Tuesday 18 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၄) (ဗဟုသုတ ဖြစ်စေဖို့တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)


 မိန်းမမြတ်တို့၏ အင်္ဂါ(၅)ပါး
၁။   အဆင်းလှခြင်း။
၂။   စည်းစိမ်းချမ်းသာရှိခြင်း။
၃။   သီတင်းသီလ ဆောက်တည်ခြင်း။
၎။   တတ်သိလိမ္မာခြင်း။
၅။   လုံ့လ၀ီရိယရှိခြင်း။

မိန်းမမြတ်တို့၏ အကျင့်(၅)ပါး
၁။   လင်မထမီထခြင်း။
၂။   လင်အိပ်မှအိပ်ခြင်း။
၃။   ဘယ်အမှုကို လုပ်ဆောင်ရမည်နည်းဟု လင်၏ အစီအရင်ကိုခံ၍ လုပ်ဆောင်ခြင်း။
၎။   နှစ်သက်ဖွယ်ကျင့်ခြင်း။
၅။   ပြုံးခြင်း ရှေးရိုးသော ချစ်ဖွယ်သော စကားကိုဆိုခြင်း။

မိန်းမတို့၏ အား(၅)ပါး
၁။   အဆင်းအား။
၂။   စည်းစိမ်အား။
၃။   ဆွေမျိုးအား။
၎။   သားသမီးအား။
၅။   အကျင့်သီလအား။

မိန်းမတို့ မရနိုင်သော ဘ၀ကြီး(၅)ပါး
၁။   ဘုရားဘ၀။
၂။   စကြာဝတေးမင်း။
၃။   ဗြဟ္မာမင်း။
၎။   သိကြားမင်း။
၅။   မာရ်နတ်မင်း။ 

 

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More