တောင်သာသားလေးတို့ အသက်တွေတစ်နှစ်ပိုကြီးလာပြီပေါ့။ ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာ ၀မ်းသာမှု၊ ၀မ်းနည်းမှုတွေ ကိုယ်စီကြုံခဲ့ရမှာပါ။ ပြန်ပြီးတော့ အတိတ်ကိုကြည့်လိုက်ရင်းနဲ့ ပျော်ရွှင်စရာ အကြောင်းအရာလေးတွေ၊ ရင်နင့်အောင်ခံစားရတဲ့ ဒဏ်ရာဟောင်းတွေက လက်ပြနှုတ်ဆက်နေကြမှာပါ။ ဘယ်လိုပဲကြုံကြုံ တွေ့၊ ဆုံ၊ ကြုံ၊ ကွဲ ဆိုတဲ့ မလွန်ဆန်နိုင်တဲ့ လောကနိယာမကြီးအောက်မှာ မင်းသားဇာတ်ရုပ်ကြရင် မင်းသားလေးလို၊ လူကြမ်းဇာတ်ရုပ်ကြရင် လူကြမ်းကြီးလို ကိုယ်စီကိုယ်ငှ သရုပ်ဆောင်ပေးနေရတာပါ။
ကဲ--အတိတ်က အကြောင်းတွေကို အတိတ်မှာပဲ ထားလိုက်ကြရအောင်လာဗျာ။ လာမည့်အနာဂါတ်အတွက် မျှော်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားကြရင် မကောင်းဘူးလားဗျာ။ ပျော်ရွှင်စရာနှစ်သစ်နှင့်အတူ အတွေးသစ်၊ အမြင်သစ်၊ စိတ်သစ်၊ လူသစ် တွေနဲ့ နှစ်သစ်ကို ကြိုဆိုကြပါစို့လို့ တိုက်တွန်းနှိုးဆော်ရင်း......။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment