Friday 7 October 2011

အိမ်ထောင်သည်များက လူပျို အပျိုတို့ထက် ကျန်းမာရေးကောင်း (အော် ဒါကြောင့် တောင်သာသားလေး ကျန်းမာရေးမကောင်းတာဖြစ်မယ်)

အိမ်ထောင်သည်များက​​ လူပျိုပျိုတို့ထက် ကျန်းမာရေးကောင်း





အမေရိကန် သုတေသီများက အိမ်ထောင် သည်များ သည် ယေဘုယျ အားဖြင့် လူပျို အပျိုများ ထက် ကျန်းမာရေး ကောင်းလေ့ ရှိကြောင်း ပြောကြား လိုက်သည်။
ယင်းမှာ အိမ်ထောင်ရေး အရ ဇနီးနှင့် ခင်ပွန်း ဆက်ဆံမှု သည် စိတ် ဖိစီးမှုကို လျှော့ချ ပေးနိုင် ခြင်းကြောင့်ဟု သိရသည်။ ထို့အပြင် ကျေနပ် ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင် ထားသည့် စုံတွဲများတွင် လည်း အလားတူ ကောင်းကျိုးမျိုး ရရှိ နိုင်ကြောင်း ချီကာဂို တက္ကသိုလ်နှင့် နော့ဝက်စတန် တက္ကသိုလ်တို့မှ သုတေသီများ ၏ ပူးပေါင်း လေ့လာမှု ဖြင့် အဖြေထုတ် နိုင်ခဲ့သည်။ ချီကာဂို ကုန်သွယ်ရေး သင်တန်းကျောင်းမှ အသက် ၂၇ နှစ်ဝန်းကျင် အမျိုးသား ၃၄၈ ဦးနှင့် အမျိုးသမီး ၁၅၃ ဦးတို့၏ နေထိုင်မှု ပုံစံများနှင့် အချစ်ရေး၊ အိမ်ထောင်ရေး တို့ကို ပညာရှင်များက လေ့လာခဲ့ကြသည်။ ယင်းတို့ အနက် ၄၀ ရာခိုင်နှုန်းသော အမျိုးသားများနှင့် ၅၃ ရာခိုင်နှုန်းသော အမျိုးသမီးများသည် အိမ်ထောင်ရှင် (သို့မဟုတ်) ချစ်သူ ရှိနေသူများ ဖြစ်ကြသည်။
သုတေသီများ၏ လေ့လာမှုအရ အိမ်ထောင်နှင့် ချစ်သူရှိနေသော အမျိုးသား၊ အမျိုးသမီးများသည် စိတ်ဖိစီးမှုကို လှုံ့ဆော်ပေးသည့် ဟိုမုန်းများ ပိုမိုနည်းပါးနေတတ်ကြောင်း သိရှိလာရသည်။ ပျော်ရွှင်စရာ ချစ်ခြင်းမေတ္တာ ပြည့်ဝသည့် ဆက်ဆံရေးမျိုးသည် လူတစ်ဦး၏ ကျန်းမာရေးကို ထိခိုက်စေမည့် စိတ်ဖိစီးမှု အခြေအနေမျိုးကို လျှော့ချပေးနိုင်ကြောင်း သုတေသီများက ကြေညာခဲ့သည်။ ထို့အပြင် ယင်းရလဒ်သည် အမျိုးသား၊ အမျိုးသမီး နှစ်ဦးလုံးတွင် တွေ့မြင်နိုင်သော်လည်း အမျိုးသမီးများတွင် အကျိုးသက်ရောက်မှု ပိုများကြောင်းလည်း သိရှိရသည်။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More