Friday 7 October 2011

ရှေးဟောင်း ကမ္ဘာမှအံ့ဖွယ်ခုနစ်ပါး



ရှေးဟောင်း ကမ္ဘာမှအံ့ဖွယ်ခုနစ်ပါး
ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရေးသားခဲ့သူများမှာ သမိုင်းပညာရှင် ဟီရိုဒိုးတပ်(စ်)Herodotus ဘီစီ(၄၈၄-၄၅၂) နှင့် တက္ကသိုလ်ကျောင်းသား Callimachus ဘီစီ(၃၀၅-၂၄၀) တို့ အလက်ဇန်းဒီးယား(Alexandria) ပြတိုက်တွင် ပြုစုခဲ့ကြခြင်းဖြစ်သည်။ သူတို့ပြုစုခဲ့သော အဆောက်အဦးများမှာ မှတ်တမ်းများမှလွဲ၍ ယခုခေတ်၌ မရှိကြတော့ပေ။ အီဂျစ်ပြည်ရှိ ဂီဇာပိရမစ်သာ ယခုခေတ်တွင်တွေ့ရှိနိုင်တော့သည်။ ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်
ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
  1. ဂီဇာ ပိရမစ်ကြီး(Great Pyramid of Giza)
  2. ဘေဘီလုံမှ မိုးပျံဥယာဉ်(Hanging Gardens of Babylon)
  3. အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု(Statue of Zeus at Olympia)
  4. Ephesus ရှိ အာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)
  5. Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး (Mausoleum of Maussollos at Halicarnassus)
  6. ရိုဒတ်(စ်)၏ကျောက်ရုပ်တုကြီး (Colossus of Rhodes)
  7. အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)
သမိုင်းကြောင်းအကျဉ်း

Maussollos ၏ င်္သချိုင်းဂူအဆောက်အဦး(Mausoleum of Maussollos at Halicarnassus)


Halicarnassus အရပ် (ယခုခေတ်တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ) ရှိ ထင်ရှားသော င်္သချိုင်းဂူမှာ ဘီစီ ၃၇၀ နှင့်၃၅၀ ကြားတွင် ဘုရင် Maussollos အတွက်တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ ဒဏ္ဍာရီဇာတ်လမ်းများ အရ ဘုရင် Maussollos က သူ၏မိဖုရား Artemisia II မှ သူနှင့် သူတို့၏ အချစ်အား သတိရနေစေရန်တည်ဆောက်
ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။
Maussollos သည် ပါရှန်းအင်ပါယာမှ အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီး သူ၏ ကျော်ကြားသောသင်္ချိုင်းဂူမှတဆင့်
Mausoleum(သင်္ချိုင်းဂူ) ဟူသောစကားလုံးဆင်းသက်လာခဲ့သည်။ ဂူအဆောက်အဦးမှာ ပေ ၁၂၀ ရှည်လျားပြီး
ပေ၁၄၀ မြင့်သည်။
သင်္ချိုင်းဂူသည် လှပသော ဗိသုကာလက်ရာများကြောင့် အလွန်ပင်ထင်ရှားသည်။ အလယ်တွင် ရွှေချထားသော
ခေါင်းတလားမြုပ်နှံထားသောအခန်းရှိပြီး ပန်းကနုတ်များ၊ ပန်းဆွဲများဖြင့် နံရံများတွင် ခြယ်သထားသည်။ ထိုဂူ
အဆောက်အဦအား ဂရိဗိသုကာ လေးယောက်မှတည်ဆောက်ပေးခဲ့ကြခြင်းဖြစ်သည်။
ဂူအဆောက်အဦသည် ၁၅ ရာစုအစောပိုင်းထိ တည်ရှိနေခဲ့သော်လည်း ခရစ်ယာန် ခရူးဆိတ် စစ်သည်များမှ
ရဲတိုက်သစ်ဆောက်လုပ်ရန်အတွက် လိုအပ်သောပစ္စည်းများ ယူရာမှ ပျက်စီးခဲ့ရသည်။ မပျက်စီးပဲကျန်ရစ်ခဲ့
သော ကနုတ်ပန်းနှင့် အလှတန်ဆာ တစ်ချို့အား ယခုအခါ လန်ဒန် ရှိ ဗြိတိသျှပြတိုက်တွင် တွေ့ရှိနိုင်သည်။


ဘေဘီလုံမှမိုးပျံဥယျာဉ် (Hanging Gardens of Babylon)


အငြင်းပွားဖွယ်ရာများရှိသော်လည်း မိုးပျံဥယာဉ်နေရာသည် ယခုခေတ်အီရတ်(Iraq) နိုင်ငံရှိ ယူဖရေးတီး (Euphrates) မြစ်ကမ်းပါးတွင်တည်ရှိခဲ့သည်ဟု ဆိုကြသည်။ ဘေဘီလွန်းနီးယန်းဘုရင် Nebuchadnezzar II မှသူ၏ နန်းတော်အတွင်းတွင် ဘီစီ၆၀၀ ခန့်ကတည်ဆောက်ခဲ့သည်ဟု
ယူဆရသည်။ ထိုဥယျာဉ်မှာ ဘုရင်က သူ၏ မိဖုရားကျေနပ်စေရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။
မိဖုရားသည် စိမ်းလန်းသော နယ်မြေဒေသမှလာသူဖြစ်၍ သူ၏နယ်မြေကိုလွမ်းဆွတ်နေသောကြောင့်ဘုရင်က
တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ မိဖုရား၏ ဇာတိနယ်မြေမှာ Medes ဒေသဖြစ်၍ ယခုခေတ်နှင့်
ဆိုလျင် အီရန်နိုင်ငံမြောက်ပိုင်းကို ဆိုလိုခြင်းဖြစ်သည်။
ဘေဘီလုံမိုးပျံဥယျာဉ်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များသည် ဂရိရာဇဝင်များ၌သာ အများဆုံး
တွေ့ရသည်။ ဘေဘီလုံမှတ်တမ်းများတွင်မူ မည့်သည့်အသေးစိတ်မှတ်တမ်းမှ မတွေ့ရှိရပေ။
ဂီဇာပိရမစ်ကြီး(Great Pyramid of Giza)


ကမ္ဘာ့အံ့ဖွယ်ခုနှစ်ပါးတွင်တစ်ခုတည်းကျန်ရှိမှု


ဂီဇာပိရမစ်ကြီးအား အီဂျစ်ဖာရို(ဘုရင်) ခူဖူး(khufu) က သူ၏ င်္သချိုင်းဂူအဖြစ် ဘီစီ၂၅၆၀တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုပိရမစ်ကြီးသည် ရှေးဟောင်းကမ္ဘာမှ အံ့ဖွယ်ခုနစ်ပါးတွင် အစောဆုံးတည်ဆောက်ခဲ့သော အဆောက်အဦဖြစ်သည်။ ရှေးဟောင်းအံ့ဖွယ်ခုနစ်ပါးတွင် ယနေ့အထိကျန်ခဲ့သော တစ်ခုတည်းသောအဆောက်အဦးလည်းဖြစ်သည်။

မဟာပိရမစ်ကြီးသည် ဂီဇာအရပ်တွင်ရှိသော ပိရမစ်ကြီးသုံးခုအနက်အကြီးဆုံးဖြစ်၍ ယခုခေတ် ကိုင်ရို(Cairo) မြို့အနီးတွင် ရှိသည်။
စတင်တည်ဆောက်ကာစက ပေပေါင်း၄၈၀ ခန့်ရှိသောလည်း ယခုအခါရာသီဥတုဒါဏ်ကြောင့် ပေအနည်းငယ်နိမ့်ဆင်း သွားခဲ့သည်။ လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများတွင် အမြင့်ဆုံးအဖြစ် နှစ်ပေါင်းလေးထောင်ကျော် ဗိုလ်စွဲခဲ့သည်။
ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးစာရင်းအတွက် မူလက အင်တာနက်၊ဖုန်းများမှတဆင့် မဲပေးခံခဲ့ရသော်လည်း အီဂျစ်အာဏာပိုင်များက ထိုကဲ့သို့မလုပ်သင့်ကြောင်းတားမြစ်ခဲ့သည့်အတွက် ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးတွင် မပါဝင်ခဲ့ပေ။


ပိရမစ်များ၏ အရေအတွက်နှင့် တည်နေရာ
ယနေ့ခေတ် အီဂျစ်ရှိ ပိရမစ်များမှာ ၈၁ခု နှင့် ၁၁၂ ခုကြား ရှိမည်ဟု အများစုက ရေးသား၊ မှတ်တမ်းတင်ကြပြီး အများစုက ကြီးမားသောကိန်းဂဏန်းကို ပို၍ လက်ခံကြသည်။

အီဂျစ်တို့၏ ယုံကြည်မှုမှာ ညဘက် ကောင်းကင်ပြင်ရှိ ကြယ်တာရာတို့ ထွက်ပေါ်ရာ မှောင်မိုက်သော ဒေသမှ ကောင်းကင်ဘုံသို့ သွားရာ လမ်းကြောင်း ဖြစ်သည်ဟူ၍ ဖြစ်သည်။ အဓိကမြှုပ်နှံရာ ဂူအတွင်းမှ တစ်ခုသော ကျဉ်းမြောင်းသော လမ်းကြောင်းသည် ပိရိမစ်ကြီး တစ်ခုလုံးကို ဖြတ်၍ ကောင်းကင်ယံရှိ ထိုနေရာသို့ ညွှန်ပြ၊ တည်ဆောက်ထားသည်ကို တွေ့နိုင်သည်။ ထိုအရာကို ကြည့်ခြင်းအားဖြင့် ပိရမစ်သည် သေဆုံးသွားသော ဖာရိုဘုရင်၏ ဝိညာဉ်ကို ကောင်းကင်ဘုံရှိ နတ်ဘုရားများ၏ နေအိမ်သို့ ထူးခြား၊ ဆန်းကြယ်သော နည်းအားဖြင့် လွှတ်တင်ရန် ပုံစံထုတ်၊ တည်ဆောက်ထားသည်ဟု ယူဆနိုင်သည်။
အီဂျစ်ရှိ ပိရမစ်များ အားလုံးသည် နိုင်းမြစ်၏ အနောက်ဖက် ကမ်းပါးတွင် တည်ဆောက်ထားကြသည်။ ထိုနေရာမှာ အီဂျစ်ဒဏ္ဍာရီရှိ နေဝင်ရာ ဒေသ ဖြစ်ပြီး သေဆုံးရာကမ္ဘာနှင့် ဆက်စပ် ယူဆကြသည်။


အလက်ဇန်းဒီးယားမြို့ မီးပြတိုက် (Lighthouse of Alexandria)


ထိုမီးပြတိုက်သည် ရှေးဟောင်းကမ္ဘာမှအံ့ဖွယ်ခုနစ်ပါးတွင် လက်တွေ့အသုံးကျသည့် တစ်ခုတည်းသောအဆောက် အဦဖြစ်သည်။ အီဂျစ်ဆိပ်ကမ်းမြို့တော် အလက်ဇန်းဒီးယားတွင် အချက်ပြမီးရောင်အဖြစ် သဘောင်္များအတွက် အန္တရာယ်ကင်းစေရန် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။
ဖာရိုး(စ်) (Pharos) ကျွန်းငယ်လေးပေါ်တွင် ဘီစီ ၂၈၅မှ ၂၄၇ အတွင်းတည်ဆောက်ခဲ့သော ထိုအဆောက်အဦသည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ အဖြစ်နှစ်ပေါင်းများစွာ မှတ်တမ်းဝင်ခဲ့သည်။ ခန့်မှန်းချေအားဖြင့်ပေပေါင်း ၃၈၄ပေ နီးပါးရှိသော ထိုအဆောက်အဦးသည် ယခုခေတ်နှင့်ဆိုလျင် အထပ်၄၀ ခန့်ရှိသော အဆောက်အဦးတစ်လုံးနီးပါးရှိသည်။ မီးပြတိုက်အား ညအခါတွင် မီးထွန်းထားပြီး၊ နေ့အခါတွင် ပြောင်လက်နေသော ကြေးဝါပြားများမှတစ်ဆင့် နေရောင် ပြန်စေပြီး သဘောင်္များအား လမ်းပြကူညီခဲ့သည်။ ထိုမီးပြတိုက်မှ ထွက်သောအလင်းရောင်အား ပတ်ဝန်းကျင် ၃၅ မိုင်အကွာအဝေးမှ မြင်ရသည်ဟုဆိုကြသည်။ အဆိုပါ ကြီးမားသော မျှော်စင်မီးပြတိုက်ကြီးသည် အေဒီ ၁၃၀၃ နှင့် ၁၃၂၃ တို့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြီးများ
ကြောင့် ပျက်စီးခဲ့ရသည်။ မပျက်စီးခင် နှစ်ပေါင်း ၁၅၀၀ ကျော်နီးပါးလုံးတွင် မက်ဒီတာရီယန် ကမ်းခြေမှအလင်းရောင် ကြီးအဖြစ် သဘောင်္များအားကူညီပေးခဲ့သည်။

Ephesus ရှိအာသီးမိ(စ) နတ်ဘုရားကျောင်း (Temple of Artemis at Ephesus)


ဂရိနတ်ဘုရားမ အာသီးမိ(စ)(Artemis) အားပူဇော်သောအားဖြင့် တည်ဆောက်ခဲ့သော ကြီးမားသည့် စကျင်ကျောက် ကျောင်းတော်ကြီးဖြစ်သည်။ ဘီစီ ၅၅၀ ခန့်က Ephesus ယခုSelçuk အရပ် (တူရကီ) တွင်တည်ရှိခဲ့ခြင်းဖြစ်သည်။ ပေ ၆၀ ခန့်မြင့်သော တိုင်လုံးပေါင်း ၁၂၀ ပါဝင်ပြီး အလွန်လှပသော အနုပညာ လက်ရာများဖြင့်ထုံမွှမ်းထားသည်။ ထိုအနုပညာလက်ရာများတွင် အမေဇုံစစ်သည်များ၏ ကြေးရုပ်တုများလည်းပါဝင်သည်ဟု ဆိုကြသည်။
အမေဇုံစစ်သည်များသည် ဒဏ္ဍာရီဆန်သော အမျိုးသမီးစစ်သည်များကို ဆိုလိုသည်။ Herostratus ဆိုသောလူတစ်ယောက်မှ နာမည်ကြီးလိုသောကြောင့် ၃၅၆ ဘီစီတွင် ဘုရားကျောင်းအားမီးရှို့ဖျက်စီး ခဲ့သည်ဟုဆိုသည်။ ပြန်လည်တည်ဆောက်ခဲ့ပြီးနောက် အေဒီ ၂၆၂ တွင်ဂေါ့(သ်)(Goths) မျိုးနွယ်များ၏ ဖျက်စီးမူ့ ကိုခံခဲ့ရပြီး အေဒီ ၄၀၁ တွင် ကွန်စတန်တီနိုပယ်(Constantinople) သာသနာပိုင်Saint John Chrysostom ၏အမိန့် ဖြင့် ခရစ်ယာန်များ၏ ဖျက်စီးခြင်းကိုခံခဲ့ရသည်။ ယခုအခါ ဘုရားကျောင်းပြန်လည်တူးဖေါ်ရေး ဖောင်ဒေးရှင်း များဖွဲ့၍ပြန်လည်တူးဖော်ခြင်းပြုလုပ်နေပါသည်။


အိုလံပီယာရှိ ဇု(ရပ်)နတ်ဘုရားရုပ်တု (Statue of Zeus at Olympia)


ဂရိနတ်ဘုရားတို့၏ ဘုရင် ဇု(ရပ်စ်) (Zeus) ၏ ကြီးမားသော ရွှေချထားသည့်ရုပ်တုကြီးအား ရှေးဟောင်းအိုလံပစ် ပြိုင်ပွဲများကျင်းပရာဒေသတွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနေသည် အိုလံပီယာမြို့တည်ရှိခဲ့သော ရှေးဟောင်း မြို့တော်နေရာတွင်တည် ရှိသည်။ ရုပ်တုကြီးကို ဘီစီ ၄၃၂ ခုနှစ်တွင် တော်ဝင် ပန်းပုထုပညာရှင် ဖိုင်ဒီးရပ်(စ်) Phidias က အပြီးအစီးထုလုပ်ခဲ့သည်။ ကျောက်စီထားသောရာဇနှင်တံကိုလက်တစ်ဖက်က ကိုင်၍ လ္လင်ပေါ်တွင်ထိုင်ကာ တစ်မြို့လုံးကိုမိုးကြည့်နေဟန် ထုလုပ်ခဲ့ခြင်းဖြစ်သည်။ အမြင့်ပေ ၄၀ ခန့်မြင့်ကာ လက်တစ်ဖက်တွင် ရာဇနှင်တံကို ကိုင်ထားပြီး နောက်လက်တစ်ဖက် ပေါ်တွင် အောင်မြင်ခြင်းကို ကိုယ်စားပြုသော နတ်ဘုရားမရုပ်တုကို တင်ထားသည်။ အဆိုပါ ရုပ်တုနှင့် နှင်တံများကို
ဆင်စွယ်နှင့် အခြားအဖိုးတန်သတ္တုများဖြင့် ပြုလုပ်ထားသည်။ အေဒီ ၃၉၁ တွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ ရားဝင်ဘာသာဖြစ်လာပြီးနောက်ပိုင်း နတ်ဘုရားများ ကိုးကွယ်ခြင်းကို ပိတ်ပင်တားစီးခဲ့သောကြောင့် ရုပ်တုရှိရာ ဘုရားကျောင်းကိုလည်း ပိတ်ပစ်လိုက်ရသည်။ ဘုရားကျောင်းနှင့်တကွရုပ်တုပါ ဖျက်စီးခံခဲ့ရသည်၊ ကွန်စတန်တီနိုပယ်(Constantinople) ယခု တူရကီနိုင်ငံ
အစ္စတန်ဘူလ်(Istanbul) သို့ရုပ်တုကို သီးသန့်ယူသွား၍ မီးရှို့ဖျက်စီးခဲ့ကြသည်ဟု သမိုင်းပညာရှင်များ အမျိုးမျိုးအငြင်းပွားခဲ့ကြသည်။

ခေတ်သစ်အံ့ဖွယ် ခုနစ်ပါး

ခေတ်သစ်အံ့ဖွယ်ခုနစ်ပါး မှတ်တမ်းကိုပြုစုရန်အတွက် ကမ္ဘာပေါ်တွင်မူလအတိုင်းနီးပါး ကျန်ရှိနေခဲ့သော အထိမ်းအမှတ် အဆောက်အဦးပေါင်း ၂၀၀ အား New Open World Corporation (NOWC) မှဆန်ကာတင်ရွေးချယ်ခဲ့သည်။ အဆိုပါ NOWC မှ New7wonders ဖောင်ဒေးရှင်းအား ၂၀၀၁ ခုနှစ်တွင်တည်ထောင်၍ ခေတ်သစ်အံ့ဖွယ်ခုနစ်ပါးမှတ်တမ်း အားကမ္ဘာ့ပြည်သူများအား မဲပေးရွေးချယ်စေခဲ့သည်။ မဲပေးသောစနစ်အား အင်တာနက်၊တယ်လီဖုန်းလိုင်များမှတဆင့် မဲပေးသောစနစ်ကိုကျင့်သုံးခဲ့ရာ သန်းပေါင်းရာနှင့်ချီသော လူများမှမဲပေးခဲ့သည်။ ရွေးချယ်ထားသောအထိမ်းအမှတ် ၂၀၀ မှနောက်ဆုံးဆန်ကာတင် ၂၁ ခုအား ၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။ ပေါ်တူဂီနိုင်ငံ၊လစ္စဘွန်းမြို့ရှိ ဘင်ဖီကာ အားကစားကွင်း တွင် နောက်ဆုံးရွေးချယ်ခဲ့သော အံ့ဖွယ်ခုနစ်ပါးအား အခမ်းအနားဖြင့်ကြေငြာခဲ့သည်။ ကမ္ဘာ့ပြည်သူအများစု၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့သော ခေတ်သစ်ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးမှာ အောက်ပါအတိုင်းဖြစ်သည်။
  1. ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)
  2. မဟာရံတံတိုင်းကြီး (Great wall of China)
  3. ကိုလိုစီယမ် (Colosseum in Rome)
  4. ပီထရာမြို့ဟောင်း (Jordan's ancient city of Petra)
  5. တပ်(ခ်ျ)မဟာ (India's Taj Mahal)
  6. အင်ကာမြို့ဟောင်း မာချူပီချူး (The Inca ruins of Machu Picchu of Peru)
  7. မာယာမြို့တော်ဟောင်း ( The ancient Maya city of Chichén Itzá in Mexico)

သမိုင်းကြောင်းအကျဉ်း

ခရစ်တော်၏ ရုပ်တုကြီး (Christ the Redeemer)

အမြင့်ပေပေါင်း ၁၀၅ ပေရှိသော ခရစ်တော်၏ ရုပ်တုကြီးသည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို(Rio de Janerio) မြို့တွင် တည်ရှိသည်။



မဟာရံတံတိုင်းကြီး (Great wall of China)


လူသားတို့တည်ဆောက်ခဲ့သော အဆောက်အဦးများအနက် မဟာရံတံတိုင်းကြီးသည် အရှည်လျားဆုံးဖြစ်သည်။ ဘီစီ ၅ ရာစုခန့်မှ အေဒီ ၁၆ ရာစုအထိ အဆင့်ဆင့် ပြုပြင်တည်ဆောက်ခဲ့သော မဟာရံတံတိုင်းကြီးသည် တရုတ်ပြည် မြောက်ပိုင်းတွင်တည်ရှိပြီး မွန်ဂိုကဲ့သို့သော ပြည်ပကျူးကျော်ရန်များမှ ကာကွယ်ရန်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ တံတိုင်းကြီး၏ ထင်ရှားသော အစိတ်အပိုင်းအား တည်ဆောက်ခဲ့သူမှာ ဘီစီ၂၀၀ ခန့်မှ ဧကရာဇ် ရှီဟွမ်တီ (Shi Huang Di) ဖြစ်သည်။
ကိုလိုစီယမ်သည် ဥရောပမှ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေးချယ်ထားသော အီတလီပြည်ရောမမြို့ရှိအားကစားကွင်းကြီး ဖြစ်သည်။ ပရိတ်သတ်ပေါင်း ငါးသောင်းကျော် ဆန့်သော ထိုအားကစားကွင်းတွင် ဂလက်ဒီယေတာ (Gladiators)များ၏တိုက်ခိုက်ပွဲများ၊ တိရစ္ဆာန်များနှင့် လူများ တိုက်ခိုက်ပွဲများအစရှိသည့် ရက်စက်သောအားကစားပွဲများ ကျင်းပခဲ့သည်။ကရာဇ် ဗက်စပါစီယန်(Vespasian) မှ အေဒီ ၇၀ ၀န်းကျင်တွင်တည်ဆောက်ခဲ့သော ထိုအားကစားကွင်း၏ ဒီဇိုင်းမှာယခုခေတ်အားကစားကွင်းများ၏ အတုယူစရာဖြစ်ခဲ့သည်။

ပီထရာမြို့ဟောင်း (Jordan's ancient city of Petra)
ယခုလက်ရှိ ဂျော်ဒန်နိုင်ငံတွင်တည်ရှိသော ပီထရာမြို့ဟောင်းမှာ အာရေဗီယံသဲကန္တာရ အစွန်းတွင်တည်ရှိပြီး နာဘေတီယန်(Nabataean) နိုင်ငံတော်၏ ဘုရင်အာရီတတ်(စ)(Aretas) (ဘီစီ၉-အေဒီ၄၀) လက်ထပ်တွင် အဓိက မြို့တော်ဖြစ်ခဲ့သည်။ မူလက ပီထရာမြို့ဟောင်းကို အနောက်နိုင်ငံများမှ မသိရှိကြပဲ ဆွစ်ရှာဖွေလေ့လာသူJohann Ludwig Burckhardt က ၁၈၁၂ ခုနစ် တွင်တွေ့ရှိရာမှ လူသိများလာသည်။ ပီထရာမြို့ဟောင်းထင်ရှားရခြင်းမှာ ၁၃၂ ပေမြင့်သော အနီရောင်ကျောက်ထွင်းဘုရားကျောင်းနှင့်တကွ လှပသော ကျောက်တုံး အဆောက်အဦးများကြောင့်ဖြစ်သည်။ ထိုမြို့တော်ဟောင်းတွင် ဥမင်များ၊ ရေချိုးခန်းများနှင့်တကွ လူလေးထောင်ခန့် ဆန့်သော လူထုစည်းဝေးရာခန်းမတစ်ခုရှိသည်။


တပ်(ခ်ျ)မဟာ (India's Taj Mahal)


အိန္ဒိယနိုင်ငံ အာဂရ(Agra) ပြည်နယ်ရှိ တပ်(ခ်ျ)မဟာ ဂူင်္သချိုင်းမှာ မူဆလင်ဧကရာဇ် ရှားလ်ဂျဟန်(Shah Jahan) မှ သူ၏သစ္စာရှိသော နောက်ဆုံးမိဖုရား မမ်တက်(ဇ)မာဟဲ (Mumtaz mahal) အား သတိရသောအားဖြင့်တည်ဆောက်ခဲ့ ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများအား ၁၆၃၂ တွင်စတင်ပြီး ၁၅ နှစ်မျှအချိန်ယူတည်ဆောက်ခဲ့ရသည်။ တန်ဖိုးကြီးမား သော စကျင်ကျောက်များဖြင့်တည်ဆောက်ထားသော စက်လုံးပုံ င်္သချိုင်းဂူကြီးတွင် လှပသောဥယျာဉ်များ၊ မူဆလင်အနုပညာများ ပါဝင်ပြီး၊ ၁၃ထပ်ကျော်မျှမြင့်သော ဗလီမျှော်စင် လေးခုပါဝင်သည်။ တပ်(ခ်ျ)မဟာတည်ဆောက်ပြီး မကြာခင်တွင် ဘုရင်ရှားလ်ဂျဟန်မှာ သားတစ်ယောက်၏ အကျဉ်းချထားခြင်းကို ခံခဲ့ရသည်။ အိမ်နိမ့်စံဘဝတွင် နေထိုင်စဉ်ကာလတစ်လျှောက်လုံး တပ်(ခ်ျ)မဟာ အားပြတင်းပေါက်မှ ကြည့်၍ အချိန်ကုန်လွန်စေခဲ့ကြောင်း အချို့ရာဇဝင်များတွင် ဖေါ်ပြထားသည်။


အင်ကာမြို့ဟောင်း မာချူပီချူး (The Inca ruins of Machu Picchu of Peru)
မာချူပီချူး သည် တောင်အမေရိကတိုက် ပီရူးနိုင်ငံတွင်တည်ရှိပြီး ရှေးဟောင်းအင်ကာယဉ်ကျေးမူ့တွင် လူသိများသော မြို့ဟောင်းတစ်ခုဖြစ်သည်။ အေဒီ ၁၅၀၀ တွင် စပိန်စစ်တပ်များ၏ ၀င်ရောက်ကျူးကျော်မူ့ကြောင့် ပျက်စီးခဲ့ရသည်။


မာယာမြို့တော်ဟောင်း ( The ancient Maya city of Chichén Itzá in Mexico)

အေဒီ၇၅၀ မှ ၁၂၀၀ အတွင်းတည်ရှိခဲ့သော Chichén Itzá မြို့သည် ရှေးဟောင်းမာယာ ယဉ်ကျေးမူ့တွင် ဘာသာရေး နှင့်နိုင်ငံရေးအရ အဓိကထင်ရှားသော ဂူပုထိုးမြို့ဖြစ်ခဲ့သည်။ မြို့တော်၏အလယ်ဗဟိုတွင် Kukylkan ပိရမစ်ရှိပြီး အမြင့်ပေပေါင်း ၇၉ ပေမြင့်သည်။ ဘေးပတ်လည်လေးမျက်နှာတွင်
မျက်နှာပြင်တစ်ခု၌ လှေကားထစ်ပေါင်း ၉၁ ခုစီပါဝင်ပြီး စုစုပေါင်းအပေါ်ဆုံးတစ်ထစ်အပါအ၀င် လှေကားထစ်ပေါင်း ၃၆၅ ထစ်ပါဝင်သောကြောင့် လှေကားထစ်များသည် နှစ်တစ်နှစ်တွင်ပါဝင်သော ရက်များအားကိုယ်စားပြုသည်ဟုဆိုကြသည်။

ကိုလိုစီယမ် (Colosseum in Rome)


ကိုလိုစီယမ်သည် ဥရောပမှ နောက်ဆုံးဆန်ကာတင်အဖြစ်ရွေးချယ်ထားသော အီတလီပြည်ရောမမြို့ရှိအားကစားကွင်းကြီး ဖြစ်သည်။ ပရိတ်သတ်ပေါင်း ငါးသောင်းကျော် ဆန့်သော ထိုအားကစားကွင်းတွင် ဂလက်ဒီယေတာ (Gladiators)များ၏ တိုက်ခိုက်ပွဲများ၊ တိရစ္ဆာန်များနှင့် လူမျာိးုက်ခိုက်ပွဲများအစရှိသည့် ရက်စက်သောအားကစားပွဲများ ကျင်းပခဲ့သည်။ ဧကရာဇ် ဗက်စပါစီယန်(Vespasian) မှ အေဒီ ၇၀ န်းကျင်တွင်တည်ဆောက်ခဲ့သော ထိုအားကစားကွင်း၏ ဒီဇိုင်းမှာ ယခုခေတ်အားကစားကွင်းများ၏ အတုယူစရာဖြစ်ခဲ့သည်။

1 comments:

အံ့ဖွယ် ၇ပါးအကြောင်း အသေးစိတ် ဖော်ပြပေးထားတာ ကျေးဇူးတင်မိပါတယ်
ရှေးလူသားတွေရဲ့ စွမ်းဆောင်ရည်ဟာ တကယ်ကို လေးစားဖို့ ကောင်းလှတယ်
စက်ကိရိယာတွေ မထွန်းကားသေးဘဲနဲ့တောင် ကြီးကျယ်လှတဲ့ အဆောက်အဦး၊ အထိမ်းအမှတ်တွေကို ဆောက်လုပ်နိုင်ခဲ့တာ အံ့သြဖို့ကောင်းလှပါတယ်။

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More