Sunday 26 August 2012

ဆုံးရှုံးမှုမှန်သမျှဟာ ယာယီအခိုက်အတန့် သဘောသာဖြစ်ကြောင်း လက်ခံထားလိုက်ပါ

   နယ်ပယ်အသီးသီးမှာ အောင်မြင်မှုရရှိနေကြတဲ့ ပဂ္ဂိုလ်တွေကို သုတေသနပြုကြည့်တဲ့အခါမှာ သူတို့ဟာ ထူးခြားတဲ့ စွမ်းရည်တစ်ရပ် ရှိနေကြကြောင်း တွေ့ရှိရပါတယ်။ အဲဒီထူးခြားချက်ကတော့ တစ်ခြားမဟုတ်ပါဘူး။ ဘာပဲလုပ်လုပ် ဘယ်တော့မှ အလျှော့မပေးတတ်တဲ့ " ဇွဲ " ပဲ ဖြစ်ပါတယ်။
   ဒီလို ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ အောင်မြင်မှု ခရီးလမ်းကို လျှောက်လှမ်းရာမှာ လူတစ်ချို့အတွက် ခက်ခဲလွန်း လို့ အလွယ်တကူ အရှုံးပေးခဲ့ကြတဲ့ ပြသနာတွေကို ဘယ်တော့မှ အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်ခဲ့ကြပါတယ်။ ဒီထဲ က ထူးခြားတဲ့ ဇွဲလုံ့လရှိသူတစ်ဦးကို ဖေါ်ပြရမယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ တစ်ခြားမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်းပဲ ဖြစ်ပါတယ်။ 
 
   သူဟာ သူ့ရဲ့ အသက် ၃၁-နှစ်မှာ လုပ်ငန်းတွေ ဆုံးရှုံးခဲ့ပါတယ်။ အသက် ၃၂-နှစ်အရွယ်မှာ နိုင်ငံဥပဒေပြု အဖွဲ့ထဲ ၀င်ရောက်အရွေးခံတော့လည်း ရှုံးနိမ့်ပြန်တာပါပဲ။ အသက် ၃၄-နှစ်မှာတော့ သူဟာ အောင်မြင်မှု မရရှိခဲ့ပါဘူး။ အသက် ၄၁-နှစ် ကျတော့ စိတ်နှလုံးထိခိုက်စရာတွေနဲ့ ကြုံ့တွေ့ခဲ့ရပြန်ပါတယ်။ အသက် ၄၃-နှစ် မှာ သူ့ရဲ့ပါတီဟာ ကွန်ဂရက်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြန်တော့လည်း ရှုံးခဲ့ရပါတယ်။ အသက် ၅၅-နှစ်မှာ ဆီးနိတ်လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်ပြန်တော့လည်း ထပ်ပြီး ရှုံးနိမ့်ခဲ့ပြန်တယ်။
   ဒါပေမယ့် သူဟာ အရှုံးမပေးခဲ့ပါဘူး။
   အသက် ၅၈-နှစ်ရောက်တော့ ဆီးနိတ်လွှတ်တော်မှာပဲ ထပ်မံအရွေးခံခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်လည်း ရှုံးနိမ့်ခဲ့ရပြန်တာပါပဲ။
   ခုလောက် အရှုံးပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် သူ့ကို လူတစ်ချို့က မျှော်လက့်ချက် မရှိတော့တဲ့ အရှုံးသမားအဖြစ် ကင်ပွန်းတပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုမှန်သမျှကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့ သူဟာ ၁၈၆၀-ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတကြီးအဖြစ် ရွေးချယ် တင်မြောက်ခြင်း ခံခဲ့ရပါတယ်။ 
   သမ္မတကြီး အေဗရာဟင်လင်ကွန်းဟာ ဆုံးရှုံးမှုမှန်သမျှကို ယာယီအခိုက်အတန့်သဘောသာဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့တဲ့ တကယ့်ဇွဲသတ္တိရှင်ပဲ ဖြစ်ပါတယ်။
( အောင်သစ်၏ သူတို့ဘာ့ကြောင့်အောင်မြင်ကြသလဲ- စာအုပ်မှ)
တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More