မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Sunday, 9 June 2013

ခရီးသည်၏ခရီးတစ်ခု (စာတမ်းဖတ်ခြင်း)

         ၂၀၁၃-ခုနှစ်၊ မေလ(၂၇)ရက်၊ တနင်္လာနေ့။
  နာရီနှိုးစက်သံ၏အချက်ပေးမှုကြောင့် ကျွန်တော်အိပ်ယာမှ ကပျကယာထလာမိသည်။ အခန်းပြတင်းပေါက်မှ ရာသီဥတုအခြေအနေကို အကဲခတ်နေရင်း အင်တာနက်မှလည်း ယနေ့ရာသီဥတု အခြေအနေ ကို ကြည့်နေမိသည်။ ယနေ့မူကာ ကျွန်တော့်မာစတာကျောင်းသားဘ၀ ၏ နောက်ဆုံးအတားအဆီး၊ အခက်အခဲဖြစ်သည့် စာတမ်းဖတ်ရမယ့်နေ့ဖြစ်သည်။
    မနက်(၀၉း၃၀)နာရီအရောက် စာတမ်းဖတ်ရမည့်အခန်းသို့ သွားရမည်ဖြစ်၍ မနက်(၀၈း၀၀)နာရီကတည်းက ပြင်ဆင်စရာများကိုပြင်ဆင်ပြီး ရေမိုးချိုးမိနေသည်။ (၀၉း၀၀)နာရီတွင် ကျွန်တော်နေထိုင်ရာအခန်းမှ ကျောင်းတော်ကြီးသို့ (၁၅)မိနစ်ခရီးကို ခြေကျင်တတန်၊ ကားတတန်ဖြင့် ခရီးနှင်ခဲ့သည်။ (၁၀)မိနစ်ခန့်ကြိုရောက်နှင့်နေ၍ စာတမ်းဖတ်မည့်အခန်းပေါက် ၀တွင် ခေတ္တစောင့်နေရ သေးသည်။ (၀၉း၃၀)နာရီတွင် ကျွန်တော်တို့ Supervisor ရောက်လာပြီး အခန်းတံခါးဖွင့်၊ အသုံးပြုမည့်ကွန်ပျူတာများနှင့် ပရိုဂျတ်တာများပြင်ဆင်ခြင်း နှင့် စာတမ်းဖတ်မည့်ကျောင်း သားများ၏ စာတမ်းများကို ကွန်ပျူတာထဲတွင် ဖိုင်တစ်ဖိုင်တည်ဆောက်ပြီး အစီအရီထည့်စေသည်။ မကြာမီတွင် ကျွန်တော်တို့မာစတာဘုဒ်ဥက္ကဌနှင့်အဖွဲ့ဝင်များရောက်ရှိလာပြီး စာတမ်းဖတ်ခြင်းကို စတင်ပါတော့သည်။
ကျွန်တော့်အလှည့်မှာ (၈)ယောက်မြောက်ဖြစ်၍ သူငယ်ချင်းများအား ဓါတ်ပုံရိုက်ပေးခြင်း၊ ဗွီဒီယိုရိုက်ပေးခြင်းများဖြင့် ကူညီဆောင်ရွက်နေရသေးသည်။  
 
(၁၁)နာရီဝန်းကျင်တွင် ကျွန်တော့်အလှည့်ရောက်လာသည်။ အောက်မှာထိုင်၍နားထောင်စဉ်ကတည်းက ဘုဒ်အဖွဲ့ဝင်ဆရာတစ်ယောက်သည် အသက်ကြီးပြီး စကားတိုးတိုးသာ မေးတတ်သောအကျင့် ရှိသောကြောင့် ကျွန်တော့်စာတမ်းဖတ်ပြီး၍ မေးခွန်းများမေးလျှင် ဤဆရာ မမေးပါစေနှင့်ဟု ဆုတောင်းနေမိသော်လည်း ဆုတောင်းမပြည့်ခဲ့ပါ။ ကျွန်တော့်အလှည့်တွင် ပထမဆုံးမေးသူမှာ ၄င်းဆရာဖြစ်သည်။
ကံကောင်းချင်၍ မေးခွန်းကိုနားလည်ပါသော်လည်း ကံဆိုးချင်၍ တလွဲဖြေမိသည်။ မေးခွန်း (၈)ခုခန့်မေးရာတွင် ဤတခုသာ တလွဲဖြေမိပြီး ကျန်မေးခွန်းများကို ဘာသာစကား အ ထစ် အ ထစ်ဖြင့် ဆောင်ရွက်နိုင်ခဲ့သည်။
  စာတမ်းဖတ်ပြီး၍ ကျွန်တော့်ရင်ဘတ်ထဲမှ အမည်မသိ အလုံးကြီး ကျသွားခဲ့ပေပြီ။ (၁၂း၃၀)တွင် ကျွန်တော့်တို့အားလုံး စာတမ်းဖတ်ခြင်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ စာတမ်းဖတ်ပြီး၍ ကျောင်းသား များကို အခန်းအပြင်၌ မိနစ်(၂၀)ခန့်ထွက်ခိုင်းပြီး မာစတာဘုဒ်အဖွဲ့မှ အမှတ်များကို စီစစ်နေလေသည်။
   ပျော်ရွှင်စွာ၊ ကြည်နူးစွာဖြင့် အခန်းရှေ့တွင် Language ဆရာမန၊ Supervisor အကိုများနှင့် ဂါဒီယန်အကိုများစုပေါင်းဓါတ်ပုံရိုက်ကြသည်။ 

 


အမှတ်များစီစစ်ပြီးသောအခါ စာတမ်းဖတ်မည့်အခန်းအတွင်းသို့ ပြန်လာနေရာယူစေပြီး ဆရာတစ်ယောက်မှ အမှတ်စာရင်းကြေငြာပေးသည်။ ယနေ့စာတမ်း(၁၂)ယောက်ဖတ်ရာတွင် (၁၁)ယောက် ဂုဏ်ထူးတန်းဝင်ပြီး ကျန်တစ်ယောက်သာ မ၀င်ခဲ့ပေ။
 အမှတ်စာရင်းများကြေငြာပြီး မာစတာဘုဒ်အဖွဲ့ဆရာများနှင့် ကျွန်တော့်တို့ မှတ်တမ်းဓါတ်ပုံရိုက်ဖြစ်ကြသည်။ 
   (၂၇-၀၅-၂၀၁၃)စာတမ်းဖတ်သည့်နေ့လေးသည် ကျွန်တော့်ဘ၀ထဲတွင် ရှင်သန်နေမည့် မမေ့နိုင်စရာနေ့ရက်များထဲမှ တစ်ရက်ပင် ဖြစ်တော့သည်။

Thursday, 10 January 2013

တွေးတောဆင်ခြင်လုပ်ဆောင်တတ်မှုနှင့် ငါးသုံးကောင်



တွေးတောဆင်ခြင်လုပ်ဆောင်တတ်မှုနှင့် ငါးသုံးကောင်

ကျွန်တော်တို့တတွေ လူကြီးမိဘတွေနဲ့ဝေးလာတာ (၂၄)လပြည့်တော့မည်။ ဆိုဆုံးမစကားတွေလည်း မကြာရတာကြာခဲ့သလို ချမ်းအေးလှတဲ့မိဘရင်ခွင်ရိပ်ကို မခံစားရတာလည်း ကြာလှပါပြီ။ အရွယ်အားဖြင့် ငယ်နေသေးပေမယ့် ထမ်းဆောင်နေတဲ့တာဝန်တွေနဲ့ပြန်ယှဉ်တော့လည်း လူကြီးပေါက်စလေး ဖြစ်နေပြီပေါ့။ ဘယ်လိုပဲ လူကြီးပေါက်စလေးဖြစ်နေပေမယ့် ခံစား ချက်တွေ၊ ပြောဆို ဆက်ဆံမှုတွေက ငယ်ရွယ်နေတဲ့အရာကို ကိုယ်စားပြုနေဆဲပါ။ ဒီလိုအချိန်မျိုးမှာ အမှားကင်အောင် ဆောင် ရွက်နိုင်ဖို့ ကြိုးစားရင် မမျှော်လင့်ပါပဲ အမှားတွေ၊ ပြသနာတွေ ကြုံရနိုင်ပါတယ်။
ဒီနေ့လေးမှာ မြန်မာပြည်ကနေ တာဝန်နဲ့လာတဲ့ နောင်တော်အကိုကြီးများဆီက မှတ်သားစရာ စကားလေးတစ်ခုကြားလိုက်ရတယ်။ ငါးသုံးကောင်းရဲ့ တွေးတောဆင်ခြင်လုပ်ဆောင် ပုံလေးကို နှိုင်းယှဉ်ပြ သထားတဲ့ ဆိုဆုံးမစကားလေးပါ။ မှတ်သားစရာလေးမို့ ပညာဒါန ပျိုးချပါရစေ။ မှတ်သားစရာ စကားလေးက- မြစ်ထဲမှာ ကူးခတ်နေတဲ့ငါးသုံးကောင်ဟာ တံငါသည်လူတစ်စုရဲ့ပိုက်ကွန်ထဲမှာ ဖမ်းမိပြီး လှေဝမ်းဗိုက်ထဲမှာ အသက်ရှုကြပ်ပြီး သေလုမျောပါးဖြစ်နေခဲ့ပါတယ်။ ဒီအချိန်မှာ ပထမငါးက ဒီလှေထဲကနေ လွတ်လို့လွတ်ငြား စွမ်းအားရှိသရွေ့ခုန်ခဲ့တယ်။ ဒုတိယငါးက အားငယ်စိတ်တွေဝင်ပြီး ခုန်နေလည်းအပိုပါပဲ အားကုန်တာပဲအဖတ်တင်မယ်၊ ကံတရားသာ အားကိုရတော့မည်ဟု နေခဲ့တယ်။ တတိယငါးကတော့ စဉ်းစားဆင်ခြင်ပြီး အားတွေကို အလဟသ မကုန်အောင် အခွင့်သာမယ့်အချိန် ကိုသာ စောင့်နေခဲ့တယ်။
အချိန်မကျဘဲ တ၀ုန်းဝုန်း ခုနေတဲ့ငါးကို တံငါသည်က သတိထားမိပြီး လှေတတ်နဲ့တွယ်လိုက် တယ်။ စစ်မရောက်ခင်မြှားကုန်တဲ့ငါးကတော့ လှေဝမ်းထဲမှာ အသက်ရှုကြပ်ပြီး သေလုမျောပါးဖြစ်နေ ခဲ့တယ်။ အခွင့်ကောင်းကိုချောင်းနေတဲ့ ငါးကတော့ လှိုင်းဒီရေအမြူးပြီးလှေစောင်းခိုက်မှာ လွန့်ကာလူး ကာနဲ့ မြစ်ထဲကို ခုန်ချပြီး သေဘေးကနေ လွတ်ခဲ့တယ်။
ဒီလိုပါပဲတဲ့။ လောကမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် ငါတော့ ကံပဲအားကိုးတော့ မယ်လို့လည်း စိတ်မကူးပါနဲ့တဲ့။ အစဉ်းစားမဆင်ခြင်ပဲနဲ့လည်း ကမူးရှုးထိုး မလုပ်ပါနဲ့တဲ့။ တွေးတော ဆင်ခြင် ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြင့် မိမိကြုံနေ၊ ခံစားနေရတဲ့ ပြသနာကို ဖြေရှင်းကြပါလို့ ဆိုဆုံးမခဲ့ ပါတယ်။ ဆိုဆုံးမပေး တဲ့နောင်တော် အကိုများကို ကျေးဇူးတင်တဲ့အပြင် ကျွန်တော် တစ်ယောက် နောင်တော် ဆိုတဲ့နေရာကို ပခုံးပြောင်းတာဝန်ထမ်းဆောင်တဲ့အခါ ဒီဆိုဆုံးမစကားလေးကို လက်ဆင့်ကမ်း မျှဝေပေးမည်မှာ သေချာနေတော့မည်။
တောင်သာခရီးသည်

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More