Sunday 8 April 2012

ဘာသာစကားရဲ့ အရေးပါမှု

   ဘာသာစကားရဲ့အရေးပါပုံလေးတွေကို တောင်သာသားလေး ကျွန်တော့်ရဲ့ အတွေ့အကြုံလေးနဲ့ ပေါင်းစပ်ပြီး ဒီဆောင်းပါးလေးနဲ့ တင်ပြပါရစေ။ ဘာသာစကားမတတ်တဲ့ လူတစ်ယောက်က စကားမပြောတတ်တဲ့ လူတစ်ယောက်နဲ့ တူတယ် ဆိုတာ တောင်သာသားလေး ကိုယ်ကိုယ်တိုင်ကြုံမှ ကိုယ်တိုင်သိခဲ့ရလို့ပါပဲ။
   တောင်သာသားလေး ပထမနှစ်ဘ၀တုန်းက ဒီလိုလေးတွေးမိတာပါ။ တောင်သာသားလေး ပညာလာသင်နေတဲ့ နိုင်ငံကဘာသာစကားဟာ ဒီပညာသင်နေတဲ့ ၃ နှစ်အတွင်းလေးပဲ အသုံးဝင်မှာပါလို့။  စာမေးပွဲအောင်ရုံလောက်၊ ဆရာ/မတွေနဲ့ စကာပြောနိုင်ရုံလောက် ပြောတတ်ရင်ရပြီပေါ့။ တကယ်တော့ အဲ့ဒီအတွေးက တတ်တတ်စင်အောင်လွဲခဲ့ပါတယ်။ သို့ပေမယ့်လည်း ကိုယ်ကိုတိုင် တကယ် အ၀န်းထဲကို ၀င်မိတော့မှပဲ ဘာသာစကားက အရေးကြီးပါလား ဆိုတာ သိလိုက်ရတယ်။ 
    ဒုတိယနှစ်ရောက်တော့ ဘာသာစကားကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေဖြစ်ခွင့်ရခဲ့ပါတယ်။ ဘာသာစကားရဲ့ အရေးပါပုံလေးတွေကိုလည်း ပိုပြီးသိလာရတယ်။ အခန်းကျဉ်းလေးထဲမှာ ကွန်ပျူတာသုံးလိုက်၊ အိပ်လိုက်၊ စားလိုက် နဲ့ အချိန်တွေ သုံးနေမယ့်အစား သူ့တို့နိုင်ငံရဲ့ အထွေအထွေနယ်ပယ်ထဲကို ၀င်သင့်တယ်လို့ ထင်ခဲ့တယ်။ 
    တောင်သာသားလေး စာတစ်ခု ဖတ်ဖူးပါတယ်။ လူတိုင်းက ကိုယ်မအောင်မြင်တာပဲဖြစ်ဖြစ်၊ ပြသနာတစ်ခုကြုံခဲ့ရင်ပဲ ဖြစ်ဖြစ်၊ အကယ်၍သာ ဆိုတဲ့ နောင်တရတဲ့ အသံတွေနဲ့ ပြောတတ်ကြပါတယ်။ စာရေးဆရာက အဲ့လိုပြောတာထက် အကယ်၍သာ ပြောမယ့်အစား နောက်တစ်ကြိမ်ကျရင် ဘာလုပ်မယ်ဆိုတာ ပြောသင့်တယ်တဲ့။ 
   တောင်သာသားလေးလည်း မာစတာ ဒုတိယနှစ်ရောက်နေပါပြီ။ ဘာသာစကား သိပ်မရသေးတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ ကျွန်တော်အရင်က အကယ်၍သာ ဆိုတဲ့ စကား ခဏခဏ သုံးမိပါတယ်။ အခုတော့ ကျွန်တော်အဲ့လိုမပြောတော့ပါဘူး။ နောက်တစ်ကြိမ်ဒီထက်ပိုကြိုးစားမယ်ဆိုတဲ့ စကားပဲပြောမယ်လို့ စဉ်းစားထားပါတယ်။ 
  နိုင်ငံခြားကို ပညာတော်သင်ဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် ရောက်ရှိလာတဲ့ အကိုအမတို့က ဘာသာစကားနဲ့ပါတ်သတ်လို့ အကြံလေးတစ်ခု ပေးပါလို့ တောင်းခဲ့ရင် တောင်သာသားလေး အစက တွေးမိသလိုတွေးမိနေတယ်ဆိုရင် အမြန်ဆုံး အဲ့ဒီအတွေးကို ပြောင်းပြစ်လိုက်ပါ။ ဘာသာစကားသိမှ အဲ့ဒီနိုင်ငံမှာ စကားပြောတတ်တဲ့ လူတစ်ယောက်လို နေထိုင်သွားလာနေနိုင်မှာဖြစ်ပြီးတော့ ဘာသာစကားမသိရင်တော့ ဘာမှမပြောတတ်တဲ့ လူအတစ်ယောက်လို၊ ဈေးဝယ်ရင်တောင် ကိုယ်ဟန် လက်ဟန်နဲ့ပြ၀ယ်ရင်တော့ သူတစ်ပါးအထင်သေးတဲ့ မျက်လုံးတွေက ဆီးကြိုနေမှာ မလွဲဧကန် ဖြစ်နေတော့မှာပါ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More