Saturday 22 October 2011

တောင်သာသားလေး ငပိကြော်နည်း

တောင်သာသားလေးတစ်ယောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရလွန်းလို့ ဒူဆစ်တွေတောင် ညောင်းနေ တာတော့အမှန်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ စားဝတ်နေ (၃)ရေး လုံး ကိုယ်တိုင်လုပ်နေရလို့ပါပဲ။ မနက်ကျောင်းသွား၊ ညနေကျောင်းပြန် စာဖိုမှူးလုပ်၊ အ၀တ်တွေလျှော်(ကိုယ်ဝတ်တဲ့ဟာ)၊ တခါတလေတော့ လည်း တပါတ်ကို တထည်လောက်နဲ့ ၀တ်လို့ရရင်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ အဲ့ဒါဆို အ၀တ်က တစ်ပါတ်မှ တစ်ခါပဲ လျှော်ဖွတ်ရမှာလေ။ စကားရှည်နေပြီလားမသိဘူး။ ပြောချင်တာက ငပိကြော်နည်းလေ။
ကျောင်းကပြန်လာပြီး မောမောပန်းပန်းနဲ့ (တကယ်က စာမရလို့ ဆရာမ အဆူခံရလို့မောတာပါ) ငပိကြော်လေး ကြော်ပြီဗျာ။

ငပိကြော်နည်း
အဆင့်(၁)   ဆီပူနေသော ဒဲအိုးထဲသို့ ငရုတ်သီးတောင့်ပါးပါးလှီးထားတာများကို  အနံ့လေးထွက်လာအောင်ကြော်လိုက်ပါ။
အဆင့်(၂)   ကြက်သွန်ပါးပါးလေးများထပ်ထည့်ပါ။
အဆင့်(၃)   ကြက်သွန်နွမ်းလာပါက ကြက်သွန်ဖြူပါးပါးလေးများကို ထပ်ထည့်မွှေပေးပါ။
အဆင့်(၄)   ငပိကို အချိုးအစားမှန်မှန်ထည့်ပြီး မွှေပေးပါ။
အဆင့်(၅)   မန်ကျီးသီးကိုရေနွေးပူပူနဲ့ဖျော်ပြီး ထပ်ထည့်ပေးပါ။
ဆီလေးများပြန်လာပြီးဆိုရင် ဒဲအိုးကပ်ချိန်နီးလာရင်တော့ ငပိကောင်းကောင်းလေးရပါပြီ။






0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More