တောင်သာသားလေး နေ့စဉ်ဖတ်မှတ်နေတဲ့ စာအုပ်ထဲမှ မှတ်သားစရာလေးများ၊ အတုယူစရာလေးများ ဖတ်မိပါက တောင်သာသားလေး၏ အကိုအမများကို ပြန်လည်ဝေမျှပေးဖို့ ၊ လက်ဆောင်လေးတွေပေးဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။
၁။ သက်ရှည်ကျန်းမာဖို့ဆိုလျှင်-
(က) သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကျဉ်ရမည်။
(ခ) အချိန်မှန်အိပ်ရမည်။
(ဂ) အချိန်မှန်စားရမည်။ (အဟာရဖြစ်သော၊ အစာကြေညှက်လွယ်သော အစားအစာဖြစ်ရမည်)
(ဃ) အကောင်းမြင်ဝါဒရှိကာ စိတ်ချမ်းသာအောင် နေတတ်ရမည်။
၂။ ချမ်းသာကြွယ်ဝဖို့ဆိုလျှင်-
(က) ထကြွလုံ့လ ၀ီရိယရှိစွာဖြင့် စီးပွါးဥစ္စာကို ရှာဖွေရမည်။
(ခ) ရလာသောဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
(ဂ) ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
(ဃ) မိမိကို ကူညီနိုင်သော၊ မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်းရှိရမည်။
(ဆရာတော်အရှင်ဇ၀န ရေးသားတဲ့ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ)

0 comments:
Post a Comment