မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Monday 31 October 2011

အကပြိုင်ပွဲသို့ တခေါက်






      တောင်သာသားလေးတစ်ယောက် ကျောင်းစဖွင့်ကတည်းက ခေါင်းတွေခြောက်၊ စိတ်တွေပိန်နေတာ အမှန်ပါ။ စာတွေက ကိုယ်ရခဲ့တဲ့ဘွဲ့နဲ့ သင်ရတာလွဲ၊ ဘာသာစကားလွဲ ဆိုတဲ့ လွဲပေါင်းများစွာကြောင့် မပျော်နိုင် ဖြစ်နေတာနေမှာပါ။ ကျောင်းအားတဲ့တစ်ရက်မှာ တိုက်ဆိုင်မှုကြောင့်လား၊ ဖိတ်ခေါ်မှုကြောင့်လား မသိပါ။ တောင်သာသားလေးကျောင်းတတ်နေတဲ့ မြို့တော်ခန်းမမှာ အကပြိုင်ပွဲဆီကို ရောက်သွားခဲ့ပါတယ်။ ခဏတာ စိတ်ပျော်ရွှင်မှု၊ အားကျမှု၊ စတဲ့ မှုပေါင်းများစွား ရရှိခဲ့ပါတယ်။ တောင်သာသားလေးရဲ့ လာလည်သူ
အကို အမများအတွက်လည်း ထပ်တူခံစားမှုတွေဖြစ်အောင် ဝေမျှပေးလိုက်ပါတယ်။


Sunday 30 October 2011

ဘဝမှာ မရှိမဖြစ်တဲ့သူငယ်ချင်းများ (ကလေးဘ၀မှ ယနေ့ထိချစ်သောသူငယ်ချင်းများအတွက်)



သူငယ်ချင်း မိတ်ဆွေတွေနဲ့ပတ်သက်တဲ့ စကားတစ်ခွန်းက ဒီလိုဆိုထားပါတယ်။
"သူငယ်ချင်းမိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်"တဲ့။

သူငယ်ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာတစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့်ကြတယ်။ ဒါပေမဲ့ (American Sociological Review
ASR)က သူတို့လေ့လာ ဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက်အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသထက် နည်းခဲ့ ကြတာ ကို တွေ့ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံက သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။

လျင်သူစားစတမ်း၊ သာသူမြတ်ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင်ဆိုတာကို ခွဲခြားဖို့ခက်ခဲသွားတယ်။ "သူငယ်ချင်း"ဆိုတဲ့ အခေါ်ကိုလည်း ကျွန်တော်တို့ ထိတ်လန့်လာခဲ့ကြတယ်။

ဒီလိုဆိုရင် ဘယ်လိုအရာမျိုးကို သူငယ်ချင်းအစစ်အမှန်လို့ ခေါ်သလဲ?
လူတစ်သက်မှာ အဲဒီလို သူငယ်ချင်းမျိုး ဘယ်နှယောက်လိုသလဲ?

အမေရိကန်စာရေးဆရာ Todd Parrက "အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ဆီကနေ သင်လိုချင်တဲ့အရာတွေ ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့"လို့ ဆိုထားတယ်။ အမေရိကန်စာရေးဆရာ Tom Rathက လူတစ်ယောက်မှာ မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး လိုအပ်တယ်ဆိုပြီး အခုလို့ရေးသားခဲ့ပါတယ်။

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း

သူတို့က သင့်ကောင်းကွက်တွေ သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲကူညီအားပေးတယ်။ ဒီလို သူငယ်ချင်းမျိုး ကို ဆရာအမျိုးအစားလို့ခေါ်တယ်။ သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။ ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။ သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။ လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို  ထောက်ကူပေးတဲ့သူဖြစ်တယ်။ သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူ လည်း ဖြစ်တယ်။

(၂) ဖေးမကူညီတဲ့သူငယ်ချင်း

သင့်ကို ဆုံးမလမ်းညွှန်ပြီး လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း... ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့ အချင်းချင်း ကူညီအားပေးတဲ့သူဖြစ်တယ်။ ဘဝရှင်သန်ကြီးပြင်းရာ လမ်း တစ်လျှောက်မှာ သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။ ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန် ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။ သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။ သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။

(၃) စိတ်တူကိုယ်တူ သူငယ်ချင်း

သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့ အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန် သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။ ဒါကို "နားလည်မှု"လို့ခေါ်တယ်။ သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။ စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင် အသိအမှတ်ပြုလာအောင် ကူညီပေးသလို သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။ ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။ မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။ စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။ သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း

ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။ သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့ အရိပ်တွေက သင့်အနားမှာရှိမနေဘူး။ သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။ သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။ မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။ စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။

(၅) အားပေးဖော် သူငယ်ချင်း

ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။ တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့ သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။ သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေး သူတွေဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။ သင့်စိတ်ကို ဖြေလျော့စေတယ်။ သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင် သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။ သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ် တစ်ဖန် မွေးဖွားစေပါတယ်။

(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း

သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။ သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။ ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။ သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။ သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။

(၇) လမ်းပြသူ သူငယ်ချင်း

သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။ ဒီလို သူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။ လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။ တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။ သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့ အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။ သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။

(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း

ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။ သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။ ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင် ရှိတယ်။ တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။ သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။ သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။ တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။
သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။
သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?
တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

Saturday 29 October 2011

please နှင့်ပါတ်သတ်သော



(Please)
(Thank You.)
(Excuse Me.)
(I am Sorry.)
(How Are You Doing?)
(Have A Good Time!)
(That Is Really Nice.)
(Let's Take Turns.)
(I'll Share with you.)
(Come And Sit With Us.)
(Can I Help You With That?)
(Come And Play With Us.)
(You Are A Good Friend.)
(It's Your Turn Now.)
(You Are Very Good At That.)
(I Like Your Idea.)
(I Understand How Yon Feel.)
(There Is Always Room For you.)
(I'll Show You Now.)
(Good Luck.)

Thursday 27 October 2011

အချိန်ကိုသုံးသပ်ကြည့်ခြင်း



အချိန်ကိုသုံးသပ်ကြည့်ခြင်း
"အိပ်မပျော်သောသူတစ်ဦးအတွက် ညတာ အလွန်ရှည်၏၊ အလွန်အိပ်ကောင်းနေသူတစ်ဦးအတွက် ညတာ အလွန် တို၏" ဟု ဗုဒ္ဒဘုရားရှင် ဆုံးမ ခဲ့ဖူးသည်။ ထိုသို့ပင် အလုပ်သိပ်များနေသူတစ်ဦးအတွက် အချိန်သည် မလုံလောက်သလိုပင် အလုပ်မရှိသူတစ်ဦးအတွက် အချိန်တွေ သိပ်ပြီး ပိုနေပေလိမ့်မည်ဖြစ်သည်။

ယနေ့ မြန်မာလူမျိုးတစ်ဦး၏ လူ့ဘဝသည် ပျမ်းမျှ ၇၅ နှစ် နှင့် ၈၀ ကြားတွင်သာ ရှိကြသည်။ ထိုအရွယ်တွင်မှာပဲ အသက် နှင့် ဘဝ နှစ်ခုလုံးကို လုံးဝ အဆုံးသတ်ကြရသည်။ ၇၅ နှစ်၊ ၈၀ နှစ် သည် ဘဝ အဆုံးဟု ဆိုသော်လည်း ဘဝ အစ မှာ ၂၅ နှစ် (သို့) ၃၀ နှစ် (သို့) ၃၅ နှစ်မှ စနိုင်ကြသည်။ ရေးတတ် ဖတ်တတ်ဖို့ သင်ကြားရင်း၊ ပျော်ပါးရင်း၊ အချိန်ဖြုန်းရင်နှင့် အချို့ဆိုလျှင် ၄၀ ကျော်ချိန်ထိ ဘဝ မစနိုင်သေးပေ။ ဘဝကို မစနိုင်သေးသည် ဆိုတာထက် ဘဝ ရဲ့ အနှစ်သာရ ကို ရှာဖွေဖို့ မေ့လျှော့နေကြသည်ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုအရွယ်များတွင် ဘဝ အတွက် အဓိပ္ပါယ်ရှိသော အလုပ်တစ်ခုကို စတင်လုပ်ဆောင်နိုင်ကြပြီး အသက် ၆၀ အရွယ်ရောက်သောအခါ အဆုံးသတ်သွားကြပြန်သည်။ အမှန်တကယ် အလုပ်လုပ်နိုင်သည့် အကောင်းဆုံး ချိန်က အလွန်နည်းလှသည်။

ကျွန်ုပ်တို့၏ ယခုလက်ရှိအသက်ကို ၆၀ ထဲမှ နှုတ်ကြည့်ပါက နောက်ထပ် အလုပ် အကောင်းဆုံး လုပ်ဆောင်နိုင်မည့် အချိန်အပိုင်းအခြားတစ်ခုကို ရရှိပေမည်။ ထိုကာလ အပိုင်းအခြားသည် ဘဝ တစ်လျှောက်လုံးအားဖြင့် အသင်ယူ၊ အလေ့လာရဆုံး အချိန်အပိုင်းအခြားတစ်ခုဖြစ်သလို၊ အကြိုးစား အရုန်းကန်ရဆုံး အပိုင်းအခြားလည်း ဖြစ်သည်။ ထို့အပြင် လူ တစ်ဦးနှင့်တစ်ဦးကို အခြေအနေ တစ်ခုမှ တစ်ခုသို့ လုံးဝ ကွဲပြား၊ ကွာဟ သွားအောင် ခွဲခြားပေးသည့် ကာလဖြစ်သည်။ ထို့ကြောင့် ဤမျှလောက်သော ဘဝ တစ်ခုလုံးအတွက် အရေးပါသည် လူလတ်ပိုင်းအရွယ် ကို စက္ကန့်နှင့်အမျှ အကျိုးရှိအောင် အသုံးချသင့်ပေသည်။

အချိန်တစ်ခုကို အသိပညာတစ်ခု သော်လည်းကောင်း၊ ဥစ္စာပစ္စည်းတစ်ခုသော်လည်းကောင်း၊ တရားဘာဝနာ တစ်ခုသော်လည်းကောင်း မရရှိလိုက်ပဲ မကုန်ဆုံးသင့်ပေ။ လုပ်ဆောင်မှုတိုင်းက ရည်ရွယ်ချက်ရှိနေရမည်။ အကျိုးမမဲ့စေရ။ လူငယ် တစ်ဦးနှင့် လူကြီးတစ်ဦးသည် ဦးနှောက်၏ ထိုးထွင်းသိမြင်နိုင်မှု စွမ်းရည် တူနေသော်လည်း လူကြီးတစ်ဦး၏ ဦးနောက်က လူငယ်တစ်ဦး၏ ဦးနောက်ထက် အလေးချိန်ပိုစီးနေရမည်။ ပိုမို တည်ငြိမ် ရင့်ကျက်နေရမည်။ မည်သူမဆို လူသားတစ်ဦးအနေနှင့် မနက်ထက် ညမှာ ပညာပိုရှိရမည်။ မနေ့ကထက် သည်ကနေ့တွင် ပညာပိုရှိရမည်။ အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။ ထိုသို့မဟုတ်ပါက အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည်။ ထို့ကြောင့် တန်ဖိုးရှိသည့်အချိန်တွေကို တန်ဖိုးရှိရှိအသုံးချဖို့ ဗုဒ္ဓဘုရားရှင်က "အကျိုးကျေးဇူးမရှိပဲ အချိန်မကုန်ကြစေနှင့်” ဟု အမြဲမပျက်တိုက်တွန်းခဲ့သည်။

မှန်၏။ ဘဝသည် အလွန်တိုတောင်း၏။ အကျိုးမရှိပဲ အချိန်မကုန်စေဖို့ ကျွန်ုပ်တို့အားလုံး သတိပြုသင့်သည်။ မိမိအကျိုးစီးပွားသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှ လူသားတို့၏ အကျိုးစီးပွားကို သော်လည်းကောင်း၊ မိမိနိုင်ငံ နှင့် မိမိလူမျိုး၏ အကျိုးစီးပွားသော်လည်းကောင်း အချိန်ရှိသလောက် များများ အလုပ်လုပ်ဆောင်၍ မိမိ၏ခန္ဓာကိုယ် နှင့် မိမိအသိပညာ တို့အား ပြင်းပြင်းထန်ထန် အသုံးချပြီး အချိန်ကုန်စေဖို့ ကြိုးစားသင့်ပေသည်။

မိုလိုပေါလို့တဲ့

တောင်သာသားလေးတစ်ယောက် စာတွေလုပ်ရတာပျင်းလာလို့ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ ဟာသလေးတွေ ၀င်မွှေလိုက်လို့ လာလည်တဲ့ အကို အမတွေကိုလည်း သတိတရဖြစ်လို့ တင်ပေးလိုက်တာပါ

Wednesday 26 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၆) (ဗဟုသုတ ဖြစ်စေဖို့တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)

မိန်းမယုတ်တို့၏ အပြစ်(၆)ပါး
၁။   သေရည်အရက်သောက်စားခြင်း။
၂။   အိမ်ထောင်မှုကို မပြု၊ ပျင်းရိတတ်ခြင်း။
၃။   လင်ကိုရန်တွေ့တတ်ခြင်း။
၎။   သူတစ်ပါးအိမ်းများကို သွားလာလည်ပတ်နေတတ်ခြင်း။
၅။   အခြားယောက်ျားများနှင့် အကျွမ်းတ၀င်နေတတ်ခြင်း။
၆။   အိမ်တံခါးဝမှနေ၍ အခြားယောက်ျားတို့ကို ကြည့်ရှုမျှော်တတ်ခြင်း။


ရယ်မောခြင်း(၆)မျိုး
၁။   သိတ=   မျက်လုံးနှုတ်ခမ်း အနေပျက်ရုံပြုံးခြင်း။
၂။   ဟသိတ=  သွားပေါ်ရုံကလေး ပြုံးခြင်း။
၃။   ၀ိဟသိတ=   ပြကတေ့ အသံညင်းညင်းထွက်ရုံရယ်ခြင်း။
၎။   ဥပဟသိတ=   ပခုံးဦးခေါင်းလှုပ်အောင်ရယ်ခြင်း။
၅။   အပဟသိတ=   မျက်ရည်ထွက်အောင်ရယ်ခြင်း။
၆။   အတိဟသိတ=   ခြေပစ်လက်ပစ် မရှုနိုင် မကယ်နိုင်အောင် ရယ်ခြင်း။

(၁၊၂=   သူမြတ်ရယ်နည်း။

၃၊၄=   သူလတ်ရယ်နည်း။
၅၊၆=   သူယုတ်ရယ်နည်း။)


ကတော်(၇)ပါး
၁။   ယောကတော်။
၂။   နှောကတော်။
၃။   ရေယဉ်ကတော် (ရေယာဉ်ဟု ရေးမထားပါ)
၎။   စကြာကတော်။
၅။   အနောက်ဖက်ကတော်။
၆။   စကားကတော်။
၇။   မြောက်ဖက်ကတော်။


မယားခိုးခြင်း(၇)ပါး
၁။   လက်ကိုကိုင်ခြင်း။
၂။   သူ့လင်မရှိခိုက် အိမ်၌ရောက်လာခြင်း။
၃။   လျှို့ဝှက်ရာ၌ ကာမဂုဏ်နှင့် စပ်သောစကားပြောခြင်း။
၎။   ကာမဂုဏ်ဖြင့် ဖြောင်းဖြပြောဆိုခြင်း။
၅။   တင်းတိမ်အတွင်းသို့ ၀င်ရောက်ခြင်း။
၆။   တံခါးအတွင်းသို့ ၀င်ရောက်ခြင်း။
၇။   အိပ်ယာပေါ်သို့ ရောက်ခြင်း။







































ချစ်တတ်တဲ့သူတွေ


Tuesday 25 October 2011

ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား?




"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" မြန်မာပြန်ဆိုသူ- တင်မောင်မြင့်

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်ကို နာရီဝက်အတွင်းပြီးအောင် ကျွန်တော်တို့ဖတ်နိုင်ပေမယ့်
စာအုပ်ထဲက အကြောင်းအရာကိုတော့ တစ်သက်တာအချိန်နဲ့ ကျွန်တော်တို့ခံစားရလိမ့်မယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဒါဟာ လူတိုင်းကိုယ့်ကိုယ် နေ့စဉ်မေးတဲ့မေးခွန်းဖြစ်တယ်။ ဒါဟာ "စားပြီးပြီလား?" ဆိုတဲ့မေးခွန်းလောက် အရေးပါပါတယ်။

အလုပ်အကိုင် အဆင်မပြေတဲ့အခါ၊ အချစ်ရေး အဆင်မပြေတဲ့အခါ၊ အိမ်ထောင်ရေး မပြေလည်တဲ့အခါ ဒီမေးခွန်းကို ကျွန်တော်တို့မေးတတ်ကြတယ်။ ဘယ်သူကများ "ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?"

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" ဆိုတဲ့စာအုပ်က ဘာတွေပြောထားသလဲ? ပုံပြင်က ကြွက်ငယ်လေးနှစ်ကောင်နဲ့ လူသေးလေးနှစ်ယောက် အကြောင်းရေးထားတဲ့ ရိုးရိုးရှင်းရှင်း ပုံပြင်လေးတစ်ပုဒ်ပဲဖြစ်တယ်။


ပုံပြင်အကျဉ်းက လူသေးနှစ်ယောက်နဲ့ ကြွက်ကလေးနှစ်ကောင်ဟာ ဒိန်ခဲတွေပြည့်လျှံနေတဲ့ ဝင်္ကပါတောင်ထဲမှာနေကြတယ်။ ဒိန်ခဲတွေက ဝင်္ကပါတောင်ရဲ့ တစ်နေရာမှာရှိတာကြောင့် ကြွက်ကလေးနှစ်ကောင်က အနံ့အာရုံသုံးပြီး ဒိန်ခဲကိုရှာခဲ့ကြတယ်။ လူသေးလေးနှစ်ယောက်က ဦးနှောက်သုံးပြီးရှာခဲ့ကြတယ်။ တစ်နေ့မှာ သူတို့ရဲ့ကြိုးပမ်းမှုကြောင့် တစ်သက်စားမကုန်နိုင်ဘူးလို့ ထင်ရတဲ့ ဒိန်ခဲတောင်ကြီးကို တွေ့ခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့ဟာ ဒိန်ခဲတောင်နဲ့ မနီးမဝေးနား ရွှေ့ပြောင်းလာခဲ့ကြပြီး နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။

ဒါပေမယ့် တစ်နေ့မှာ ဒိန်ခဲတောင်ကြီး ပျောက်ခြင်းမလှ ပျောက်သွားခဲ့တယ်။ ဒိန်ခဲတောင်ကြီးကို မတွေ့ရတော့ ကြွက်ကလေးနှစ်ကောင်က နောက်ဒိန်ခဲတောင်တစ်တောင်ကို ရှာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လူသေးလေးနှစ်ယောက်ကတော့ "ဒိန်ခဲ" ပျောက်သွားတာနဲ့ ပတ်သက်ပြီး တော်တော်တုန်လှုပ်ခဲ့ကြတယ်။

"ငါ့ဒိန်ခဲကို ဘယ်သူနေရာရွှေ့ထားသလဲ?" လို့ သူတို့ကိုယ်သူတို့ မပြတ်မေးကြတယ်။ ဆွေးနွေးကြတယ်။ တကယ်တော့ အဲဒီဒိန်ခဲတွေကို သူတို့မပိုင်ဘူး။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲဒီဒိန်ခဲက သူတို့ဒိန်ခဲပါလို့ ထင်မှတ်ထားလိုက်တယ်။ ဒါကြောင့် "ဘယ်သူကမှ ငါ့ဒိန်ခဲကို နေရာရွှေ့လို့မရဘူး" ဆိုပြီး မျက်စိရှေ့ကဖြစ်လာတဲ့ကိစ္စကို သူတို့လက်မခံနိုင်ဖြစ်ခဲ့ကြတယ်။ နေ့ရက်တွေကို စိတ်ရှုပ်ဝမ်းနည်းစွာနဲ့ သူတို့ဖြတ်ကျော်ခဲ့ရတယ်။ လူသေးလေးတစ်ယောက်က ဒိန်ခဲပျောက်သွားပြီဆိုတဲ့ အမှန်တရားကိုလက်ခံပြီး နောက်ဒိန်ခဲတောင်တစ်တောင်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို နောက်လူသေးလေးတစ်ယောက်က သဘောမတူခဲ့ဘဲ နေရာမှာတင် ထိုင်စောင့်နေခဲ့တယ်။ "ဒိန်ခဲရွှေ့သွားတဲ့လူ" ပေါ်လာပြီး သူ့ကို ဒိန်ခဲတွေ "ပြန်ပေးဖို့" မျှော်လင့်နေခဲ့တယ်။

ဒိန်ခဲထွက်ရှာတဲ့ လူသေးလေးက လမ်းတစ်ဝက်ရောက်တာနဲ့ "နောက် ဒိန်ခဲတောင်တစ်တောင်ကို တွေ့ပါ့မလား?"ဆိုတဲ့ မရေရာစိတ်တွေ ဖြစ်နေခဲ့တယ်။ ဒိန်ခဲရှာမတွေ့သေးပေမယ့် ကြောက်ရွံ့တုန်လှုပ်ခြင်းကနေ လွတ်မြောက်ခဲ့တဲ့ လူတစ်ယောက်မှာ နှိုင်းမပြနိုင်တဲ့ ပျော်ရွှင်ခြင်းနဲ့ စိတ်သက်သာမှုတွေ ရနိုင်ကြောင်းကို သူသိသွားခဲ့တယ်။ ဒါကြောင့် ဆုံးရှုံးသွားခဲ့တဲ့ ဒိန်ခဲတွေအတွက် သူနာကျင်ဝမ်းနည်း မနေခဲ့တော့ဘူး။ နောက်ဆုံးမှာ ဒိန်ခဲတောင်တစ်တောင်ကို သူတွေ့သွားခဲ့တယ်။ အဲဒီဒိန်ခဲတောင်မှာပဲ ကြွက်ကလေးနှစ်ကောင်နဲ့ သူပြန်ဆုံခဲ့တယ်။

အသိဥာဏ်ရှိတဲ့ ကြွက်ကလေးနှစ်ကောင်က အရင်ဒိန်ခဲတောင်ကြီး တဖြေးဖြေးလျော့နည်းလာတာကို သူတို့သိခဲ့တယ်။ ဒါကြောင့် ဒိန်ခဲတောင်ကြီး ပျောက်သွားတဲ့အချိန် နောက်ဒိန်ခဲကိုရှာဖို့ သူတို့တွေဝေတွန့်ဆုတ် မနေခဲ့ဘူး။

ဒိန်ခဲတွေ့ခဲ့တဲ့ လူသေးလေးဟာ ဒိန်ခဲအသစ်တွေယူပြီး အရင်ဒိန်ခဲတောင်မှာ ဒိန်ခဲတွေ ပြန်ပေါ်လာနိုးနဲ့စောင့်နေတဲ့ သူ့သူငယ်ချင်း လူသေးလေးကို သွားရှာခဲ့တယ်။ ဒါပေမယ့် အဲဒီလူသေးလေးက ဒိန်ခဲဟောင်းကိုပဲ တမ်းတနေပြီး ဒိန်ခဲသစ်ကိုစားဖို့ ငြင်းဆန်ခဲ့တယ်။ "ငါ့ဒိန်ခဲကို ယူသွားတဲ့လူတွေ" တစ်နေ့မှာ ငါ့ကို "ပြန်ပေးလိမ့်မယ်"လို့ သူမျှော်လင့်နေဆဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်နှိုးဆွပေးခဲ့ပါတယ်။ စာအုပ်ထဲမှာပါ "ဒိန်ခဲဆောင်ပုဒ်" တွေ အများကြီးပါခဲ့ပါတယ်။

"ဒိန်ခဲ" ကို "အလုပ်အကိုင်", "အိမ်ထောင်ရေး" , "ပစ္စည်းဥစ္စာ" ဒါမှမဟုတ် "အခွင့်အရေး" အနေနဲ့ ကျွန်တော်တို့ တစ်သက်သာ အသုံးပြုနိုင်ပါတယ်။

ဘယ်အရာက ကျွန်တော်တို့ရဲ့ "ဒိန်ခဲ" ဖြစ်မလဲ? ဥပမာ--

လူတစ်ယောက်ကို ကြိုက်နှစ်သက်ပြီး ထုတ်ဖော်ပြောရဲတဲ့ သတ္တိမရှိခဲ့ဘူး။

အထက်လူကြီးဆီက နေရာကောင်းလေးတစ်ခုတောင်းယူဖို့ တွေဝေတုန့်နှေးပြီး ကြောင့်ကြစိုးရိမ်စိတ်တွေ များခဲ့တယ်။

ကိုယ်မနှစ်သက်တဲ့လူကို နောက်ထပ်မနှောင့်ယှက်ပါနဲ့လို့ ပြတ်ပြတ်သားသား ထုတ်ဖော်မပြောရဲခဲ့ဘူး။

ဆိုင်ဝန်ထမ်း အတင်းအဓမ္မတိုက်တွန်း ဝယ်ခိုင်းတဲ့အင်္ကျီကို မဝယ်ချင်ဘူး။ ဒါပေမယ့် အထင်သေးမုန်းတီးတဲ့ အကြည့်နဲ့ ကိုယ့်ကိုသူကြည့်မှာ စိုးခဲ့တယ်။

ဒါတွေဟာ လူတွေဆီက မကောင်းတဲ့တုန့်ပြန်မှုတွေ ရမှာကိုကျွန်တော်တို့ စိုးရိမ်ခဲ့လို့ဖြစ်တယ်။ တကယ်တော့ လူတွေရဲ့တုန့်ပြန်မှုဆိုတာ ကိုယ့်အထင်တွေပဲဖြစ်တယ်။ အဲဒီအထင်တွေနဲ့ ကျွန်တော်တို့က ကိုယ့်စိတ်ကိုယ် ချောက်ချားစေခဲ့တယ်။ မှန်ရှေ့မှာရပ်သလိုမျိုး မျက်နှာချင်းဆိုင်ပဲရပ်ရပ်၊ နောက်ကျောပေးပဲရပ်ရပ် မှန်ထဲမှာတွေ့ရမှာက လူတစ်ယောက်ရဲ့အရိပ်ပဲဖြစ်တယ်။

တစ်လောကလုံး ကိုယ့်အပေါ်မကောင်းဘူးလို့ သင်ထင်ခဲ့ရင် သင့်ကိုယ်ပေါ်က ဆူးခက်တွေကို လူတွေမြင်ကြလိမ့်မယ်။ အိန်ဂျယ်တစ်ပါး ကိုယ့်ပုခုံးပေါ် နားနေတယ်လို့ သင်ထင်ခဲ့ရင် သင့်ရဲ့လင်းလက်တဲ့စိတ်ကို လူတွေမြင်ကြလိမ့်မယ်။

စိတ်ပျက်အားငယ်ပြီး ခွန်အားတွေကျရှုံးနေတယ်လို့ သင်ထင်ခဲ့ရင် သင့်ကို ယုံကြည်ဖို့မထိုက်တန်သူလို့ လူတွေမြင်ကြလိမ့်မယ်။ စိတ်လက်သက်သာပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ပြည့်နေတယ်လို့ သင်ထင်ခဲ့ရင် သင့်ကို ယုံကြည်စိတ်ချသူလို့ လူတွေမြင်ကြလိမ့်မယ်။

ကိုယ့်ကိုချစ်တဲ့လူမရှိဘူးလို့ သင်ထင်ခဲ့ရင် သင့်ကို သနားစရာ၊ ဆွဲဆောင်မှုမရှိသူလို့ လူတွေမြင်ကြလိမ့်မယ်။ အရာရာကို မျှော်လင့်ချက်အပြည့် သင်ထားနိုင်ခဲ့ရင် သင့်ရဲ့ ကြည်လင်တဲ့စိတ်၊ နေရောင်ဖြာတဲ့ သင့်မနက်ဖြန်တိုင်းကို လူတွေမြင်ကြလိမ့်မယ်။

ဖြစ်လာတဲ့ ပြဿနာအခက်အခဲတွေကို ရင်ဆိုင်မလား? မျက်ကွယ်ပြုမလား? နောက်ဆုံးတော့လည်း ကိုယ်သာ ကိုယ်ပဲဖြစ်ခဲ့ပါတယ်။

Monday 24 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၅) (ဗဟုသုတ ဖြစ်စေဖို့တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)

မြတ်နိုးအမြဲ မမှီဝဲရာ မိန်းမ(၅)ပါး
၁။   အလွန့်အလွန် အဆင်းလှသောမိန်းမ။
၂။   လူချစ်လူခင် ပိုးပန်းသူများသောမိန်းမ။
၃။   သူတပါး၏ ဇနီးမယား။
၎။  သဘင်သည်။
၅။   ဥစ္စာမက်သောမိန်းမ။


စွန့်အပ်သောမယား၏ အင်္ဂါ(၆)ပါး
၁။   ငြင်းခုန်တတ်သော အလေ့ရှိခြင်း။
၂။   ငြူစူစောင်းမြောင်းတတ်ခြင်း။
၃။   မြင်သမျှတိုင်းကို လိုချင်မက်မောခြင်း။
၎။   သူတစ်ပါးအိမ်သို့ သွားလာတတ်ခြင်း။
၅။   အခြင့်အတိုင်းမရှိများစွာ စားတတ်ခြင်း။
၆။   အအိပ်ကြူးတတ်ခြင်း။


မိန်းမတို့၏အပြစ်(၆)ပါး
၁။   အရပ်ရှည်လွန်းခြင်း။
၂။   ပုလွန်းခြင်း။
၃။   ၀လွန်းခြင်း။
၎။   ပိန်လွန်းခြင်း။
၅။   အသားဖြူလွန်းခြင်း။
၆။   မည်းလွန်းခြင်း။


မိန်းမမြတ်တို့၏ အကျင့်(၆)ပါး
၁။   မိမိလင်အား ကိုယ်၊ နှုတ်တို့ဖြင့် မထီမဲ့မြင်မပြု။
၂။   မိမိလင်က ရိုသေလေးမြတ်သူတို့ကို မိမိကလည်း ရိုသေလေးမြတ်ခြင်း။
၃။   အိမ်မှုကိစ္စ၌ ထကြွလုံ့လရှိခြင်း။
၎။   အစေခံ ခြွေရံသင်းပင်းတို့ကို ထိုက်သလောက် ထောက်ပံ့ချီးမြှင့်ခြင်း။
၅။   လင်၏ နှစ်သက်ဖွယ်ကို ပြုကျင့်ခြင်း။
၆။ လင်သားရှာမှီးသော ဥစ္စာကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။













































Sunday 23 October 2011

ကဗျာကပေးသော ညွှန်တံများ(၁)



အမြင့်ကိုမှန်း
လှမ်းတဲ့ ခြေလှမ်းတိုင်းမှာ
ခွန်အားအပြည့်ပါ,ပါစေကွယ်။

သစ်ပင်မြင့်လေ လေတိုက်ခံရလေဆိုတာ
ဖြစ်နေကျ အစဉ်အလာမို့
အနှစ်နှစ်အလလ ပျိုးခဲ့ရတဲ့
ဘ၀သစ်ပင် မယိုင်လဲစေဖို့

အမြစ်တွေလဲ ခိုင်ပါစေ။

ကြမ်းတမ်းခက်မာ
လမသာတဲ့ညတွေကြား
စိတ်ပျက်အားငယ်စရာများ ကြုံလာခဲ့ရင်
ဝီရိယကို အဖော်ခေါ်
ဘ၀မှာ နေပျော်ပါစေကွယ်။

သိက္ခာနဲ့ အသပြာ ယှဉ်လာခဲ့ရင်
အသပြာကို ဘေးဖယ် -

သိက္ခာကိုသာ ရွေးချယ်
ဘ၀မှာ တင့်တယ်ပါစေကွယ်

ဆိတ်ကွယ်ရာရဲ့ ဖြားယောင်းမှုအောက်
မတော်တဆများ ရောက်ခဲ့ရရင်
ကိုယ့်ကျင့်တရားကို ခြုံ
ဘ၀မှာ လုံခြုံပါစေကွယ်။

ကိုယ့်ဘက်က လက်ဖမိုး -
သူ့ဘက်က လက်ဖ၀ါး
ဒီလိုလူတွေကြားမှာ
ဒေါသကို ရှေ့မထားနဲ့ -
ဘ၀မှာ အမှားနဲပါစေကွယ်။


ရုန်းကန်လှုပ်ရှား လောကဓံကြားမှာ
သနားသင့်သူကိုသနား
ကူသင့်သူကိုကူ
တွဲထူသင့်သူကို လက်ကမ်း
(ဒါပေမဲ့)
ရေများရာ ရွာတဲ့
အဖိုးမတန် မိုး မဖြစ်ပါစေနဲ့
(ဘ၀မှာ)
အတ္တနဲ့ ပရ မျှတပါစေကွယ်။

သီလ ငါးချက် စိတ်မှာမှတ်
မေတ္တာ တရား လက်ကိုင်ထား
ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ အတူနေ
  ဘ၀မှာ အောင်မြင်ပါစေကွယ်။

အောင်သပြေကို ညောင်ရေလောင်းလို့
ထပ်ခါ ထပ်ခါ ဆုတောင်းပေးပါတယ်
   ဘ၀မှာ
အစစ အရာရာ အဆင်ပြေအောင်မြင်ပါစေကွယ်။

Saturday 22 October 2011

တောင်သာသားလေး ငပိကြော်နည်း

တောင်သာသားလေးတစ်ယောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ရလွန်းလို့ ဒူဆစ်တွေတောင် ညောင်းနေ တာတော့အမှန်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ စားဝတ်နေ (၃)ရေး လုံး ကိုယ်တိုင်လုပ်နေရလို့ပါပဲ။ မနက်ကျောင်းသွား၊ ညနေကျောင်းပြန် စာဖိုမှူးလုပ်၊ အ၀တ်တွေလျှော်(ကိုယ်ဝတ်တဲ့ဟာ)၊ တခါတလေတော့ လည်း တပါတ်ကို တထည်လောက်နဲ့ ၀တ်လို့ရရင်ကောင်းမှာပဲလို့ စဉ်းစားမိပါတယ်။ အဲ့ဒါဆို အ၀တ်က တစ်ပါတ်မှ တစ်ခါပဲ လျှော်ဖွတ်ရမှာလေ။ စကားရှည်နေပြီလားမသိဘူး။ ပြောချင်တာက ငပိကြော်နည်းလေ။
ကျောင်းကပြန်လာပြီး မောမောပန်းပန်းနဲ့ (တကယ်က စာမရလို့ ဆရာမ အဆူခံရလို့မောတာပါ) ငပိကြော်လေး ကြော်ပြီဗျာ။

ငပိကြော်နည်း
အဆင့်(၁)   ဆီပူနေသော ဒဲအိုးထဲသို့ ငရုတ်သီးတောင့်ပါးပါးလှီးထားတာများကို  အနံ့လေးထွက်လာအောင်ကြော်လိုက်ပါ။
အဆင့်(၂)   ကြက်သွန်ပါးပါးလေးများထပ်ထည့်ပါ။
အဆင့်(၃)   ကြက်သွန်နွမ်းလာပါက ကြက်သွန်ဖြူပါးပါးလေးများကို ထပ်ထည့်မွှေပေးပါ။
အဆင့်(၄)   ငပိကို အချိုးအစားမှန်မှန်ထည့်ပြီး မွှေပေးပါ။
အဆင့်(၅)   မန်ကျီးသီးကိုရေနွေးပူပူနဲ့ဖျော်ပြီး ထပ်ထည့်ပေးပါ။
ဆီလေးများပြန်လာပြီးဆိုရင် ဒဲအိုးကပ်ချိန်နီးလာရင်တော့ ငပိကောင်းကောင်းလေးရပါပြီ။






Friday 21 October 2011

အင်တာနက်ဆိုင်ထဲက ဟာသလေး


စတန့်ပြကွက်လေးတွေ


Thursday 20 October 2011

စေတနာနှင့်နေရာ



စေတနာနှင့်နေရာ
လူ့စိတ်ဟာ အချိန်နဲ့အမျှပြောင်းလဲနေတတ်သလို လူတိုင်းမှာလည်း
စိတ်ကောင်းနဲ့စိတ်ဆိုးဆိုတာရှိပါတယ်။ တချို့ကလည်း လူ့စိတ်ဟာ
မျောက်နဲ့တူတယ်လို့ ဆိုတတ်ကြပြီး၊ လူ့စိတ်တွေ ဖောက်ပြန်ပြောင်းလဲနေတာ
ခန္ဓာကိုယ်တွင်းရှိတဲ့နတ်ဆိုးတွေကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။

မျောက်နဲ့တူတယ်ဆိုတဲ့ လူစိတ်က အခုအကောင်း၊ တော်ကြာတစ်မျိုးဖြစ်တတ်သလို၊
အဖွဲ့အစည်းတွင်း နိုင်ငံရေး Organizational Politics မှာလည်း
အခုကိုယ့်ဘက် ရပ်တည်နေပြီး ခဏနေတော့
အခြားဘက်ပြောင်းသွားတာမျိုးဖြစ်ပါတယ်။ ဒါကို သာကူးတွေလို့ဆိုကြပြန်ပါတယ်။

တချို့ကလည်း ကိုယ်ပိုင်အရည်အချင်းမရှိလို့ ကိုယ့် ရပ်တည်ရာ(Stand)
ကိုယ်မသိဘဲ နေရာရရှိရေး၊ အခွင့်အရေးရရေး၊ စားသောက်ရရေးအတွက်
ဒီလိုစိတ်ပြောင်းရတယ်လို့ ဆိုကြပြန်ပါတယ်။
စေတနာနှင့်နေရာမှာဆက်စပ်နေပြီး ပေါင်းစည်းချိတ်ဆက်ထားရန်လိုသည်။

စိတ်ဟာ ကောင်းကောင်းဆိုးဆိုး ဒီစိတ်ရဲ့မူလပိုင်ရှင်(အရှင်သခင်)ကတော့
ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ကိုယ်ဆိုးလို့ စိတ်ဆိုးတာဖြစ်ပြီး၊
ကိုယ်ကောင်းရင် ကိုယ့်စိတ်ကလည်း ကောင်းနေမှာ ဖြစ်ပါတယ်။ စိတ်ကောင်းဖို့၊
စေတနာကောင်းဖို့လိုပါတယ်။

စေတနာဆိုတာ ကံလို့မြတ်စွာဘုရားက ဟောပြောဆုံးမပါတယ်။
ဒီတော့ စေတနာကောင်းရင် ကံကောင်းပြီး စေတနာယုတ်ရင် ကံဆိုးမှာ ဖြစ်ပါတယ်။
မြန်မာတွေ ဟာအစွန်းထွက်တဲ့ လူမျိုးလို့လည်း တချို့က
ဝေဖန်သုံးသပ်ပြန်ပါတယ်။ အားနာစရာရှိရင် မတရားကြီးကို အားနာနေတတ်ပြီး
မုန်းသွားပြီဆိုလည်း ရက်ရက်စက်စက်ကြီးကို မုန်းနေပြန်ပါတော့တယ်။

ဒါကြောင့် မြန်မာတွေကို ဆုံးမတဲ့ မြန်မာကြီးတွေက (မြန်မာပညာရှိတွေက)
ဆုံးမရင်ပဲဖြစ်ဖြစ်၊ ဆုံးမစာရေးရင်ပဲဖြစ်ဖြစ်၊ အစွန်းနှစ်ဖက်ထွက်တဲ့
အတိုင်းလိုက်ညှိပြီး ပြောဆိုဆုံးမထားကြတာကို လေ့လာတွေ့ရှိရပြန်ပါတယ်။
တစ်ရွာမပြောင်း သူကောင်းမဖြစ်နဲ့ သေချင်တဲ့ကျား တောပြောင်းဆိုတော့
ကိုယ့်ဘာသာ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်ပါ။

စေတနာ

စေတနာသည်ကံလို့ဆိုတာမှာ ကိုယ်ပြဋ္ဌာန်းတဲ့စေတနာဟာ
ကံအဖြစ်ကိုယ့်ဆီပြန်လာမယ်လို့ ရည်ညွှန်းတာဖြစ်ပေမယ့် စေတနာထားရင်း
ခံလိုက်ရင်းဖြစ်တာတွေကို ကြုံရဖန်များတဲ့အခါများမှာတော့ စေတနာသည်
လူတိုင်းနှင့်မတန်ဆိုတာမျိုး ဖြစ်လာခဲ့ပြန်ပါတယ်။ တချို့ကလည်း
စေတနာအစစ်မဟုတ်လို့ ခံရတာလို့ပြောကြပြန်ပါတယ်။

စေတနာထားပါ၊ စိတ်ထားကောင်းပါဆိုတဲ့ စကားတွေဟာ အပြောလွယ်ပေမယ့်
အလုပ်ခက်ပါတယ်။ ကြာရှည်မဖောက်ပြန်ဘဲ စေတနာထားဖို့
စိတ်ထားကောင်းဖို့ဆိုရင် ပိုတောင်ခက်ပါတယ်။

လူ့စိတ်သဘောကိုက ယေဘုယျဆိုရင် အတုံ့အတင်သဘောကိုဆောင်ပါတယ်။ သူကောင်းမှ
ကိုယ်ကောင်းမယ်။ သူဆိုးရင် ကိုယ်ဆိုးမယ်လို့ သဘောရှိတတ်ကြပါတယ်။
စေတနာသဘောရင်းမှန်ကတော့ အဲဒီလိုမဟုတ်ရပေဘူး။

စေတနာဆိုတာကလည်း စိတ်ကလေးကဖြစ်လာတာဆိုတော့ စိတ်ရင်းကိုက
ကောင်းရမှာဖြစ်ပါတယ်။ စိတ်ရင်းကောင်းမှ စေတနာကလည်းသန့်ရှင်းမှာ
ဖြစ်ပါတယ်။ တချို့ကဆို အဲဒီစကားလုံးနှစ်လုံးတွဲဖက်လို့
စိတ်စေတနာလို့တောင်ခေါ်ကြတယ်။

စေတနာဆိုတာ ပါဠိက လာတာဖြစ်ပြီး၊ စေ့ဆော်တိုက်တွန်းတတ်သောတရား၊
သူတစ်ပါးအကျိုးကို လိုလားသောသဘောထားလို့ အနက်ရပါတယ်။

မိဘကသားသမီးအပေါ်၊ ဆရာကတပည့်အပေါ်၊ ဒီလိုပဲအပြန်အလှန် သားသမီးကမိဘအပေါ်၊
တပည့်က ဆရာအပေါ် စေတနာထားကြတယ်။ ချစ်သူချင်းစေတနာရှိကြတယ်။
သူငယ်ချင်းအချင်း ချင်းစေတနာထားကြတယ်။ ချမ်းသာသူက ဆင်းရဲသူအပေါ်
စေတနာထားတယ်။ အစိုးရက ပြည်သူ အပေါ်စေတနာထားတယ်။

စေတနာစိတ်က အရေးကြီးတယ်။ မိဘဆရာတို့က စေတနာက ဖြူသန့်တယ်။ သားသမီးတွေ၊
တပည့်တွေရဲ့ ကောင်းတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ် ဆိုးတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ်
စေတနာမပျက်ဘူး။ မတုန်လှုပ်ဘူး။ ကိုယ်ကစေတနာထားပါရက်နဲ့
မကောင်းတဲ့တုံ့ပြန်မှုပြန်ရလည်း ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပေး၊ ထားရမယ့်
စေတနာဆက်ထားပေးနေတာပဲဖြစ်တယ်။

ကျန်သူတွေအချင်းချင်းကြားမှာတော့ စေတနာပျက်ယွင်းမှုတွေ
တူညီတဲ့တုံ့ပြန်မှုတွေရှိလာတတ်တယ်။ လူ့စိတ်ကလေးပီပီ ပြောင်းလဲကုန်တော့တယ်။
အထူးသဖြင့် စေတနာထားပါရက်နဲ့ နေရာနဲ့ယှဉ်လာတဲ့အခါ စေတနာပျက်ကုန်တတ်တယ်။

စေတနာနဲ့ နေရာပေးတယ်။ တလွဲတွေ လျှောက်လုပ်ပစ်တယ်ဆိုရင်
စေတနာပျက်သွားတတ်တယ်။ စေတနာနဲ့ မြေတောင်မြှောက်ပေး၊ ကူညီပေးတယ်။
နောက်ပိုင်းကိုယ့် ကိုယ်ပါထိခိုက်စော်ကားလာရင် စေတနာပွန်းပဲ့တတ်တယ်။

စေတနာထားတဲ့လူကလည်း စေတနာမှန်ဖို့လိုပြန်တယ်။
ကိုယ်ကိုယ်တိုင်စေတနာထားခဲ့ပြီးမှ
စေတနာအလျောက် အောင်မြင်သွားခဲ့ရင် နေရာတွေရသွားခဲ့ရင်
ကိုယ့်စေတနာကိုယ်တိုင်က ညိုပုပ်လာ တာမျိုးမဖြစ်သင့်ဘူး။
စေတနာနဲ့ယှဉ်တွဲနေတဲ့ မေတ္တာ၊ မုဒိတာ၊ ဥပေက္ခာတို့ပါ တွဲစပ်ပါဝင်သင့်တယ်။
မဟုတ်ရင် ကိုယ့်စေတနာနဲ့ကိုယ်နောင်တရနေရင် မကောင်းပေဘူး။

နေရာ

နေရာဆိုတာ ဒီနေရာမှာ အ ဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေရဲ့
အရေးပါအရာရောက်တဲ့နေရာ၊
လုပ်ပိုင်ခွင့်ရှိတဲ့နေရာ၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့နေရာ၊
အမှုဆောင်အရာရှိနေရာတွေကို ပြောတာပါ။

တချို့နေရာက နေရာကောင်းရထားတယ်ဆိုရင် စီးပွားဖြစ်တဲ့နေရာ၊
ဝင်ငွေဖြောင့်တဲ့နေရာကိုခေါ်ပါတယ်။
ဒီအိမ်လေး၊ ဒီခြံလေး၊ ဒီဆိုင်လေးကနေရာကောင်းတယ်။ သူ့သားက၊ သူ့အဖေက
နေရာကောင်းရထားတယ်။ ရထားပေါ်မှာ၊ ကားပေါ်မှာ နေရာကောင်းရတယ်စသဖြင့်
ပြောတတ်ကြတယ်။

နေရာဟာအရေးကြီးတယ်။ တခဏတာအတွက်ပဲဖြစ်ဖြစ်၊ တစ်ဘ၀စာအတွက်ပဲဖြစ်ဖြစ် လူတွေက
နေရာကောင်းကို လိုချင်တတ်ကြတယ်။

နေရာရဖို့ကတော့ အဓိက ကြိုးစားကြရတာပါပဲ။ ဇာတ်ပွဲကြည့်ဖို့ဖြစ်ဖြစ်၊
စတိတ်ရှိုးကြည့်ဖို့ပဲဖြစ်ဖြစ်၊ မယ်ရွေးပွဲကြည့်ဖို့ပဲဖြစ်ဖြစ်
နေရာကောင်းရချင်ရင် စောစောစီးစီးလက်မှတ်ဝယ်၊ ဖျာဝယ်၊
စောစောစီးစီးသွားနေရာယူကြရပါတယ်။

လက်မှတ်တန်ဖိုးအလိုက်သတ်မှတ်တဲ့နေရာတောင် နေရာကောင်းရချင်ရင်
နည်းနည်းတော့ ပိုအားစိုက်၊ ပိုကြိုးစားရတာပါပဲ။ ဒါကငွေပေးပြီးနေရာယူတာ၊
နေရာဝယ်တာဖြစ်ပါတယ်။

ငွေပေးပြီးယူရတဲ့နေရာမဟုတ်တဲ့ ပညာနဲ့အရင်းတည်ကြိုး စားရတာမျိုး၊
ကိုယ့်အရည်အချင်းပြပြီး ဖန်တီးလုပ်ကိုင်ပြမျိုးဆိုရင်တော့ ပိုခက်သွားသလို
ပိုပြီးလည်း အားစိုက်ရပါတယ်။

စာရေးရေး၊ အလုပ်လုပ်လုပ် စေတနာထားလုပ်ကိုင်ရန်လိုသည်။

ပညာတို့၊ အရည်အချင်းတို့တည်ပြီး ကြိုးစားရတာမျိုးဆိုရင်
ခံစားအကဲဖြတ်တဲ့ပရိသတ်ရဲ့အဆင့်အတန်းနဲ့ ခံစားနိုင်မှုက အရေးကြီးသလို
အဲဒီအကဲဖြတ်ပုဂ္ဂိုလ်တို့ရဲ့စေတနာကလည်း သန့်ရှင်းဖို့လိုပါတယ်။
ထပ်ဆင့်ရှင်းအောင် ပြောရရင်တော့ အဂတိမလိုက်ဖို့လိုပါတယ်။

တော်သင့်သူကို တော်သင့်သလိုနေရာပေးရာမှာဖြစ်ပါတယ်။
ကိုယ့်အကျိုးဆောင်လို့၊ ကိုယ်သဘောကျလို့၊ ကိုယ်ချစ်လို့ဆိုပြီး နေရာတွေ
စွတ်ပေးလို့ မသင့်သလို အမြင်ကပ်လို့၊ မုန်းလို့ဆိုပြီး နေရာမပေးတာလည်း
မကောင်းပါဘူး။ စေတနာသန့်သန့်နဲ့ နေရာတွက်ချက်ပြီး ပေးရမှာဖြစ်ပါတယ်။

နေရာရသူဘက်ကလည်း ကြိုးစားရမှာတွေရှိ ပြန်ပါတယ်။ ကိုယ့်မှာနေရာရအောင်
အကောင်းဆုံးကြိုးစားခဲ့ပြီး (တစ်ခါတစ်ရံတော့ နည်းစုံကို သုံးခဲ့ရတတ်တယ်)
နေရာရခဲ့ပြီဆိုတော့ ဒီနေရာနဲ့ထိုက်တန်အောင်၊
ကိုယ့်ကိုရိုသေလေးစားကြအောင်၊ နေရာနဲ့ထိုက်တန်သူလို့
အကဲဖြတ်မှတ်ချက်ရအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ကိုယ်ရရှိတဲ့နေရာအလိုက်လည်း စေတနာအပြည့်နဲ့
လုပ်ကိုင်ဆောင်ရွက်ပေးဖို့လိုပါတယ်။ စေတနာမပါဘဲ စေတနာမထားဘဲ
နေရာအလွဲသုံးစားလုပ်နေရင်လည်း မကောင်းပါဘူး။ ကြာရင် ခံရသူများက
စေတနာပျက်လာမှာ ဖြစ်ပါတယ်။ ခံရတဲ့သူတွေ စေတနာပျက်ရင် တစ်ခါကိုယ့်နေရာက
ပြန်ပြီးလှုပ်လာမှာ ဖြစ်ပါတယ်။

ဆိုချင်တာက နေရာနဲ့စေတနာ၊ စေတနာနဲ့နေရာက ဆက်စပ်နေပါတယ်။
ကိုယ့်လုပ်ရပ်ကိုယ့်စေတနာကြောင့် နေရာတွေရနိုင်သလို၊
နေရာသာယူပြီးစေတနာမပါ၊ လုပ်ရပ်မကောင်းရင်တော့
နေရာကြာရှည်မတည်မြဲနိုင်ပါကြောင်း တင်ပြရပါတယ် ။

Wednesday 19 October 2011

တယ်လီဗွီးရှင်း၊ ကွန်ပျူတာ နှင့် သင့် မျက်လုံးများ



တယ်လီဗွီးရှင်း၊ ကွန်ပျူတာ နှင့် သင့် မျက်လုံးများ

ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြုမူ နေထိုင် သင့်သလဲ။
မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc (OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။

မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။
ဖြေ။ ။ တီဗီ ကြာကြာ ကြည့်လို့ ကွန်ပျူတာ စခရင် ကြာရှည် ကြည့်လို့ စက္ခု အာရုံ ကုန်ခန်း သွားတယ် လို့တော့ မရှိဘူး။ ဒါပေမယ့် ခရီးရှည် လမ်းလျှောက်ရင် ခြေထောက် ညောင်းသလိုပဲ။ တီဗီကို ဆက်တိုက် ကြာရှည် ကြည့်ရင် မျက်စိ ညောင်းတာ။ မျက်ရည် ကျတာ၊ မျက်ရည်ပူ ကျတာ၊ မျက်ရိုး ကိုက်တာ၊ ခေါင်းကိုက် ဇက်ကြော တက်တာ မျိုး တွေ တော့ ဖြစ်နိုင် ပါတယ်။

မေး။ ။ အဲဒါ တီဗီ ကြောင့် မဟုတ် ဘူးလား။
ဖြေ။ ။ တီဗီ မော်နီတာ ကို ကြည့်တာ ကြာ လေလေ မျက်လုံး ဖွင့်ထားတဲ့ ကာလ ကြာ လေလေ မျက်လုံးပေါ်က မျက်ရည် ခန်းခြောက်မှု များ လေလေ ပဲ။ မျက်ကြည်လွှာ ရဲ့ အပြင်လွှာမှာ မျက်ရည် စိုစွတ် နေဖို့ လိုတယ်။ မျက်ရည် ခန်းခြောက် သွားရင် မျက်ကြည်လွှာ မှာ ပုံရိပ် မထင်ရှား တော့ဘူး။ ပုံရိပ် မထင်ရှား ရင် မျက်စိ အားစိုက် ရတဲ့ အတွက်ကြောင့် ဇက်ကြော တက်တာတို့၊ မျက်ရိုး ကိုက်တာ တို့ ခဏခဏ အဖြစ် များတယ်။ အဲကွန်းခန်း ထဲမှာ ဆိုရင် မျက်ရည် ခန်းခြောက်နှုန်း ပိုများ ပါတယ်။ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ရည် ခန်းခြောက်ရင် computer eye drops, RENU eye drops, Cooleye eye drops တွေ ခပ်ရင် ပိုကောင်း ပါတယ်။ မျက်ရည် အင်အား ကို ဆောင်းပေးတဲ့ သဘောပါ။

မေး။ ။ ဒီလိုဆိုရင် အချိန် ဘယ်လောက် ကြာကြဲာ အများဆုံး ကြည့်ရှု သင့်သလဲ။
ဖြေ။ ။ တီဗီ မော်နီတာ၊ ကွန်ပျူတာ ဂိမ်းတွေကို တစ်နာရီ ထက် ပိုပြီး တောက်လျှောက် မကြည့် သင့်ဘူး။ တစ်နာရီ ကြည့်ပြီးရင် မျက်လုံး ကို ခေတ္တ အနား ပေးပါ။ မျက်လုံး စွတ်စို အောင်ပေါ့။ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း တစ်နာရီ ကျော် ကြာကြာ ကြည့်ပြီးရင် ကစားပြီးရင် ဆယ်မိနစ် လောက် နားပြီး အဝေးကြည့် မြင်ကွင်းကို ကြည့်ပေး သင့်တယ်။ ကွန်ပျူတာ ကြာကြာ ကြည့်ဖို့ ဂိမ်း ကြာကြာ ကစားဖို့ လိုရင် ကိုယ့်မျက်စိ နဲ့ ကိုက်ညီတဲ့ ပါဝါ မျက်မှန် ကို လိုအပ်ရင် တပ်ထားဖို့ သတိ ပေးချင် ပါတယ်။ နည်းနည်း ကြာကြာ ထိုင်ကြည့်ရင် အဆင် မပြေ ဘူးထင်ရင် မျက်စိ ပါဝါစစ်၊ လိုအပ်ရင် မျက်မှန် တပ်သင့် ပါတယ်။

မေး။ ။ တီဗီ အမျိုးအစား အရည်အသွေး က မျက်လုံး ထိခိုက်မှုမှာ တစ်ခု နဲ့ တစ်ခု ကွာ သလား။
ဖြေ။ ။ ကွာပါတယ်။ Resolution ခေါ်တဲ့ ပုံဖော် အစက် အပြောက် တွေ ကြဲရင် ၊ resolution ညံ့တဲ့ တီဗီ ကြည့်ရင် မျက်လုံး ပို ထိခိုက် တယ်။ အရုပ် ပီသ ထင်ရှားမှု မရှိရင် တီဗီ ကြည့်ပြီး ဒါမှမဟုတ် ကြည့်နေဆဲ မှာပဲ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တာ ဖြစ်လာ နိုင်တယ်။ အရုပ် ပီသပေမဲ့ အလင်းရောင် ကစား နေတာ။ အရုပ်တွေ သိပ်လှုပ်ရှား နေတာ ရှိရင်လည်း အဲသည် ဝေဒနာတွေ ဖြစ်တတ်တယ်။ နောက် တစ်ခု ကတော့ ဓါတ်ရောင်ခြည် ပေါ့။ အလင်းရောင် ထုတ်လွှင့်တဲ့ ပစ္စည်းတွေမှာ ဓါတ်ရောင်ခြည်ရှိတယ်။

ဥပမာ လျှပ်စစ် မီးချောင်း မှာလည်း ရှိတယ်။ မွေးကင်းစ ကလေးတွေ အသည်းရောင် အသားဝါ ရင် မီးချောင်း ပြရတယ်။ ဓါတ် ရောင်ခြည် သုံးတာပေါ့။ ခေတ် သိပ်မမီတဲ့ တီဗီတွေ၊ မော်ဒယ် နိမ့်တဲ့ တီဗီ တွေက ဓါတ်ရောင်ခြည် ပိုထွက်တယ်။ တန်ဆေး လွန်ဘေးပဲ။ ယခုအခါ ကြိုတင် စစ်ဆေး ကန့် သတ် ပြဋ္ဌာန်းချက် တွေနဲ့ အညီ ထုတ်လုပ် ရောင်းချတာ များလား လို့ အန္တရာယ်တော့ နည်းပါတယ်။ နယ်စပ်က ဝင်လာတဲ့ တီဗီ တွေကို သုံးရင် သတိထား သင့်တယ်။ တစ်နာရီကို ၀.၅ မီလီရွန်ဂျင် ထက် မပိုဘဲ ရောင်ခြည် ထွက်မှ စိတ်ချ ရတယ်။ မျက်စိ ရောဂါ ရှိလို့၊ အတွင်းတိမ် ခွဲထုတ် ထားရလို့ နေကာ မျက်မှန် အမြဲ တပ်ထား ဖို့ လိုတဲ့သူ တွေ ကတော့ တီဗီ ကြည့်ရင် ခပ်ခွာခွာ ကကြည့်ရပြီး နေကာ အမြဲ တပ်ထား နိုင်တယ်။

မေး။ ။တီဗီ ကြည့်ရာမှာ ရှေ့တည့်တည့် က ထိုင်ရမယ်။ ဘေး ခပ်စောင်းစောင်း ထိုင်သင့်တယ် ဆိုတဲ့ သက်မှတ်ချက် မျိုးတွေ ရှိသလား။
ဖြေ။ ။ သက်တောင့် သက်သာ မညောင်းမညာ ကြည့်နိုင်တဲ့ အနေအထား က တီဗီ မှန်သားပြင်ရဲ့ ရှေ့တည့်တည့် ဖြစ်တယ်။ မှန်သားပြင် နဲ့ မျက်စိ အနိမ့်မမြင့် တစ်တန်းတည်း ဖြစ်နေ ရမယ်။ ကိုယ်က မြင့်နေရင် ငုံ့ကြည့် ရမယ်။ ကလေး တွေလို ကိုယ်က ကြမ်းပေါ်က ထိုင် ကြည့်ရင် မော့်ကြည့် ရမယ်။ ဒါမှမဟုတ် ဘေး ရောက်နေရင် စောင်း ကြည့်ရလို့ ဇက်ညောင်း၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက် မျက်ရိုးကိုက် ဖြစ်မယ်။

မေး။ ။ တီဗီ ကြည့်နေစဉ်မှာ အခန်းကို ရုပ်ရှင်ရုံလို အမှောင် ချထားရင် ပိုကောင်း သလား။
ဖြေ။ ။ မကောင်းဘူး။ အခန်းတွင်း အလင်းရောင်က မမှောင်လွန်း၊ မလင်းလွန်း မျှတရမယ်။

မေး။ ။ တီဗီကြည့် ကွန်ပျူတာ ရှေ့ ထိုင် ဂိမ်းကစား တာတွေဟာ မျက်စိ ထိခိုက် စေတာ တွေပဲလို့ ပြောရင် ရသလား။
ဖြေ။ ။ ဒါတွေ ရှောင်ဖယ် နေရင် ခေတ် နောက်ကျ ကျန်ရစ်မှာပဲ။ အသုံး ပြုရာမှာ မျက်စိ မထိခိုက်အောင် သတိနဲ့ ဆင်ခြင်ပြီး သုံးစွဲရမှာပဲ။

Tuesday 18 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၄) (ဗဟုသုတ ဖြစ်စေဖို့တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)


 မိန်းမမြတ်တို့၏ အင်္ဂါ(၅)ပါး
၁။   အဆင်းလှခြင်း။
၂။   စည်းစိမ်းချမ်းသာရှိခြင်း။
၃။   သီတင်းသီလ ဆောက်တည်ခြင်း။
၎။   တတ်သိလိမ္မာခြင်း။
၅။   လုံ့လ၀ီရိယရှိခြင်း။

မိန်းမမြတ်တို့၏ အကျင့်(၅)ပါး
၁။   လင်မထမီထခြင်း။
၂။   လင်အိပ်မှအိပ်ခြင်း။
၃။   ဘယ်အမှုကို လုပ်ဆောင်ရမည်နည်းဟု လင်၏ အစီအရင်ကိုခံ၍ လုပ်ဆောင်ခြင်း။
၎။   နှစ်သက်ဖွယ်ကျင့်ခြင်း။
၅။   ပြုံးခြင်း ရှေးရိုးသော ချစ်ဖွယ်သော စကားကိုဆိုခြင်း။

မိန်းမတို့၏ အား(၅)ပါး
၁။   အဆင်းအား။
၂။   စည်းစိမ်အား။
၃။   ဆွေမျိုးအား။
၎။   သားသမီးအား။
၅။   အကျင့်သီလအား။

မိန်းမတို့ မရနိုင်သော ဘ၀ကြီး(၅)ပါး
၁။   ဘုရားဘ၀။
၂။   စကြာဝတေးမင်း။
၃။   ဗြဟ္မာမင်း။
၎။   သိကြားမင်း။
၅။   မာရ်နတ်မင်း။ 

 

Monday 17 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၃) (ဗဟုသုတ ဖြစ်စေဖို့တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)

လင်မယားဖြစ်ရာသည် (၃)ပါး
၁။   မိဘပေးစားသောကြောင့်။
၂။   နှစ်ဦး သဘောတူ သင့်တင့်နေထိုင်သောကြောင့်။
၃။   အသက်ကို ကယ်ယူသောကျေးဇူးကြောင့်ပိုင်ခြင်း။



မိန်းမတို့၏ မာန်(၄)ပါး
၁။   ဇာတိမာန်      =အမျိုးမာန်တတ်ခြင်း။
၂။   ၀ယမာန်        =အရွယ်မာန်တတ်ခြင်း။
၃။   ဓနမာန်          =ဥစ္စာမာန်တတ်ခြင်း။
၎။   ရူပမာန်          =အဆင်းမာန်တတ်ခြင်း။

မယားကျင့်ဝတ် (၅)ပါး
၁။   အိမ်မှုကိစ္စများကို စေ့ငှအောင်ဆောင်ရွက်တတ်ခြင်း။
၂။   မိမိလင်ယောက်ျား ရှာဖွေရသမျှကို စုဆောင်းမိအောင် ကြိုးစားခြင်း။
၃။   မိမိလင်မှတစ်ပါး   အခြားယောက်ျားများကို မပြစ်မှားခြင်း။
၎။   လင့်ဆွေမျိုး၊ မိမိဆွေမျိုး၊ အလှူခံ၊ အိမ်နီးချင်းစသည်တို့အား သင့်လျှော်သလို ပေးကမ်းလှူဒါန်းခြင်း။
၅။   မိမိကိစ္စ၊ လင့်ကိစ္စ တို့ကို အပျင်းမရိ ချစ်ဖွယ်ရှိအောင် ဆောင်ရွက်ခြင်း။


မိန်းမကောင်းအင်္ဂါ(၅)ပါး
၁။   အရေကောင်းခြင်း၊ အဆင်းချောမွေ့ခြင်း(အရေပြားချောမွေ့လှပခြင်း)
၂။   အရွယ်ကောင်းခြင်း (အသက်အရွယ်)
၃။   အသားအရေ နူးညံ့ခြင်း။
၎။   အရိုးအဆစ် ပြေပြစ်ခြင်း။
၅။   ဆံပင်ကောင်းခြင်း။



afafa

Sunday 16 October 2011

Saturday 15 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၂) (ဗဟုသုတ ဖြစ်စေဖို့ တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)

မိန်းမတို၏ ဂါရ၀(၃)ပါး
၁။   မိဘကို ရိုသေခြင်း။
၂။   ယောက်ခမကို ရိုသေခြင်း။
၃။   လင်သားကို ရိုသေခြင်း။








မိန်းမတို၏ ၀ါရ(၃)ပါး
၁။   ပူစပ်သော အရသာကို မစားသောက်ခြင်း။
၂။   ခါးသောအရသာကို မစားသောက်ခြင်း။
၃။   ဖန်သောအရသာကို မစားသောက်ခြင်း။


မိန်းမတို့၏ သီရိ(၃)ပါး
၁။   ကြိုးတန်း၊ ကြိမ်တန်းအောက်ကို မလျှိုခြင်း။
၂။   ထဘီပုဆိုး အထက်အောက် လှန်မ၀တ်ခြင်း။
၃။   ခြေမဆေးဘဲ အိပ်ရာဝင်ခြင်း။


မိန်းမတို၏ ပွားများခြင်း(၃)ပါး
၁။   နံနက်အချိန်တွင် မစ္ဆာရိယတရား ပွားများခြင်း။
၂။   ညနေအချိန်တွင် £ómw&m;  ပွားများခြင်း။
၃။  ညအချိန်တွင် ရာဂတရား ပွားများခြင်း။













Friday 14 October 2011

အမျိုးသမီးများနှင့်ဆိုင်ရာများ(၁) (ဗဟုသုတ ဖြစ်စေဖို့ တင်ပေးခြင်းသာ၊ စကားလုံးအရိုင်းများပါ ပါက နားလည်ပေးပါရန်)


လက်ထပ်ခြင်း (၂)မျိုး
အာဝါဟ-   ယောက်ျားလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း။
ဝိ၀ါဟ-       မိန်းကလေးအိမ်တွင် မင်္ဂလာဆောင်ခြင်း။
စရမင်္ဂလာ- အခြားနေရာများတွင် မင်္ဂလာဆောင်ခြင်း။

ကာမေသု မိစ္ဆာစာရကံ မထိုက်သော မိန်းမ (၃)မျိုး
၁။   မိမိပိုင်မယား။
၂။   ပိုင်သူ စောင့်ရှောက်သူတို့က အခွင့်ပေးထားသော မိန်းမ။
၃။   ပိုင်သူ စောင့်ရှောက်သူမရှိ လွှတ်ထားသော အရူးမ။

ကိုယ်လုပ်တော် (၃)မျိုး
၁။   ၀တီဘွဲ့ခံ ကိုယ်လုပ်တော်ကြီး။
၂။   သီရိဘွဲ့ခံ ကိုယ်လုပ်တော်လတ်။
၃။   မင်းတပ်၍ ခေါ်သည့် (၂)လုံး၊ (၃)လုံး ဘွဲ့ခံ ကိုယ်လုပ်တော်ငယ်များ။
(နာမည်ထဲမှာ ၀တီတို့၊ သီရိတို့၊ မင်းတို့ ပါရင် ဆောရီးနော်)

ကိုယ်ဝန်စွဲခြင်း အင်္ဂါ(၃)ပါး
၁။   မိဘ(၂)ပါး စည်းဝေးခြင်း။
၂။   သတ္တ၀ါတို့ စုတိဆဲ ဖြစ်ခြင်း။
၃။   ဥတုသမယ ကြုံခြင်း။
(ကိုယ်ဝန်ရှိဖို့ ဖိုမ ဆက်ဆံမှု+ ၀င်စားမယ့် သတ္တ၀ါ သေချိန်+ အခါအခွင့်ကြုံခြင်းပေါ့ဗျာ)

ကိုယ်ဝန်ပျက်ခြင်း အင်္ဂါ(၃)ပါး
၁။   လေမှုတ်၍ ပျက်ခြင်း။
၂။   ပိုးခဲ၍ ပျက်ခြင်း။
၃။   ကံကြောင့်ပျက်ခြင်း။
(မရှင်းတတ်ဘူးဗျာ)

Thursday 13 October 2011

မြန်မာနိုင်ငံတက္ကသိုလ်နှင့်ကောလိပ်များမှ ပေးအပ်သောဘွဲ့များ




 မြန်မာနိုင်ငံတက္ကသိုလ်နှင့်ကောလိပ်များမှ ပေးအပ်သောဘွဲ့များ



1.M.B.B.S (Bachelor 0f Medicine and Bachelor of Surgery (ဆရာဝန်ဘွဲ့)

2.B.D.S (Bachelor 0f Veterinary of Surgery) (
သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့)

3.B.V.S (Bachelor 0f Veterinary Science) (
တိရစ္ဆာန်ဆေးကုဆရာဝန်ဘွဲ့)

4.B.Ag (Bachelor 0f Agriculture ) (
စိုက်ပျိုးရေးပညာဘွဲ့)

5.B.Sc (Bachelor 0f Science) (
သိပံဘွဲ့)

6.B.E (Bachelor 0f Engineering (
အင်ဂျင်နီယာဘွဲ့)

7.B.Arch (Bachelor 0f Architecture (
ဗိသုကာဘွဲ့)

8.B.Tech (Bachelor 0f Technology ) (
နည်းပညာဘွဲ့)

9.B.Eco (Bachelor 0f Economic ) (
စီးပွားရေးပညာဘွဲ့)

10.B.Com (Bachelor 0f Commerce (
ဝါ၀ိဇာဘွဲ့)

11.B.A (Bachelor 0f Arts) (
ဝိဇ္ဖာဘွဲ့)

12.L.L.B (Bachelor 0f Laws) (
ဥပဒေဘွဲ့)

13.B.Ed (Bachelor 0f Education ) (
ပညာရေးဘွဲ့)

14.M.A (Master of Arts ) (
မဟာဝိဇ္ဖာဘွဲ့)

15.M.Sc (Maslter of Science (
မဟာသိပံဘွဲ့)

16.Ph.D (Doctor of Philosophy) (
ဒေါက်တာဘွဲ့)

17.B.N.Sc ((Bachelor 0f Nursing Science (
သူနာပြုသိပံဘွဲ့)

18.B.C.Sc (Bachelor 0f Computer Science (
ကွန်ပျူတာသိပံဘွဲ့)

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More