Wednesday 7 December 2011

အိမ် (ချစ်သောမိသားစုအတွက် အမှတ်တရ)

   တောင်သာသားလေးတစ်ယောက် မွေးရပ်မြေနဲ့ ခွဲလာရတာ (၂၀၀၅)ခုနှစ်ကနေ စပြီးတော့ ရေတွက်မယ် ဆိုရင် (၆)နှစ်တင်းတင်း ပြည့်တော့မယ်ပေါ့။ ငယ်ငယ်တုန်းက နေခဲ့ရတဲ့ အိမ်မှာရှိတဲ့ အကို ညီတွေနဲ့ နေခဲ့ရတာတွေကို ပြန်ပြောင်းသတိရနေလို့ ဒီသီချင်းလေးကို တင်လိုက်တာပါ။ ငယ်ငယ်တုန်းက တောင်သာသားလေးတို့ ညီအကို(၄)ယောက်ဟာဆိုရင် တကယ်အပျော်ရွှင်ဆုံး ညီအကိုတွေထဲမှာ ပါတာပေါ့။ ဥပမာ- ဘောလုံးကန်မယ်ဆိုရင်တောင် ဘေးပါတ်ဝန်းကျင်က သူငယ်ချင်းတွေနဲ့ ညှိနေစရာ မလိုပါဘူး။ ညီအကို(၄)ဆိုတော့ အကြီးဆုံးနဲ့ အငယ်ဆုံးနဲ့က တဖက်၊ အလယ်နှစ်ယောက်က တဖက်။ ဘယ်လောက်ပျော်ရွှင်စရာကောင်းလိုက်သလဲဗျာ။ ရဲဖမ်းမှာတော့ ကြောက်ပါတယ်။ ဒါပေမယ့်ပြောရအုံးမယ်။ ဖဲခိုးရိုက်ရင်တောင် ညီအကို(၄)ယောက်နဲ့ ဆော့လို့ရတယ်ဗျ။ (ဖေဖေမသိအောင်တော့ ဆော့ရတာပေါ့၊ ဟိဟိ သိရင်တော့ ပြေးစရာ မြေမရှိတော့ဘူးသာမှတ်)။ အော်--- အခုတော့လည်း ညီအကိုတွေ တနယ်စီမှာပါလား။ တာဝန်တွေကိုယ်စီ၊ အလုပ်တွေကိုယ်စီနဲ့ပါလား။ ချစ်သော အကို(၂)ယောက်နှင့်၊ ချစ်သော ညီငယ်လေး(၁)ယောက် ရောက်တဲ့နေရာ၊ လုပ်တဲ့အလုပ်၊ မိသားစုအရေးတွေ အဆင်ပြေပါစေလို့ ဆုတောင်းရင်း ----
  ချစ်တဲ့ညီလေး

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More