Monday 2 April 2012

အဖေ့အတွက် အလွမ်းပြေ

အဖေတစ်ယောက် ပါးရေတွေတောင် တွန့်လိပ်စ ပြုနေပါပြီလား။ သို့ပေမယ့်လည်း သားတို့မျက်လုံးထဲမှာတော့ အဖေ့ရုပ်ရည်ကော၊ အဖေ့ကိုယ်ကျင့်တရားကောက ကမ္ဘာ့ပေါ်မှာရှိတဲ့ လူသားတိုင်း မှီမှာမဟုတ်ပါဘူးအဖေ။ အဖေတို့ဘ၀ကို သုညကနေ စခဲ့ရတာ သားတို့ ဟုပြောတဲ့အခါတိုင်း ငယ်ငယ်ကတော့ မယုံချင်။ ဖေဖေ ပုံပြင်တွေ ပြောနေတာလားပေါ့။ အသက်အရွယ် နည်းနည်းလေး ရလာမှပဲ လောကကသင်ပေးတဲ့ အဖြစ်စလောက် အတွေ့အကြုံလေးတွေကြောင့်လားမသိ၊ အဖေပြောခဲ့တာတွေက ဖြစ်နိုင်တယ်၊ဆိုတာ ယုံလိုက်ပါပြီအဖေ။ သားတို့ စာကြိုးစားကြ။ တစ်နှစ်တစ်တန်း မှန်မှန်အောင်ရင် မြန်မာနိုင်ငံမှာ ရှိတဲ့ အတန်းတွေ ကုန်အောင်ဖေဖေ ပညာတွေ အမွေပေးခဲ့မယ်လို့ တဖွဖွ ဆုံးမစကားတွေ ဆိုးတတ်ပါသေးတယ်။ ပင်ပန်းမှုတွေ၊ ဆင်းရဲမှုတွေ၊ အခက်အခဲတွေနဲ့ တွေ့ဆုံနေရရင်လည်း မျက်နှာမညှိုး တည်ကြည်စွာ၊ ရဲဝံ့စွာ စိတ်အေးအေးထား ဖြေရှင်းတတ်သောအဖေ။ ယောကျီင်္ားပီသသော၊ ခန့်ညားသော အဖေတစ်ယောက် အခုတော့ ခါးလေးတွေတောင် ကိုင်းစပြုနေပါပြီလား။ သို့သော်လည်း အဖေ အားမငယ်။ ကြုံလာတဲ့ လောကဓံကြီးကို ရဲဝံ့စွာ ရင်ဆိုင်ဖို့ ကြိုးစားနေလေရဲ့။ ဖေဖေအရက်ကလေး (၃ လမှ တစ်ကြိမ်လောက်) သောက်လာခဲ့လျှင်လည်း မေမေ့ ခြေဖျားလေးတွေ၊ ဇတ်ကြောလေးတွေ နှိပ်ပေးရင်း သူချစ်တဲ့ မေမေကို ချော့တတ်တဲ့ဖေဖေ။ မျက်နှာကြီး အတင်းသားနဲ့မေမေတစ်ယောက် မကြာပါဘူး အကြင်နာစကားလေးတွေ ထွက်လာပြီ။ ဖေကြီးကို အရက်မသောက်စေချင်တာက ဖေကြီးရဲ့ကျန်းမာရေးကြောင့်ပါတဲ့။ ဖေကြီးမွေးထားတာလည်း သား(၄)ယောက်တဲ့။ စသည်ဖြင့်ပေါ့။ တောင်သာသားလေးတို့ ညီအကို(၄)ယောက်ကတော့ ခြင်ထောင်ထဲမှာ ခိုးနားထောင်နေတာပေါ့။ တခါတလေတော့လည်း ညီအကို (၄)ယောက် တိုင်ပင်လျှက်။ ညီတို့မိန်းမရရင်လည်း အခုလို အရက်သောက်လာရင် ဖေဖေလိုချော့လိုက်တာ မဆိုးဘူးနော်။  အကြံတွေကလည်း အထွက်သား။ အဲ့ဒါတွေကတော့ ဖေဖေပိုင်တဲ့ အရည်အချင်းတွေထဲက မပြောပလောက်တဲ့ သေးသေးမွှားမွှားလေးတွေပဲ ရှိပါသေးတယ်။ လေးစားချစ်ခင်ရတဲ့ ဖေဖေတစ်ယောက် ကို လွမ်းတဲ့အလွမ်းတွေ ဒီရုပ်သံလေးနဲ့ပဲ ဖြေသိမ့်မိပါတော့တယ်။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More