Saturday, 26 November 2011

မိမိကိုယ်ကို ယုံကြည်ခြင်း နှင့် ကိုးစားခြင်း

    ဒီနေ့တော့ အကိုအမများအတွက် တောင်သာသားလေး ဖတ်လိုက်ရတဲ့ စာစုလေးတစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။
    လောက၌ ကြီးကျယ်ပေါက်မြောက် အောင်မြင်သူ မှန်သမျှ မိမိကိုယ်ကို ကိုးစားယုံကြည်ကြသူချည်းဖြစ်၏။
     မိမိအရည်အချင်းကို ယုံကြည်သည်။ မိမိဇွဲသတ္တိကို ကိုးစားသည်။ မိမိ၏ အနာဂတ်အလားအလာကို စိတ်ချသည်။
တောင်သာသားလေး ဖတ်မိတဲ့ ဥပမာလေးနဲ့ နှိုင်းယှဉ်ပြပါအုံးမယ်။

       ဗြိတိသျှသမိုင်းတွင် ထင်ရှားသည့် ဘင်ဂျမင် ဒစ္စရေးလီသည် ဂျူးလူမျိုးတစ်ယောက်ဖြစ်၏။ သူတို့ဆီ၌ ဂျူးဆိုသည်မှာ အနှိမ်ခံ အလှောင်ခံ သတ္တ၀ါတစ်မျိုးဖြစ်ရာ အကယ်၍ ဒစ္စရေးလီသာ အားငယ်တတ်သူတစ်ဦး ဖြစ်က နိုင်ငံရေးလောကထဲ ၀င်လာမည်မဟုတ်။ အခြားအခြားသော ဂျူးများနည်းတူ ကုန်သွယ်စီးပွားဘက်မှာသာ ကြီးပွားအောင် ကြံဆောင်မည်ဖြစ်၏။
       သို့သော် ဒစ္စရေးလီက သူတစ်ပါးအထင်အမြင် သူတစ်ပါး အပြောအဆိုကို ကြောက်ရွံ့နောက်တွန့် တတ်သူမျိုးမဟုတ်။ လူသည် ပတ်ဝန်းကျင်အခြေအနေများ၏ ဖန်တီးခံသတ္တ၀ါမဟုတ်၊ ပတ်ဝန်းကျင်အခြေအနေသည်သာ လူ၏ဖန်တီးခံဖြစ်သည်ဟူ၍ သူ အခိုင်အမာယုံကြည်သည်။ မည်သူမဆို လောက၌ မအောင်မြင်တာတွေ မလွဲမသွေ ကြုံရမည်သာဖြစ်သည်။ သို့သော် မနည်းသော ကာယစွမ်းအားနှင့် ကြီးမားသော စိတ်ဓာတ်သတ္တိရှိသူတို့အဖို့မူ လောက၌ မဖြစ်နိုင်သောအရာဟူသည် မရှိဟူ၍ သူ့စိတ်ထဲမှာ ပြတ်သားထားသည်။
          ထို့ကြောင့် မအောင်မြင်သော ရွေးကောက်ပွဲတွေကို ရင်ဆိုင်ကျော်လွှားကာ လွှတ်တော်အမတ်အဆင့်သို့ သူရောက်လာသည်။ အမတ်ဖြစ်စ လွှတ်တော်တွင် ပထမဆုံးအကြိမ် စကားပြောသည့်အခါ ၀ိုင်းဝန်းလှောင်ပြောင် ရယ်မောခြင်းခံရသည်။
            သို့သော် သူတွန့်ဆုတ်မသွား။ သူသည် တစ်နေ့ကျလျှင် ဗြိတိသျှ နိုင်ငံရေးလောက၌ အတောက်ပဆုံး ပုဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂ္ဂိုလ်တစ်ယောက် ဖြစ်လာရမည်ဟု သူ့ဘာသာ ယုံကြည်ထားသည်။ ထို့ကြောင့် အလှောင်အပြောင်တွေ ကြားမှာပင် သူပြောစရာ စကားကို ရဲရဲပြောသည်။ လုပ်စရာရှိတာကို ရဲရဲလုပ်သည်။ သို့နှင့်ပင် နောက်ဆုံး၌ သူရည်မှန်းသည့်အတိုင်း ဗြိတိသျှ နိုင်ငံရေးလောက၏ အထွတ်အထိပ်ဖြစ်သော ၀န်ကြီးချုပ်ဘ၀၊ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် ၁၉ ရာစု ဒုတိယပိုင်းကာလ ကမ္ဘာတွင် အထင်ရှား အရေးပါဆုံး ပုဂ္ဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။



0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More