တောင်သာသားလေး တစ်ယောက် ဟင်းချက်နည်းတွေ ခဏခဏတင်လို့ မိန်းမစိတ်များ ပေါက်နေတာ လားလို့ မတွေးလိုက်ပါနဲ့ဗျာ။ ကိုယ်တိုင်မချက်ရင် ဘာမှ စားစရာမရှိလို့ပါ။ သူတို့အစားအစာတွေနဲ့ တောင်သာသားလေးတို့ ဗိုက်တွေနဲ့ကလည်း အဆင်မပြေဘူးဗျ။ စားလိုက် ခဏနေရင် ဗိုက်ဆာသလိုလို နဲ့။ အစာတွေကနုနေပြီး တောင်သာသားလေးဗိုက်ကကြမ်းနေတာဖြစ်မယ်။ ငယ်ငယ်ကလည်း ထမင်းကြမ်းနဲ့ ပဲပြုတ် စားလာတာဆိုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုလည်း တောင်သာသားလေးတစ်ယောက် ၀က်သားတုတ်ထိုးလေး လုပ်စားနေပြန်ပါပီ။နာမည်ကိုတော့ တောင်သာသားလေးချက်လို့ တောင်သာသားလေးဝက်သားတုတ်ထိုးလို့ ပေးလိုက်ပါပြီ။
ဝက်သားတုတ်ထိုးလုပ်နည်း
အဆင့်(၁) ၀ယ်လာသောဝက်သားတိုလီမိုလီများကို ရေစင်အောင်ဆေးပါ။ ပြီးနောက် လက်သီးစုပ်ပမာဏ လောက်အတုံးလေးမျာတုံးပါ။
အဆင့်(၂) ငံပြာရည်၊ ပဲငံပြာရည်၊ ကရဝေးရွက်၊ သစ်ဂျပိုး၊ အရက်အနည်းငယ်(ကွမ်းသီးရှိရင်ကွမ်းသီး)၊ ဂျင်း၊ ကြက်သွန်ဖြူ၊ သကြား၊ အချိုမှုန့်တို့ကို ပမာဏမျှတစွာထည့်ပေးပါ။
အဆင့်(၃) မီဖိုပေါ်မှာ ခဏလုံးပေးပါ။ ပြီးရင် ရေလိုသလောက်ထည့်ပေးပါ။
အချည်အတွက်
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီး၊ သံပရာသီး၊ ခရည်းချည်ဘူး၊ နံနံပင်တို့ကို ရောပေးပါ။
ဒါဆို ၀က်သားတုတ်ထိုးကောင်းကောင်းလေးရပါပြီ။
2 comments:
ဝက်သားတုတ်ထိုးတောင်စားချင်စိတ်ပေါက်လာပြီ...
တုတ်ထိုးလုပ်ရောင်းဦးမှ
နည်းလမ်းရပြီ..း)
Post a Comment