မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Showing posts with label အတွေးအမြင်. Show all posts
Showing posts with label အတွေးအမြင်. Show all posts

Thursday, 5 January 2012

အချစ်-----ဘဝ

အချစ် .... ..... ဘဝ

တစ်နေ့မှာ “ပလေတို” က ဆရာဖြစ်သူ “ဆိုကရေးတီး” ကို အချစ်ဆိုတာ ဘာလဲလို့ မေးသတဲ့။ ဆိုကရေးတီးက ပလေတိုကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခုကို ခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတိုက ကိုယ့်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။ ဆိုကရေးတီးရှေ့ရောက်တော့ “အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကို ကျွန်တော် တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ တစ်နှံပဲခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီး မခူးခဲ့ဘဲ ဒီထက်ကောင်းတဲ့ အနှံရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ အချစ်” လို့ ပြောပြခဲ့တယ်။

တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို လက်ထပ်ခြင်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက ပလေတိုကို ထင်းရူးတောထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး သွားရာလမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါရခဲ့ဖူးတဲ့ ပလေတိုက ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။ နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတိုကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

“ဒါက အကောင်းဆုံး ထင်းရူးပင်လား” လို့ ဆိုကရေးတီးက မေးတော့ “တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း မဆိုးဘူးလို့ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။ ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ” လို့ ပြန်တော့ ဆိုကရေးတီးက “အဲတာ လက်ထပ်ခြင်း” လို့ ပြောပြခဲ့တယ်။


တစ်နေ့မှာ ပလေတိုက ဆရာဆိုကရေးတီးကို တိတ်တိတ်ပုန်းဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဒီတစ်ခါ ဆိုကရေးတီးက ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတိုက ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။ (၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

“ဒါက အလှဆုံး ပန်းလား” လို့ ဆိုကရေးတီးက မေးတော့ “၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့ ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်” လို့ ပြောတော့ ဆိုကရေးတီးက “အဲတာ တိတ်တိတ်ပုန်း” လို့ ဆိုတယ်။

တစ်နေ့မှာ ပလေတိုက ဆိုကရေးတီးကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။ ဆိုကရေးတီးက အထက်ကအတိုင်း ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။ ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ အလှဆုံး ပန်းတစ်ပွင့်ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာရထားဖူးတော့ ပလေတိုက သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။ သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေးတီးက လိုက်ရှာတော့ တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

“အလှဆုံးပန်းကို ရှာတွေ့ပြီလား” လို့ မေးတော့ ပလေတိုက ပန်းတစ်ပွင့်ကို ထိုးပြပြီး “ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား” လို့ မေးတယ်။

“ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ”

“ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။ ကျွန်တော်မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး သူညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော်ထပ်ရှာတော့မယ်။ ဒါ ကျွန်တော်တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယပန်းတစ်ပွင့်ပါပဲ”

“အင်း.. ဘ၀ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ” လို့ ဆိုကရေးတီးက ပလေတိုကို ပြောခဲ့တယ်။



Sunday, 1 January 2012

အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါသလား?

   လူတစ်ယောက်ဟာ ဘ၀တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်ချင်တယ်ဆိုရင် ကိုယ်ဝါသနာပါတဲ့အလုပ်မျိုးနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်အောင် ကြိုးစားသင့်တယ်လို့ ဆိုချင်တယ်။ ကိုယ့်ဝါသနာကို ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်သေးတဲ့ လူငယ်များအနေနဲ့လည်း တစ်ခုခု ရွေးချယ်ရမယ့် အချိန်အခါရောက်လာရင် ကိုယ်ဝါသနာပါတယ် ထင်ရတဲ့ဟာတွေထဲက အသက်မွေးဝမ်းကျောင်းမှုအတွက် ရေရာတာတစ်ခုကို ရွေးပါ။ ပြီးရင်တော့ ဘေးကြည့်၊ နောက်ဘက် ပြန်လှည့်ကြည့်တွေ လုပ်မနေတော့ဘဲနဲ့ သည်ဘာသာရပ်နယ်ပယ်မှာ ငါဗိုလ်စွဲရမယ်ဆိုတဲ့ စိတ်ထားမျိုးနဲ့သာ ပြတ်ပြတ်သားသား ကြိုးစားပါ။ အဲ့ဒါဆိုရင်တော့ အောင်မြင်တဲ့ဘ၀တည်ဆောက်နိုင်ပါလိမ့်မယ်။ (ဖေဖြင့်)မှပြန်လည်မျှဝေသည်။

  

Saturday, 31 December 2011

နှစ်သစ်ကိုကြိုဆိုရင်း

   တောင်သာသားလေးတို့ အသက်တွေတစ်နှစ်ပိုကြီးလာပြီပေါ့။ ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ ၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ ကိုယ်စီကြုံခဲ့ရမှာပါ။ ပြန်ပြီးတော့ အတိတ်ကိုကြည့်လိုက်ရင်းနဲ့ ပျော်ရွှင်စရာ အကြောင်းအရာလေးတွေ၊ ရင်နင့်အောင်ခံစားရတဲ့ ဒဏ်ရာဟောင်းတွေက လက်ပြနှုတ်ဆက်နေကြမှာပါ။ ဘယ်လိုပဲကြုံကြုံ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ဆိုတဲ့ မလွန်ဆန်နိုင်တဲ့ လောကနိယာမကြီးအောက်မှာ မင်းသားဇာတ်ရုပ်ကြရင် မင်းသားလေးလို၊ လူကြမ်းဇာတ်ရုပ်ကြရင် လူကြမ်းကြီးလို ကိုယ်စီကိုယ်ငှ သရုပ်ဆောင်ပေးနေရတာပါ။ 
   ကဲ--အတိတ်က အကြောင်းတွေကို အတိတ်မှာပဲ ထားလိုက်ကြရအောင်လာဗျာ။ လာမည့်အနာဂါတ်အတွက် မျှော်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြရင် မကောင်းဘူးလားဗျာ။ ပျော်ရွှင်စရာနှစ်သစ်နှင့်အတူ အတွေးသစ်၊ အမြင်သစ်၊ စိတ်သစ်၊ လူသစ် တွေနဲ့ နှစ်သစ်ကို ကြိုဆိုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း......။
                                                                            ဆက်လက်ကြိုးစားပါအုံးမည်
                                                                            တောင်သာခရီးသည်

Monday, 28 November 2011

အသက်(၁၀၀)ကျော် နေချင်ပါသလား


အသက်(၁၀၀)ကျော် နေချင်ပါသလား
၁။       စောစောအိပ်ရာထပါ။
၂။       အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
၃။       စိတ်မရွင်မပျဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
၎။       အရက်သောက်ရင် သင့်တင့်ရုံသာသောက်ပါ။
၅။       မိမိပတ်ဝန်းကျင်မှာ အမြဲပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လောစွာနေတတ်ပါ။
၆။       ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
၇။       မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီး ကျန်းမာလေပါ။
၈။       ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
၉။       နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
၁၀။     အစားအသောက်ကို တိုးစားလိုက်၊ လျှော့စားလိုက် မလုပ်ပါနဲ့။
၁၁။     ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
၁၂။     နှစ်သက်သဘောကျတဲ့ ၀ါသနာတစ်ခုရှိနေရင် စိတ်ဓာတ်ကြွ ရှင်သန်နေပါမယ်။
၁၃။     သကြား၊ အချိုများတဲ့ အစားအသောက်ရှောင်ပါ။
၁၄။     အဆီအဆိမ့်များတဲ့ အစားအသောက်ရှောင်ပါ။
၁၅။     ထုပ်ပိုးပြုပြင်ထားသော အစားများရှောင်ပါ။
၁၆။     သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်း များများစားပါ။
၁၇။     ရေတွေ၊ အရည်တွေ များများသောက်ပါ။
၁၈။     တစ်နေ့ ငှက်ပျောသီးတစ်လုံး စားဖြစ်အောင် စားပါ။ ငှက်ပျောသီးက ပန်းသီးထက် ခန္ဓာကိုယ်အတွက်           ပိုကောင်းပါတယ်။
၁၉။     တတ်နိုင်သမျှ အသားစားတာလျှော့ပါ။
၂၀။     မိမိရင်ထဲ ခံစားရတဲ့ ဝေဒနာတွေကို အရင်းနှီးဆုံး လူတွေထံ ရင်ဖွင့်ပါ။
၂၁။     မိမိအချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ ချစ်တယ် လို့ ဖွင့်ပြောပါ။ (အမှန်တရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှုကို သက်သာစေပါတယ်)။
၂၂။     တစ်ပတ် အနည်းဆုံး(၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း (လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
၂၃။     တစ်ပါတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
၂၄။     ဘ၀ကို ပျော်ရွင်စရာ စွန့်စားခန်းတစ်ခုလို သဘောထားခံစားပါ။
၂၅။     အဆိုးဆုံးကို ရင်ဆိုင်ဖို့မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့ ကြောက်ရွံ့ တုန်လှုပ်စိတ်တွေ အတော်များများ ပျောက်ကွယ်သွားတာ အံ့သြဖွယ်တွေ့ရမှာပါ)
၂၆။     ဘ၀ကို အလဟသမဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
၂၇။     တယ်လီဖုန်းတွေက မိမိတို့ဘ၀ကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
၂၈။     မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်း စာအုပ်ထားပါ။
၂၉။     စိတ်ထိခိုက် ၀မ်းနည်းဒေါသဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု ပြုလုပ်ခြင်းဖြင့် စိတ်ဖြေဖျောက်ပါ။
၃၀။     ကြိုက်တဲ့ ရုပ်ရှင်ကြည့်နေလို့၊ ချစ်သူ၊ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့ တစ်ခါတစ်ရံ အိပ်ရာဝင်နောက်ကျတာ ကျပါစေ။
၃၁။     နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံးမီးချောင်း ရှိပါစေ။
၃၂။     ကော်ဖီ၊ လက်ဖက်ရည် ပြင်းပြင်း လျှော့သောက်ပါ။
၃၃။     မိမိကိုယ်ကို မိမိနှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
၃၄။     ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပ်ပေးပါ။
၃၅။     ငြီးငွေ့မှု ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
၃၆။     တီဗွီအစီအစဉ်ကို ရွှေးကြည့်ပါ။ အကြာကြီး အကြည့်ပါနဲ့။
၃၇။     မိမိရဲ့စွမ်းအားကို လျှော့မတွက်ပါနဲ့။
၃၈။     အများသုံးရေချိုးခန်း၊ အိမ်သာတွေကို တတ်နိုင်သမျှ ရှောင်ပါ။
၃၉။     မိမိခန္ဓာကိုယ်က အချက်ပေးတာ နားထောင်လိုက်နာပါ။ (ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်း မပြုပါနဲ့)။
၄၀။     လေကောင်းလေသန့် များများရှူပေးပါ။



Saturday, 26 November 2011

ပညာဆိုတာဘာလဲ

   ဒီနေ့တော့ တောင်သာသားလေးတစ်ယောက် ဆရာဖေမြင့်ရေးတဲ့ ဂျီးနိယပ်(စ)စာအုပ်မှ ပညာနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ ဖတ်ဖြစ်ပါတယ်။ ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။
   ပညာဆိုတဲ့ မြန်မာဝေါဟာရရဲ့ အဓိပ္ပ္ပာယ်ကို လေ့လာကြည့်ရအောင်။ 
   ပညာဆိုတာ ပါဠိက လာတဲ့ မြန်မာစကား တစ်လုံးပါပဲ။ ပညာကို မြန်မာအဘိဓာန်က အခြေခံအဓိပ္ပ္ပာယ်နှစ် မျိုး ပေးတယ်။
   (၁) အသိဥာဏ်။ ခွဲခြားဝေဖန်နိုင်သော အသိဥာဏ်။
   (၂) အတတ်။
   ဒါ့ကြောင့် ပညာသင်တယ်ဆိုတာ အတတ်ပညာ ဆည်းပူးလေ့လာတာ ဖြစ်သလို၊ အသိဥာဏ်မြင့်မားအောင် အားထုတ်လေ့ကျက်တဲ့ သဘောလည်း ပါတယ်။
   ပညာရှိနဲ့ ပညာတတ်ဆိုတာ ပညာရဲ့ အဲဒီအဓိပ္ပ္ပာယ်နှစ်မျိုးကို အခြေခံပြီး ခွဲခြားပြောဆိုကြတဲ့ သဘောပဲ။ ပညာရှိတာက အကြားအမြင် ဗဟုသုတနဲ့ ပြည့်စုံပြီး အကောင်းအဆိုး ဝေဖန် ခွဲခြားနိုင်တဲ့ ပုဂ္ပ္ဂိုလ်္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ္ပ္ဂ။ ပညာတတ်ဆိုတာ အသိပညာ အတတ်ပညာတွေ လေ့လာတတ်မြောက်ထားတဲ့ ပုဂ္ပ္ဂိုလ်။ သို့သော်အတတ်ပ ညာတွေ လေ့လာတတ်မြောက်ထားတဲ့ ပုဂ္ပ္ဂိုလ်။ သို့သော် ပညာရှိလောက်တော့ မရင့်ကျတ်၊ မပြည့်ဝ၊ မမြင့်မားဘူးပေါ့။
   မြန်မာ-အင်္ဂလိပ် အဘိဓာန်မှာတော့ ပညာ ကို အင်္ဂလိပ်ဘာသာနဲ့ဖွင့်တဲ့အခါ-
   (1) Knowledge, Learning, Education, Schooling
   (2) Skill, Craft
   ဆိုပြီး စကားလုံး ခြောက်လုံးနဲ့ ပေးထားပါတယ်။

Friday, 18 November 2011

ကျန်းမာဆေး နှင့် ချမ်းသာဆေး

 တောင်သာသားလေး နေ့စဉ်ဖတ်မှတ်နေတဲ့ စာအုပ်ထဲမှ မှတ်သားစရာလေးများ၊ အတုယူစရာလေးများ ဖတ်မိပါက တောင်သာသားလေး၏ အကိုအမများကို ပြန်လည်ဝေမျှပေးဖို့ ၊ လက်ဆောင်လေးတွေပေးဖို့ ရည်ရွယ်ပါတယ်ခင်ဗျာ။
၁။   သက်ရှည်ကျန်းမာဖို့ဆိုလျှင်-
       (က)   သူတစ်ပါးကို သတ်ဖြတ်ညှင်းဆဲခြင်းမှ ရှောင်ကျဉ်ရမည်။
       (ခ)      အချိန်မှန်အိပ်ရမည်။
       (ဂ)      အချိန်မှန်စားရမည်။ (အဟာရဖြစ်သော၊ အစာကြေညှက်လွယ်သော အစားအစာဖြစ်ရမည်)
       (ဃ)    အကောင်းမြင်ဝါဒရှိကာ စိတ်ချမ်းသာအောင် နေတတ်ရမည်။


၂။    ချမ်းသာကြွယ်ဝဖို့ဆိုလျှင်-
        (က)    ထကြွလုံ့လ ၀ီရိယရှိစွာဖြင့် စီးပွါးဥစ္စာကို ရှာဖွေရမည်။
        (ခ)      ရလာသောဥစ္စာကို ယိုပေါက်မရှိအောင် စောင့်ရှောက်ရမည်။
        (ဂ)      ၀င်ငွေနှင့် ထွက်ငွေကို မျှတအောင် သုံးစွဲရမည်။
        (ဃ)    မိမိကို ကူညီနိုင်သော၊ မိမိအမှားကို လမ်းတည့်ပေးနိုင်သော မိတ်ဆွေကောင်းရှိရမည်။
           (ဆရာတော်အရှင်ဇ၀န ရေးသားတဲ့ ထေရ၀ါဒမှတ်ကျောက် စာအုပ်မှ)

Tuesday, 15 November 2011

men and women (ကိုယ်တိုင်တွေးမဟုတ်ပါ၊ ရှာတွေ့လို့ တင်ပေးတာပါဗျာ)

Men:

1. All men are extremely busy.
2. Although they are so busy, they still have time for women.
3. Although they have time for women, they don't really care for them.
4. Although they don't really care for them, they always have one around.
5. Although they always have one around them, they always try their luck with others.
6. Although they try their luck with others, they get really pissed off if the woman leaves them.
7. Although the woman leaves them they still don't learn from their mistakes and still try their luck with others.

Women:

1. The most important thing for a woman is financial security.
2. Although this is so important, they still go out and buy expensive clothes and stuff.
3. Although they always buy expensive clothes, they never have
something to wear.
4. Although they never have something to wear, they always dress
beautifully.
5. Although they always dress beautifully, their clothes are always just "an old rag".
6. Although their clothes are always "just an old rag", they still expect you to compliment them.
7. Although they expect you to compliment them, when you do, they
don't believe you.

Thursday, 20 October 2011

စေတနာနှင့်နေရာ



စေတနာနှင့်နေရာ
လူ့စိတ်ဟာ အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို လူတိုင်းမှာလည်း
စိတ်ကောင်းနဲ့စိတ်ဆိုးဆိုတာရှိပါတယ်။ တချို့ကလည်း လူ့စိတ်ဟာ
မျောက်နဲ့တူတယ်လို့ ဆိုတတ်ကြပြီး၊ လူ့စိတ်တွေ ဖောက်ပြန်ပြောင်းလဲနေတာ
ခန္ဓာကိုယ်တွင်းရှိတဲ့နတ်ဆိုးတွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။

မျောက်နဲ့တူတယ်ဆိုတဲ့ လူစိတ်က အခုအကောင်း၊ တော်ကြာတစ်မျိုးဖြစ်တတ်သလို၊
အဖွဲ့အစည်းတွင်း နိုင်ငံရေး Organizational Politics မှာလည်း
အခုကိုယ့်ဘက် ရပ်တည်နေပြီး ခဏနေတော့
အခြားဘက်ပြောင်းသွားတာမျိုးဖြစ်ပါတယ်။ ဒါကို သာကူးတွေလို့ဆိုကြပြန်ပါတယ်။

တချို့ကလည်း ကိုယ်ပိုင်အရည်အချင်းမရှိလို့ ကိုယ့် ရပ်တည်ရာ(Stand)
ကိုယ်မသိဘဲ နေရာရရှိရေး၊ အခွင့်အရေးရရေး၊ စားသောက်ရရေးအတွက်
ဒီလိုစိတ်ပြောင်းရတယ်လို့ ဆိုကြပြန်ပါတယ်။
စေတနာနှင့်နေရာမှာဆက်စပ်နေပြီး ပေါင်းစည်းချိတ်ဆက်ထားရန်လိုသည်။

စိတ်ဟာ ကောင်းကောင်းဆိုးဆိုး ဒီစိတ်ရဲ့မူလပိုင်ရှင်(အရှင်သခင်)ကတော့
ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကိုယ်ဆိုးလို့ စိတ်ဆိုးတာဖြစ်ပြီး၊
ကိုယ်ကောင်းရင် ကိုယ့်စိတ်ကလည်း ကောင်းနေမှာ ဖြစ်ပါတယ်။ စိတ်ကောင်းဖို့၊
စေတနာကောင်းဖို့လိုပါတယ်။

စေတနာဆိုတာ ကံလို့မြတ်စွာဘုရားက ဟောပြောဆုံးမပါတယ်။
ဒီတော့ စေတနာကောင်းရင် ကံကောင်းပြီး စေတနာယုတ်ရင် ကံဆိုးမှာ ဖြစ်ပါတယ်။
မြန်မာတွေ ဟာအစွန်းထွက်တဲ့ လူမျိုးလို့လည်း တချို့က
ဝေဖန်သုံးသပ်ပြန်ပါတယ်။ အားနာစရာရှိရင် မတရားကြီးကို အားနာနေတတ်ပြီး
မုန်းသွားပြီဆိုလည်း ရက်ရက်စက်စက်ကြီးကို မုန်းနေပြန်ပါတော့တယ်။

ဒါကြောင့် မြန်မာတွေကို ဆုံးမတဲ့ မြန်မာကြီးတွေက (မြန်မာပညာရှိတွေက)
ဆုံးမရင်ပဲဖြစ်ဖြစ်၊ ဆုံးမစာရေးရင်ပဲဖြစ်ဖြစ်၊ အစွန်းနှစ်ဖက်ထွက်တဲ့
အတိုင်းလိုက်ညှိပြီး ပြောဆိုဆုံးမထားကြတာကို လေ့လာတွေ့ရှိရပြန်ပါတယ်။
တစ်ရွာမပြောင်း သူကောင်းမဖြစ်နဲ့ သေချင်တဲ့ကျား တောပြောင်းဆိုတော့
ကိုယ့်ဘာသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ပါ။

စေတနာ

စေတနာသည်ကံလို့ဆိုတာမှာ ကိုယ်ပြဋ္ဌာန်းတဲ့စေတနာဟာ
ကံအဖြစ်ကိုယ့်ဆီပြန်လာမယ်လို့ ရည်ညွှန်းတာဖြစ်ပေမယ့် စေတနာထားရင်း
ခံလိုက်ရင်းဖြစ်တာတွေကို ကြုံရဖန်များတဲ့အခါများမှာတော့ စေတနာသည်
လူတိုင်းနှင့်မတန်ဆိုတာမျိုး ဖြစ်လာခဲ့ပြန်ပါတယ်။ တချို့ကလည်း
စေတနာအစစ်မဟုတ်လို့ ခံရတာလို့ပြောကြပြန်ပါတယ်။

စေတနာထားပါ၊ စိတ်ထားကောင်းပါဆိုတဲ့ စကားတွေဟာ အပြောလွယ်ပေမယ့်
အလုပ်ခက်ပါတယ်။ ကြာရှည်မဖောက်ပြန်ဘဲ စေတနာထားဖို့
စိတ်ထားကောင်းဖို့ဆိုရင် ပိုတောင်ခက်ပါတယ်။

လူ့စိတ်သဘောကိုက ယေဘုယျဆိုရင် အတုံ့အတင်သဘောကိုဆောင်ပါတယ်။ သူကောင်းမှ
ကိုယ်ကောင်းမယ်။ သူဆိုးရင် ကိုယ်ဆိုးမယ်လို့ သဘောရှိတတ်ကြပါတယ်။
စေတနာသဘောရင်းမှန်ကတော့ အဲဒီလိုမဟုတ်ရပေဘူး။

စေတနာဆိုတာကလည်း စိတ်ကလေးကဖြစ်လာတာဆိုတော့ စိတ်ရင်းကိုက
ကောင်းရမှာဖြစ်ပါတယ်။ စိတ်ရင်းကောင်းမှ စေတနာကလည်းသန့်ရှင်းမှာ
ဖြစ်ပါတယ်။ တချို့ကဆို အဲဒီစကားလုံးနှစ်လုံးတွဲဖက်လို့
စိတ်စေတနာလို့တောင်ခေါ်ကြတယ်။

စေတနာဆိုတာ ပါဠိက လာတာဖြစ်ပြီး၊ စေ့ဆော်တိုက်တွန်းတတ်သောတရား၊
သူတစ်ပါးအကျိုးကို လိုလားသောသဘောထားလို့ အနက်ရပါတယ်။

မိဘကသားသမီးအပေါ်၊ ဆရာကတပည့်အပေါ်၊ ဒီလိုပဲအပြန်အလှန် သားသမီးကမိဘအပေါ်၊
တပည့်က ဆရာအပေါ် စေတနာထားကြတယ်။ ချစ်သူချင်းစေတနာရှိကြတယ်။
သူငယ်ချင်းအချင်း ချင်းစေတနာထားကြတယ်။ ချမ်းသာသူက ဆင်းရဲသူအပေါ်
စေတနာထားတယ်။ အစိုးရက ပြည်သူ အပေါ်စေတနာထားတယ်။

စေတနာစိတ်က အရေးကြီးတယ်။ မိဘဆရာတို့က စေတနာက ဖြူသန့်တယ်။ သားသမီးတွေ၊
တပည့်တွေရဲ့ ကောင်းတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ် ဆိုးတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ်
စေတနာမပျက်ဘူး။ မတုန်လှုပ်ဘူး။ ကိုယ်ကစေတနာထားပါရက်နဲ့
မကောင်းတဲ့တုံ့ပြန်မှုပြန်ရလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေး၊ ထားရမယ့်
စေတနာဆက်ထားပေးနေတာပဲဖြစ်တယ်။

ကျန်သူတွေအချင်းချင်းကြားမှာတော့ စေတနာပျက်ယွင်းမှုတွေ
တူညီတဲ့တုံ့ပြန်မှုတွေရှိလာတတ်တယ်။ လူ့စိတ်ကလေးပီပီ ပြောင်းလဲကုန်တော့တယ်။
အထူးသဖြင့် စေတနာထားပါရက်နဲ့ နေရာနဲ့ယှဉ်လာတဲ့အခါ စေတနာပျက်ကုန်တတ်တယ်။

စေတနာနဲ့ နေရာပေးတယ်။ တလွဲတွေ လျှောက်လုပ်ပစ်တယ်ဆိုရင်
စေတနာပျက်သွားတတ်တယ်။ စေတနာနဲ့ မြေတောင်မြှောက်ပေး၊ ကူညီပေးတယ်။
နောက်ပိုင်းကိုယ့် ကိုယ်ပါထိခိုက်စော်ကားလာရင် စေတနာပွန်းပဲ့တတ်တယ်။

စေတနာထားတဲ့လူကလည်း စေတနာမှန်ဖို့လိုပြန်တယ်။
ကိုယ်ကိုယ်တိုင်စေတနာထားခဲ့ပြီးမှ
စေတနာအလျောက် အောင်မြင်သွားခဲ့ရင် နေရာတွေရသွားခဲ့ရင်
ကိုယ့်စေတနာကိုယ်တိုင်က ညိုပုပ်လာ တာမျိုးမဖြစ်သင့်ဘူး။
စေတနာနဲ့ယှဉ်တွဲနေတဲ့ မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာတို့ပါ တွဲစပ်ပါဝင်သင့်တယ်။
မဟုတ်ရင် ကိုယ့်စေတနာနဲ့ကိုယ်နောင်တရနေရင် မကောင်းပေဘူး။

နေရာ

နေရာဆိုတာ ဒီနေရာမှာ အ ဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေရဲ့
အရေးပါအရာရောက်တဲ့နေရာ၊
လုပ်ပိုင်ခွင့်ရှိတဲ့နေရာ၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့နေရာ၊
အမှုဆောင်အရာရှိနေရာတွေကို ပြောတာပါ။

တချို့နေရာက နေရာကောင်းရထားတယ်ဆိုရင် စီးပွားဖြစ်တဲ့နေရာ၊
ဝင်ငွေဖြောင့်တဲ့နေရာကိုခေါ်ပါတယ်။
ဒီအိမ်လေး၊ ဒီခြံလေး၊ ဒီဆိုင်လေးကနေရာကောင်းတယ်။ သူ့သားက၊ သူ့အဖေက
နေရာကောင်းရထားတယ်။ ရထားပေါ်မှာ၊ ကားပေါ်မှာ နေရာကောင်းရတယ်စသဖြင့်
ပြောတတ်ကြတယ်။

နေရာဟာအရေးကြီးတယ်။ တခဏတာအတွက်ပဲဖြစ်ဖြစ်၊ တစ်ဘ၀စာအတွက်ပဲဖြစ်ဖြစ် လူတွေက
နေရာကောင်းကို လိုချင်တတ်ကြတယ်။

နေရာရဖို့ကတော့ အဓိက ကြိုးစားကြရတာပါပဲ။ ဇာတ်ပွဲကြည့်ဖို့ဖြစ်ဖြစ်၊
စတိတ်ရှိုးကြည့်ဖို့ပဲဖြစ်ဖြစ်၊ မယ်ရွေးပွဲကြည့်ဖို့ပဲဖြစ်ဖြစ်
နေရာကောင်းရချင်ရင် စောစောစီးစီးလက်မှတ်ဝယ်၊ ဖျာဝယ်၊
စောစောစီးစီးသွားနေရာယူကြရပါတယ်။

လက်မှတ်တန်ဖိုးအလိုက်သတ်မှတ်တဲ့နေရာတောင် နေရာကောင်းရချင်ရင်
နည်းနည်းတော့ ပိုအားစိုက်၊ ပိုကြိုးစားရတာပါပဲ။ ဒါကငွေပေးပြီးနေရာယူတာ၊
နေရာဝယ်တာဖြစ်ပါတယ်။

ငွေပေးပြီးယူရတဲ့နေရာမဟုတ်တဲ့ ပညာနဲ့အရင်းတည်ကြိုး စားရတာမျိုး၊
ကိုယ့်အရည်အချင်းပြပြီး ဖန်တီးလုပ်ကိုင်ပြမျိုးဆိုရင်တော့ ပိုခက်သွားသလို
ပိုပြီးလည်း အားစိုက်ရပါတယ်။

စာရေးရေး၊ အလုပ်လုပ်လုပ် စေတနာထားလုပ်ကိုင်ရန်လိုသည်။

ပညာတို့၊ အရည်အချင်းတို့တည်ပြီး ကြိုးစားရတာမျိုးဆိုရင်
ခံစားအကဲဖြတ်တဲ့ပရိသတ်ရဲ့အဆင့်အတန်းနဲ့ ခံစားနိုင်မှုက အရေးကြီးသလို
အဲဒီအကဲဖြတ်ပုဂ္ဂိုလ်တို့ရဲ့စေတနာကလည်း သန့်ရှင်းဖို့လိုပါတယ်။
ထပ်ဆင့်ရှင်းအောင် ပြောရရင်တော့ အဂတိမလိုက်ဖို့လိုပါတယ်။

တော်သင့်သူကို တော်သင့်သလိုနေရာပေးရာမှာဖြစ်ပါတယ်။
ကိုယ့်အကျိုးဆောင်လို့၊ ကိုယ်သဘောကျလို့၊ ကိုယ်ချစ်လို့ဆိုပြီး နေရာတွေ
စွတ်ပေးလို့ မသင့်သလို အမြင်ကပ်လို့၊ မုန်းလို့ဆိုပြီး နေရာမပေးတာလည်း
မကောင်းပါဘူး။ စေတနာသန့်သန့်နဲ့ နေရာတွက်ချက်ပြီး ပေးရမှာဖြစ်ပါတယ်။

နေရာရသူဘက်ကလည်း ကြိုးစားရမှာတွေရှိ ပြန်ပါတယ်။ ကိုယ့်မှာနေရာရအောင်
အကောင်းဆုံးကြိုးစားခဲ့ပြီး (တစ်ခါတစ်ရံတော့ နည်းစုံကို သုံးခဲ့ရတတ်တယ်)
နေရာရခဲ့ပြီဆိုတော့ ဒီနေရာနဲ့ထိုက်တန်အောင်၊
ကိုယ့်ကိုရိုသေလေးစားကြအောင်၊ နေရာနဲ့ထိုက်တန်သူလို့
အကဲဖြတ်မှတ်ချက်ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ကိုယ်ရရှိတဲ့နေရာအလိုက်လည်း စေတနာအပြည့်နဲ့
လုပ်ကိုင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ စေတနာမပါဘဲ စေတနာမထားဘဲ
နေရာအလွဲသုံးစားလုပ်နေရင်လည်း မကောင်းပါဘူး။ ကြာရင် ခံရသူများက
စေတနာပျက်လာမှာ ဖြစ်ပါတယ်။ ခံရတဲ့သူတွေ စေတနာပျက်ရင် တစ်ခါကိုယ့်နေရာက
ပြန်ပြီးလှုပ်လာမှာ ဖြစ်ပါတယ်။

ဆိုချင်တာက နေရာနဲ့စေတနာ၊ စေတနာနဲ့နေရာက ဆက်စပ်နေပါတယ်။
ကိုယ့်လုပ်ရပ်ကိုယ့်စေတနာကြောင့် နေရာတွေရနိုင်သလို၊
နေရာသာယူပြီးစေတနာမပါ၊ လုပ်ရပ်မကောင်းရင်တော့
နေရာကြာရှည်မတည်မြဲနိုင်ပါကြောင်း တင်ပြရပါတယ် ။

Thursday, 29 September 2011

လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်



လူ့ဘ၀ကြီး၏အကြီးမားဆုံးသော အသိတရား (၁၄) ချက်


၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။

၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။

၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။

၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။

၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။

၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။

၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။

၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။

၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။

၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်း ဖြစ်သည်။

၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။

၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။

၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။

၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။

Tuesday, 27 September 2011

အလုပ်တွေငြီးငွေ့နေပြီလား



အလုပ်တွေငြီးငွေ့နေပြီလား?


တစ်နေ့ပြီးတစ်နေ့ဒီအတိုင်းပုံစံတိုင်း လည်ပတ်နေရလို့ ဒီအလုပ်တွေငြီးငွေ့နေပြီလား?
ဒီအတိုင်းလေးပြန်လုပ်ကြည့်ပါဦး

၁။ အတွေးအခေါ်ပြောင်းပါ
အလုပ်တွေအရမ်းလုပ်ပြမှ အသိအမှတ်ပြုခံရမယ်လို့ မယူဆထားနဲ့။ တစ်ယောက်တည်း ကျိတ်မလုပ်နဲ့။
စုပေါင်းလုပ်လိုတဲ့စိတ်ကိုရအောင်မွေး။

၂။ နားလည်အောင်လုပ်ပါ
ပတ်ဝန်းကျင်နဲ့ ၀င်ဆန့်အောင်နေ။ကိုယ်ကအားလုံးကိုမသိနိုင်ဘူး။ ဘယ်သူတွေသိတယ်ဆိုတာ သိအောင်လုပ်ထား။
အောင်မြင်တဲ့သူတွေ ဘာ့ကြောင့်အောင်မြင်တယ်ဆိုတာ သိအောင်ကြိုးစား။ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ်။

၃။ အတုယူ သာအောင်လုပ်
စံပြုထိုက်သူကို စံပြု နိုင်ရမယ်။ ကိုယ့်လမ်းမှာအတားအဆီးလုပ်နေသူဟာ ဘယ်သူလဲဆိုတာ သိအောင်လုပ်။
သူ့နေရာမှာ ငါဆိုရင်ဘယ်လိုလုပ်မယ် ဆိုတာကိုအမြဲတွေး။ အောင်မြင်တဲ့သူတွေ ဘာ့ကြောင့်အောင်မြင်တယ်ဆိုတာ ကို
သတိထား။ အတုယူ သာအောင်လုပ်။

၎။ အစွမ်းကိုပြနိုင်အောင်ကြိုးစား
ကိုယ့်ကိုယ်ပြန်သုံးသပ်ကြည့်။ အစည်းအဝေးတက်ရရင် ပြောစရာရှိရင်ထပြော ဆွေးနွေးစရာရှိရင်ဝင်ဆွေးနွေး
အခွင့်အရေးရရင်ရသလို လူသိအောင်လုပ်။ လုပ်ငန်းခွင်မှာ ကိုယ်ဟာ ဘယ်လောက်အထိ လုပ်ဆောင်နိုင်စွမ်းရှိသူပါဆိုတဲ့
အစွမ်းကိုပြနိုင်အောင်ကြိုးစား။

၅။ ၀င်မလေးနဲ့
ရင်ဆိုင်သင့်တာကိုရင်ဆိုင်ဖို့ ဘယ်တော့မှဝင်မလေးနဲ့။ နေရာလည်းပြောင်းသင့်ရင် ပြောင်း။ ကိုယ့်ဘ၀အတွက်
တစ်နေရာတည်းမှာတွယ်ကပ်နေဖို့ မလိုဘူး။ တက်ဖို့လမ်းကို အမြဲရွေးထားရမယ်။

၆။ အပြုံးနဲ့ရင်ဆိုင်
အောင်မြင်ခြင်းရဲ့အချက်ခြာတိုင်းမှာ ဆက်ဆံရေးပြေပြစ်ခြင်း ကလည်းအရေးပါတယ်။ ဝေဖန်တာကိုလည်း ခံနိုင်
ရမယ်။ အပြုံးနဲ့ အရာရာကိုရင်ဆိုင်နိုင်ရမယ်။

၇။ ကြိုဆိုပါ
ကိုယ့်လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ လူသစ်တွေကို ကူညီပါ၊ လမ်းညွှန်ပါ စောင့်ရှောက်ပါ။ ကိုယ်သိထားတာတွေကို
မျှဝေပါ။

၈။ ရှုံးနိုမ့်မှာကိုမကြောက်နဲ့
အလုပ်လုပ်တယ်ဆိုရင် အောင်မြင်နိုင်သလို ရှုံးနိုမ့်နိင်တာပဲ။ ဒါသဘာဝပဲ။ ဒါကြောင့် ရှုံးနိုမ့်မှာကိုမကြောက်နဲ့။
ဘာကြောင့် ရှုံးနိုမ့်တယ်ဆိုတာကို သိအောင်လုပ် သင်ခန်းစာယူပြီး နောင်မဖြစ်အောင်လုပ်။ ဒါအဓိကပဲ။

၉။ အနားယူပါ
၂၄နာရီလုံး အလုပ်တစ်ခုတည်းကိုပဲ ခေါင်းထဲမထည့်ထားပါနဲ့။ စိတ်ကိုအနားပေးပါ။ သူငယ်ချင်းတွေနဲ့ ထွေရာလေးပါး
စကားပြောတာမျိုး ရုပ်ရှင်သွားကြည့်တာမျိုး အချိန်ပေးနိုင်ရင် အပန်းဖြေ ခရီးထွက်တာမျိုး လုပ်ပါ။ နားနေချိန်မှာ စိတ်လွတ်
ကိုယ်လွတ် အနားယူပါ။

၁၀။ မိသားစုအတွက်အချိန်ပေးပါ
မိမိရဲ့မိသားစုအတွက် တက်နိုင်သမျှအချိန်ပေးပါ။ အနည်းဆုံး မိသားစုနဲ့အတူ ညစာစားပါ။ မိသားစုထမင်းဝိုင်းက
ရရှိလာမယ့် ပျော်ရွှင်စရာလေးတွေကိုအလေးထားပါ။ တစ်ခါတစ်ရံမိသားစုလိုက် ပျော်ပွဲစားထွက်တာမျိုး လုပ်ပေးပါ။ှ

၁၁။ ဘာသာရေးလိုက်စားပါ
ဘာသာရေးလိုက်စားတာဟာ စိတ်ဖိစီးတာကိုသက်သာစေပါတယ်။ စိတ်ဖိစီးမှုက လူကိုချုံးကျသွားစေနိုင်တယ်။
ဒါ့ကြောင့် ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာမျိုးတွေက လုပ်ဖို့လိုအပ်တယ်။

၁၂။ အမြင်ရှင်းအောင်နေပါ
မိမိရဲ့အလုပ်ကိုနားလည်အောင်လုပ်ပါ။ အောင်မြင်အောင်လုပ်ပါ။ ဆုံးရှံးခြင်းကြုံလာရင်လည်းစိတ်မပျက်ပါနဲ့။အမြင်ရှင်းရှင်းနဲ့ စဉ်းစားတွေးခေါ်ပါ။

ဒါကတက်ကျမ်းမဟုတ်ပါဘူး။ ဒီလိုလည်းမယူဆစေချင်ပါဘူး။ ဒီစာကိုဖတ်လို့အကျိုးရှိမယ်ဆိုကျေနပ်ပါတယ်။
Forward mail တစ်ခုမှဝေမျှပါသည်။

Monday, 26 September 2011

မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်



မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်
၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ
ပေးကမ်းလိုက်ပါ။ 
၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို
့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။ 
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။ 
၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။ 
၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို
ကြည့်ပြီးမှပြောပါ။ 
၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။ 
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။ 
၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ
ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်
အများကြီးမအောင်မြင်နိုင်။ 
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်
စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး
ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ 
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။ 
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။ 
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။ 
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။ 
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ
နက်ရှိုင်းသောစွန့် စားမှု ပါဝင်နေသည်ကို သတိရပါ။ 
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။ 
၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို
မထိခိုက်ပါစေနှင့်။ 
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။ 
၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။ 
၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။

Wednesday, 14 September 2011

ဟုတ်တော့ဟုတ်သလိုပဲ(ဖတ်ရင်းတွေးနော်)



“ ကျွန်

ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။
ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။
သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။
တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။
ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ်) ဆိုသူတွေ ပေးတဲ့နာမည်တွေ ပဲ ရှိကြတယ်။
အမေပြောတော့ အလုပ်လုပ်ရင် ကြီးပွါးမယ်ဆို။
အလုပ်လုပ်လေ ပိုခိုင်းလေလေပဲ အမေ။
ကျွန်ဖြစ်လေလေပဲ အမေရဲ့ ။
လူအချင်းချင်းဆိုတဲ့ အသိသူတို့ မှာ မရှိဘူး အမေ။
သွေးစုပ်ဖို့ ပဲ သူတို့ သိတယ်။
အမေရယ်ကျွန်တော်လည်း အစကတော့
ချစ်သူရဲ့ မျက်နှာသုတ်ပုဝါလောက် ဖြစ်ဖို့ မှန်းပြီးထွက်ခဲ့တာပေါ့။
အခု ဖြစ်လာတာက အားလုံးရဲ့ ခြေသုတ်ပုဆိုး
မရှိသေးတဲ့ အစွယ်တောင် ကျိုးခဲ့ပြီ်။
ခုတော့ကျွန်တော့် အသည်းနှလုံးကလည်း
ကျွန်အချင်းချင်တောင် ပြန်မစုပ်ချင်တဲ့
သရက်စေ့ တစ်စေ့ပေါ့။
ကိုယ့်ကိုယ်ကို ကျွန်လို့ သုံးလို့ မငိုလိုက်ပါနဲ့ အမေရယ်။
သူတို့ ဒေါသလေးတစ်ချက်ထွက်ရုံနဲ့ 
ရာဘာခင်းထဲ ရက်ရက်စက်စက် အသတ်ခံရနိုင်တာဆိုတော့
ကျွန်တော်တို့ အသက်တစ်ချောင်းက
ရာဘာပင် တစ်ပင်လောက်တောင်တန်ဖိုးမရှိဘူး
အမေ။
သူတို့ အချစ်တော် ကြောင်တစ်ကောင်လောက်တောင် တန်ဖိုး မရှိဘူး။
ဒါကို ကိုယ့်ကိုယ်ကို သခင်လို့ မျက်လုံးစုံမှိတ်ပြီး ကြွေးကျော်နေရမှာလား။
အနာရှိတာကို လက်ခံမှ ဆေးထည့်လို့ ရမှာပေါ့ အမေ။
လူတွေ ပြောတော့မြန်မာ အချင်းချင်း ရိုင်းပင်းတယ်ဆို။
ကောင်းတဲ့သူတွေ လည်း အများကြီး ရှိပါတယ်။
တချို့ ကတော့ တော်တော့်ကိုဆိုးတယ်။
ကျွန်တော်တို့ ရွှေလို့ခြုံငုံခေါ်နေတဲ့အထဲက တစ်ချို့ ကပဲ
အချင်းချင်း ရောင်းစားနေကြတာ အမေ။
တိုင်းပြည်မီးလောင်လို့ အချင်းချင်းချနင်းရက်တာလား။
ဘာပဲဖြစ်ဖြစ် သူတို့ လူစိတ်မရှိတာ ကတော့သေချာပါတယ်။
ရွှေဆိုတဲ့ စကားလုံးကအကုန်လုံးနဲ့ တော့မတန်ဘူး အမေ။
သူတို့ ကို ရွှေစာရင်းထဲက ကျွန်တော်ထုတ်တယ်။
ဟိုတလောက စာအုပ်ထဲမှာ ဖတ်လိုက်ရတယ်အမေ။
လင်ကွန်းဆိုတဲ့ သူက ကျွန်စနစ် ပပျောက်အောင်လုပ်ပေးခဲ့သတဲ့။
ဘယ်မှာ ဟုတ်လို့ လဲ အမေရယ်။
သားတို့ ကိုလာကြည့်စမ်းပါ။
သူလုပ်နိုင်ခဲ့တာ သူ့ နိုင်ငံကွက်ကွက်လေးပဲ
သူ့ ကိုလေးစားပေမယ့်ကျွန်တော်တို့ အတွက်တော့ သူက
သမိုင်းတင်လောက်အောင် မစွမ်းသေးပါဘူးအမေရယ်။
လူ့ အဖြစ်က ရခဲတယ်ဆို။
ရခဲ တာပဲ ကောင်းပါတယ် အမေ။
ကျွန်တော် လူမဖြစ်ချင်တော့ဘူး။
ကျွန်တော် ငှက်တွေကို ငေးကြည့်မိတယ် အမေ။
ငှက်အချင်းချင်း အမျိုးအနွယ်မတူလို့ ရက်စက်ကြတာမရှိဘူးအမေ။
ငှက်တွေမှာ ပြည်တွင်းစစ်မရှိဘူး။
ငှက်တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ မရှိဘူး။
ငှက်တွေမှာ ကိုယ့်အသိုက်အမြုံကို ဗိုလ်ကျပြီး အတင်းရွှေ့ ခိုင်းတာမျိုး မရှိဘူး။
ငှက်တွေ ကံဆိုးမိုးမှောင်ကျပြီး လှောင်အိမ်ထဲမှာ နေရရင်တောင်
သူတို့ သခင်က သူတို့ ကို အချစ်နဲ့ လှောင်ထားတာ။
ကျွန်တော်တို့ ကတော့ အမုန်းနဲ့ လှောင်ထားခြင်းခံရတယ်။
မေတ္တာ အရမ်းငတ်တယ် အမေရယ်။
ကမ္ဘာ့ ခေါင်းဆောင်တွေကလည်း
ကျွန်တော်တို့ ငိုသံတွေ ဘယ်လောက်ကျယ်ကျယ်
အမျိုးသား အကျိုးစီးပွါးဆိုတဲ့ စကားလုံးအောက်မှာ
နားမကြားကြဘူး ထင်ပါရဲ့ ။
လူ့ အခွင့်အရေးဆိုတဲ့ ပန်းဟာ
ဖိနှိပ်သူတွေရဲ့ နှုတ်ခမ်းမှာ မပွင့်ဘူး အမေ။
ကျွန်စနစ်ဟာ
စာရွက်ပေါ်မှာတောင်မှ
မပပျောက်သေးပါဘူး အမေရယ်။


(ကောင်းကင်ကို)

The geratest


Posted by SLIP in The Greatest
  • ပညာအရှိဆုံးပုဂ္ဂိုလ်သည် ............................ ဘုရားသခင်
    Greatest knowledge .............................. God
  • အကောင်းမွန်ဆုံး နေ့ထူးနေ့မြတ်သည်............. ယနေ့
    The best day ...................................... Today
  • အကြီးမားဆုံး အမှားသည် .......................... လက်လျှော့လိုက်ခြင်း
    The greatest mistake ............................ Giving up
  • အကောင်းဆုံးလက်ဆောင်သည် ................... ခွင့်လွှတ်ခြင်း
    Best gift .............................................. Forgiveness
  • အကြီးမားဆုံးသော ပျက်ဆီးမှုကို ပေးတာ ........ စိုးရိမ်ပူပန်ခြင်း
    The most destructive habit ................... Worry
  • အမြင့်မားဆုံး ကျေနပ်ပျော်ရွှင်မှုသည် ............. ပေးကမ်းခြင်း
    The greatest joy ................................. Giving
  • အဆိုးဆုံးသော ဆုံးရှုံးရခြင်း အကြောင်းအရင်းသည် ........ မျက်စိစုံမှိတ် ယုံကြည်ခြင်း
    The most endangered species ........................... Dedicated leaders
  • အထူးခြားဆုံးသော သဘာဝ စွမ်းပကားသည် ... ငယ်ရွယ်နုပျိုမှု
    Our greatest natural resource .............. Our youth
  • အကောင်းဆုံးသော အားဆေးမှာ .................. အားပေးစကား
    The greatest “shot in the arm” ............... Encouragement
  • ပြဿနာများကို ဖိတ်ခေါ်တဲ့ အကြီးမားဆုံး အရာမှာ ............ ကြောက်ရွံ့ခြင်း
    The greatest problem to overcome ........................ Fear
  • အစွမ်းထက်ဆုံး အိပ်ဆေးသည် ..................... စိတ်တည်ငြိမ်မှု
    The most effective sleeping pill .............. Peace of mind
  • နာကျင်မှုများကို ကျဆင်းစေသည့် ................. ခွင့်လွတ်ခြင်း
    အကောင်းဆုံးနည်းလမ်းမှာ
    The most crippling disease ...................... Excuses
  • ဘ၀တွင် ခွန်အား အကြီးမားဆုံး သည် ............ မေတ္တာတရား
    The most powerful force in life .............. Love
  • အဆုံးစွန်ဆုံးသော ယုံကြည်ချက်ကို ပျက်စီးစေတာ ........ အတင်း၊ အဖျင်း စကား
    The most destructive pariah ............................ Gossip
  • အကောင်းဆုံး ကွန်ပျူတာသည် .................... လူသားတို့၏ ဦးနောက်
    The most incredible computer ............... The human brain
  • မရှိလို့ မဖြစ်တဲ့အရာ .................................. မျှော်လင့်ချက်
    The worst thing to be without ................ Hope
  • အပြင်းထန်ဆုံးသော လက်နက် ..................... လျှာ
    The deadliest weapon ............................ The tongue
  • တန်ဖိုးအရှိဆုံး စကားနှစ်လုံးမှာ ..................... ငါ ကွ
    The two most powerful words ................ Can do
  • အထူးခြား အဖိုးတန်ဆုံးအရာမှာ .................... ယုံကြည်မှု
    The greatest asset ................................ Faith
  • တန်ဖိုးအမဲ့ဆုံး ခံစားမှု မိမိကိုယ်ကို .................. သနားခြင်း
    The most worthless emotion ................... Self-pity
  • အဆိုးရွားဆုံးသော ဆုံးရှုံးမှုသည် .................... မိမိကိုယ်ကိုယ် လေးစာမှု
    The worst thing you can lose ................. Self-respect
  • ကျေနပ်စရာအကောင်းဆုံး လုပ်ဆောင်မှုမှာ ....... ကူညီပေးခြင်း
    The most satisfying work ......................... Helping others
  • အဆိုးရွားဆုံး ကိုယ်ကျင့်တရား ....................... တစ်ကိုယ်ကောင်းဆန်ခြင်း
    The ugliest personality trait ..................... Selfishness
  • အလှပဆုံးသော အဆောင်အယောင်မှာ ............ အပြုံး
    The most beautiful attire ......................... A smile!
  • အောင်ပွဲရရန် အဓိက လိုအပ်မှု ....................... ရိုးသားဖြောင့်မတ်ခြင်း
    The most prized possession ...................... Integrity
  • အကြီးမားဆုံးသော ..................................... အတ္တမာန
    ဆုံးရှုံးမှုကို ပေးသည့် အတားအဆီး
    Greatest stumbling block .......................... Egotism
  • ကူးစက်မှု အမြန်ဆုံးသော စိတ် ...................... စိတ်အားထက်သန်မှု
    The most contagious spirit ...................... Enthusiasm
  • အစွမ်းထက်ဆုံးသော ................................... မေတ္တာပို့ခြင်း
    ပေါင်းသင်းဆက်ဆံရေး ကိုခိုင်မြဲစေတာ
    The most powerful communication ............ Prayer

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More