တောင်သာသားလေးပညာသင်နေတဲ့ကျောင်းမှာ လူမှုရေးအခက်အခဲလေး နည်းနည်းကြုံလိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ဆွေးနွေးကြတယ်၊ တိုင်ပင်ကြပါတယ်။ သူငယ်ချင်းတွေအများကြီးက အကြံဥာဏ်တွေ၊ လုပ်သင့်လုပ်ထိုက်တာတွေ ပြောကြပါတယ်။
အားလုံးပြောကြတာတော့ သူ့ဟာနဲ့သူတော့ ကောင်းကြတာကြီးပါပဲ။ သို့ပေမယ့်လည်း သူငယ်ချင်းတစ်ယောက်ပြောလိုက်တဲ့ စကားတစ်ခွန်းကတော့ ဘ၀တစ်သက်စာ မှတ်သားစရာလေး ဖြစ်ခဲ့ရတယ်။ သူငယ်ချင်းပြောတာလေးကို သူပြောသလိုလေသံလေးနဲ့ပဲ ပြန်လည်ဝေမျှပါရစေ။ သူငယ်ချင်းတို့ ကြိုးစားကြကွ။ လူဆိုတာ ကျရှုံးမှုတွေ ကြုံလာတိုင်း ငါ့အထင်တော့ ဒီလိုတွေးသင့်တယ်ကွ။ ဥပမာ ကျောက်ခဲလေးတစ်ခုကို အပေါ်ကို မြှောက်လိုက်ရင် သူအားရှိသလောက်၊ အရှိန်ရှိသလောက် အမြင့်ဆုံးကို ရောက်နိုင်တယ်။ ဒါပေမယ့် အမြင့်ဆုံးကိုရောက်ပြီးသွားရင် အောက်ကိုပြန်ကျလာရတယ်ကွ။ ဒီလိုပြန်ကျလို့ ကျောက်ခဲလေးမှာ အပြစ်မရှိဘူးကွ။ ဒါ လောကသဘာဝရဲ့ နိယာမပဲ။ အပြစ်ရှိတာက သူ့ပြုတ်ကျလာတာကို နောက်တကြိမ် ပြန်တတ်ဖို့ မကြိုးစားတာပဲ။ အဲ့ဒါမှ အပြစ်ကွ။ အခုလည်း သူငယ်ချင်းတို့ အကြောင်းတစ်ခုခုကြောင့် လဲကျတယ်၊ ပြုတ်ကျတယ်ကွာ။ လောကသဘာဝအရ အောင်မြင်မှုတွေ ပြီးလာရင် ကျရှုံးမှုတွေ ရောက်လာမှာပဲ။ ဒါသူငယ်ချင်းတို့ အပြစ်မဟုတ်ဘူး။ ပြန်ထူဖို့ မကြိုးစားတာကမှ သူငယ်ချင်းတို့ အပြစ်ကွ။
ဘယ်လောက်ကောင်းတဲ့ ဥပမာလေးပါလည်း။ တောင်သာသားလေးတို့၊ အကို၊ အမတို့ ဘ၀မှာလည်း အောင်မြင်မှုတွေ ရှိခဲ့သလို ကျရှုံးမှုတွေ ရှိခဲ့၊ ကြုံခဲ့တာပါပဲ။ ကျရှုံးမှုတွေ ကြုံလာရင် ပြန်ထဖို့ စဉ်းစားတာထက် ဒူးထောက်လက်မြောက်ဖို့ အရင်စဉ်းစားမိတယ်။ သူငယ်ချင်းပြောတဲ့ ဥပမာလေး သိလိုက်တဲ့အချိန်ကစပြီး ဒူးထောက်လက်မြောက်ဖို့ထက် ပြန်ထဖို့ကြိုးစားကြပါဆို့လို့ နှိုးဆော် တိုက်တွန်းလိုက်ပါတယ်။
တောင်သာခရီးသည်
ဆက်လက်ကြိုးစားပါအုံးမည်
0 comments:
Post a Comment