Wednesday 30 November 2011

စကားပြောရာဝယ်



လူသားတွေ တစ်နေ့တာလုံးမှာ အမြဲမပျက်ပြောဆိုနေရတာ.....စကားပဲဖြစ်ပါတယ်။
စကာဆိုတဲ့အဓိပ္ပါယ်ကတော့ ပေါ့ပေါ့လေး သဘောထားလို့ရသလို........
တစ်ချို့တစ်ချို့တွေကတော့ အလေးအနက်ထားတဲ့သူတွေလဲ ဒုနဲ့ဒေရှိကြပါတယ်။
တစ်ခုတော့ရှိပါတယ်......စကားနဲ့ပက်သက်တဲ့ အထင်ကရ မှတ်သားစရာလေးတစ်ခုရှိပါတယ်.....
အဲ့တာကတော့.......ဦးပေါ်ဦး ပုံပြင်လေးပဲဖြစ်ပါတယ်....


ပုံပြင်အစမှာ......
ဘုရင်မင်းမြတ်ကြီးက ပေါ်ဦးကိုမေးပါတယ်.............
ပေါ်ဦးတဲ့ ဥတွေထဲမှာ ဘယ်ဥက အစိမ့်ဆုံးလဲတဲ့........
အဲ့အခါ ဦးပေါ်ဦးက လိပ်ဥပါ ဘုရား ဆိုပြီးဖြေလိုက်တယ်......
အဲ့လိုနဲ့ နေသွားလိုက်ကြတာ....ရက်ပေါင်တော်တော်ကြာကြာမှာပဲ.....
စကားအသွားအလာမရှိပဲနဲ့.......
အမှတ်တမဲ့မင်းကြီးက ဦးပေါ်ဦးကို ကောက်မေးလိုက်ပါလေရော
ဒါတင်ပဲလား.........ပာ ဆိုတော့.....
ဦးပေါ်ဦးက ဆားနဲ့ပါဘုရား လို့ ပာန်ချက်ညီညီ ဖြေပြသွားတာလေးကို
လူတော်တော်များများသိကြမှာပါ......

အဲ့ဇာတ်ဝင်ခန်းမှာ.....အထင်ကရဖြစ်တာလေးက သတိကောင်းတာရယ် ၊
မှတ်ညဏ်ကောင်းတာလေးရယ်
နောက်တစ်ခုက....ထင်ပါတယ်...အဲ့ခေတ် အဲ့အခါတုန်းက လူတွေက စကားကို အလေးအနက်
ထားပြီး ပြောတက်ကျပုံရပါတယ်....ဒါကြောင့်လဲ ရက်ဘယ်လောက် ခြားခြား ကိုယ်ပြောခဲ့တဲ့
စကားကိုခွဲခြမ်းစိတ်ဖြာတက်ကြတာပေါ့............ဒီဘက်ခေတ်မှာကြတော့................
စကားရဲ့အဓိပ္ပါယ်က........စတာနဲ့ ကား ကားးး သွားလို့ စကားဆိုပြီ ဖြစ်လာတာတဲ့...........


အဲ့တာလေးကိုကျွန်တော်က ဒီဘက်ခေတ် အယူနဲ့ပုံပြင်လေးတစ်ပုဒ်ပြောပြရင်း..............
တစ်ခါတုန်းက ရွာတစ်ရွာမှာ ထူးထူးခြားခြားမပာုတ်ပဲ ကလေးမွေးပါတယ်.............
ကလေးကလဲ အများသူငှာတွေလိုပဲ မထူးမခြားနားလေးပဲ လက်နှစ်ဖက် ခြေနက်ဖက်ပါရှိပြီး
ထွက်လာတာပါပဲ.....ဒါပေမဲ့ အဲ့ကလေးမှာထူးခြားသော အရာလေးတစ်ခုပါရှိလာပါတယ်...
အဲ့တာက "နားကားကားလေးပါပဲ"
အဲ့တာနဲ့ လက်သည်အစ်မကြီးကလဲ ကလေးအဖေကို အခန်းထဲကနေ....လှမ်းအော်လိုက်
ပါတော့တယ်..."ပဲာ့....သာထွန်းရေ နင်သားလေးက နားကားကားလေးနဲ့တော့လို့ " အဲ့လိုပြော
လိုက်တဲ့ အချိန်မှာ....တစ်ဖက်ရွာက ရွာသူတစ်ယောက်က အိမ်ရှေ့ကဖြတ်အသွား ကြားလိုက်ရတဲ့
အသံကြောင့်...ချက်ချင်းပဲရွာကိုပြန်ပြေး..........သူ့ရွာရောက်တော့....အမောတကောနဲ့.......ပြော
လိုက်ပုံက" အမေရေ......အမေ......ပိာုဖက်ရွာက မိန်းမတစ်ယောက်က နဂါးလေးမွေးလို့တဲ့
အမေရေ " ဆိုပြီး အဲ့သတင်းသည် အဲ့ရွာတွင် ချက်ချင်းဆိုသလို ပျံနှံသွားပြန်သည်.....
အဲ့သတင်ကို နောက်တစ်ရွာတွင်.....ကြားရတဲံသူတစ်ယောက်ပြန်ပြောပုံက.....
ပိာုဖက်အစွန်ရွာတစ်ရွာက မိန်းမတစ်ယောက် နဂါးကြီးးမွေးလို့ပာတဲ့


အစဖြစ်ပုံမှာ နားကားကားလေးနဲ့ ကလေးမွေးတယ်.....
အဲ့တာကို ထပ်ကြားတာက နဂါးလေးမွေးတယ်.....
နောက်ဆုံးတစ်ရွာတွင်တော့.....နဂါးလေးမပာုတ်တော့ပဲ နဂါးကြီးတောင်ဖြစ်သွားခဲ့ပါသည်
(စကားဆိုသည်မှာ တယ်လဲ အံသြဖွယ်ကောင်းလှပါသည်)


ထိုကြောင့် သူငယ်ချင်းတွေကိုပြောချင်တာက စကားလုံးတွေကို တန်ဖိုးထားပါ...
နောက် စကားတစ်ခုကို ပေါ့ပေါ့တန်တန်မလုပ်ပဲ လေးလေးနက်နက်တန်ဖိုးထားမယ်ဆိုပါက.....
မိတ်ကောင်းဆွေကောင်း ၊ သူငယ်ချင်းကောင်းတို့ရဲ့ အရည်အချင်းထဲတွင် ပါဝင်သွားပါပြီ
စကားတစ်ခွန်းနှင့် လူတစ်ယောက်ကို ချစ်အောင်လဲ လုပ်လို့ရသလို
စကားတစ်ခွန်းထဲနဲ့ လူတစ်ယောက်ကို မုန်းသွားအောင်လဲ လုပ်လို့ရပါသည်


လူတွင် နှစ်မျိုး နှစ်စားသာလျှင်ရှိပါသည်
တစ်မျိုးသည် မိမိကိုယ်မိမိ ပိုပိုသာသာအကောင်းမြင်တက်ခြင်းနှင့်
နောက်တစ်မျိုးသည် သူများကို မိမိထက်အကောင်းမြင်တက်ခြင်း တို့သာလျှင်ဖြစ်ပါသည်
နောက်ဆုံးကျွန်တော်စာဖတ်သူတွေကို ပြောချင်တဲ့ စကားလက်ဆောင်လေးကတော့
"...လူတွေသည် တစ်ခါတစ်ရံ မှားတက်ကြပါသည် ထိုကြောင့်လဲ ခဲတံတွင် ခဲဖျက်ဆိုတာ
မျိုးထားရှိပေးထားသည်.."


စကားလုံးတွေနဲ့ ရိုက်ပုတ်ခြင်း ကင်ဝေးကြပါစေ
စကားလုံးတွေနဲ့ ထိုးနှက်ခြင်း ကင်းဝေကြပါစေ.......
စကားလုံးတွေနဲ့......မိတ်ဆွေသူငယ်ချင်းတွေကို ဖေးမပေးတဲ့
သူတစ်ယောက်ဖြစ်ပါစေလို့ပြောရင်း......
ဒီစာလေးရဲ့အဆုံးမှာ.....ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကြပါစေနော်.....

အမုန်းသခင်
(ရွှေမြို့တော် & ချစ်သူမြို့တော်)
 မှ
ပြန်လည်မျှဝေခြင်းဖြစ်ပါကြောင်း-----။




0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More