တောင်သာသားလေးတို့ကျောင်းတတ်နေတဲ့ နိုင်ငံက လူမျိုးတွေက လူအများစုမှာ အချိန်ကိုတန်ဖိုးထားကြ သည်မှာ မျက်မြင်ကိုယ်တွေ့ပင်။ အချိန်ရှိသလောက် အလုပ်လုပ်ကြသည်။ မျှော်လင့်ချက်ဖြင့်အလုပ်မလုပ် ။ ကိုယ်လုပ်မှ ကိုယ်စားရမည်၊ ကိုယ်ဝတ်ရမည်ဆိုတာ တောင်သာသားလေးတို့နဲ့ ကျောင်းတူတတ်နေတဲ့ သူငယ်ချင်းတွေရဲ့ စိတ်ထဲမှာ စွဲထားကြသည်။ တက္ကသိုလ်ရောက်ပြီဆိုလျှင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်သူ ကများပါတယ်။ မိဘက ပိုက်ဆံထောက်ပံ့နိုင်လျှင်တော့ တမျိုးဖြစ်မယ်ထင်ပါတယ်။ သို့ပေမယ့် ပိုက်ဆံမရှိတဲ့သူ တွေ အချိန်မရှိတဲ့သူတွေကျတော့ နေ့ခင်းဘက် အလုပ်လုပ်ကြပြီး ညအချိန်ကျောင်းတတ် နေတာ တွေ့ရပါတယ်။ ပျော်စရာရှိ ရင် ပျော်ကြသည်။ လုပ်စရာရှိလျှင်လည်း ၀တ်ကျေတန်ကျေ မလုပ်တတ်။ မိမိအလုပ်ကို တန်ဖိုးထားသည်။ လေးစားသည်။
ဒီနေရာမှာ တောင်သာသားလေး ဘယ်သူနဲ့မျှ နှိုင်းယှဉ်မပြဘဲ မိမိကိုယ်နှင့်သာ ယှဉ်ပြချင်ပါတယ်။ တောင်သာသာလေးဟာလည်း အစိုးရ၀န်ထမ်းတစ်ယောက်ပါ။ အရင်ကအတွေးပေါ့။ လကုန်ရင် လစာရမှာပါ။ ရောင်ပြအလုပ်လုပ်တာက များပါသည်။ အချိန်ကို တန်ဖိုးထားရကောင်းမှန်းမသိ။ စိတ်ကိုအလိုလိုက်လွယ်သည်။ အလုပ်လုပ်ချင်တဲ့စိတ်ကထက် အနားယူချင်တဲ့စိတ်၊ အိပ်ချင်တဲ့ စိတ်တွေက ပိုများလေ့ရှိသည်။ တခါတလေကျတော့လည်း ကိုယ့်ကိုယ်ကို မျှော်လင့်ချက်လေးပေးတတ်သေးသည်။ ငါ ကံကောင်းရင်း ချမ်းသာမှာပါ။ ကံက အကျိုးပေးမှာပါ လို့ တွေမိသည်။ ထင်မိသည်။ အလုပ်ကို အလုပ်လောက်သာ တန်ရုံသာ လုပ်တတ်ပါတယ်။ ဒါပေမယ့် သူတို့လူမျိုးတွေ ဘာကြောင့်ရှေ့က ပြေးနေနိုင်တာလည်း ဆိုတာ ဆန်းစစ်ကြည့်တော့ ကျန်တာတွေ မတွေးသေးပါ။ တောင်သာသားလေးကတော့ အချိန်ကို ဘယ်လိုအသုံးချတယ်၊ အလုပ်ကို ဘယ်လိုလုပ်တယ်ဆိုတာလေးကို စတွေးမိပါတယ်။ အတုယူစေချင်ပါတယ်။ ဥပမာပြရရင်- တောင်သာသားလေးတို့ကိုစာသင်နေတဲ့ ဆရာမတစ်ယောက်ဆိုရင် အလုပ်လုပ်နေတဲ့နေရာနှင့် အိမ်နဲ့က ကား၊ မြေအောက်ရထား၊ မြေပေါ်ရထား (၃)ဆင့်သွားရသည်။ အချိန်ဘယ်လောက်ကြာလဲလို့မေးကြည့်တော့ အသွားအပြန်(၄)နာရီ ကြာသည်ပြောပါတယ်။ နေ့တိုင်း ထိုသို့သာ။ သို့ပေမယ့် မျက်နှာကိုမြင်တိုင်း စိတ်ဓါတ်ကျတဲ့ အမူအရာမျိုး တွေ့ရသည်မှာ ရှားပါသည်။ ဆရာမ နေ့တိုင်း ဒီလိုသွားရတာ မပင်ပန်းဘူးလားလို့ မေးတဲ့အချိန်မှာ စကားတခွန်းသာ ပြန်ပြောပါသည်။ ဒါဟာ အလုပ်တဲ့။ ကျွန်တော်ရင်းနှီးတဲ့ ဥပမာလေး ပြောပြကြည့်တာပါ။ ထိုသို့အလုပ်လုပ်ကြသည်ဆိုတာကို လည်း သိစေချင်ပါတယ်။
တောင်သာသားလေးတစ်ယောက် တိုင်းတပါးကို အထင်ကြီးတယ်လို့ ပြောလာရင်တော့ ရှင်းပြချင်ပါသေးသည်။ ထိုသို့မဟုတ်ရပါ။ တောင်သာသားလေးတို့ နိုင်ငံဟာ ဟိုယခင်ကတည်းက ပြေးနည်း မမှန်ခြင်းကြောင့်လည်းကောင်း၊ ကျန်းမာရေး ချို့ယွင်းချက်ကြောင့်လည်းကောင်း၊ စသည့် လည်းကောင်းပေါင်းများစွာကြောင့် နောက်ကြကျန်နေသည်ကို မျက်စိဖွင့်သူတိုင်း၊ နားစွင့်သူတိုင်း သိကြပေလိမ့်မည်။ တောင်သာသားလေး တော်လွန်းတတ်လွန်းလို့ ဆရာကြီးလေသံနှင့် ပြောခြင်းမဟုတ်ပါ။ မိခင်တစ်ယောက် ကောင်းသောသတင်းတွေနှင့် ခေါင်းမော့ရင်ကော့နိုင်ဖို့ မိမိတို့နိုင်ငံသားတွေ ကျရာတာဝန်တွေမှာ ခံယူချက်၊ ယုံကြည်ချက်အပြည့်ဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေချင်သည်။ အလုပ်တွေ အများကြီး လုပ်ကြစေချင်သည်။ မိမိအတွေးလေးတစ်စက်ဟာ မိခင်တစ်ယောက် ဖွံ့ဖြိုးတိုးတတ် စေဖို့အတွက် အုတ်တချပ်၊ သဲတပွင့် ပမာ အထောက်အကူဖြစ်မည်ဆိုပါက ၀မ်းသာပီတိ ဆီထိဂွမ်းကဲ့သို့ ဖြစ်နေပါတော့မည်။
1 comments:
စာကောင်းလေးပါ တောင်သာသားလေးရေ..
သေချာဖတ်သွားပါတယ်.. ဥပမာလေး ပေးထားတာ ကောင်းတယ်
ဆရာမရဲ့ စိတ်ဓာတ်ကို အတုယူရမှာပါ.. လေးစားမိပါတယ်..
Post a Comment