Saturday 26 November 2011

ပညာဆိုတာဘာလဲ

   ဒီနေ့တော့ တောင်သာသားလေးတစ်ယောက် ဆရာဖေမြင့်ရေးတဲ့ ဂျီးနိယပ်(စ)စာအုပ်မှ ပညာနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ ဖတ်ဖြစ်ပါတယ်။ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။
   ပညာဆိုတဲ့ မြန်မာဝေါဟာရရဲ့ အဓိပ္ပ္ပာယ်ကို လေ့လာကြည့်ရအောင်။ 
   ပညာဆိုတာ ပါဠိက လာတဲ့ မြန်မာစကား တစ်လုံးပါပဲ။ ပညာကို မြန်မာအဘိဓာန်က အခြေခံအဓိပ္ပ္ပာယ်နှစ် မျိုး ပေးတယ်။
   (၁) အသိဥာဏ်။ ခွဲခြားဝေဖန်နိုင်သော အသိဥာဏ်။
   (၂) အတတ်။
   ဒါ့ကြောင့် ပညာသင်တယ်ဆိုတာ အတတ်ပညာ ဆည်းပူးလေ့လာတာ ဖြစ်သလို၊ အသိဥာဏ်မြင့်မားအောင် အားထုတ်လေ့ကျက်တဲ့ သဘောလည်း ပါတယ်။
   ပညာရှိနဲ့ ပညာတတ်ဆိုတာ ပညာရဲ့ အဲဒီအဓိပ္ပ္ပာယ်နှစ်မျိုးကို အခြေခံပြီး ခွဲခြားပြောဆိုကြတဲ့ သဘောပဲ။ ပညာရှိတာက အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံပြီး အကောင်းအဆိုး ဝေဖန် ခွဲခြားနိုင်တဲ့ ပုဂ္ပ္ဂိုလ်္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ။ ပညာတတ်ဆိုတာ အသိပညာ အတတ်ပညာတွေ လေ့လာတတ်မြောက်ထားတဲ့ ပုဂ္ပ္ဂိုလ်။ သို့သော်အတတ်ပ ညာတွေ လေ့လာတတ်မြောက်ထားတဲ့ ပုဂ္ပ္ဂိုလ်။ သို့သော် ပညာရှိလောက်တော့ မရင့်ကျတ်၊ မပြည့်ဝ၊ မမြင့်မားဘူးပေါ့။
   မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာတော့ ပညာ ကို အင်္ဂလိပ်ဘာသာနဲ့ဖွင့်တဲ့အခါ-
   (1) Knowledge, Learning, Education, Schooling
   (2) Skill, Craft
   ဆိုပြီး စကားလုံး ခြောက်လုံးနဲ့ ပေးထားပါတယ်။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More