Tuesday 8 November 2011

2011 ရဲ့ ကမ္ဘာကျော်အမျိုးသမီး(၃)ဦးအကြောင်း (အမများအတွက် သီးသန့်)


ဒီပို့လေးတင်ဖြစ်တာက လာလည်သူအမများအတွက် မိန်းခလေးဘ၀ဖြစ်နေလို့ သိမ်ငယ်နေမယ်၊ အားငယ်နေမယ့်အစား၊ အများနည်းတူ လုပ်ဆောင်နိုင်အောင် အားဆေးလေး တိုက်ကျွေးလိုက်ချင်တာပါ။ ဟဲဟဲ အကိုကြီးတွေနဲ့ ရန်ဖြစ်ခိုင်းတာ မဟုတ်ပါ။ တိုက်ဆိုင်တာက တောင်သာသားလေးတို့ ကျောင်းတတ်တော့ သူတို့ဘာသာစကားကို တစ်ပါတ်ကို တစ်ရက် သင်ရပါတယ်။ သင်တဲ့အချိန်မှာ တနေ့ကို (၃)ယောက် အလှည့်ကျ ကိုယ်စီသတင်းအသစ်တစ်ပုဒ်ပြောရပါတယ်။ အဲ့ဒီလိုနဲ့ တောင်သာသားလေးအလှည့်ရောက်ခါနီး သတင်းတွေစုဆောင်းရင်း ဒီသတင်းလေး ရလာတာပါ။ ပညာရေးအတွက် ပြင်ဆင်ရင်း အမများအတွက် ဆေးလေး(မြှောက်ဆေး) တိုက်အုံးမယ်ဆိုပြီး တင်ဖြစ်တာပါ။ 

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီး(၃)ဦး
၁။     လိုင်ဘေးရီးယား သမ္မတ  အယ်လမ်ဂျွန်ဆင်။
             သမ္မတ အယ်လမ်ဂျွန်ဆင်ဟာ အသက်(၇၂)နှစ်ရှိပြီးတော့ အာဖရိကတိုက်ရဲ့ ပထမဆုံးအမျိုးသမီး သမ္မတတစ်ယောက်ပါ။ ငယ်ရွယ်စဉ်အခါက အမေရိကန်နိုင်မှာ စီးပွါးရေးပညာ လေ့လာဆည်းပူးခဲ့ပြီးတော့ အသက်(၃၃)နှစ်အရွယ်မှာ လိုင်ဘေးရီးယားနိုင်ငံရဲ့ စီးပွါးရေးဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူပါ။ ၁၉၈၀-၁၉၉၆ ခုနှစ်အတွင်း ထောင်(၃)ခါကျဖူးပြီး ၁၉၉၇ခုနှစ်မှာ သမ္မတရွေးကောက်ပွဲ ၀င်ရောက်ခဲ့သူပါ။ ဒါပေမယ့် ရှုံးနိမ့်မှုတွေကပဲ ခရီးဦးကြိုလုပ်ခဲ့ပါတယ်။ သို့ပေမယ့် စိတ်ဓါတ်မကျဘဲ ၂၀၀၅ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတရွေးကောက်ပွဲ ၀င်ရောက်ခဲ့ရာ ၂၀၀၆ ခုနှစ်မှာ အာဖရိကတိုက်ရဲ့ ပထမဆုံးအမျိုးသမီး သမ္မတတစ်ယောက်ဖြစ်လာခဲ့သူပါ။ သူမ တာဝန်ထမ်းဆောင်ချိန်မှ စ၍ လက်နက်ကိုင်အဖွဲ့ပေါင်းစုံနဲ့ ငြိမ်းချမ်းရေးကို ထိန်းချုပ်ထားနိုင်ခဲ့လို့နာမည်ကျော်ကြားခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
၂။     အမျိုးသမီးထုခေါင်းဆောင် လေမာဘိုဝီ။
         လေမာဘိုဝီဟာလည်း လိုင်ဘေးရီးယားနိုင်ငံက ငြိမ်းချမ်းရေးအတွက် အမျိုးသမီးထုရဲ့ခေါင်းဆောင်တစ်ယောက်ပါ။ သူမဟာ အသက်(၃၉)နှစ်ရှိပြီးတော့ ပြည်တွင်းစစ် စတင်ချိန်မှာ အသက်(၁၇)နှစ်ပဲ ရှိပါသေးတယ်။ သူမခေါင်းဆောင်တဲ့ အမျိုးသမီးတွေဟာ အဖြူရောင်ဝတ်စုံတွေ ၀တ်ဆင်ပြီး လူစည်ကားရာနေရာတွေမှာ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းစွာသီချင်းသီဆိုတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ပြည်တွင်းစစ်နဲ့ ပါတ်သတ်နေတဲ့ အမျိုးသမီးတွေကို စည်းရုံးပြီး ပြည်တွင်းစစ်နဲ့ပါတ်သတ်နေတဲ့ လင်ယောက်ျားတွေကို   ည အတူတူမအိပ်ကြဖို့ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။ အောင်လည်း အောင်မြင်ခဲ့ပါတယ်။ သူမဟာလည်းအော့နှလုံးနာလောက်အောင် လက်စားချေ သတ်ဖြတ်နေကြတဲ့ လိုင်ဘေးရီးယား ပြည်တွင်းစစ် ကို အမျိုးထုအင်အားနဲ့ အဆုံးသတ်နိုင်ခဲ့လို့ နာမည်ကျော်ဇောခဲ့သူပါ။
၃။    ယီမင်နိုင်ငံက သတင်းထောက်နှင့် အမျိုးသမီးအရေးလှုပ်ရှားသူ တာဝါကူကာမန်။
       သူမဟာ ယီမင်နိုင်ငံကဖြစ်ပြီးတော့ အသက်(၃၂)နှစ်သာ ရှိပါသေးတယ်။ ရှေးရိုးစွဲအာရပ်ကမ္ဘာဖြစ်တဲ့ ယီမင်နိုင်ငံမှာ ည(၇)နာရီကျော်ရင် အမျိုးသမီးတွေ အပြင်မထွက် ရ။ အမျိုးသားတွေနဲ့ ရောပြီး ဆန္ဒပြခွင့်မရှိ။ စတဲ့ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို သဘောမကျသူတစ်ယောက်ပါ။ အဲ့ဒါကြောင့် သူမဟာ အမျိုးသမီးထုကို ဦးဆောင်ပြီး အမျိုးသမီးတွေအတွက် ပြန်ကြားရေးဝန်ကြီးရုံးရှေ့မှာ အင်္ဂါနေ့တိုင်း အမျိုးသမီးအခွင့်အရေးတွေ ဦးဆောင်တောင်းဆိုခဲ့သူပါ။ အဲ့ဒါကြောင့် ယီမင်အစိုးရက သူမကို ဖမ်းဆီးတဲ့အချိန်မှာပဲ ယီမင်လုထုက မကျေမနပ်ဖြစ်ရမှာစတင်ပြီး ယီမင်လုထု အုံကြွမှုကြီး ပေါ်ပေါက်လာခဲ့ရပါတယ်။ သူမာဟာလည်း ယီမင်အမျိုး သမီးတွေရဲ့အခွင့်အရေးကို ခေါင်းဆောင်နိုင်သူစံပြအမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် ငယ်ရွယ်သူဖြစ်နေတဲ့အတွက် ကျော်ကြားနေသူလည်း ဖြစ်ပါတယ်။


0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More