Friday 2 December 2011

ခေါင်းဆောင်

ခေါင်းဆောင်
   ဒီနေ့တော့ တောင်သာသားလေးတစ်ယောက် ဆရာဖေမြင့်ရဲ့ ဂျီးနိယပ်(စ်)စာအုပ်မှ ခေါင်ဆောင်ဆိုတဲ့ ခေါင်စဉ်လေး ဖတ်ဖြစ်ပါတယ်။ ဆရာဖေမြင့်တစ်ယောက် ဘယ်လိုရေးထားသလဲဆိုတာ တောင်သာသားလေး မပြောပြတော့ပါဘူး။ လက်တွေ့ပဲဖတ်ကြည့်ရအောင်လားဗျာ။
**************************************************************************
   "သူက ကျွန်တော်တို့အုပ်စုရဲ့ခေါင်းဆောင်ပဲ"
   "ဒီကိစ္စမှာ ခင်ဗျားကိုပဲ ခေါင်းဆောင်တင်ရမယ်ဗျ"
   "ခေါင်းဆောင်ကြီး ကြွပါခင်ဗျား"
   "ခေါင်းဆောင်---ခေါင်းဆောင်---"
   ခေါင်းဆောင်ဆိုသည်က လူအများစုနားမှာ ချိုမြိန်လှသော စကားတစ်ခု ဖြစ်သည်။ 
   နိုင်ငံမှာ ခေါင်းဆောင်၊ ရပ်ရွာမှာ ခေါင်းဆောင်၊ အသင်းအဖွဲ့ခေါင်းဆောင်၊ ကုမ္ပ္ပ္ပဏီလုပ်ငန်းခေါင်းဆောင်၊ ခေါင်ဆောင်ကြီး၊ ခေါင်းဆောင်လတ်၊ ခေါင်းဆောင်ငယ်။ လူတိုင်းလိုပင် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုမှုကို ခံယူချင်ကြစမြဲ ဖြစ်သည်။ အံ့သြစရာတော့လည်း မဟုတ်ပါ။ ခေါင်းဆောင် ဟူသော အမည်နှင့် တွဲဖက်ကာ သြဇာအာဏာဆိုတာ ပါလာသည်။ လုပ်ပိုင်ခွင့်ဆိုတာ ပါလည်သည်။ နေရာပေးမှု၊ လေးစားမှု၊ အကျိုးခံစားမှုတွေ ပါလာသည်။ တစ်နည်းပြောရလျှင် ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံရခြင်းသည် အောင်မြင်ခြင်းတစ်မျိုးပင် ဖြစ်သည်။
   သို့သော် လူတိုင်း မအောင်မြင်ကြ၊ လူတိုင်း ခေါင်းဆောင် မဖြစ်ကြ။ ခေါင်းဆောင်ဟူသည် လူအများကြားမှာ ထူးခြားနေသော လူတစ်ယောက် ဖြစ်သည်။ သူ့မှာ တခြားသောသူများနှင့် ကွဲပြားခြားနားသွားစေမည့် အရည်အချင်းတွေ ရှိသည်။ သည်အရည်အချင်းကောင်းတွေက ဘာတွေနည်း။ မွေးရာပါလား။ ဒါမှမဟုတ်...။
  ရှေးတုန်းကတော့ ခေါင်းဆောင်ဖြစ်မည့်လူဆိုသည်မှာ မွေးရာပါ အရည်အချင်းတွေ မွေးရာပါ ခေါင်းဆောင်အင်္ဂါရပ်တွေနှင့် လာသည်ဟု ယုံကြည်တတ် ပြောဆိုတတ်ကြသည်။ သို့သော သည်ကနေ့ကျတော့ ခေါင်းဆောင်ဟူသည် မိမိကိုယ်ကို စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပြုပြင်လျှင် ဦးဆောင်မှုလှေကား၏ အထက်ပိုင်း အဆင့်များကို တဖြည်းဖြည်းဖြင့်တတ်သွားနိုင်သည်ဟု လက်ခံ သိမှတ်လာကြပြီ။
   အရေးကြီးသည်က ခေါင်းဆောင်အင်္ဂါရပ်များ သို့မဟုတ် ခေါင်းဆောင်ဖြစ်လာသူတွေမှာ ရှိတတ်သည့် အရည်အချင်းကောင်းများကို ကြည့်ကာ မိမိမှာ အဲသည်အရည်အချင်းများ ပြည့်ဝလာအောင် မွေးမြူရယူဖို့ပဲ ဖြစ်သည်။ 
    ခေါင်းဆောင်ဆိုသူတွေမှာ ဘယ်လိုအရည်အချင်းမျိုးတွေ ရှိကြသနည်း။
၁။   ချီးကျူးစကားဆိုတတ်သူ
၂။   ရဲဝံ့ပြတ်သားသူ။
၃။   ဥာဏ်အမြော်အမြင်ရှိသူ။
၎။   လုပ်ငန်းတာဝန်ခွဲဝေပေးတတ်သူ။
၅။   စံနမူနာပြတတ်သူ။
၆။   မိမိကိုယ်ကို ယုံကြည်သူ။
   ဤကား ခေါင်းဆောင်ဖြစ်လာသူတို့၌ တွေ့ရှိရတတ်သည့် အရည်အချင်းကောင်းများ ဖြစ်၏။
  မည်သူမဆို မိမိ၌ နဂိုမူလပါလာသည့် ခေါင်းဆောင်အရည်အသွေး အစအနများကို ဖွံ့ဖြိုးအောင် ပြုစုပျိုးထောင်မည်၊ မရှိသေးသည့် အရည်အသွေးများကိုလည်း မွေးမြူလေ့ကျင့်ရမည်ဆိုက တစ်နေ့တခြား တိုးတတ်မြင့်မားသော ခေါင်းဆောင်မှုနေရာအဆင့်များ ရရှိလာမည်မှာ မုချဖြစ်ပေသည်။
  

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More