ကမ္ဘာ့အမြန်ဆုံးလူသားအကြောင်း(သို့) အူစိန်ဘော့
ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့(Usain St.Leo Bolt) ဟာ ၁၉၈၆နှစ် သြဂုတ်လ (၂၁)ရက်မှာမွေးဖွားခဲ့သူဖြစ်ပြီး ကမ္ဘာ့အိုလံပစ်ချန်ပီယံ(၃)ကြိမ် ဆွတ်ခူးထားသူဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် (CARIFTA GAMES)အားကစားပြိုင်ပွဲမှာ မီတာ(၂၀၀)ကိုစက္ကန့်(၂၀)စံချိန်နဲ့ အောင်ပွဲခံနိုင်ခဲ့သူပါ။ ၂၀၀၈ခုနှစ်အားကစားရာသီမှာတော့ မီတာ(၁၀၀)ကို (၉.၇၂)စက္ကန့်နဲ့ ကမ္ဘာ့စံချိန် အသစ်ထပ်တင်ခဲ့ပါသေးတယ်။
၂၀၀၉ခုနှစ်(2009 World Championships.)အားကစားပြိုင်ပွဲမှာတော့ မီတာ(၁၀၀)ကို(၉.၅၈) စက္ကန့်၊ မီတာ(၂၀၀)ကို (၁၉.၁၉)စက္ကန့်တွေနဲ့ ကမ္ဘာ့အမြန်ဆုံးလူသား ဂုဏ်ပုဒ်တွေကို ဆက်လက်ထိန်း သိမ်းထားနိုင်သူပါ။
ကလေးဘဝ
အူစိန်ဘော့ဟာ ၁၉၈၆ခုနှစ်၊ သြဂုတ်လ(၂၁)ရက်တွင် (Trelawny, Jamaica)နိုင်ငံ၊ မြို့ငယ် လေးတစ်မြို့ဖြစ်တဲ့ (Sherwood Content) မြိုလေးမှာ မွေးဖွားခဲ့ပါတယ်။ သူဟာ မိဘတွေနဲ့အတူ ကြီးပြင်းခဲ့ပြီးတော့ အကိုတစ်ယောက်၊ အမတစ်ယောက်ရှိပြီးတော့ ကလေးဘ၀ကတည်းက (cricket နဲ့ football) အားကစားနည်းတွေကို ၀ါသနာပါခဲ့သူပါ။ နောက်ပိုင်းမှာတော့ သူကဖွင့်ဟ၀န်ခံပါတယ်။ “ကျွန်တော်ကလေးဘ၀တုန်းက အားကစားမှတစ်ပါး ဘာမှမတွေးတောခဲ့ပါဘူး” ဒါဟာ သူ့ရဲ့ ကမ္ဘာ့ အမြန်ဆုံးလူသားဖြစ်စေမယ့်မြစ်ဖျားခံရာ အကြောင်းအရာတွေလို့ ပြောမယ်ဆိုရင်ငြင်းလို့မရနိုင်ပါဘူး။
သူဟာ(Waldensia Primary and All-age School) ကျောင်းကိုတတ်ရောက်ခဲ့ပြီးတော့ အသက်(၁၂) နှစ်အရွယ်ကတည်းက မီတာ(၁၀၀)အပြေးပြိုင်ပွဲမှာ အဲ့ဒီကျောင်းရဲ့ အမြန်ဆုံးကျောင်းသားတစ်ယောက် ဖြစ်ခဲ့တာပါ။
ပြိုင်ပွဲဝင်ကာစအချိန်
၂၀၀၁ခုနှစ်မှာတော့ (CARIFTA GAMES)အားကစားပြိုင်ပွဲမှာ မီတာ(၄၀၀)ကို (၄၈.၂၈)စက္ကန့်နဲ့ မီတာ(၂၀၀)ကို (၂၁.၈၁)စက္ကန့်တွေနဲ့ ကြေးတံဆိတ်ဆွတ်ခူးခဲ့တာတွေက ကမ္ဘာ့ကသိတဲ့ အပြေးသမားတစ် ယောက်ဖြစ်ဖို့ အားဆေးတွေ တိုက်ကျွေးလိုက်သလိုပါပဲ။
ထင်ပေါ်ကျော်ဇောခြင်း၏ကနဦးခြေလှမ်းများ
အသက်(၁၅)နှစ်အရွယ်မှာတော့ အူစိန်ဘော့တစ်ယောက် အရပ်(1.95m/ 6 ft 5 in) ရှိလာပါပြီ။ ၂၀၀၂ ခုနှစ်မှာတော့ ကမ္ဘာ့ချန်ပီယံရဲ့စံချိန် မီတာ(၂၀၀)ကို (၂၀.၅၈)စက္ကန့် ပြေးနိုင်ခဲ့ပေမယ့် အူစိန်ဘော့တစ် ယောက်ကတော့ မီတာ(၂၀၀)ကို (၂၀.၆၁)စက္ကန့်နဲ့ (၀.၀၃)စက္ကန့် နောက်ကျနဲ့ ဒုတိယနေရာကသာ လိုက်နိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ၂၀၀၃ခုနှစ်(Jamfican High School Championships) အားကစားပြိုင်ပွဲမှာတော့ မီတာ (၂၀၀)မှာ (၂၀.၂၅)စက္ကန့်၊ မီတာ(၄၀၀)မှာ (၄၅.၃၀)စက္ကန့်တွေနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ကမ္ဘာ့အမြန်ဆုံးလူသားလေး
၂၀၀၈ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ဟာ အူစိန်ဘော့ရဲ့မမေ့နိုင်ဆုံးနေ့လေးတစ်နေ့ဖြစ်နေမှာ သေချာပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ မီတာ(၁၀၀)ကို (၉.၇၂)စက္ကန့်နဲ့ ကမ္ဘာ့ဂရင်းနစ်စာအုပ်မှာ မှတ်တမ်းဝင်တဲ့ နေ့လေးဖြစ်နေလို့ပါပဲ။
အူစိန်ဘော့အကြောင်း အကျဉ်းချုပ်ဖော်ပြချက်
Personal information
Nickname(s) Lightning Bolt
Nationality Jamaican
Residence Kingston, Jamaica
Height 1.95 m (6 ft 5 in)[3]
Weight 93.9 kg (207 lb; 14.79 st)[3]
Sport
Sport Track and field
Event(s) 100m, 200m, 400m, 4×100m
Club Racers Track Club
Achievements and titles
Personal best(s) 100m: 09.58 s (WR, Berlin 2009)[4]
150m: 14.35 s (WB, Manchester 2009)[5][6]
200m: 19.19 s (WR, Berlin 2009)[7]
150m: 14.35 s (WB, Manchester 2009)[5][6]
200m: 19.19 s (WR, Berlin 2009)[7]
400m: 45.28 s (Kingston 2007)[1]
Medal record[hide]
Competitor for Jamaica | ||
Men's athletics | ||
Gold | ||
Gold | ||
Gold | ||
Gold | ||
Gold | ||
Gold | ||
Silver | ||
Silver | ||
Gold | 200 m | |
Gold | 200 m | |
Gold | 200 m | |
Silver | 4×100 m relay | |
Silver | 4×400 m relay | |
Gold | 200 m | |
Silver | 4×100 m relay | |
Gold | 200 m |
အူစိန်လေးဟာ အက၀ါသနာအိုးလေးလည်းဖြစ်သလို အေးအေးလူလူ သက်တောင့်သက်သာနဲ့ ဘ၀လေးကို ဖြတ်သန်းချင်သူပါ။ ၂၀၁၀ခုနှစ် ဇူလိုင်(၁၅)ရက်မှာ ပဲရစ်မြို့မှာကျင်းပတဲ့ ကွန်ဖရင့်တစ်ခုမှာ သူဖွင့်ဟခဲ့တဲ့စကားလေးတစ်ခွန်းနဲ့ အဆုံးသတ်ပါရစေ။ “You can’t really give away anything in your book…. Should be exciting, it’s my life, and I’m a cool and exciting guy.”
တောင်သာသာလေး ပန်ကြားချက်။ ယခုဆောင်းပါးအတွက် အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး ဘာသာပြန်ထားခြင်း ဖြစ်တဲ့အတွက် အမှားများပါသွားပါက ပြုပြင်ပြောပြ ညွန်ပြပေးကြပါလို့ ပန်ကြားပါရစေ။
0 comments:
Post a Comment