14:50
တောင်သာသားလေး

ဘာသာစကားရဲ့အရေးပါပုံလေးတွေကို တောင်သာသားလေး ကျွန်တော့်ရဲ့ အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး ဒီဆောင်းပါးလေးနဲ့ တင်ပြပါရစေ။ ဘာသာစကားမတတ်တဲ့ လူတစ်ယောက်က စကားမပြောတတ်တဲ့ လူတစ်ယောက်နဲ့ တူတယ် ဆိုတာ တောင်သာသားလေး ကိုယ်ကိုယ်တိုင်ကြုံမှ ကိုယ်တိုင်သိခဲ့ရလို့ပါပဲ။ တောင်သာသားလေး ပထမနှစ်ဘ၀တုန်းက ဒီလိုလေးတွေးမိတာပါ။ တောင်သာသားလေး ပညာလာသင်နေတဲ့...
16:47
တောင်သာသားလေး
တောင်သာသားလေးပညာသင်နေတဲ့ကျောင်းမှာ လူမှုရေးအခက်အခဲလေး နည်းနည်းကြုံလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ဆွေးနွေးကြတယ်၊ တိုင်ပင်ကြပါတယ်။ သူငယ်ချင်းတွေအများကြီးက အကြံဥာဏ်တွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ ပြောကြပါတယ်။ အားလုံးပြောကြတာတော့ သူ့ဟာနဲ့သူတော့ ကောင်းကြတာကြီးပါပဲ။ သို့ပေမယ့်လည်း သူငယ်ချင်းတစ်ယောက်ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ဘ၀တစ်သက်စာ မှတ်သားစရာလေး ဖြစ်ခဲ့ရတယ်။ သူငယ်ချင်းပြောတာလေးကို သူပြောသလိုလေသံလေးနဲ့ပဲ ပြန်လည်ဝေမျှပါရစေ။ သူငယ်ချင်းတို့ ကြိုးစားကြကွ။ လူဆိုတာ ကျရှုံးမှုတွေ ကြုံလာတိုင်း ငါ့အထင်တော့ ဒီလိုတွေးသင့်တယ်ကွ။ ဥပမာ...
14:08
တောင်သာသားလေး
အဖေတစ်ယောက် ပါးရေတွေတောင် တွန့်လိပ်စ ပြုနေပါပြီလား။ သို့ပေမယ့်လည်း သားတို့မျက်လုံးထဲမှာတော့ အဖေ့ရုပ်ရည်ကော၊ အဖေ့ကိုယ်ကျင့်တရားကောက ကမ္ဘာ့ပေါ်မှာရှိတဲ့ လူသားတိုင်း မှီမှာမဟုတ်ပါဘူးအဖေ။ အဖေတို့ဘ၀ကို သုညကနေ စခဲ့ရတာ သားတို့ ဟုပြောတဲ့အခါတိုင်း ငယ်ငယ်ကတော့ မယုံချင်။ ဖေဖေ ပုံပြင်တွေ ပြောနေတာလားပေါ့။ အသက်အရွယ် နည်းနည်းလေး ရလာမှပဲ လောကကသင်ပေးတဲ့ အဖြစ်စလောက် အတွေ့အကြုံလေးတွေကြောင့်လားမသိ၊ အဖေပြောခဲ့တာတွေက ဖြစ်နိုင်တယ်၊ဆိုတာ ယုံလိုက်ပါပြီအဖေ။ သားတို့ စာကြိုးစားကြ။ တစ်နှစ်တစ်တန်း မှန်မှန်အောင်ရင် မြန်မာနိုင်ငံမှာ ရှိတဲ့ အတန်းတွေ ကုန်အောင်ဖေဖေ ပညာတွေ အမွေပေးခဲ့မယ်လို့...