Friday, 14 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၁) (ဗဟုသုတ ဖြစ်စေဖို့ တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)


လက်ထပ်ခြင်း (၂)မျိုး
အာဝါဟ-   ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း။
ဝိ၀ါဟ-       မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း။
စရမင်္ဂလာ- အခြားနေရာများတွင် မင်္ဂလာဆောင်ခြင်း။

ကာမေသု မိစ္ဆာစာရကံ မထိုက်သော မိန်းမ (၃)မျိုး
၁။   မိမိပိုင်မယား။
၂။   ပိုင်သူ စောင့်ရှောက်သူတို့က အခွင့်ပေးထားသော မိန်းမ။
၃။   ပိုင်သူ စောင့်ရှောက်သူမရှိ လွှတ်ထားသော အရူးမ။

ကိုယ်လုပ်တော် (၃)မျိုး
၁။   ၀တီဘွဲ့ခံ ကိုယ်လုပ်တော်ကြီး။
၂။   သီရိဘွဲ့ခံ ကိုယ်လုပ်တော်လတ်။
၃။   မင်းတပ်၍ ခေါ်သည့် (၂)လုံး၊ (၃)လုံး ဘွဲ့ခံ ကိုယ်လုပ်တော်ငယ်များ။
(နာမည်ထဲမှာ ၀တီတို့၊ သီရိတို့၊ မင်းတို့ ပါရင် ဆောရီးနော်)

ကိုယ်ဝန်စွဲခြင်း အင်္ဂါ(၃)ပါး
၁။   မိဘ(၂)ပါး စည်းဝေးခြင်း။
၂။   သတ္တ၀ါတို့ စုတိဆဲ ဖြစ်ခြင်း။
၃။   ဥတုသမယ ကြုံခြင်း။
(ကိုယ်ဝန်ရှိဖို့ ဖိုမ ဆက်ဆံမှု+ ၀င်စားမယ့် သတ္တ၀ါ သေချိန်+ အခါအခွင့်ကြုံခြင်းပေါ့ဗျာ)

ကိုယ်ဝန်ပျက်ခြင်း အင်္ဂါ(၃)ပါး
၁။   လေမှုတ်၍ ပျက်ခြင်း။
၂။   ပိုးခဲ၍ ပျက်ခြင်း။
၃။   ကံကြောင့်ပျက်ခြင်း။
(မရှင်းတတ်ဘူးဗျာ)

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More