြပ်ပေါင်း
၁၃မျိုးထုတ်လွှတ်တာကို တွေ့ရပါတယ်။ ဒီထဲက ငါးမျိုးဟာ သဘာဝ
ပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီ (EPA) က အဆိပ်အတောက် ဖြစ်တယ် ဒါမှမဟုတ်
အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဓာတုပစ္စည်းတွေပါ။ “အဝတ်လျှော်ရာမှာ
သုံးတဲ့ ဆပ်ပြာမှုန့်နဲ့ အနံ့မွေးအောင်ထည့်တဲ့ အရည်တွေမှာ အာရုံကြော
အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့



ဓာတ်ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်” လို့ လေ့လာသူခေါင်းဆောင် Professor Anne
Steinemann ကဆိုပါတယ်။ ဒီအရာတွေနဲ့ ထိတွေ့မှုဟာ ခေါင်းတစ်ခြမ်းကိုက်
ရောဂါထခြင်းနဲ့ ပန်းနာရင်ကျပ် ရောဂါထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
အများအားဖြင့်တော့ ဒီဓာတုပစ္စည်းတွေ အများစုက ဆပ်ပြာမှုန့်မှာပါတဲ့
သန့်ရှင်းစေတဲ့ အရာ (cleansing agent)တွေနဲ့ မဆက်စပ်ပါဘူး။



အနံ့ မွှေးအောင်ထည့်တဲ့ မွှေးရနံ့တွေနဲ့သာ ဆက်စပ်တာပါ။ ဒါကြောင့် မွှေးရနံ့နဲ့
အရောင်ဆိုးဆေးတွေ မပါတာကို ရွေးသုံးနိုင်ရင် အကောင်းဆုံးပါပဲ။


အိပ်ရာခင်းတွေကို ရေပူနဲ့ ပြုတ်လျှော်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို နည်းစေပါတယ်။

သင်ရဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဖုန်ပိုးတွေ အများအပြား ရှိနေပါတယ်။ ဒီပိုးတွေက ညမှာ သင့်အရေပြားက ကြွေကျတဲ့ ဆဲလ်သေတွေကို
စားသုံးပြီး ရှင်သန်နေကြတာပါ။ ဖုန်ပိုးတွေဟာ ဓာတ်မတည့်မှု လက္ခဏာတွေကို
ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ “ဖုန်ပိုးတွေဟာ အဝတ်အစားတွေနဲ့
ကော်ဇောတွေပေါ်မှာလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်ရာပေါ်မှာတော့ အများဆုံး
ရှိပါတယ်။ ဒါကြောင့် သင်ရဲ့ အိပ်ရာခင်းကို အပတ်စဉ် ရေပူနဲ့ ပြုတ်ပြီး
လျှော်ဖို့ အရေးကြီးပါတယ်။ လျှော်မယ့်ရေ



အပူချိန်က အနည်းဆုံး အပူချိန်က အနည်းဆုံး ၁၃၀ ဒီဂရီဖာရင်ဟိုက် ရှိသင့်တယ်။
ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ပဲ လျှော်ရင်တော့ သူတို့ရေကူးလို့ ကောင်းရုံပါပဲ။
အဝတ်လျှော်စက်က အဝတ်ခြောက်ခန်းက အပူချိန်နဲ့လည်း ဒီပိုးတွေ
မသေနိုင်ပါဘူး”လို့ Standford မှ အဏုဇီဝပညာရှင် Robert Weitz က ဆိုပါတယ်။




အဝတ်လျှော်စက်ထဲမှ အဝတ်တွေကို အမြန်ဆုံးထုတ်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်နိုင်တယ်။

ဘက်တီးရီးယားတွေက စိုစွတ်နေတဲ့ နေရာမှာ ပေါက်ပွားနိုင်ကြပါတယ်။ ဒါကြောင့် အဝတ်လျှော်စက်ကို သုံးပြီး လျှော်ပြီးသွားတဲ့အခါ မိနစ် ၃၀ အတွင်း
အဝတ်အစားတွေကို ထုတ်ယူပါ။ တစ်နာရီကြာအောင် မထုတ်ဖြစ်လိုက်ဘူးဆိုရင်
ဒီအဝတ်တွေကို ပြန်လျှော်ပါ။ University of Arizona မှ သုတေသန တစ်ခုက အိမ်သုံးအဝတ်လျှော်
စက်တွေမှာ မစင်ထဲက ဘက်တီးရီးယားမျိုးတွေ ရှိနေတာကို တွေ့ရှိကြရပါတယ်။
ဒီပိုးတွေသေအောင် ရေပူနဲ့ လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါ့အပြင်
အဝတ်လျှော်စက်ထဲမှာ အဝတ်တွေကို ထည့်သင့်တာထက် ပိုပြီး အလွန်အကျွံ
ပြည့်အောင်မထည့်ပါနဲ့။ ဒါမှသာ ဆပ်ပြာမှုန့်တွေဟာ အဝတ်အထည်အားလုံးထဲကို
ထိုးဖောက်ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ရေစိုအဝတ်တွေကို ဖယ်ပြီး



နောက်မှာလည်း သင့်လက်တွေကို ဆေးကြောပါ။ အဝတ်ခြောက်ခန်းက အပူချိန်က ကျန်တဲ့ပိုးတွေကို သတ်ပါလိမ့်မယ်။


အောက်ခံဘောင်းဘီတွေကို သီးသန့်လျှော်ပါ
ဘာကြောင့်လဲ- ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

မစင်ထဲက ဘက်တီးရီးယားပိုးတွေ အဝတ်လျှော်စက်ထဲမှာ ရှိနေတာက အောက်ခံ ဘောင်းဘီတွေကြောင့်ပါ။ ဒါကြောင့် အောက်ခံဘောင်းဘီတွေကို အဝတ်လျှော်စက်ထဲမှာ
သီးသန့်ထည့်လျှော်ပါ။ တခြားအဝတ်တွေနဲ့ ရောမလျှော်ပါနဲ့။ ရေပူကို သုံးရင်
ပိုကောင်းပါတယ်။ တစ်ပတ်တစ်ခါ အဝတ်လျှော်စက်ထဲကို ချွတ်ဆေးတစ်ခွက်ထည့်ပြီး အဝတ်တွေ မပါဘဲ သီးသန့်လည်ကာ ဆေးကြောပေးပါ။




အဝတ်လျှော်စက်ကို လေနဲ့ ခြောက်သွေ့အောင် လုပ်ပါ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာတွေကို လျော့စေပါတယ်

မှိုပိုးတွေဟာ လေထဲမှာ အမြဲရှိနေပါတယ်။ ဒါပေမဲ့ သူတို့ဟာ အဝတ်လျှော်စက်အတွင်းက နေရာလိုမျိုး စိုစွတ်နေတဲ့ နေရာကို ရှာတွေ့သွားရင်
အဲဒီမှာ အခြေချပြီး ပွားများပါတော့တယ်။ မှိုတွေနဲ့ ထိတွေ့ခြင်းဟာ
ရင်ကျပ်ခြင်း၊ မျက်စိယားခြင်း၊ ချွဲသလိပ်ထခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
သင့်မှာ ပန်းနာရောဂါ ဒါမှမဟုတ် ဓာတ်မတည့် ဖြစ်တတ်တဲ့ ပြဿနာရှိရင် ရောဂါ
ထစေနိုင်ပါတယ်။ မှိုပိုးတွေ အဝတ်လျှော်စက်ထဲမှာ ပေါက်ပွားမှုနဲ့
သင့်အဝတ်တွေဆီကို ရောက်လာခြင်းမှ ကာကွယ်ဖို့ အတွက် အဝတ်လျှော်ပြီးတဲ့ အခါ
အဝတ်လျှော်စက် အဖုံးကို ဖွင့်ပေးထားပြီး အတွင်းထဲကို ခြောက်သွေ့ပါစေ။




အဝတ်လျှော်စက်ထားတဲ့ အခန်းကို လေဝင်လေထွက် ကောင်းနေပါစေ
ဘာကြောင့်လဲ- ဓာတ်မတည့်ဖြစ်စေတဲ့ အရာကို လျော့စေပါတယ်

အဝတ်ခြောက်ခန်းမှ စိုထိုင်းတဲ့ အပူဟာ လေထုစိုထိုင်းဆ အဆင့်ကို မြင့်စေတဲ့အတွက် မှိုတွေ ပေါက်ဖွားဖို့ ကောင်းမွန်တဲ့ အနေအထား တစ်ခု
ဖြစ်နေပါတယ်။ ဒါကြောင့် အဝတ်ခြောက်ခန်းကို စက်ဖွင့်ထားတဲ့ အခါ
ပြတင်းပေါက်တွေ ဖွင့်ထားပါ။ ပန်ကာ ဖွင့်ထားပါ။ အဝတ်ခြောက်ခန်းမှ
ပိုက်တွေကို စစ်ဆေးပါ။ လေဝင်လေထွက်ပေါက်က ချောင်လာရင် ရေငွေ့တွေဟာ နံရံမှာ
ကပ်ပြီးစုနေကာ မှိုတွေ ပေါက်ဖွားလာ နိုင်ပါတယ်။

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံ
http://www.simplyclassicfruitbaskets.com/pic/fruit_festival_home.jpg

သစ်သီဝလံ များရဲ့ အခွံဟာ သင့်ရဲ့ အဟာရတွေကို ပိုမိုဖြစ်စေပါတယ်။ အခွံကိုစားခြင်းဖြင့် သင့်ရဲ့ စွမ်းအင်တွေကို ပိုမိုဖြစ်ထွန်းစေသလို ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်ပါတယ်။ အစားနဲ့ ကျန်းမာရေး Royal အဖွဲ့အစည်းမှ ဥက္ကဌဟောင်း ဖြစ်ခဲ့သူ ဒေါက်တာ Marilyn Glenville က သစ်သီးဝလံများနဲ့ ဟင်းသီးဟင်ရွက်တိုင်းမှာ သဘာဝတရားကပေးထားတဲ့ ရောဂါများကို တိုက်ဖျက်ဖို့အကျိုးဖြစ်ထွန်းစေတာတွေ ပါရှိတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ တခါမဟုတ်သလို တန်ဖိုးရှိတဲ့ အခွံတွေကို လွင့်ပစ်နေကြပါတယ်။ အညှာအပွင့်က အစ သစ်သီးများရဲ့ အူတိုင် အထိ ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတဲ့ အရာတွေပါရှိနေပါတယ်။ (ဥပမာ - ပဒိုင်းသီးလို အသီးမျိုးထင်တယ် ဟဲဟဲ)အခုဒီမှာပြောခြင်တာကတော့ သင့်အနေနဲ့ အခွံကိုပါမလွင့်ပစ်ဘဲ အကုန်လုံးကို စားဖို့ တိုက်တွန်းလိုက်ပါတယ် လို့

ဒေါက်တာ Marilyn Glenville ပြောကြားခဲ့ပါတယ်။ (ဒူးရင်းသီး ဆိုရင်တော့လား)

ကီဝီသီး (Kiwi fruit)
ကီဝီသီး ရဲ့အခွံမှာ အမွှေးပါးလေးများပါရှိပါတယ်။ antioxidants (အောက်စီဂျင်ဖြင့်ပါဝင်ပေါင်းစပ်) တဲ့အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသလို၊ ကင်ဆာရောဂါကို ကာကွယ်ခြင်း၊ နာကျင်ကိုက်ခဲမှုများကို လျော့ကျခြင်း နှင့် allergenic (အလက်ကြိတ်)များမဖြစ်အောင် တားစီးနိုင်ခြင်း များပါဝင်နေတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယား အမျိုးပေါင်းများစွာကိုလည်း တိုက်ဖျက်နိုင်သလို ဖျားနာခြင်းများကို၎င်း၊ E-coli ဘက်တီးရီးယား နဲ့ အစာအဆိပ်တောက်ခြင်းများကိုလည်း တားစီးနိုင်ပါတယ်။


နာနတ်သီး (Pineapple)
နာနတ်သီးကို အခွံပါစားရမယ် ထင်ပြီး မကြောက်လိုက်ပါနဲ့ အခွံကိုတော့ မစားခိုင်းပါဘူး လွင့်ပစ်လိုက်ပါ။ အလယ်အူတိုင်ကိုစားဖို့အတွက် ပြောတာပါ။ နာနတ်သီးနှင့် အူတိုင်ကို စားခြင်းအားဖြင့် သင့်ခရီးသွားလို့ ပင်ပမ်းနွမ်းနယ်ပြီး အားအင်တွေ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးသလို ဗီတာမင် စီ ဓါတ်ကိုလည်းရရှိစေပါတယ်။ ခန္ဓာကိုယ်အတွင်း၌ အစာခြေ၊ ချက်မှု စသည့် လုပ်ငန်းများအတွက် သက်ရှိကလာပ်စည်း တချို့က ထုတ်ပေးသည့်) ဓာတ်ပြောင်းအကူဒြပ်။ အင်ဇိုင်း များအတွက်များစွာအကျိုးဖြစ်ထွန်းခြင်း အစာခြေမှု့ကို ပိုမိုအားကောင်းစေခြင်းတို့ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အစာခြေဖျက်မှု့ပိုကောင်းတာဖြစ်တယ်လို့ ဒေါက်တာ Glenville ဆိုပါတယ်။


ပန်းဂေါ်ဖီအစိမ်း (Broccoli)
ဒါကတော့ အရိုးရောအရွက်တွေပါ ဝါသနာပါရင် ထည့်ပြီး ကြော်ခြင်ကြော် ချက်ခြင်ချက် လို့ရပါတယ်။ သူကတော့ ကယ်လ်စီယံဓါတ်ကို မြင့်မားစွာရရှိစေပါတယ်။ (ကယ်လ်စီယံ ကွေကာ သောက်စရာမလိုဘူးပေါ့) နောက်ပြီး ဗီတာမင် စီ ဓါတ် ကိုလည်းရရှိစေပါတယ်လို့ ဒေါက်တာ Glenville ပြောပါတယ်။ ရင်သားကင်ဆာ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်စေတယ်လို့လည်း ကျွန်တော်မျှဝေခဲ့ဘူးပါတယ်။ ဒီတော့ အရိုးအညှာတွေ အရွက်တွေကို ဝက် စာထဲမထည့်မဲ့အစား ကိုယ်ဘဲစားလိုက်။

ဆေးဖက်ဝင်သော သစ်သီးဝလံများဧ။် အခွံများ
ငှက်ပျောသီးအခွံ (banana peel)
ငှက်ပျောသီးအခွံကို စားခြင်းအားဖြင့်တော့ လူကို တက်ကြွရွှင်လန်းစေပါတယ်။ နောက်ပြီး မျက်စိအားကောင်းစေသလို မျက်စိတိမ်စွရောဂါများ အတွက်လည်း အလွန်ကောင်းပါတယ်။
ဘယ်လိုစားရမလဲ ဆိုရင်တော့ သုတေသီတွေမှ အကြံပေးပြောကြားချက်အရ ငှက်ပျောသီးအခွံကို ရေနွေးနဲ့ ၁ဝ မိနစ်လောက်ပြုတ် လိုက်ပါ။ ပြီးရင် သစ်သီးဖျော်စက်ထဲမှာ ထည့်ဖျော်ပြီး ဖျော်ရည်အဖြစ်လဲ စားသောက်နိုင်တယ်လို့ဆိုပါတယ်။

ကြက်သွန်ဖြူ (Garlic)
ကြက်သွန်ဖြူ အခွံမှာ ကွဲပြားတဲ့ antioxidant ၆ မျိုးပါဝင် ပါတယ်။ နောက်ပြီး အိုမင်းရင့်ရော်ခြင်းနှင့် နှလုံးရောဂါများကိုလည်း ကာကွယ်နိုင်တယ်လို့ ဒေါက်တာ Glenville က ရှင်းပြပါတယ်။

ရှောက်သီး၊ သံပုရာသီး အမျိုးဝင်အသီးများ (Citrus)
လိမ္မော်သီး၊ ပျားလိမ္မော်သီး တို့ရဲ့အခွံတွေကတော့ ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် နှလုံးရောဂါဖြစ်ခြင်းတို့ကို အစွမ်းအထက်ဆုံး ကာကွယ်မှု့အပေးနိုင်ဆုံး အခွံတွေဖြစ်ပါတယ်။ နောက်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောဓါတ်တွေကိုလည်း သိသိသာသာ လျှော့ချပေးနိုင်ခြင်းတို့ရှိတယ်လို့ အမေရိကန်မှ လေ့လာသိရှိခဲ့ပါတယ်။ ထိုကဲ့သို့ပင် ဒေါက်တာ Glenville မှလည်း ၄င်းအခွံများနဲ့ ပါတ်သက်ပြီး ရှောက်သီး သံပုရာသီး အမျိုးအနွယ်ဝင် အသီးများရဲ့ အခွံအောက်မှ အဖြူရောင် တစ်ရှူးအမျှင်များဟာလဲ မြင့်မားတဲ့ ကာဗွန်ဟိုက်ဒရိုတ် ဓါတ်ကို ရရှိစေသလို ကိုလက်စထရော လျော့ကျခြင်း နှင့် ဘက်တီးရီးများ ကိုလဲ ဟန့်တားပေးနိုင်တယ်လို့ ပြောပါတယ်။

ရွှေဖရုံ၊ ကျောက်ဖရုံ နှင့် သခွါးမွှေးများ (Pumpkin, butternut and other squashes)
သခွါးမွှေးကို စားခြင်းအားဖြင့်တော့ အင်ဇိုင်းများကို မြင့်မားစွာအကျိုးဖြစ်ထွန်းစေသလို၊ အသားအရေ မွဲခြောက်မှု့၊ နှလုံးရောဂါ နှင့် ကင်ဆာရောဂါများကို ဟန့်တားစေနိုင်ပါတယ်။ ယင်းအသီး များရဲ့ အခွံကိုစားဖို့အတွက် ခက်ခဲမှု့အနည်းငယ် ရှိတဲ့အတွက်ကြောင့် အခွံကို ပါးနိုင်သလောက် ပါးအောင်ခွာပြီး စားသင့်တယ်လို့ ဆိုပါတယ်။

အာလူး (Potatoes)
အာလူးအခွံစားလျှင် လူတိုင်းနီးပါးသိပြီးသားဖြစ်တဲ့ အကြောင်းအရာတစ်ခုပါ။ အာလူးအခွံမှာလဲ ပိုတက်စီယံ၊ သံဓါတ်၊ ဗီတာမင်စီနှင့် အခြားဓါတ်ပေါင်းများစွာပါရှိတယ်လို့ သိရပါတယ်။


လိမ္မေ္မာ် သီး၏ဆေးဖတ်ဝင်ပုံများ
မသိသူကျော်သွားတော့ သိတဲ့သူတွေက ဖေါ်စားကြတာပေါ့။
ကျွန်တော်တို့ အမြဲစားတဲ့ လိမ္မော်သီး ကိုတော့ လူတိုင်းသိပြီးသားပါ။အဲဒီလိမ္မော
သီးရဲ့ အသုံးဝင်ပုံ တစ်ချို့ကို ကျွန်တော် မှတ်သားမိသလောက်ဝေမျှလိုက်ပါတယ်။

ရာသီဥတု အကူးအပြောင်းတွင်ဖြစ်တက်သော အအေးမိနှာစေးချောင်းဆိုး
ခြင်းတို့အတွက် လိမ္မော်၇ည်တစ်ဖန်ခွက်ကို ပူအောင်နွှေး၍ ပက်ပါမင့်အဆီ သုံးစက်
ချပြီး နှစ်မိနစ်ခန့် အဖုံးအုပ်ထားပါ ထို့နောက် ၄င်း ကို တစ်နေ့ (၃)ကြိမ်ချင့်ချိန်သောက်လျှင်
သက်သာပျောက်ကင်းစေနိုင်သည်။
ချောင်းဆိုးသူများ လိမ္မော်ရည်တစ်ခွက်ကိုလိမ္မော်ရွက် လေး၊ငါး၇ွက်
ခန့်နှင့်ဆူအောင်ကျိုးပြီးနောက်မီးဖိုမှချ၍ ငါးမိနစ်ခန့်အဖုံးအုပ်ထား
ပါ။ထိုနောက်အ၇ွက်များကို ဖယ်၇ှား၍ ပူနွေးနွေးအရည်ကိုတစ်နေ့
သုံးကြီမ်သောက်လျှင် သက်သာပျောက်ကင်းနိုင်သည်။
အစာမကြေခြင်းနှင့် နှုတ်မမြိန်ခြင်းတို့အတွက် လိမ္မော်သီးကို အခွံ့မနွှာပဲ
လေးဆိတ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်လျှင် အစာကြေ၍
နှုတ်မြိန်စေသည်။ယင်းသည် လေနာ၊လေချုပ်၊လေဆန်နာများကိုပျောက်ကင်း
စေနီုင်ပါသည်။
*သွေးလေညီညွတ်၍စိတ်ရွှင်လန်းဆေရန်အတွက်လိမ္မော်
ရွက်(၅၀)ခန့်ကိုဝိုင်နှင့်ဖြစ်စေ။ခေါင်ရည်နှင့်ဖြစ်စေနေ့
တစ်ဝက် စိမ်ပြီးနောက်ယင်းအရွက်များကို ပျားရည်(၅၀)
ကျပ်သား ထည့်ထားသောအိုးထဲသို့ပြောင်းထည့်ကာ
မီးမျှဉ်းမျှဉ်းဖြင့်အရောင်ပြောင်းလာအောင်ကျိုပါ။
ထို့နောက်တစ်နေ့နှစ်ကြိမ် တစ်ခါသောက် လ္ဘက်ရည်
ဇွန်းတစ်ဇွန်းခန့်သောက်ပါ။
ရောဂါပျောက်ကင်းသက်သာလာပါလိမ့်မည်။
ကလေးသူငယ်များ သူငယ်နာအကြောတက်၊ အကြောစွဲခြင်းများဖြစ်နေပါက
လိမ္မော်ပွင့်(၃၀)ကျပ်သားကို ရေ(၃)ပိသာာနှင့်တစ်ညစိမ် ၊နောက်တစ်နေ့
နံနက်တွင် ပေါင်းအိုးဖြင်ပေါင်း၍ ပေါင်းခံရည် စုထားပြီး ၄င်းကိုတစ်ခါသောက်
ထမင်းစားဇွန်းဖြင့်(၅)ဇွန်းမှ(၁၀)ဇွန်းခန့်နေ့စဉ် ရောဂါဖြစ်နေသောသူအား တိုက်ပေးလျှင် သက်သာ
ပျောက်ကင်းနိုင်ပါသည်။
အကြောအားနည်းခြင်း၊ မှတ်ဥာဏ်အားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်
ခြောက်ကို တစ်နေ့နှစ်ကြီမ်မှန်မှန် စားလျှင် အကြောအားကောင်း၍
မှတ်ဥာဏ်တိုးစေနိုင်ပါသည်။လက်တွေ့သုံးကြည့်ကြပါ။မသိသူကတော့ကျော်သွားတက်တယ်လေ အဲ သိတဲ့သူတွေကြတော့ လက်တွေ့သုံးတက်တယ်လေ အဲဒီမှာ အများကြီးကွသွားတာပေါ့
ဟုတ်ဘူးလား လောကကြီးမှာ လူတိုင်းကျန်းမာနေရင် လုပ်ချင်တာကို လုပ်စိတ်သွားတိုင်း ကိုယ်ပါနိုင်ပါတယ်လေ။
အားလုံးကျန်းမာပျော်ရွှင် ကြည်းနူးနိုင်ကြပါစေ။
ဆတ်လက်၍ဇေါ်ပြပေးသွားပါမယ်နော်။

အရိုးကျီးပေါင်းတက်ခြင်း -Spondylosis


အရိုးကျီးပေါင်းတက်ခြင်း -Spondylosis

အရိုးကျီးပေါင်းတက်ခြင်း Spondylosis ဆိုတာ အရိုး-အဆစ်တွေ အနိစ္စဖြစ်စဉ်သဘော ပြောင်းလဲ-ပျက်ယွင်း လာတာမျိုးပါ။ ဖြစ်တာကတော့ အဆစ်ပေမဲ့ သူ့အနားက အာရုံကြောတွေကို ဖိမိရင် ပိုပြီး ဒုက္ခပေးတယ်။ အာရုံကြော ဆိုတာက နာတာကို သိတာနဲ့ လှုတ်ရှားမှု ဆောင်ရွက်တာဆိုပြီး အနည်းဆုံး ၂ မျိုးရှိတာမို့ ဒဏ်ခံရတဲ့ အာရုံကြော အမျိုးအစားလိုက်ပြီး၊ ရောဂါလက္ခဏာတွေ ဖြစ်လာစေတယ်။ နာတာ-ကျင်တာ၊ ကောင်းကောင်း မလှုတ်ရှားနိုင်တာ မျိုးတွေပါ။ ညအိပ်တုံး ခေါင်းအုံး အနေအထား မမှန်လို့၊ ဖြစ်တာကလည်း ဒါမျိုးအသေးစားဘဲ။ “အုံးလွဲတယ်” ခေါ်တာ မျိုးပေါ့။ ဖြစ်ရတဲ့အကြောင်း သိပ်တိတိကျကျ မသိရင် သီအိုရီတွေ များနေတတ်တာတွေထဲ ဒီရောဂါလည်း ပါတယ်။

ကျောရိုးလို့သာ အလွယ်ပြောတာ ကျောရိုးက အရိုးတွေအများကြီး ထပ်နေတာ၊ ကြားနေရာတွေက အဆစ်တွေဖြစ်တယ်။ လည်ပင်း၊ ရင်ခေါင်း၊ ခါး၊ တင်ပါး၊ အမြီးပိုင်းတွေဆိုပြီး နေရာအလိုက် ခေါ်ရတယ်။ စုစုပေါင်း (၇ + ၁၂ + ၅ + ၅ + ၄) = ၃၃ ရိုးရှိတယ်။ ခန္ဓာဗေဒ ရေးပြနေတာတော့ မဟုတ်ပါ။ အရိုးကျီးပေါင်းတက်တာက ဒီနေရာတွေမှာ အဖြစ်များလို့။ အရိုးတခုနဲ့ တခုကြား နေရာကနေ အာရုံကြောတွေက ဘယ်-ညာ ဖြာထွက်တယ်။ အရိုး-အဆစ် မကောင်းရင် အဲဒီ အာရုံကြောတွေကို သွားဖိမိတာနဲ့ လက္ခဏာတွေ ရစေတော့တယ်။ လည်ပင်းနာ၊ ဂုတ်ပိုးနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ လည်ပင်း တင်းတောင့်၊ လက်တလျှောက် အပ်နဲ့ထိုးခံရသလိုခံစား၊ ထုံကျင်၊ လက်ကောင်းကောင်း မလှုပ်နိုင်၊ လက်ဖျားတွေ ထုံကျင်၊ အနေအထိုင်-အလုပ်အကိုင်ခက်၊ အားယုတ်၊ အအိပ်ပျက်။

ဒီလက္ခဏာတွေက Spondylosis ကြောင့်အပြင် Herniated inter-vertebral disks အဆစ်ကြားအရွတ် ကြွံထွက်တာနဲ့ Fibro-myalgia and myo-fascial pain syndromes အရွတ်-ကြွက်သားရောဂါမျိုးတွေကြောင့်ပါ ဖြစ်တတ်တယ်။ လူတွေ အရွယ်ရလာရင် သု့အလိုလို အဆစ်မြဲစေအောင် ကြိုးစားတဲ့အနေနဲ့ အရိုးမျက်နှာပြင် ကျယ်လာတယ်။ ဒီလိုလုပ်လို့ ဒီအခြေအနေမျိုး ဖြစ်လာစေတတ်သေးတယ်။ အရွယ်ရရင် ဘာမှမကောင်းဘူး မဟုတ်လား။

လည်ပင်းပိုင်းဖြစ်ရင် Cervical spondylosis ခေါ်တယ်။ ခါးဖြစ်ရင် Lower back spondylosis ခေါ်တယ်။ လည်ပင်းမှာ ဖြစ်တာ အမျိုးသမီးတွေမှာ ပိုများတယ်။ သမင်လည်ပြန် သိပ်မကြည့်ကြနဲ့။ လည်ပင်းမှာ ဖြစ်သူတွေဆိုရင် တက်တဲ့ ကျီးပေါင်းက အာရုံကြောကို တိုက်ရိုက် ဖိတာကြောင့် အောက်ပိုင်းတခုလုံး အားနည်းတာ၊ လမ်းသွားလာ ပုံမမှန်တာ၊ ကိုယ်ကို ဘယ်-ညာ ကောင်းကောင်း မထိန်းနိုင်တာ၊ ဆီး-၀မ်းသွားရာ မမှန်တာတွေပါ ဖြစ်စေတယ်။ ဒါ့ပြင် ခြေတွေ လက်တွေမှာ အာရုံကြောနဲ့ သွေးလျှောက်တာ ထိခိုက်လို့ (ရှော့ခ်) လို့ခေါ်နိုင်တဲ့ (Paresthesia) ဖြစ်စေတတ်သေးတယ်။ သေခြာအောင် X-rays နဲ့ MRI လုပ်ရတယ်။

အနေအထိုင်၊ အသွားအလာ၊ စတာတွေကြောင့် ဖြစ်ရတာမို့ Lifestyle ရောဂါလို့ ဆိုရမယ်။ ဒါ့ကြောင့် ဖြစ်သူတွေ Lifestyle ပြောင်းဘို့ လိုလာတယ်။ လုပ်နေရတဲ့ အလုပ်ကနေ ပြောင်းသင့် ပြောင်းရမယ်။ ဘေးကနေ လုပ်ပေး နိုင်တာတွေက Physiotherapy ကုတာနဲ့ (NSAIDs) အနာ သက်သာဆေးတွေ ပေးတာဖြစ်တယ်။ လိုအပ်လာရင် Surgery ခွဲစိတ်ရတယ်။

Alternative therapies တခြားနည်းလမ်းတွေလည်း ရှိပါတယ်။ Osteopathic manipulative medicine (OMM), massage, trigger-point therapy, chiropractic, osteopathic care and acupuncture ဆိုတာတွေ ပါတယ်။

အာယုဗေဒနည်းမှာ Mahanarayan taila ကအကောင်းဆုံးလို့ ဆိုတယ်။ တနေ့ ၂-၃ ကြိမ်နှိပ်ပေးရတယ်။ ဆောင်းတွင်း ဆိုရင် ဆေးအဆီကို နဲနဲအပူပေးပြီးမှ သုံးရတယ်။ Guggulu ဆိုတဲ့ဆေးလည်း ကောင်းတယ်ပြောတယ်။ Simhanada guggulu ဆေးပြာကို တခါသောက် ၂-၄ ပြား၊ တနေ့ ၄ ကြိမ်ပေးတယ်။ ရေနွေး ဒါမှမဟုတ် နွားနို့ပူပူနဲ့ သောက်ခိုင်းတယ်။ ဒီဆေးက ၀မ်းနုတ်တဲ့ သဘောလည်းပါတယ်။ ၀မ်းမချုပ်စေရဘူးလို့ ဆိုတယ်။ ၄ ပြားနဲ့ မရရင် ၆ ပြား ပေးတယ်။ Triphala powder ဆေးမှုံ့ ကိုလည်းသုံးတယ်။ နွားနို့ပူပူထဲ ဆေး လက်ဘက်ရည် ၁ ဇွန်းနဲ့ သကြားထည့် သောက်စေတယ်။ တပါတ် ၂ ခါကနေ တနေ့ တခါပေးတယ်။

နာတဲ့နေရာကို အပူကပ်တာ အကျိုးရှိတယ်။ သတိထားဘို့က ဖြစ်နေတဲ့ရောဂါကြောင့် ထုံနေတဲ့ နေရာလေးတွေ ဖြစ်နေတတ်တယ်။ အဲဒီနေရာကို အပူကပ်ရင် မလွန်စေနဲ့။ လူနာက ပူတာမသိဘူး။ တနေ့ကို နာရီဝက် လုပ်ရတယ်။ နာတဲ့နေရာတွေကို နှိပ်တာမှာ အတင်းမလုပ်ရပါ။ ပိုဆိုးစေတတ်တယ်။ အသာအယာနှိပ်ပါ။ လည်ပင်းဖြစ်တာကို အခံရခက်လို့ ဆိုပြီး ဆေးကုတာကို အတင်း မလုပ်သင့်ဘူး။ ခါးတဲ့ အစားအစာတွေ တည့်တယ်။ အေးတဲ့ ရာသီဥတု၊ အေးတဲ့ရေ ချိုးတာ၊ အပြင်းအထံ လှုတ်ရှားတာ၊ မကောင်းပါ။ လည်ပင်း လေ့ကျင့်ခန်းလုပ်ပါ။ အလုပ်ကို နားလုပ်ပါ။ Neck collar ကော်လာ ကြာကြာတပ်ထားပါ။ အရင်က “ပဒေါင်” အခု “ကယန်း” အမျိုးသမီးတွေ ဒီရောဂါ လုံးဝမဖြစ်ကြဘူး။

Dr. တင့်ဆွေ

ယောက်ျားလေးများအတွက် အလှအပထိန်းသိမ်းနည်း

ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို မိတ်ကပ်လိမ်းပြီး အလှပြင်ဖို့ မလို အပ်ပေမယ့် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်း သင့်တဲ့ အချက်တွေရှိ ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆောင်ရွက်တာ၊ အသားအရေ ထိန်းသိမ်း စောင့်ရှောက်တာ၊ ဆံပင်ကို ပြုပြင်ထိန်းသိမ်းတာ စတာတွေကိုတော့ မိန်းကလေးတွေတင်မက ယောက်ျားလေးတွေလည်း လုပ်ဆောင် သင့်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပအတွက် လုပ်ဆောင်သင့်တဲ့ အခြေခံအချက်တွေကို ဖော်ပြလိုက်ပါတယ်။

အသားအရေ ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဆယ်ကျော်သက်ယောက်ျားလေးဘဝမှာ အရေပြားပြဿနာတွေကို အများဆုံး ကြုံတွေ့ ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက် များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ဝက်ခြံတွေအများအပြား ပေါက်တတ် ပါတယ်။ ဝက်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ ပစ္စည်းတွေကို လိုအပ်သလိုသုံးဖို့ အရေးကြီးပါတယ်။ သင့်အသားအရေ အမျိုးအစား အလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။ သင့်အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေဖို့ အတွက် Toner သုံးပါ။ အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့သုံးနိုင်စေဖို
့အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။ သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ဝက်ခြံ ဒါမှမဟုတ် တခြားအဖုအပိမ့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြား အထူးကုဆရာဝန်ကို ပြပါ။ နေ့စဉ်နေရောင်ကာ လိမ်းဆေး၊ လိမ်းပြီးမှ အပြင်ထွက်ပါ။

သွားကို ဂရုစိုက်သန့်ရှင်းခြင်း
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီးပါတယ်။ ညစ်ပတ်ပြီးမည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ဝယ်ပါ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ပေးပါ။ သွားမှန်မှန် တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်း စားကျန်တွေ ခိုအောင်းနေနိုင်ပါသေးတယ်။ ဒါကြောင့် တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။ သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။

ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ယောက်ျားလေးတစ်ယောက်ရဲ့ အလှအပနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှုကလည်း အရေးကြီးပါတယ်။ သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံ ညှပ်ပါ။ သင့်ဆံပင်သား အမျိုးအစားအလိုက်ပါးတာ၊ ထူတာ၊ အရောင်ဆိုးထားတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။ သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။ ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်း ဖြီးပေးပါ။ သင့်ဆံပင်စတိုင်ပေါ် မူတည်ပြီး လိုအပ်မယ့် ဂျဲလ်ဒါမှမဟုတ် တခြားပစ္စည်းတွေကို သုံးပါ။

အခြားအချက်များ
မနက်ခင်းတိုင်း ချွေးနံ့ထိန်းချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။ သင့်မျက်ခုံး နှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။ သင့်နှုတ်ခမ်းတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။

ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင်

ကိုယ့်ကိုယ်ကို စတိုင်ကျနတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင်
ဘယ်လို အချက်လေးတွေကို လိုက်နာ သင့်တယ်၊ ဂရုတစိုက်ရှိသင့်တယ်
ဆိုတာလေးတွေကို သိသလောက်၊ ဖတ်မှတ်ထားသလောက်၊ လက်လှမ်းမီသလောက် ရှာဖွေ
ဖော်ပြပေးလိုက်ပါတယ်..

၁။ အ၀တ်အစား ၀တ်ဆင်ရာမှာ စတိုင်ကျပါတယ် ဆိုတဲ့သူ တော်တော်များများဟာ
ကြိုတင်ပြင်ဆင် တတ်တဲ့ အကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်..
အရေးတကြီး ချိန်းဆိုမှု၊ ညစာစားပွဲ၊ အစည်းအဝေး၊ အင်တာဗျူး၊ ဧည့်ခံပွဲ
စသည်တို့အတွက် အ၀တ်အစားများကို သွားမဲ့ရက် မတိုင်မီ ကတည်းက ကြိုတင်
ရွေးချယ်ထားသင့်ပါတယ်.. သွားခါနီး ကပ်ပြီးမှ ပြင်ဆင်ရွေးချယ်တဲ့ အခါ အင်္ကျီ၊
ဘောင်းဘီ ကြယ်သီး၊ ဇစ် ပြုတ်နေတာတို့၊ မီးပူတိုက်ဖို့ အချိန်မရလိုက်တာတို့
စသဖြင့် အခက်အခဲများကို ရှောင်လွှဲပြီးသား ဖြစ်နိုင်ပါတယ်..

၂။ မိမိနဲ့ လိုက်ဖက်မှုရှိမဲ့ အ၀တ်အစားကို ရွေးချယ်တတ်ပါစေ..
စူးရဲတောက်ပလွန်းသော အရောင်များ၊ ကြောင်ကြောင်ကြားကြားဒီဇိုင်းမျ
ား၊
တို့လို့တန်းလန်း အ၀တ်အစားများသည် သင်၏ စတိုင်ကျနမှုကို ဖျက်ဆီးစေသော
အဆိုးဝါးဆုံး အချက်များပင်ဖြစ်ပါတယ်.. အ၀တ်နဲ့ လိုက်ဖက်သော ဖိနပ်၊ ရှူး၊
လည်စည်း၊ ခါးပတ် စသည်များကို ဆောင်ထားပါ။ သင့်တော်သည့် နေရာ၊
ပွဲလမ်းများတွင် ၀တ်ဆင်နိုင်ရန် ဖြစ်ပါတယ်.. ဖိနပ်များကို သပ်ရပ်
သန့်ရှင်းနေရန် ဂရုစိုက်ပါ… ရှူးဖိနပ်ကို ပေါလစ် တိုက်ရန် မမေ့ပါနဲ့…


၃။ သင့်တော်တဲ့ ဘော်ဒီစပရေး၊ ရေမွှေး၊ Roll On ကို ရွေးချယ်သုံးစွဲပါ။
ယောက်ျားလေးမို့ အမွှေးနံ့သာ မသုံးစွဲရဘူး ဆိုတဲ့ အယူအဆဟာ နှစ်တစ်ထောင်
အကွာအဝေးမှာ ကျန်ခဲ့ပါပြီ.. ခေတ်မှီသူတိုင်း၊ မိမိကိုယ်ကို
စတိုင်ကျချင်သူတိုင်း ကိုယ်နဲ့ လိုက်ဖက်မဲ့ မွှေးရနံ့ တစ်ခုခုကို
သုံးစွဲတတ်ကြပါတယ်.. မွှေးရနံ့ တစ်ခုကို သုံးစွဲခြင်းဟာ လူတွေကြားထဲမှာ
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေပါတယ်.. ယောက်ျားလေးများနဲ့ လိုက်ဖက်တဲ့
ရေမွှေးရနံ့မှာ အများအားဖြင့် သစ်သားရနံ့၊ သစ်သီးနံ့၊ ပရုပ်နံ့၊ အရှေ့တိုင်း
အမွှေးအကြိုင်များ စသည်တို့နဲ့ ဖော်စပ်ထားတဲ့ မွှေးရနံ့များနဲ့ ပိုမို
သင့်တော်ပါတယ်.. တရားလွန် မွှေးကြိုင်နေသော အမွှေးရနံ့ မျိုးကိုတော့
ရှောင်ကျဉ် သင့်ပါတယ်.. စတိုင်ကျခြင်းထက် ကျော်လွန်ပြီး လူတကာ
နှာခေါင်းရှုံ့ စရာ ဖြစ်နိုင်လို့ပါ….


၎။ မိမိသွားလာမဲ့ ပွဲလမ်းသဘင်နဲ့ သင့်တော်လျှောက်ပတ်သော ၊
မိမိအသက်အရွယ်နှင့် လိုက်ဖက်သော အ၀တ် အစားကို ရွေးချယ်တတ်ပါစေ.. ဂုဏ်သရေရှိ
ဧည့်သည်အများအပြား ဖိတ်ကြားထားသောဧည့်ခံပွဲများ၊ မင်္ဂလာဆောင်အခမ်းအနားမျိုး
တက်ရောက်ရန်အတွက် ရပ်ပ်ပါစတိုင်၊ ပန့်စတိုင် စသည်ဖြင့် ၀တ်စားဆင်ယင်
သွားမည်ဆိုလျှင် စတိုင်ကျသူ တစ်ယောက်ထက် လူရယ်ဖို့သာ ဖြစ်နိုင်သဖြင့်
လိုက်ဖက်သော ၀တ်စား ဆင်ယင်မှုကို ဂရုတစိုက် ရွေးချယ်ပါ..


၅။ ယောက်ျားတစ်ယောက်ကို စတိုင်ကျနစေဖို့ အကြောင်းအချက်တွေထဲမှာ လိုက်ဖက်တဲ့
ဆံပင်ပုံစံ ရွေးချယ်မှုဟာလည်း အရေးပါပါတယ်.. ဆံပင်ပုံစံကြောင့် ရုပ်ရည်ပါ
ပြောင်းလဲ သွားနိုင်ပါတယ်.. ဒါကြောင့် ကြုံရာ ဆိုင်မှာ ဆံပင်ကို
ညှပ်ခြင်းထက် မိမိ ညှပ်နေကျ၊ မိမိနဲ့လိုက်ဖက်မဲ့ ဆံပင်ပုံစံကို မှန်ကန်စွာ
ရွေးချယ်ပေးမဲ့ ဆိုင်မျိုးမှာသာ ဆံပင်ကို ပုံမှန် ညှပ်သင့်ပါတယ်..


၆။ ကျန်းမာရေး လေ့လာလိုက်စားပါ.. မိမိ အားလပ်ချိန်တွင် ကျန်းမာရေး
လေ့ကျင့်ခန်းတစ်ခုခုကို မဖြစ်မနေ ပြုလုပ်သင့်ပါတယ်.. များများ
အချိန်မပေးနိုင်လျှင်တောင်မှ ရေချိုးခါနီး နာရီဝက်လောက် အချိန်ယူ၍
ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းစေရန် လေ့ကျင့်ခန်းပြုလုပ်သည့် အကျင့်ကို
မွေးမြူပါ…


၇။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်ပါ.. သန့်ရှင်းသပ်ရပ်မှုသည်လည်း
အမျိုးသားများကို စတိုင်ကျန စေသော အချက်တစ်ချက် ဖြစ်ပါတယ်.. မိမိခြေသည်း၊
လက်သည်းများ ခြေးညှော် ကင်းရှင်းစေရန် အစဉ်သတိပြုပါ.. မုတ်ဆိတ်မွှေး၊
နှုတ်ခမ်းမွှေးများ ရိတ်ပြီးတိုင်း after shave ကို သုံးစွဲပါ..
ညအိပ်ရာဝင်တိုင်း မျက်နှာသစ်ပြီး သင့်တော်သော Moisturizer ကို လိမ်းပြီးမှ
အိပ်ရာဝင်ပါ…


၈။ ဆွဲကြိုး၊ လက်စွပ်၊ ဟန်းချိန်း အစရှိသော ရှိသမျှ အဆင်တန်ဆာများ ထုတ်၍
ဆင်မြန်း ထားခြင်းသည် စတိုင်ရှိခြင်းထက် အများအမြင်တွင် ယောက်ျားမဆန်ဘဲ
အကြွားပိုခြင်းဟုသာ အထင်ရောက်စေနိုင်ပါတယ်… နာရီကောင်း တစ်လုံးသည်
ယောက်ျားတစ်ယောက်အတွက် မရှိမဖြစ်သော အဆင်တန်ဆာ တစ်ခု ဖြစ်ပါတယ်..
အချိန်တန်ဖိုးထားတတ်သူ၊ တိကျသူ စသည့် အင်္ဂါရပ်များကို ပေါ်လွင်စေနိုင်ပါတယ်..


၉။ ကိုယ်နှင့် အဆမတန် သေးငယ်သော၊ သို့မဟုတ် ကြီးလွန်းသော အ၀တ်အစားများကို
ရှောင်ပါ.. ခေတ်အလွန်ဆန်လွန်းသော အ၀တ်အစားများကိုလည်း ရှောင်သင့်ပါတယ်..
ခေတ်ဆန်လွန်းသော အ၀တ်အစားများသည် အလျှင်အမြန် ခေတ်ကုန်သွားနိုင်ပါတယ်..


၁၀။ စကားပြော ရည်မွန်ခြင်း၊ ဆက်ဆံရေးကောင်းမွန်ခြင်း၊ ဗဟုသုတပြည့်စုံခြင်း၊
လူအများနှင့် သဟဇာတဖြစ်ခြင်း စသည့် အချက်များသည်လည်း ယောက်ျားတစ်ယောက်၏
ကိုယ်ရည် ကိုယ်သွေးကို တောက်ပ စတိုင်ကျစေသော အချက်များ ဖြစ်ပါတယ်…

အမျိုးသားတွေ အတွက်လဲ ရေးပါဦးလို့ ဆိုလာတဲ့ သူငယ်ချင်းများအတွက် ဒီ
ဆောင်းပါးလေးကို ရေးဖြစ်ပါတယ်…. အားလုံး စတိုင်ကျကျနဲ့နေနိုင်ပါစေ....


အမျိုးသမီးများနှင့်တိုးတိုးတိတ်တိတ်ဆွေးနွှေးရမည့်ဆေးနည်းများ


ခေါင်းစဉ်လေးကတော့ဆန်းတယ်နော်မိ
န်မအရေးမှာဝင်ပါတယ်လို့တော့မပြောလိုက်ပါနဲ့။
မြန်မာ့ဆေးနည်းများဖော်ပြတဲ့အခါမှာကီရာက ကိုယ့်ကိုယ်ကိုသမားတော်တစ်ယောက်လို့
ခံစားပြီးတော့ဖော်ပြပေးတာပါ။သမားဆိုတာယောက်ျားမိန်းမ မရွေးတွေ့ထိဆက်ဆံနေရတာ
မဟုတ်လား။ဒါကြောင့်မိန်းမသားတို့သိသင့်တဲ့ဆေးနည်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါ
တယ်။တစ်ချို့ယောက်ျားလေးတွေလည်းသိထားသင့်တာပေါ့။ကီရာကိုမိန်းကလေးတစ်ယောက်လို့
ပဲသဘောထားပြီးပွင့်ပွင့်လင်းလင်းပြောကြရအောင်။
အရွယ်ရောက်သောအမျိုးသမီးများဓမRRတာမဆင်းခဲ့လျှင်….
အမျိုးသမီးများအရွယ်ရောက်ခဲ့လျှင်ရာသီပန်းပွင့်ခြင်းသည်အစဉ်အလာတစ်ခုပင်ဖြစ်သည်။ထိုကဲ့သို
ဖြစ်ပေါ်မှူမရှိပါကကျန်းမာရေးမကောင်းပဲဖြစ်တတ်သည်။ထိုသို့ဖြစ်သောအခါဓမRRတာသွေးမှန်ကန်
စေရန်ဆေးနည်းကောင်းတစ်ခုမှာသင်္ဘောသီးစိမ်းကိုနုပ်နုပ်စဉ်းပြီးသံပုရာရည်ညှစ်ကာ၃ရက်ဆက်
တိုက်တစ်နေ့၃ကြိမ်စားပေးပါ။တစ်ခါစားလျှင်သင်္ဘောသီးတစ်စိတ်စာကိုကုတ်အောင်စားပါ။ထို့နောက်
ထန်းလျက်ကိုရှောက်ရည်ညှစ်ပြီး၃ရက်ဆက်တိုက်စားပေးပါ။အလွန်ကောင်းသောဆေးဖြစ်ပါသည်။
အမျိုးသမီးများအချိန်လွန်သည်အထိ ဓမRRတာမပေါ်ခဲ့လျှင်…….
ထိုအချိန်သည်အမျိုးသမီးများအတွက်စိတ်သောကရောက်စရာစိတ်ရှုပ်စရာဖြစ်တတ်ပါသည်။ထို
အတွက်ဓမRRတာပေါ်စေသောဆေးမှာ ဂျင်းကိုရေစင်အောင်ဆေးပြီးပါးပါးလှီးကာထန်းလျက်နှင့်
ရောပြီးကျိုပေးပါ။ထို့နောက်ဆေးတစ်ခွက်စာခန့်ကိုဆေးမအေးမီဖြည်းဖြည်းချင်းသောက်ပေးပါ။
တစ်နေ့၂ကြီမ်ဓမRRတာမပေါ်မခြင်းသောက်နိုင်ပါသည်။(အိမ်ထောင်သည်အမျိုးသမီးများအတွက်တော့
သိပ်အသုံးမ၀င်လောက်ပါဘူး၊ကိုယ်ဝန်ရှိလို့ဓမRRတာမဆင်းတာလည်းဖြစ်နိုင်လို့ပါ။)
မီးယပ်ထုံကျဉ်ပျောက်လိုလျှင်…….
အမျိုးသမီးများရာသီဓမRRတာသွေးမမှန်ခြင်းကြောင့်မျက်နှာတွင်အညိုအမည်းတင်းတိပ်ကွက်များ၊
မီးယပ်ကွက်များပေါ်တတ်ပါတယ်။ထိုတင်မကအသားအရေများထုံကျဉ်ပြီးထိလို့ထိမှန်းမသိဖြစ်နေ
တတ်ပါတယ်။မီးယပ်ထုံကျဉ်တာကိုအိမ်မှာပဲပျောက်အောင်ကုကြည့်ရအောင်……………………….
ကြက်သွန်နီဥသေးတစ်လုံး
ဆားမန်ကျည်းစေ့နှစ်စေ့ခန့်
ထန်းလျက်တစ်လုံး
ထိုဆေးအမယ်များကိုရောကြိတ်ပြီးတစ်နေ့နှစ်ကြိမ်စားပေးပါ။
နောက်တစ်နည်းက……………………………………
ဒန့်ဒလွန်မြစ် ၁ကျပ်သား
ဆား ၅မူးသား
ထန်းလျက် ၂ကျပ်သား
ထိုဆေးအမယ်၃ပါးစလုံးကိုရေနှင့်သုံးခွက်တစ်ခွက်တင်ကျိုသောက်ပါ။
ဓာတ်စာအနေနှင့်ဖျောက်ဆိပ်ရွက်ကိုငါးကြင်း၊ငရုတ်ကောင်းတို့နှင့်ဟင်းခါးချက်စားပါ။
တစ်ပတ်အတွင်းပျောက်ကင်းနိုင်ပါလိမ့်မည်။
ဒီဆေးနည်းတွေကိုအများသိအောင်တင်ပြခဲ့လို့အချို့အမျိုးသမီးတွေစိတ်ဆိုးချင်ဆိုးပါလိမ့်မယ်။
ရွံမုန်းရင်မုန်းသွားပါလိမ့်မယ်။သိပြီးသားတွေပါလို့ပြောတဲ့အမျိုးသမီးတွေလည်းရှိပါလိမ့်မယ်။
အရှက်မရှိဘူးလို့ပြောတဲ့သူတွေလည်းရှိမှာပါ။ကံကောင်းထောက်မလို့ကျေးဇူးတင်ပါတယ်လို့ပြောတဲ့
သူတွေလည်းရှိချင်ရှိပါလိမ့်မယ်။ဘယ်သူတွေဘာပဲပြောပြောကီရာကအပင်ပန်းခံပြီးရှာဖွေစုဆောင်း
ထားတာမို့လို့တစ်ယောက်ယောက်အတွက်များအကျိုးရှိသွားတယ်ဆိုရင်ကီရာကျေနပ်ပါတယ်။
အမျိုးသမီးများအတွက်အလှအပရေးရာဆေးနည်းတစ်ခုလည်းဖော်ပြပေးပါဦးမယ်…။
တင်းတိပ်ကြောင့်အလှမပျက်အောင်…..
အလှအပကြိုက်တတ်တဲ့သဘာဝရှိတဲ့အမျိုးသမီးတွေအတွက်တော့တင်းတိပ်ဟာမိမိအလှကို
တိုက်ခို်က်တဲ့အဓိကရန်သူကြီးတစ်ယောက်ဖြစ်နေပါလိမ့်မယ်။ဟုတ်တာပေါ့မျက်နှာမှာတင်းတိပ်
တွေနဲ့မည်းနေရင်ဘယ်လှတော့မလဲ။ကီရာ့လိုယောက်ျားလေးတစ်ယောက်တောင်သိတယ်။
ဒါဆိုမလွှဲမရှောင်သာလို့တင်းတိပ်တွေထွက်လာရင်ဘာလုပ်ရမလဲ……………………………….
လွယ်ပါတယ်။ဂုံမင်းသီးနဲ့နှမ်းလုံးကြိုင်သီးကိုဆတူယူပြီးမီးဖုတ်ကာအမှုန့်ထောင်းပါ။ပြီးရင်အဲဒီ
ဆေးမှုန့်ကိုနှမ်းဆီစစ်စစ်နဲ့ဖျော်ပြီးညအိပ်ရာဝင်ချိန်တိုင်းတင်းတိပ်ကွက်တွေပေါ်မှာလိမ်းပေးယုံ
ပါပဲ။တစ်လလောက်လိမ်းလိုက်တာနဲ့တင်းတိပ်လုံးဝကင်းစင်ပြီးချစ်စရာကောင်းတဲ့ကိုယ့်မျက်နှာ
လေးကိုပြန်ရပါလိမ့်မယ်။
လာရောက်ဖတ်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်။
မြန်မာဆေးနည်းတွေအကြောင်းကိုဒီထက်ပိုပြီးသိချင်ရင်တော့ကီရာ့ရဲ့အစွမ်းထက်မြန်မာ့ဆေး
နည်းများနှင့်စိတ်ပါဝင်စားသူများအဖွဲ့ကိုJoinပြီးလာရောက်လေ့လာနိုင်ပါတယ်။





ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ
ရင်သားကင်ဆာဟာ အမျိုးသမီးတွေအတွက် အရမ်းကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါတိုင်းဟာ ဆိုးဝါးလှသလို ရင်သားကင်ဆာ ဆိုတာကလည်း ထိုနည်းတူပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ်ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သားတစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက်ရတဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်မှု ဖြစ်စေ သလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တွေကလည်း ကြောက်ခမန်းလိလိပါပဲ။

ဒါတွေကြောင့် အမျိုးသမီးတွေအတွက် ရင်သားကင်ဆာကို ကြိုတင်ကာကွယ် နိုင်တဲ့ သိပ္ပံနည်းကျ နေထိုင်စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ



နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ ရင်သားကင်ဆာနဲ့ ကိုယ်လက်လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန်အမျိုးသမီးများအောက် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်းပါသတဲ့။

(၂) သဘာဝ အီစထရိုဂျင် ကြွယ်ဝသော အစားအသောက်များ ပုံမှန် စားပေးပါ
အီစထရိုဂျင် (Oestrogen) လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝ မျှတတဲ့ ပမာဏ ပုံမှန်ရှိနေမယ် ဆိုရင် ရင်သားကင်ဆာ ဖြစ်နိုင်ရန် အခွင့်အလမ်း ၄ ဆ လျော့နည်းတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

ဒါပေမယ့် အီစထရိုဂျင် ဆေးပြားတွေမှာ ပါဝင်တဲ့ အီစထရိုဂျင်က တိရိစ္ဆာန်တွေက ထုတ်လုပ်ထားတာ ဖြစ်ပြီး အီစထရိုဂျင် မော်လီကျူးရဲ့ ပုံစံက active form (အသင့်သုံးပုံစံ) ဖြစ်နေလို့ သောက်သုံးလိုက်ရင် သွေးထဲမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားခြင်းကို ဖြစ်စေကာ သားအိမ်ကင်ဆာကို ဖြစ်စေတဲ့ အန္တရာယ် အနည်းငယ် ရှိပါတယ်။



အပင်တွေက ရတဲ့ အီစထရိုဂျင် (phytoestrogen) တွေကျတော့ precursor form (ကနဦးပုံစံ) ဖြစ်နေလို့ လိုအပ်တဲ့ အချိန်ကျမှ လိုအပ်သလောက်ပဲ active form ပြောင်းလိုက်လို့ ရတဲ့အတွက် အထက်မှာ ပြောခဲ့တဲ့ အန္တရာယ်မျိုး မရှိပါဘူး။ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ အစားအသောက် တွေကတော့ ဂျုံ၊ အုတ်၊ ဘာလီ စသော နှံစားသီးနှံများ၊ ပဲကြီး၊ အခွံမာသီး အဆန်များ၊ နေကြာစေ့ ဖရုံစေ့ စသော အစေ့မျိုးစုံ၊ ပဲပင်ပေါက်၊ ပဲပြား၊ တို့ဟူး စသည်တို့နဲ့ အသီးအရွက်များ ဖြစ်ပါတယ်။ တရုတ်လို ဒေါင်းကွေးလို့ ခေါ်တဲ့ အပင်တစ်မျိုးဟာ ကောင်းမွန်တဲ့ သဘာဝ အီစထရိုဂျင် ကြွယ်ဝလွန်းလို့ ဒီအပင်ကနေ အီစထရိုဂျင် ဆေးပြားများ ထုတ်ရောင်းနေပါတယ်။ သွေးဆုံးပြီး အမျိုးသမီးများ အတွက် အထူးသင့်တော်ပါတယ်။

အရွယ်ရောက်ပြီး အမျိုးသမီးများ အနေနဲ့လည်း ရာသီမလာခင် ရက်အနည်းငယ် ကြိုပြီး ရာသီလာစဉ်တွေမှာပါ မှီဝဲပေးမယ် ဆိုရင် လစဉ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အထူးသက်သာစေပါတယ်။

(၃) နို့ထွက်ပစ္စည်းများနဲ့ အသားများလည်း စားပေးပါ
အသီးအရွက်တွေချည်းပဲ စားတဲ့ အမျိုးသမီးတွေဟာလည်း ရင်သားကင်ဆာ အန္တရာယ်ကနေ သိသာစွာ ကင်းလွတ်မှု မရှိတာ တွေ့ရပါတယ်။ အသား အရမ်းစားရင် ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တယ် ဆိုပေမယ့် တိရိစ္ဆာန်အဆီတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ပေါ်ခြင်းကို အားမပေးတဲ့ ဒြပ်ပေါင်းတွေ အများကြီး ပါပါတယ်။

ဒါကြောင့် အမျိုးသမီးများ အနေနဲ့ အသီးအရွက်ချည်းပဲ မစားဘဲ သမမျှတစွာ စားသုံးသင့်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်၊ ချိစ်၊ နို့၊ ထောပတ်၊ သံလွင်ဆီ စတာတွေထဲက တစ်မျိုးမျိုးကို နေ့စဉ် ပါဝင်အောင် စားသုံးပေးမယ်၊ သင့်တော်တဲ့ အချိန်တိုင်းမှာ အသားဟင်းတစ်ခွက် စားသုံးပေးမယ် ဆိုရင် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်ရာ ရောက်ပါလိမ့်မယ်။

(၄) ပဲနို့နဲ့ တို့ဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
ဒီလမ်းညွှန်ချက်ဟာ ထူးဆန်းသလို ဖြစ်နေပါတယ်။ ဒီနှစ်မျိုးဟာ သဘာဝ အီစထရိုဂျင် ကြွယ်ဝတဲ့ ပစ္စည်းတွေ ဖြစ်လို့ ရင်သားကင်ဆာကို တစ်ဖက်က ကာကွယ်ပေးနေသလို တစ်ဖက်ကလည်း isoflavone လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ဒီအစားအသောက် တွေထဲမှာ ပါဝင်နေတဲ့ အတွက် ရင်သားကင်ဆာဆဲလ်တွေ ပျံ့ပွားခြင်းကို အားပေးရာ ရောက်စေ လို့ပါတဲ့။

ရင်သားကင်ဆာ အပါအ၀င် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာအများစုကို လုံးဝ တားဆီးနိုင်စွမ်း ရှိတဲ့ အသီးတစ်မျိုးကတော့ မန်ကျည်းသီး ဖြစ်ကြောင်း တွေ့ရှိထားရပါတယ်။ ရောဂါ ရှိပြီးသား လူတွေမှာတောင် ကင်ဆာဆဲလ်တွေ ပျံ့ပွားနှုန်း နှေးစေတာကို တွေ့ရှိရလို့ မန်ကျည်းဖျော်ရည် အေးအေးလေး တစ်ခွက်ဟာ အမျိုးသမီးများ အဆင်ပြေတိုင်း သောက်သုံး ပေးသင့်တဲ့ သဘာဝဓာတ်စာ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။

(၅) ဗိုက်တာမင် အီး နဲ့ ဗိုက်တာမင် စီ အားဖြည့်ဆေးများ ပုံမှန် မှီဝဲခြင်းကို ရှောင်ကြဉ်ပါ
ဗိုက်တာမင် အီးဟာ အမျိုးသမီးများရဲ့ အသားအရေ စိုပြေလှပခြင်း အတွက် မရှိမဖြစ် လိုအပ်သလို ဗိုက်တာမင် စီ ချို့တဲ့ရင် ခုခံအားစနစ် အားလျော့နိုင်ပါတယ်။ ယနေ့ခေတ်မှာ ဒီဆေးတွေကို ဒီရည်ရွယ်ချက်တွေ အတွက် သီးသန့် ကြော်ငြာအား ကောင်းကောင်းနဲ့ ထုတ်ရောင်းနေကြတာ ဖြစ်လို့ ပုံမှန် သောက်သုံး နေကြသူတွေတောင် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဗိုက်တာမင် အီး နဲ့ စီ အားဖြည့်ဆေးတွေ ပုံမှန် စွဲသောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်စွမ်းကို မြင့်မားလာစေကြောင်း တွေ့ရှိထားရလို့ ဆင်ခြင်ဖွယ်တစ်ခု တင်ပြပေးလိုက်ပါတယ်။

အသားအရေ လှပြီး ကိုယ်ခံအား ကောင်းချင်ရင် သဘာဝ သစ်သီးတွေကို အားကိုးတာ အကောင်းဆုံး နည်းလမ်းပါပဲ။

(၆) အလင်းရောင်နဲ့ အိပ်စက်ခြင်းကို ရှောင်ကြဉ်ပါ




ဝက်ခြံ နဲ့ ဆားဝက်ခြံကို လွယ်လွယ်လေး ဖယ် ရှားမယ်





ဝက် ခြံ ဆိုတာ... အဆီရယ် ချွေးရယ်.. ချေးညှော် တွေရယ် ပေါင်းပြီး ထွက်လာရတာပါ။

အဲ့ဒိတော့ မပေါက်ခင် ကာကွယ် ချင်တယ်ဆိုရင်.....

၁။ မျက်နှာကို အမြဲ သန့်စင်အောင်ထားပါ။

ညအိပ်ခါနီးတိုင်း မျက်နှာကို သန့်စင်အောင် ဆေးပြီးမှ အိပ်တာ အကောင်းဆုံးပါ။ မိတ်ကပ်၊ သနပ်ခါး၊ တနေ့လုံး ကပ်ညိနေတဲ့ ဖုန် တွေ ကနေ... ည အိပ်နေတဲ့ အချိန်မှာ
ပိုးမွှားတွေ ပေါက်ဖွား နိုင်ပြီး ၀က်ခြံ တွေ ပေါက်ဖို့ လမ်း ဖြစ်လာတတ်လို့။

၂။ အဆီ ပြန် တတ်တဲ့ အသားအရည် ပိုင်ရှင် များက အစားအသောက် စားတဲ့အခါ အဆီအစိမ့် နဲ့ နို့ထွက် ပစ္စည်းကို ရှော့ စားပေးပါ။

တနေကုန် အလုပ် လုပ်၊ ကျောင်းသွား.. လှုပ်ရှားသွားလာနေရတဲ့ သူများ အနေနဲ့
တစ်ရှုးသန့်သန့်ကို ဆောင်ထား တတ်တဲ့ အလေ့အကျင့်လုပ်ပေးသင့်တယ်။
အဆီပြန်လာတဲ့အခါ တစ်ရှုးကို ၂ လွှာ ရှိရာကနေ တလွှာ ခွာပြီး ညင်ညင်သာသာ
သုတ်ပစ်ပြီး သန့်စင်ပေးပါ။ တစထက် တစ အဆီပြန်မှု နည်းသွားပါလိမ့်မယ်။

နောက်တခုက။ ။ ခရမ်းချဉ်သီး နဲ့ ပေါင်းတင် ပေးခြင်းက အဆီ ပြန်ခြင်းကို သက်သာ စေပါတယ်။

လွယ်လွယ်လေးနော်.....၂နည်းရှိတယ်။

နည်း ၁။




၁) ခရမ်းချဉ်သီးကြီးကြီး နဲ့ မာမာ တလုံးကိုယူပြီး ထိပ် ဖူးကို စိတ်ပါ။

၂) သကြားအဖြု တစ်ဇွန်းစာကို ပန်းကန်ပြားထဲထည့် ပြီး ခရမ်းချဉ်သီး ထိပ်ဖူး နဲ့ သုတ်လိမ်းပါ။

၃) မျက်နှာပြင်ပေါ်ကို နေရာအနှံ့ စသုတ်လိမ်းပေးပါ။

၎။ ၁၀ မိနစ် ထားပြီး.. ရေဆေးလိုက်ပါ။

ပြီးပါပြီ။

နည်း ၂၊ ။

၁။ ခရမ်းချဉ်သီးကို စိတ်ပါ။ အလယ်သားကို ဖယ်ပြီး အဲ့ဒိ အလယ်သား (အရည်) နဲ့ မျက်နှာပြင်ကို သုတ်လိမ်းလိုက်ပြီး ၁၀မိနစ်ထားပြီးမှ

ရေးဆေးပါ။

ပြီးပါပြီ။


( သတိပြုရမှာက တချို့ အသားအရည်တွေက အဲ့လို ပေါင်းတင်ပြီးရင် ပြီးပြီးချင်း ခနအဆီပြန်တာ သက်သာပေမဲ့ အနည်းငယ် မဲသွားတတ်တယ်.. လန့် မသွားပါနဲ့ မတည့်
လို့ မဟုတ်ပါဘူး။ နောက်တစ်ရက် ဆို နဂို အသားတိုင်း ပြန်ဖြစ်သွားမှာပါ။
နှစ်ပတ်ကို တစ်ခါ လုပ်ပေးလို့ ရပါတယ်။ )

ပြီးတော့... ခရမ်းချဉ်သီးက နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် ဒဏ်ကို ကာကွယ်
ပေးနိုင်လို့.. အရေပြားကင်ဆာနဲ့ အိုးမင်းရင့်ရော် ခြင်းကို လျော့ကျစေတယ်။

၃။ အဲ့လို စနစ်တကျ နေ သားကျ သွားတဲ့အခါ... ချွေးထွက် များတယ် ဆိုရင်တောင်..
တခြား အဆီတွေ ချေးညှော်တွေ နည်းကျဉ်းလွန်းတဲ့ အတွက် ၀က်ခြံ
မပေါက်နိုင်တော့ပါဘူး။

တခုတော့ ရှိတယ်နော်.... ၀က်ခြံ ပေါက်တာ... အသားအရည် ကျန်းမာ မှုနဲ့ဆိုင်သလို... သွေးသား နဲ့လဲ ဆိုင်လို့... အမျိုး
သမီး များ ရာသီ လာချိန်များနဲ့ ယောက်ျားလေးများ လူပျို ဖော် ၀င်စ
ချိန်တွေဆို.. ပေါက်လာတတ်တာလဲ သဘာဝပါ။

။။။။။။။။။။။။။။။။။

ကဲ.. ၀က်ခြံ ပေါက်လာပြီ ဆိုပါစို့....

၁။ ပထမ နဲ့ အရေးကြီးက “ မညှစ်ပစ်ဖို့ပါ။” ။ လက်သည်းမှာ ကပ်နေနိုင်တဲ့ ရောဂါ
ပိုးမွှားတွေက ၀က်ခြံ ထိပ်ဝ( သွေးထွက်ရာ နေရာ) နဲ့ ထိ မိ ၊ ဖိ မိ တဲ့အခါ
အသားထဲကို ၀င်ရောက်ပြီး အနာကိုလည်း ရင်းစေသလို.. ပွားနှုန်းလည်း
မြန်နိုင်ပါတယ်။ နောက်တခုက အမာ ရွတ် ဖြစ် ကျန် ခဲ့တာပါ။

၂။ မှဲ့ တဲ့ အထိ စောင့်ပါ။ ( ၀က်ခြံ ရှိလို့ မရှက်ပါနဲ့ ပို မဆိုးအောင် ကရုစိုက်ပါ။)
မှဲ့ လာ တဲ့ အခါ သူ့သဘာဝ အတိုင်း အဆံလေးက အပြင်ကို ညွတ်ကျပြီး ထွက်သွား
ပါလိမ့်မယ်...။ အဲ့ဒိအခါမှ တစ်ရှုးဆ သန့်သန့် နဲ့ ဖြစ်ဖြစ် လက်သန့်သန့်
နဲ့ ဖြစ် ဖြစ် အလွယ် တကူ

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More