03:33
တောင်သာသားလေး
၂၀၁၃-ခုနှစ်၊ မေလ(၂၇)ရက်၊ တနင်္လာနေ့။
နာရီနှိုးစက်သံ၏အချက်ပေးမှုကြောင့် ကျွန်တော်အိပ်ယာမှ ကပျကယာထလာမိသည်။ အခန်းပြတင်းပေါက်မှ ရာသီဥတုအခြေအနေကို အကဲခတ်နေရင်း အင်တာနက်မှလည်း ယနေ့ရာသီဥတု အခြေအနေ ကို ကြည့်နေမိသည်။ ယနေ့မူကာ ကျွန်တော့်မာစတာကျောင်းသားဘ၀ ၏ နောက်ဆုံးအတားအဆီး၊ အခက်အခဲဖြစ်သည့် စာတမ်းဖတ်ရမယ့်နေ့ဖြစ်သည်။
မနက်(၀၉း၃၀)နာရီအရောက် စာတမ်းဖတ်ရမည့်အခန်းသို့ သွားရမည်ဖြစ်၍ မနက်(၀၈း၀၀)နာရီကတည်းက ပြင်ဆင်စရာများကိုပြင်ဆင်ပြီး ရေမိုးချိုးမိနေသည်။ (၀၉း၀၀)နာရီတွင် ကျွန်တော်နေထိုင်ရာအခန်းမှ ကျောင်းတော်ကြီးသို့ (၁၅)မိနစ်ခရီးကို ခြေကျင်တတန်၊ ကားတတန်ဖြင့် ခရီးနှင်ခဲ့သည်။ (၁၀)မိနစ်ခန့်ကြိုရောက်နှင့်နေ၍ စာတမ်းဖတ်မည့်အခန်းပေါက် ၀တွင် ခေတ္တစောင့်နေရ သေးသည်။ (၀၉း၃၀)နာရီတွင် ကျွန်တော်တို့ Supervisor ရောက်လာပြီး အခန်းတံခါးဖွင့်၊ အသုံးပြုမည့်ကွန်ပျူတာများနှင့် ပရိုဂျတ်တာများပြင်ဆင်ခြင်း နှင့် စာတမ်းဖတ်မည့်ကျောင်း သားများ၏ စာတမ်းများကို ကွန်ပျူတာထဲတွင် ဖိုင်တစ်ဖိုင်တည်ဆောက်ပြီး အစီအရီထည့်စေသည်။ မကြာမီတွင် ကျွန်တော်တို့မာစတာဘုဒ်ဥက္ကဌနှင့်အဖွဲ့ဝင်များရောက်ရှိလာပြီး စာတမ်းဖတ်ခြင်းကို စတင်ပါတော့သည်။
ကျွန်တော့်အလှည့်မှာ (၈)ယောက်မြောက်ဖြစ်၍ သူငယ်ချင်းများအား ဓါတ်ပုံရိုက်ပေးခြင်း၊ ဗွီဒီယိုရိုက်ပေးခြင်းများဖြင့် ကူညီဆောင်ရွက်နေရသေးသည်။
(၁၁)နာရီဝန်းကျင်တွင် ကျွန်တော့်အလှည့်ရောက်လာသည်။ အောက်မှာထိုင်၍နားထောင်စဉ်ကတည်းက ဘုဒ်အဖွဲ့ဝင်ဆရာတစ်ယောက်သည် အသက်ကြီးပြီး စကားတိုးတိုးသာ မေးတတ်သောအကျင့် ရှိသောကြောင့် ကျွန်တော့်စာတမ်းဖတ်ပြီး၍ မေးခွန်းများမေးလျှင် ဤဆရာ မမေးပါစေနှင့်ဟု ဆုတောင်းနေမိသော်လည်း ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်အလှည့်တွင် ပထမဆုံးမေးသူမှာ ၄င်းဆရာဖြစ်သည်။
ကံကောင်းချင်၍ မေးခွန်းကိုနားလည်ပါသော်လည်း ကံဆိုးချင်၍ တလွဲဖြေမိသည်။ မေးခွန်း (၈)ခုခန့်မေးရာတွင် ဤတခုသာ တလွဲဖြေမိပြီး ကျန်မေးခွန်းများကို ဘာသာစကား အ ထစ် အ ထစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။
စာတမ်းဖတ်ပြီး၍ ကျွန်တော့်ရင်ဘတ်ထဲမှ အမည်မသိ အလုံးကြီး ကျသွားခဲ့ပေပြီ။ (၁၂း၃၀)တွင် ကျွန်တော့်တို့အားလုံး စာတမ်းဖတ်ခြင်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ စာတမ်းဖတ်ပြီး၍ ကျောင်းသား များကို အခန်းအပြင်၌ မိနစ်(၂၀)ခန့်ထွက်ခိုင်းပြီး မာစတာဘုဒ်အဖွဲ့မှ အမှတ်များကို စီစစ်နေလေသည်။
ပျော်ရွှင်စွာ၊ ကြည်နူးစွာဖြင့် အခန်းရှေ့တွင် Language ဆရာမန၊ Supervisor အကိုများနှင့် ဂါဒီယန်အကိုများစုပေါင်းဓါတ်ပုံရိုက်ကြသည်။
အမှတ်များစီစစ်ပြီးသောအခါ စာတမ်းဖတ်မည့်အခန်းအတွင်းသို့ ပြန်လာနေရာယူစေပြီး ဆရာတစ်ယောက်မှ အမှတ်စာရင်းကြေငြာပေးသည်။ ယနေ့စာတမ်း(၁၂)ယောက်ဖတ်ရာတွင် (၁၁)ယောက် ဂုဏ်ထူးတန်းဝင်ပြီး ကျန်တစ်ယောက်သာ မ၀င်ခဲ့ပေ။
အမှတ်စာရင်းများကြေငြာပြီး မာစတာဘုဒ်အဖွဲ့ဆရာများနှင့် ကျွန်တော့်တို့ မှတ်တမ်းဓါတ်ပုံရိုက်ဖြစ်ကြသည်။
(၂၇-၀၅-၂၀၁၃)စာတမ်းဖတ်သည့်နေ့လေးသည် ကျွန်တော့်ဘ၀ထဲတွင် ရှင်သန်နေမည့် မမေ့နိုင်စရာနေ့ရက်များထဲမှ တစ်ရက်ပင် ဖြစ်တော့သည်။
15:28
တောင်သာသားလေး
တွေးတောဆင်ခြင်လုပ်ဆောင်တတ်မှုနှင့်
ငါးသုံးကောင်
ကျွန်တော်တို့တတွေ လူကြီးမိဘတွေနဲ့ဝေးလာတာ
(၂၄)လပြည့်တော့မည်။ ဆိုဆုံးမစကားတွေလည်း မကြာရတာကြာခဲ့သလို ချမ်းအေးလှတဲ့မိဘရင်ခွင်ရိပ်ကို
မခံစားရတာလည်း ကြာလှပါပြီ။ အရွယ်အားဖြင့် ငယ်နေသေးပေမယ့် ထမ်းဆောင်နေတဲ့တာဝန်တွေနဲ့ပြန်ယှဉ်တော့လည်း
လူကြီးပေါက်စလေး ဖြစ်နေပြီပေါ့။ ဘယ်လိုပဲ လူကြီးပေါက်စလေးဖြစ်နေပေမယ့် ခံစား ချက်တွေ၊
ပြောဆို ဆက်ဆံမှုတွေက ငယ်ရွယ်နေတဲ့အရာကို ကိုယ်စားပြုနေဆဲပါ။ ဒီလိုအချိန်မျိုးမှာ အမှားကင်အောင်
ဆောင် ရွက်နိုင်ဖို့ ကြိုးစားရင် မမျှော်လင့်ပါပဲ အမှားတွေ၊ ပြသနာတွေ ကြုံရနိုင်ပါတယ်။
ဒီနေ့လေးမှာ မြန်မာပြည်ကနေ တာဝန်နဲ့လာတဲ့ နောင်တော်အကိုကြီးများဆီက မှတ်သားစရာ စကားလေးတစ်ခုကြားလိုက်ရတယ်။ ငါးသုံးကောင်းရဲ့ တွေးတောဆင်ခြင်လုပ်ဆောင် ပုံလေးကို
နှိုင်းယှဉ်ပြ သထားတဲ့ ဆိုဆုံးမစကားလေးပါ။ မှတ်သားစရာလေးမို့ ပညာဒါန ပျိုးချပါရစေ။ မှတ်သားစရာ
စကားလေးက- မြစ်ထဲမှာ ကူးခတ်နေတဲ့ငါးသုံးကောင်ဟာ
တံငါသည်လူတစ်စုရဲ့ပိုက်ကွန်ထဲမှာ ဖမ်းမိပြီး လှေဝမ်းဗိုက်ထဲမှာ အသက်ရှုကြပ်ပြီး သေလုမျောပါးဖြစ်နေခဲ့ပါတယ်။
ဒီအချိန်မှာ ပထမငါးက ဒီလှေထဲကနေ လွတ်လို့လွတ်ငြား စွမ်းအားရှိသရွေ့ခုန်ခဲ့တယ်။ ဒုတိယငါးက
အားငယ်စိတ်တွေဝင်ပြီး ခုန်နေလည်းအပိုပါပဲ အားကုန်တာပဲအဖတ်တင်မယ်၊ ကံတရားသာ အားကိုရတော့မည်ဟု
နေခဲ့တယ်။ တတိယငါးကတော့ စဉ်းစားဆင်ခြင်ပြီး အားတွေကို အလဟသ မကုန်အောင် အခွင့်သာမယ့်အချိန် ကိုသာ
စောင့်နေခဲ့တယ်။
အချိန်မကျဘဲ
တ၀ုန်းဝုန်း ခုနေတဲ့ငါးကို တံငါသည်က သတိထားမိပြီး လှေတတ်နဲ့တွယ်လိုက် တယ်။ စစ်မရောက်ခင်မြှားကုန်တဲ့ငါးကတော့
လှေဝမ်းထဲမှာ အသက်ရှုကြပ်ပြီး သေလုမျောပါးဖြစ်နေ ခဲ့တယ်။ အခွင့်ကောင်းကိုချောင်းနေတဲ့
ငါးကတော့ လှိုင်းဒီရေအမြူးပြီးလှေစောင်းခိုက်မှာ လွန့်ကာလူး ကာနဲ့ မြစ်ထဲကို ခုန်ချပြီး
သေဘေးကနေ လွတ်ခဲ့တယ်။
ဒီလိုပါပဲတဲ့။ လောကမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် ငါတော့
ကံပဲအားကိုးတော့ မယ်လို့လည်း စိတ်မကူးပါနဲ့တဲ့။ အစဉ်းစားမဆင်ခြင်ပဲနဲ့လည်း ကမူးရှုးထိုး
မလုပ်ပါနဲ့တဲ့။ တွေးတော ဆင်ခြင် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြင့် မိမိကြုံနေ၊ ခံစားနေရတဲ့
ပြသနာကို ဖြေရှင်းကြပါလို့ ဆိုဆုံးမခဲ့ ပါတယ်။ ဆိုဆုံးမပေး တဲ့နောင်တော် အကိုများကို
ကျေးဇူးတင်တဲ့အပြင် ကျွန်တော် တစ်ယောက် နောင်တော် ဆိုတဲ့နေရာကို ပခုံးပြောင်းတာဝန်ထမ်းဆောင်တဲ့အခါ
ဒီဆိုဆုံးမစကားလေးကို လက်ဆင့်ကမ်း မျှဝေပေးမည်မှာ သေချာနေတော့မည်။
တောင်သာခရီးသည်
08:40
တောင်သာသားလေး
ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ
ဗုဒ္ဓ္ဓ္ဓဘာသာဟူသည် ဗုဒ္ဓ္ဓဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သော အဆုံးအမစကားဟူသမျှ ကို ဗုဒ္ဓ္ဓ္ဓဘာသာဟုခေါ်ပါသည်။ ဗုဒ္ဓ္ဓ္ဓဘာသာ၏ အနက်အဓိပ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ပ္ပ္ပ္ပ္ပ္ဓ္ဓ္ဓ္ပ္ပ္ပ္ပ္ပ္ပ္ပါယ်ကို နားလည်သဘောပေါက်ပြီးလျှင် ဗုဒ္ဓ္ဓ္ဓဘာသာဝင်ဆိုသော ဝေါဟာရ၏အနက်အဓိပ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ပ္ပ္ပ္ပ္ပ္ဓ္ဓ္ဓ္ပ္ပ္ပ္ပ္ပ္ပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်။ ဗုဒ္ဓ္ဓ္ဓဘာသာဝင်နှင့် ထပ်တူညီသော ပိဋကတ်စာပေ အသုံးအနှုန်းမှာ ဥပါသက ဆိုသော ဝေါဟာရပင်ဖြစ်သည်။ ဥပါသက ဆို သည်မှာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ ကိုဆိုသည်။
ဗုဒ္ဓ္ဓ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တဖုဿနှင့်ဘလ္လိကကုန်သည်ညီနောင်ကို ဗုဒ္ဓ္ဓ္ဓဘာသာဝင်တိုင်းသိမည်ဟု ထင်ပါသည်။ ၄င်းတို့ ညီနောင်သည် ဗုဒ္ဓ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍မရှိသေးသဖြင့် ဗုဒ္ဓ္ဓ္ဓနှင့်ဓမ္မကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟု လျှောက်ထားပြီး ရတာနာနှစ် ပါးအပေါ် သရဏဂုံဆောက်တည်ခဲ့ကြရသည်။ နောက်ပိုင်း ဘုရားရှင်၏ တပည့်သားရဟန်းသံဃာများ
ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ္ဓ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်း ကပ်ပါ၏ ဟု စိတ်တွင် သရဏဂုံဆောက်တည်ပြီးသူကို ဗုဒ္ဓ္ဓ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်။
(ပြန်လည်မျှဝေပေးခြင်းသာ)
တောင်သာခရီးသည်
12:24
တောင်သာသားလေး
(၁) မညီညွှတ်သောအရပ်။ ။မညီညွှတ်သောအရပ်၌ တိုင်ပင်သော်အကျိုးမှာပြန့်ကျဲ၏၊
လွင့်စင်၏၊ လျောကျ၏ မပြီးမြောက်နိုင်။
(၂) ဘေးရန်ရှိသောအရပ်။ ။ဘေးရန်ရှိသောအရပ်၌ စိတ်နှလုံးတုန်လှုပ်၏၊ ကောင်းမွန်မှန်ကန်သော
အကျိုးမမြင်နိုင်။
(၃) အလွန်လေထန်သောအရပ်။ ။အလွန်လေထန်သောအရပ်၌ အသံသည် မထင်ရှား။
(၄) နံရံစသည်ဖုံးကွယ်ရာအရပ်။ ။နံရံစသည့်ဖုံးကွယ်ရာအရပ်၌ ချောင်းမြောင်းနားထောင်သူတို့
လာတတ်ကုန်၏။
(၅) နတ်စင်နတ်ကွန်းအရပ်။ ။နတ်စင်၊ နတ်ကွန်း၌တိုင်ပင်သော် အကျိုးသည်
နှောင့်နှေးလေးဖင့်စွာ သက်ရောက်၏။
(၆) ခရီးလမ်းမ။ ။ခရီးလမ်းမ၌ တိုင်ပင်သော် အကျိုးသည် အချည်းနှီး
ဖြစ်တတ်၏။
(၇) စစ်မြေပြင်အရပ်။ ။စစ်မြေပြင်အရပ်၌ တိုင်ပင်သော် လှုပ်ရှားခြင်းဖြစ်၏။
(၈) ရေဆိပ်။ ။ရေဆိပ်၌တိုင်ပင်သော် ပေါက်ကြားလွယ်၏။
(ဗိုလ်မှုးကြီးစန်းပွင့်၏ ရှေးမြန်မာမင်းများ လက်ထက်ထောက်လှမ်းရေး- မှ)
11:47
တောင်သာသားလေး
ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်လေးဖြစ်ပါစေ
ဆိုတဲ့ ဆုတောင်းမှုလေးနဲ့ပဲ ဒီဂုဏ်ပြုဆောင်းပါးကို ရေးလိုက်ရပါတယ်။ မကြာမီအချိန်အတွင်းမှာ
သူငယ်ချင်းတို့အနေနဲ့ တဆင့်မြှင့်ရာထူးတွေ လက်ခံရယူ ဂုဏ်ပြုခံရတော့မှာပါ။ ဒီအတွက်ကြောင့်
ဒီစေတနာဂုဏ်ပြုဆောင်းပါးလေး ရေလိုက်ခြစ်ဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ ရှေးရေစက်တွေကြောင့်ပဲပြောပြော၊
အမိတက္ကသိုလ်က သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ ပြည့်မီတယ်ပဲဆိုဆို ငါတို့တွေ ဒီတက္ကသိုလ်ကြီးမှာ
အတူတကွ ပညာတွေဆည်းပူးနိုင်ခွင့်ရကြပြီလေ။ ဒီဆောင်းပါးလေးမှာ ငါ့ရဲ့အမြင်လေးတွေကို ပြောပြသလို၊
သူငယ်ချင်းတွေဆီကလည်း ကိုယ်စီအမြင်လေးတွေ ပြောပြကြစေလိုပါတယ်။
သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မိသားစုနဲ့ဝေးကွာနေကြတယ်ဆိုပေမယ့်
ညီအကိုအရင်းထက် ချစ်ခင်ကြတဲ့ သံယောဇဉ်တွေရှိတဲ့ သူငယ်ချင်းညီအကိုတွေနဲ့ တွေ့ဆုံနေကြပြီလေ။
ပျော်ရွှင်စရာရှိခဲ့ရင်လည်း ငါတို့ထပ်တူပျော်ရွှင်ခဲ့ကြသလို အခက်အခဲတွေကြုံလာရင်လည်း
ခေါင်းချင်းဆိုင်ဖြေရှင်းခဲ့ကြာတတွေကို မှတ်မိကြမယ်ထင်ပါတယ်။
သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မြန်မာနိုင်ငံရဲ့နေရာအသီးသီး၊
ဌာနအဖုံဖုံမှာ တာဝန်ထမ်းဆောင်နေရင်း ခေတ်နောက်ကျနေတဲ့ အမိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို
တဖက်တလမ်းကနေ မြှင့်တင်နိုင်ဖို့၊ တိုးတက်ကောင်းမွန်အောင်လုပ်နိုင်ဖို့ ဒီနိုင်ငံကို
ရောက်လာခဲ့ကြတာပါ။ ငါတို့တတွေမှာ စရိုက်အမျိုးမျိုး၊ အမြင်အထွေထွေ၊ သဘေားထားအဖုံဖုံ
ရှိကြပေမယ့် ငါတို့မှာရှိတဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပါပဲ။
ဒီလိုပညာသင်နေတဲ့အချိန်မှာပဲ သူငယ်ချင်းတချို့ရဲ့
ငါတို့က ဒီနိုင်ငံမှာ အကျယ်ချုပ်ကြနေသလိုပဲ ဆိုပြီး တီးတိုးအသံလေးတွေ
ကြားရဖူးတယ်။ ဒီလိုပြောတဲ့သူငယ်ချင်းတွေကို အပြစ်မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့
ငါကိုယ်တိုင် တခါတရံခံစားမိလို့ပါပဲ။ ရလာတဲ့ထောက်ပံ့ငွေကို တခါတလေ လိုတာထက် ပိုပြီးသုံးမိတဲ့အချိန်၊
ဧည့်သည်လာတဲ့အချိန်တွေဆို ပိုငွေက သိပ်မရှိလှပါဘူး။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံက
ပါလာတဲ့အ၀တ်အထည်လေးတွေကိုပဲ ၀တ်ရတာပေါ့။ ပထမနှစ်ဘ၀လည်း ဒီအ၀တ်၊ ဒုတိယနှစ်လည်း ဒီအ၀တ်၊
တတိယနှစ်လည်း ဒီအ၀တ်ပဲ ထပ်နေကြတာပေါ့။ တခြားနိုင်ငံခြားသားတွေလို တောက်တောက်ပြောင်ပြောင်
မ၀တ်နိုင်ပါဘူး။ တခါကဆို မုန့်ရောင်းတဲ့အဘွားကြီးက ငါ့ကိုမေးဖူးတယ်။ မင်းတို့က အ၀တ်မလျော်တတ်လို့လား၊ ဒါမမဟုတ် တစ်ခုခုကြောင့်လားတဲ့။
မင်းတို့အ၀တ်လေးတွေကြည့်လိုက် ရင် ဟောင်းနွမ်းနေတာပဲ၊ တောက်တောက်ပြောင်ပြောင် မရှိလှဘူး
တဲ့။ အဲ့ဒီအဘွားက မြန်မာတွေကို ချစ်ခင်တတ်တဲ့ အဘွားတစ်ယောက်ဖြစ်တဲ့အတွက် ကဲ့ရဲ့စိတ်နဲ့ပြောတာမဟုတ်ဘဲ
သနားတဲ့စိတ်၊ ကြင်နာစိတ်၊ ဂရုနာစိတ်နဲ့ ပြောနေခြင်းသာဖြစ်ပါတယ်။
ပိုငွေနည်းနေတဲ့အတွက် လေ့လာရေးခရီးထွက်ဖို့အတွက်ဆိုရင်တော့
ဒီလအတွက် အိတ်ကပ်ထဲမှာ ဘယ်လောက်ကျန်သေးလဲဆိုတာ အရင်ကြည့်ရပါတယ်။ ဘာသာစကားကလည်း တခြားထွက်ငွေတွေမရှိဖို့
အတွက် တခြားနိုင်ငံခြားကျောင်းသားတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်မကူးမိတော့ပါဘူး။
သူတို့ဝန်းကျင်ထဲ ကထွက်လာမှန်းမသိ ထွက်လာခဲ့တာ ဘာသာစကားဆိုလျှင် ကျောင်းခန်းထဲကလွဲလို့
အပြင်မှာ မပြောဖြစ်တော့ ပါဘူး။ ဘာသာစကားအားနည်းတာရယ်၊ အပိုအလျှံငွေအားနည်းတာရယ်က ငါတို့မင်းတို့ကို
ပေ(၂၀x၁၅)အခန်း ထဲမှာ နေဖို့အတွက် ဖြစ်လာတော့တာပါပဲ။ ဒါကို ဒီအခန်းထဲမှာ အကျယ်ချုပ်ကျနေသလို
ခံစားနေရတယ်ဆိုတာ ကို နားလည်ပေးရမှာပါ။ ငါတို့တတွေအတွက် အမိနိုင်ငံတော်ကပေးတဲ့ငွေဟာ
နည်းပါးလှတယ်ဆိုပေမယ့် ငါတို့နိုင်ငံမှာ ဆင်းရဲမှုရာခိုင်နှုန်း(၂၆)ရှိတယ်ဆိုတာရယ်၊ ငါတို့ပညာသင်နိုင်ဖို့အတွက်
သူတို့စားဖို့ထဲက ထမင်းလုပ်တွေကို ငါ့တိုကို ခွဲဝေပေးနေရတယ်ဆိုတာ နားလည်ပေးလိုက်ရင်
ထောက်ပံ့ငွေ နည်းတယ်၊ များတယ် ဆိုတာကို နောက်ထပ် ပြောမိတော့မှာ မဟုတ်ပါဘူး။ ဒီဟာလေးတွေ
တွေးမိလိုက်ရင်ပဲ ဒီဝန်းကျင်လေးထဲမှာ နေနေရတဲ့ကာလလေးမှာ နေပျော်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
ပြီးတော့ (၁၄-၁၁-၂၀၁၂)ညက စိတ်မကောင်းစွာပဲ
သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ငါတို့နဲ့အတူ တနေ့တည်းပဲဟင်းသောက်ပြီး၊ တနေ့တည်းကျောင်းဆင်းလာခဲ့တဲ့
သူငယ်ချင်းတစ်ယောက်ပုံရယ်၊ ဘေးမှာ မျက်ရည်တွဲလွဲကျနေတဲ့အန်တီရယ်၊ ပူဆွေးသောကရောက်နေရှာတဲ့
သူငယ်ချင်းရဲ့အမေရယ် မြင်လိုက်ရတယ်။ လောကကြီးကို နုတ်ဆက်ခွဲခွါသွားတဲ့ သူငယ်ချင်းကိုကြည့်ပြီးတော့
အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ငါတို့တတွေဟာ ဒီမှာ ပညာသင်နိုင်ဖို့ရောက်ခဲ့ပေမယ့်
တကယ်လို့သာ ပညာဆက်သင်ခွင့်မရရင် ဒီနေရာဟာ ငါ့နေရာ၊ ဘေးမှာငိုနေတာလည်း ငါ့အမေဖြစ်ချင်ဖြစ်နေမှာပါ။
ငါတို့ပညာသင်နိုင်ဖို့အတွက် ငါတို့တာဝန်တွေကို ကျန်ခဲ့တဲ့သူတွေက ပိုတိုးပြီး တာဝန်တွေ
ထမ်းဆောင်နေကြရတယ်ဆိုတာကို တွေးမိလိုက်ရင်ပဲ ငါတို့တတွေ ရသင့်ရထိုက်တဲ့ ပညာတွေကို လေ့လာဆည်းပူးချင်စိတ်တွေ
နိုးထလာပါလိမ့်မယ်။ ပိုတိုးလာလိမ့်ပါလိမ့်မယ်။
မကြာခင်မှာ ငါတို့တတွေကို တဆင့်တိုးတာဝန်တွေထမ်းဆောင်နိုင်ဖို့
တဆင့်မြှင့်တဲ့ရာထူးတွေ ချီးမြှင့်တော့မှာပါ။ ဒီကိုရောက်နေတဲ့အချိန်မှာ ကောင်းသည်ဆိုးသည်
တွေးမနေဘဲ ပညာကိုသာ ရသလောက် ယူသင့်တင်ထင်မိပါတယ်။ ဒီဂုဏ်ပြုဆောင်းပါးလေးဟာ ဆရာလေသံနဲ့ရေးနေခြင်းမျိုးမဟုတ်ဘဲ
အမိနိုင်ငံတော်အတွက်တန်းဖိုးရှိတဲ့ပညာတွေဆည်းပူးရန်
ဆိုတဲ့ ငါတို့အားလုံးရဲ့ရည်ရွယ်ချက်ကို မေ့လျော့နေတာပဲဖြစ်ဖြစ်၊ သတိမရတာပဲဖြစ်ဖြစ်
မေ့လျော့နေခဲ့လျှင် သတိရလာအောင်နိုးဆွပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အမိနိုင်ငံတော်ကောင်းကျိုးအတွက်
ဒီဆောင်းပါးလေးက အုပ်တချပ်၊ သဲတပွင့် ကူညီပါဝင် ပံ့ပိုးပေးနိုင်ပါရင် ဆီထိဂွမ်းကဲ့သို့
ဝမ်းသာပီတိ ဖြစ်နေပါတော့မည်။
တောင်သာခရီးသည်
10:22
တောင်သာသားလေး
ကျွန်တော့်ဆိုဒ်ကို မူရင်း http://taungthartarlay.co.cc/ မှ http://taungthartarlay.blogspot.com/
သို့ ပြင်ဆင်ထားပါကြောင်း အလည်လာသူ အကိုအမများ၊ သူငယ်ချင်းများနှင့် ညီငယ်ညီမငယ်များအား လေးစားစွာ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
တောင်သာခရီးသည်
13:26
တောင်သာသားလေး
ဒီနေ့တော့ ရဝေနွယ်(အင်းမ)ရေးထားတဲ့ စာအုပ်လေး ဖတ်လိုက်ရပါတယ်။ စာအုပ်ထဲမှာတော့ အကြောင်းအရာတွေ စုံလင်စွာဖော်ပြထားပေမယ့် ကျွန်တော်ကတော့ နေ့စဉ်ပြုပါ ဤကုသိုလ် ဆောင်းပါးနဲ့ ဆိုင်တာလေးပဲ ဖော်ပြပါရစေ။
နေ့စဉ်ပြုပါ ဤကုသိုလ်
၁။ အိပ်ယာထ
မနက်အိပ်ယာက ထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှမလုပ်နဲ့ပါဦး။
ဘုရားခန်းကို အရင်သွားပါ။
(က) ဘုရားသောက်တော်ရေကို အရင်ကပ်ပါ။ (ဒါန)
(ခ) ကပ်ပြီးရင် (၅)ပါးသီလ ခံယူပါ။ (သီလ)
(ဂ) ဂုဏ်တော်ကို (၅)မိနစ်ပွားပါ။ (ဂုဏ်တော်)
(ဃ) မေတ္တာကို (၅)မိနစ် ပွားပါ။ (မေတ္တာ)
(င) ၀ိပသနာ
(၅)မိနစ် ပွားများပါ။ (၀ိပသနာ- မည်သည့်တရားစခန်း၊
မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့
အစပိုင်းတွင် တပလ္လင်ခွေထိုင်၊ ဘယ်လက်ပေါ် ညာလက်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊
အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င်လာသည်ဟုသိပေး၊ ထွက်လေထွက်သွားရင် ထွက်သွားသည်ဟု
သိပေးခြင်းဖြင့် မိမိစိတ်ကို နှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမလေ့ကျင့်ကြလျှက်
(၇)ရက်စခန်း၊ (၁၀)ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် ပိုတိုးကာ ကြိုးစားကြသင့်ပေသည်။)
၂။ နေ့လည်
အဲ့ဒီလိုနဲ့ အနက်စာစားပြီးတဲ့အခါ ဆန်လက်တစ်ဆုတ်စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေအတွက်
ပက်ကျွေးလိုက်ပါဦး။ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ဒီနေ့မနက်ပြုဖြစ်ခဲ့တဲ့ ကုသိုလ်(၅)မျိုးကိုလည်း အမျှပေးဝေပါတယ်။ အမျှ အမျှ
အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ဆိုပြီး နတ်ကောင်းနတ်မြတ်များနဲ့တကွ ဝေနေယျအပေါင်းကို
အမျှပေးဝေလိုက်ပါဦး။
၃။ ညပိုင်း
တတ်နိုင်တယ်၊
အချိန်ရတယ်၊ သဒ္ဓါတရားလည်း ထက်သန်လာတယ်ဆိုရင် မနက်ပိုင်းကလုပ်ခဲ့တဲ့
ကုသိုလ် (၅)မျိုး တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး။
ဒီဆောင်းပါးလေးကတော့ ကျွန်တော်တို့လူငယ်တွေအနေနဲ့ လောကီပညာတွေသင်ရင်း တွဲလုပ်နိုင်တဲ့
နည်းလေးဖြစ်ပါတယ်။ လူငယ်လေးတွေအတွက် ကုသိုလ်နဲ့မိတ်ဆက်မိသလို စွဲမြဲစွာလုပ်သွားရင်လည်း
အကြိုးရှိစေမယ့် နည်းလမ်းလေးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။
တောင်သာခရီးသည်