Tuesday 27 December 2011

(လုံးကြီးတင်၊ ၀ဆွဲ) စသိတဲ့အရွယ်

   တောင်သာသားလေးတစ်ယောက် စာမေးပွဲတွေပြီးလို့ အချိန်လေးနည်းနည်းလေးရလို့ အိမ်လေးဆီ ပြန်ရောက်လာခဲ့ပါပြီ။ ဒီတစ်ခါတော့ စဉ်းစားမိတယ်ဗျ။ ဘာလဲဆိုတော့ စာလေးပုံမှန်ရေးဖြစ်အောင် အခန်းဆက်လေးရေးရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ဒီတော့လည်း ပြသနာက ဘာအခန်းဆက်ရေး ရမလဲပေါ့။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့စိတ်နဲ့၊ ကလောင်လေးသွေးချင်တဲ့စိတ်နဲ့ ရေးလိုက်မိတာမို့ အမှားတွေပါသွားခဲ့ရင် နားလည်ပေးကြပါလို့ ချစ်သောအကို၊ အမများကို ရိုသေစွာ တောင်းပန်ရင်း.......။

(လုံးကြီးတင်၊ ၀ဆွဲ) စသိတဲ့အရွယ်
   မနက်မိုးလင်းတာနဲ့ အရှေ့မိုးကောင်းကင်ယံမှာ နေမင်းကြီးက အလင်းတွေအစွမ်းကုန် ထွန်းလင်းတောက်ပ ဖို့ တာစူနေလေရဲ့။ အညာနွေရဲ့ ဂုဏ်အင်္ဂါတွေလိုပဲ ပြောရမှာလားမသိတော့။ နေလေးနည်းနည်းထွက်လာတာနဲ့ ပူအိုက်နေတော့တာပဲ။ ဒီအချိန်မှာ စိုးရိမ်သောက ဖြစ်နေတာကတော့ ဘိုသူရဲ့မေမေပါပဲ။ ဘိုသူလေးတစ်ယောက်အတွက် ဒီနေ့က ကျောင်းသားဘ၀ရဲ့ပထမဆုံးနေ့။ ဘိုသူလေးကပျော်နေပေမယ့် မိခင်ဖြစ်သူကတော့ မပျော်နိုင်။ ပူပြင်းလွန်းတဲ့ နေမင်းကြီးအရှိန်ကြောင့် ချစ်သောသူ့ရဲ့သား နုနုလေးကို မပင်ပန်းစေချင်လို၊ မိဘရင်ခွင်ထဲက မသွားစေလို၊ စိတ်မချ ဖြစ်နေတော့တာပါ။
    သို့ပေမယ့် ဟိုအတိတ်အကြောင်းတွေကို ပြန်တွေးရင်း စောစောက တွေးပူ သွေးဆူနေတဲ့ စိတ်တွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တာပါ။ မိမိတို့တုန်းက မသင်ခဲ့ဖူးတဲ့ ပညာတွေ၊ အသိရှိခဲ့တဲ့ အသိတွေ ငါ့သားသမီးတွေ သိရမယ်ဆိုတဲ့ အတွေးတွေကြောင့်ထင်။
   ဘိုသူလေးတစ်ယောက်ကတော့ ဘောင်ဘီတိုအစိမ်းလေး၊ ကျောင်းဖြူလက်တိုလေး၊ လွယ်အိတ်ကလေးရယ်က ဘုရင်းတစ်ပါး မင်းမြှောက်တန်ဆာ(၅)မျိုး ဆင်မြန်းထားသလို စိတ်ထဲမှာထင်နေပါတော့တယ်။ ဘိုသူလေးတစ်ယောက်အတွက် မိခင်ဖြစ်သူက ကျောင်းစစတတ်တဲ့နေမှာ မျက်နှာမငယ်ရအောင် တခြားကျောင်းသားများနည်းတူ မုန်းစားတဲ့အချိန်မှာ စားနိုင်အောင် နှစ်ချို့(၅)ကျပ်တန်လေး တစ်ရွက် အတွင်းခံအိပ်ကပ်ထဲမှ အသားကုန်ဆွဲထုတ်နေလေရဲ့။ ဘယ်နေ့ ဘယ်ရက် ကတည်းက ထည့်ထားတယ်မသိ။ စုထားတယ်မသိ။ ဟောင်းနွမ်းနေတာတော့အမှန်ပါ။ သို့ပေမယ့်လည်း ပိုက်ဆံလေးကိုတော့ ဘိုသူလေးတစ်ယောက် တန်ဖိုးထား၊ မြက်နိုးနေမိပါတယ်။ 
    အကိုအကြီးဆုံးကို တတွတ်တွတ်မှာနေတဲ့မေမေ။ မိဘရင်ခွင်ကနေ (၁၀)နာရီလောက် ခွဲခွါသွားမယ့် သားငယ်လေးကို စိတ်မချနိုင်။ ဘိုသူတို့ မူလတန်းကျောင်းလေးက တောကျောင်းလေးတစ်ကျောင်း။ ဘိုသူတို့နေတဲ့ ရွာကလေးနဲ့ဆို (၃)မိုင်လောက်ဝေးသည်။ မိခင်တစ်ယောက်စိတ်မချနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ နုနယ်လွန်းတဲ့ အရွယ်၊ (၅)နှစ်သားလေးတစ်ယောက် (၃)မိုင်လောက်ခရီးကို ခြေကျင်သွားရမည်ဆိုတာကို မိခင်စိတ်ရှိတဲ့ မိခင်တိုင်း စာနာနိုင်မည်ထင်ပါသည်။ 
   ပျော်ရွှင်မှုတွေရဲ့စွမ်းအားတွေကြောင့်လား၊ အကိုကြီးရဲ့ တခါတရံဂွမ်းပိုးမှုတွေကြောင့်လား မသိ။ လျောလျော ရှုရှု ချစ်သောကျောင်းတော်ကြီးကို ရောက်သွားလေရဲ့။ ဘိုသူလေးရဲ့မူလတန်းကျောင်းလေးက ကျောင်းတတ်ခေါင်းလောင်းသံမထိုးပါ။ သို့ပေမယ့် ကျောင်းတတ်ပြီဆိုရင် ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို ပြောလိုက်တာပါ။ မောင်ကျောင်းသား ကျောင်းတတ်ချိန်လို့ အော်လိုက်ကွာလို့။
အဲ့ဒီအချိန်မှာပဲ စောစောက မောင်ကျောင်းသားက ကျောင်းတတ်ချိန်၊ ကျောင်းတတ်ချိန် ဆိုပြီး ဆော်သြော်လိုက်ပါတော့တယ်။ အဲ့ဒီနှိုးစက်ကတော့ ဘိုသူလေး တတ်နေတဲ့ မူလတန်းကျောင်းလေးရဲ့ ကျောင်းတတ်နှိုးဆော်မှုပါ။ သူများတွေနည်းတူ ခုံးတန်းလေးမှ ၀င်ထိုင်မိသည်။ အဲ့ဒီအချိန်မှာ အသားညိုညို၊ အရပ်မမြင့်တမြင့်၊ သွားလေးများပေါ်အောင် ပြုံးရင်း ဘိုသူလေးတို့ အတန်းထဲကို ၀င်လာတာတော့ ဆရာတစ်ယောက်။ ဆရာလှအောင်တဲ့။ စိတ်ထဲမှာ မှတ်ထားမိတယ်။ အဲ့ဒါ ဘိုသူလေးတို့ရဲ့ အတန်းပိုင်ဆရာ။
   ခဏမျှမိတ်ဆက်ပြီး စာသင်ပါတော့သည်။ က၊ ခ၊ ဂ၊ ဃ၊ င။ အော်လိုက်ကြပါသည်။ အသံကိုမနှမြော။ အဲ့လိုအော်ရတဲ့ အရသာကိုက မူလတန်းကလေးဘ၀။ က၊ ခ၊ သင်နေရင်းနဲ့ ဆရာက မောင်ကျောင်းသားတို့ကို အမြည်းလေး သင်ပေးမယ်တဲ့။ အဲ့ဒါက ဘာလဲဆိုတော့ လုံးကြီးတင်ဆိုတာ ဒါမျိုးလေးကွ၊ ဒီလိုလေးဆွဲရတာ၊ ၀ဆွဲလေးကလည်း ဒီလိုလေးကွ၊ သူကျတော့ ဒီလိုလေးဆွဲရတယ် မောင်ကျောင်းသားတို့။ အဲ့ဒါလေးကို ဘိုသူလေးတစ်ယောက် ကျောက်သင်ပုန်းလေးမှာ ဆွဲမိတော့ပါတယ်။ ကျောက်သင်ပုန်းဆိုတာ စာမျက်နှာ နှစ်ဖက်ပဲပါတဲ့ အရာလေးတစ်ခုပါ။ စာမျက်နှာ နှစ်ဖက်ပြည့်သွားပြီဆိုရင် ပြန်ဖျတ်ပြီး ရေးရတဲ့အမျိုး။ သို့ပေမယ့် ဘိုသူလေးတစ်ယောက် လုံးကြီးတင်၊ ၀ဆွဲလေး ရေးထားတဲ့ စာမျက်နှာလေးကို မဖျက်ရက်။ နှမြောလွန်းသည်။ ထို့ကြောင့် မဖျက်တော့ပဲ တခြားတစ်ဖက်ကိုပဲ ထပ်တလဲလဲ သုံးမိပါတော့တယ်။
   အကြောင်းတစ်ခုရှိသည်။ ကျောင်းသားဘ၀ပထမဆုံးနေ့မှာ ဘာလေးသင်ခဲ့ရတယ်ဆိုတာ ဘိုသူလေးတစ်ယောက် ချစ်သော မေမေနဲ့ဖေဖေကို ပြောပြချင်မိသည်။ ရေးထားတဲ့ ကျောက်သင်ပုန်းထဲက စာလေးတွေကို ပြချင်နေမိသည်။ ထိုအချိန်မှာပဲ ကျောင်းသားတစ်ယောက်၏အော်သံကို ကြားလိုက်ရသည်။ ကျောင်းဆင်းချိန်၊ ကျောင်းဆင်းချိန် တဲ့။ ကျောက်တံ၊ ကျောက်သင်ပုန်းတွေကို ကိုယ်စီသိမ်းနေကြပါတော့တယ်။ မင်္ဂလာပါဆရာ၊ နုတ်ဆက်ပါတယ် ဆရာဆိုတဲ့ စကားလေးကိုလည်း အခုအချိန်ထိ မေ့မရနိုင်။ ပါးစပ်ထဲမှာ အာသီသရှိရှိ ရွက်နေမိသည်။ အတန်းထဲက ထွက်ပြီး အကိုကြီးကို ရှာနေမိသည်။ ဟော-- တွေ့ပြီ အကိုကြီးနဲ့ အကိုလတ်။ ပြိုင်တူထွက်လာကြသည်။ ငါ့ညီလေး အဆင်ပြေပ့ါမလားဆိုတဲ့ စိတ်တွေကိုယ်စီနဲ့ထင်။ ဘိုသူလေးတစ်ယောက် အပြေးလေးသွားမိသည်။ အကိုကြီးနှစ်ယောက်ကို ဘယ်၊ ညာတစ်ဖက်ဆီ လက်ဆွဲရင်း မိဘအေးရိပ်ဆီကို ပြန်လာပါတော့တယ်။
   အိမ်ပြန်ရောက်ရောက်ချင်း မိခင်နဲ့ ဖခင်ဆီကို အရင်ပြေး၊ ကျောင်းဝတ်စုံကို မလဲနိုင်သေး။ ဘာတွေသင်လိုက်သည်၊ ဘာတွေရေးလိုက်သည်ဆိုတာကို ပြောပြချင်တဲ့ ဆန္ဒတွေက ဖိုးသကြားတားမရနိုင်ဘူးထင်။ မေမေနဲ့ဖေဖေ ဆရာလှအောင်က ပြောတယ်။ လုံးကြီးတင်ဆိုတာ ဒီလိုကြီးတဲ့။ ၀ဆွဲကတော့ ဒီလိုလေးတဲ့။ ပါးစပ်ကအမြုပ်ထွက်မတတ် ပြောပြနေမိတော့သည်။ မေမေနဲ့ ဖေဖေတို့ကို ကြွားပြီးပြီဆိုတော့ အိမ်ဘေးက အန်တီတို့ အိမ်ကို ထပ်သွားကြွားရပြန်သည်။ အေးပါကွယ် ငါ့တူလေးတော်လိုက်တာ။ ရော့ မုန့်စားအုံးဆိုတဲ့ အန်တီရဲ့ ချိုမြိန်တဲ့အသံလေး။ အဲ့ဒီအခါကျမှ မိမိဝမ်းက အကြောင်းကြားသည်။ ငါဗိုက်ဆာနေပြီတဲ့။  ဘိုသူလေးတစ်ယောက်ရဲ့ကျောင်းသား ပထမဆုံးနေ့လေး ခုထိမေ့မရနိုင်။ ဘယ်သောအခါမှ မေ့နိုင်မည်လည်းမထင်......။ 
                                                             ဆက်လက်ကြိုးစားပါအုံးမည်....
                                                             တောင်သာခရီးသည်












0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More