မြန်မာ့လှည်းယာဉ်လေး

မြန်မာ့လှည်းယာဉ်လေးဟာဆိုရင် ကမ္ဘာကြီးခေတ်မမီခင်တုန်းကတော့ လူသားတွေအတွက် သယ်ယူပို့ဆောင်ရေး ယာဉ်အဖြစ် အသုံးပြုခဲ့ကြပါတယ်

ရှုမောဖွယ်ရာ ကျေးတောရွာ

တောင်သာနယ်က ကျေးတောရွာလေးပါ။ အေးချမ်းမှု၊ တိတ်ဆိတ်မှု၊ သာယာမှုတွေ ပြည့်နှက်နေတဲ့ပုံလေးတွေကြည့်ရင်း နေချင်စဖွယ်၊ လွမ်းမောဖွယ်ရှုခင်းလေးပါ

ကျွန်တော်မွေးဖွားရာ တောင်သာနယ်က ရှေးဟောင်းအိမ်လေးပါ

ခေတ်မီတဲ့အိုးအိမ်တိုက်တာတွေပေါများလာပေမယ့် သူတို့ကို အန်တုနေတဲ့ အဖိုးရဲ့အိမ်လေးကတော့ တန်ဖိုးမဖြတ်နိုင်အောင် လှပါနေတုန်းပါ

တံငါသည် မောင်နှံ

ငွေကြေးဥစ္စာမပြည့်စုံပေမယ့် တံငါသည်မောင်နှံကတော့ အကြင်နာ၊ မေတ္တာ၊ ဂရုဏာတွေ ပြည့်စုံနေတာပါ.

ရှေးယခင်က မြန်မာ့ဇာတ်သဘင်

မြန်မာ့အကအစမှာ ဇာတ်ခုံတွေမပေါ်ခင် မြေပေါ်မှာပဲ ဖျော်ဖြေခဲ့တာပါ

Monday, 19 November 2012

လျှို့ဝှက်အပ်သည်များကို မတိုင်ပင်သင့်သည့်အရပ်(၈)ပါး



(၁) မညီညွှတ်သောအရပ်။ ။မညီညွှတ်သောအရပ်၌ တိုင်ပင်သော်အကျိုးမှာပြန့်ကျဲ၏၊           လွင့်စင်၏၊ လျောကျ၏ မပြီးမြောက်နိုင်။
(၂) ဘေးရန်ရှိသောအရပ်။ ။ဘေးရန်ရှိသောအရပ်၌ စိတ်နှလုံးတုန်လှုပ်၏၊ ကောင်းမွန်မှန်ကန်သော     အကျိုးမမြင်နိုင်။
(၃) အလွန်လေထန်သောအရပ်    ။အလွန်လေထန်သောအရပ်၌ အသံသည် မထင်ရှား။
(၄) နံရံစသည်ဖုံးကွယ်ရာအရပ်    ။နံရံစသည့်ဖုံးကွယ်ရာအရပ်၌ ချောင်းမြောင်းနားထောင်သူတို့ လာတတ်ကုန်၏။
(၅) နတ်စင်နတ်ကွန်းအရပ်         ။နတ်စင်၊ နတ်ကွန်း၌တိုင်ပင်သော် အကျိုးသည် နှောင့်နှေးလေးဖင့်စွာ သက်ရောက်၏။
(၆) ခရီးလမ်းမ     ။ခရီးလမ်းမ၌ တိုင်ပင်သော် အကျိုးသည် အချည်းနှီး ဖြစ်တတ်၏။
(၇) စစ်မြေပြင်အရပ်                 ။စစ်မြေပြင်အရပ်၌ တိုင်ပင်သော် လှုပ်ရှားခြင်းဖြစ်၏။
(၈) ရေဆိပ်                  ။ရေဆိပ်၌တိုင်ပင်သော် ပေါက်ကြားလွယ်၏။

(ဗိုလ်မှုးကြီးစန်းပွင့်၏ ရှေးမြန်မာမင်းများ လက်ထက်ထောက်လှမ်းရေး- မှ)

Saturday, 17 November 2012

ဂုဏ်ယူပါတယ် သူငယ်ချင်း



ချမ်းမြေ့ပျော်ရွှင်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်လေးဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းမှုလေးနဲ့ပဲ ဒီဂုဏ်ပြုဆောင်းပါးကို ရေးလိုက်ရပါတယ်။ မကြာမီအချိန်အတွင်းမှာ သူငယ်ချင်းတို့အနေနဲ့ တဆင့်မြှင့်ရာထူးတွေ လက်ခံရယူ ဂုဏ်ပြုခံရတော့မှာပါ။ ဒီအတွက်ကြောင့် ဒီစေတနာဂုဏ်ပြုဆောင်းပါးလေး ရေလိုက်ခြစ်ဖြစ်ပါတယ်။ 

          သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ ရှေးရေစက်တွေကြောင့်ပဲပြောပြော၊ အမိတက္ကသိုလ်က သတ်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ ပြည့်မီတယ်ပဲဆိုဆို ငါတို့တွေ ဒီတက္ကသိုလ်ကြီးမှာ အတူတကွ ပညာတွေဆည်းပူးနိုင်ခွင့်ရကြပြီလေ။ ဒီဆောင်းပါးလေးမှာ ငါ့ရဲ့အမြင်လေးတွေကို ပြောပြသလို၊ သူငယ်ချင်းတွေဆီကလည်း ကိုယ်စီအမြင်လေးတွေ ပြောပြကြစေလိုပါတယ်။
          သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မိသားစုနဲ့ဝေးကွာနေကြတယ်ဆိုပေမယ့် ညီအကိုအရင်းထက် ချစ်ခင်ကြတဲ့ သံယောဇဉ်တွေရှိတဲ့ သူငယ်ချင်းညီအကိုတွေနဲ့ တွေ့ဆုံနေကြပြီလေ။ ပျော်ရွှင်စရာရှိခဲ့ရင်လည်း ငါတို့ထပ်တူပျော်ရွှင်ခဲ့ကြသလို အခက်အခဲတွေကြုံလာရင်လည်း ခေါင်းချင်းဆိုင်ဖြေရှင်းခဲ့ကြာတတွေကို မှတ်မိကြမယ်ထင်ပါတယ်။
          သူငယ်ချင်းတို့ရေ--- ငါတို့တတွေဟာ မြန်မာနိုင်ငံရဲ့နေရာအသီးသီး၊ ဌာနအဖုံဖုံမှာ တာဝန်ထမ်းဆောင်နေရင်း ခေတ်နောက်ကျနေတဲ့ အမိမြန်မာနိုင်ငံရဲ့ပညာရေးစနစ်ကို တဖက်တလမ်းကနေ မြှင့်တင်နိုင်ဖို့၊ တိုးတက်ကောင်းမွန်အောင်လုပ်နိုင်ဖို့ ဒီနိုင်ငံကို ရောက်လာခဲ့ကြတာပါ။ ငါတို့တတွေမှာ စရိုက်အမျိုးမျိုး၊ အမြင်အထွေထွေ၊ သဘေားထားအဖုံဖုံ ရှိကြပေမယ့် ငါတို့မှာရှိတဲ့ ရည်ရွယ်ချက်တွေကတော့ တစ်ခုတည်းပါပဲ။
          ဒီလိုပညာသင်နေတဲ့အချိန်မှာပဲ သူငယ်ချင်းတချို့ရဲ့ ငါတို့က ဒီနိုင်ငံမှာ  အကျယ်ချုပ်ကြနေသလိုပဲ ဆိုပြီး တီးတိုးအသံလေးတွေ ကြားရဖူးတယ်။ ဒီလိုပြောတဲ့သူငယ်ချင်းတွေကို အပြစ်မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငါကိုယ်တိုင် တခါတရံခံစားမိလို့ပါပဲ။ ရလာတဲ့ထောက်ပံ့ငွေကို တခါတလေ လိုတာထက် ပိုပြီးသုံးမိတဲ့အချိန်၊ ဧည့်သည်လာတဲ့အချိန်တွေဆို ပိုငွေက သိပ်မရှိလှပါဘူး။ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံက ပါလာတဲ့အ၀တ်အထည်လေးတွေကိုပဲ ၀တ်ရတာပေါ့။ ပထမနှစ်ဘ၀လည်း ဒီအ၀တ်၊ ဒုတိယနှစ်လည်း ဒီအ၀တ်၊ တတိယနှစ်လည်း ဒီအ၀တ်ပဲ ထပ်နေကြတာပေါ့။ တခြားနိုင်ငံခြားသားတွေလို တောက်တောက်ပြောင်ပြောင် မ၀တ်နိုင်ပါဘူး။ တခါကဆို မုန့်ရောင်းတဲ့အဘွားကြီးက ငါ့ကိုမေးဖူးတယ်။ မင်းတို့က အ၀တ်မလျော်တတ်လို့လား၊ ဒါမမဟုတ် တစ်ခုခုကြောင့်လားတဲ့။ မင်းတို့အ၀တ်လေးတွေကြည့်လိုက် ရင် ဟောင်းနွမ်းနေတာပဲ၊ တောက်တောက်ပြောင်ပြောင် မရှိလှဘူး တဲ့။ အဲ့ဒီအဘွားက မြန်မာတွေကို ချစ်ခင်တတ်တဲ့ အဘွားတစ်ယောက်ဖြစ်တဲ့အတွက် ကဲ့ရဲ့စိတ်နဲ့ပြောတာမဟုတ်ဘဲ သနားတဲ့စိတ်၊ ကြင်နာစိတ်၊ ဂရုနာစိတ်နဲ့ ပြောနေခြင်းသာဖြစ်ပါတယ်။
          ပိုငွေနည်းနေတဲ့အတွက် လေ့လာရေးခရီးထွက်ဖို့အတွက်ဆိုရင်တော့ ဒီလအတွက် အိတ်ကပ်ထဲမှာ ဘယ်လောက်ကျန်သေးလဲဆိုတာ အရင်ကြည့်ရပါတယ်။ ဘာသာစကားကလည်း တခြားထွက်ငွေတွေမရှိဖို့ အတွက် တခြားနိုင်ငံခြားကျောင်းသားတွေနဲ့ အပေါင်းအသင်းလုပ်ဖို့ စိတ်မကူးမိတော့ပါဘူး။ သူတို့ဝန်းကျင်ထဲ ကထွက်လာမှန်းမသိ ထွက်လာခဲ့တာ ဘာသာစကားဆိုလျှင် ကျောင်းခန်းထဲကလွဲလို့ အပြင်မှာ မပြောဖြစ်တော့ ပါဘူး။ ဘာသာစကားအားနည်းတာရယ်၊ အပိုအလျှံငွေအားနည်းတာရယ်က ငါတို့မင်းတို့ကို ပေ(၂၀x၁၅)အခန်း ထဲမှာ နေဖို့အတွက် ဖြစ်လာတော့တာပါပဲ။ ဒါကို ဒီအခန်းထဲမှာ အကျယ်ချုပ်ကျနေသလို ခံစားနေရတယ်ဆိုတာ ကို နားလည်ပေးရမှာပါ။ ငါတို့တတွေအတွက် အမိနိုင်ငံတော်ကပေးတဲ့ငွေဟာ နည်းပါးလှတယ်ဆိုပေမယ့် ငါတို့နိုင်ငံမှာ ဆင်းရဲမှုရာခိုင်နှုန်း(၂၆)ရှိတယ်ဆိုတာရယ်၊ ငါတို့ပညာသင်နိုင်ဖို့အတွက် သူတို့စားဖို့ထဲက ထမင်းလုပ်တွေကို ငါ့တိုကို ခွဲဝေပေးနေရတယ်ဆိုတာ နားလည်ပေးလိုက်ရင် ထောက်ပံ့ငွေ နည်းတယ်၊ များတယ် ဆိုတာကို နောက်ထပ် ပြောမိတော့မှာ မဟုတ်ပါဘူး။ ဒီဟာလေးတွေ တွေးမိလိုက်ရင်ပဲ ဒီဝန်းကျင်လေးထဲမှာ နေနေရတဲ့ကာလလေးမှာ နေပျော်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
          ပြီးတော့ (၁၄-၁၁-၂၀၁၂)ညက စိတ်မကောင်းစွာပဲ သတင်းလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ငါတို့နဲ့အတူ တနေ့တည်းပဲဟင်းသောက်ပြီး၊ တနေ့တည်းကျောင်းဆင်းလာခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပုံရယ်၊ ဘေးမှာ မျက်ရည်တွဲလွဲကျနေတဲ့အန်တီရယ်၊ ပူဆွေးသောကရောက်နေရှာတဲ့ သူငယ်ချင်းရဲ့အမေရယ် မြင်လိုက်ရတယ်။ လောကကြီးကို နုတ်ဆက်ခွဲခွါသွားတဲ့ သူငယ်ချင်းကိုကြည့်ပြီးတော့ အရမ်းကို စိတ်မကောင်းဖြစ်မိတယ်။ ငါတို့တတွေဟာ ဒီမှာ ပညာသင်နိုင်ဖို့ရောက်ခဲ့ပေမယ့် တကယ်လို့သာ ပညာဆက်သင်ခွင့်မရရင် ဒီနေရာဟာ ငါ့နေရာ၊ ဘေးမှာငိုနေတာလည်း ငါ့အမေဖြစ်ချင်ဖြစ်နေမှာပါ။ ငါတို့ပညာသင်နိုင်ဖို့အတွက် ငါတို့တာဝန်တွေကို ကျန်ခဲ့တဲ့သူတွေက ပိုတိုးပြီး တာဝန်တွေ ထမ်းဆောင်နေကြရတယ်ဆိုတာကို တွေးမိလိုက်ရင်ပဲ ငါတို့တတွေ ရသင့်ရထိုက်တဲ့ ပညာတွေကို လေ့လာဆည်းပူးချင်စိတ်တွေ နိုးထလာပါလိမ့်မယ်။ ပိုတိုးလာလိမ့်ပါလိမ့်မယ်။
          မကြာခင်မှာ ငါတို့တတွေကို တဆင့်တိုးတာဝန်တွေထမ်းဆောင်နိုင်ဖို့ တဆင့်မြှင့်တဲ့ရာထူးတွေ ချီးမြှင့်တော့မှာပါ။ ဒီကိုရောက်နေတဲ့အချိန်မှာ ကောင်းသည်ဆိုးသည် တွေးမနေဘဲ ပညာကိုသာ ရသလောက် ယူသင့်တင်ထင်မိပါတယ်။ ဒီဂုဏ်ပြုဆောင်းပါးလေးဟာ ဆရာလေသံနဲ့ရေးနေခြင်းမျိုးမဟုတ်ဘဲ အမိနိုင်ငံတော်အတွက်တန်းဖိုးရှိတဲ့ပညာတွေဆည်းပူးရန် ဆိုတဲ့ ငါတို့အားလုံးရဲ့ရည်ရွယ်ချက်ကို မေ့လျော့နေတာပဲဖြစ်ဖြစ်၊ သတိမရတာပဲဖြစ်ဖြစ် မေ့လျော့နေခဲ့လျှင် သတိရလာအောင်နိုးဆွပေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ အမိနိုင်ငံတော်ကောင်းကျိုးအတွက် ဒီဆောင်းပါးလေးက အုပ်တချပ်၊ သဲတပွင့် ကူညီပါဝင် ပံ့ပိုးပေးနိုင်ပါရင် ဆီထိဂွမ်းကဲ့သို့ ၀မ်းသာပီတိ ဖြစ်နေပါတော့မည်။
တောင်သာခရီးသည်

မေတ္တာရပ်ခံချက်

ကျွန်တော့်ဆိုဒ်ကို မူရင်း http://taungthartarlay.co.cc/ မှ http://taungthartarlay.blogspot.com/
သို့ ပြင်ဆင်ထားပါကြောင်း အလည်လာသူ အကိုအမများ၊ သူငယ်ချင်းများနှင့် ညီငယ်ညီမငယ်များအား လေးစားစွာ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

တောင်သာခရီးသည်

Tuesday, 13 November 2012

နေ့စဉ်ပြုပါ ဤကုသိုလ်

   ဒီနေ့တော့ ရဝေနွယ်(အင်းမ)ရေးထားတဲ့ စာအုပ်လေး ဖတ်လိုက်ရပါတယ်။ စာအုပ်ထဲမှာတော့ အကြောင်းအရာတွေ စုံလင်စွာဖော်ပြထားပေမယ့် ကျွန်တော်ကတော့ နေ့စဉ်ပြုပါ ဤကုသိုလ် ဆောင်းပါးနဲ့ ဆိုင်တာလေးပဲ ဖော်ပြပါရစေ။


နေ့စဉ်ပြုပါ ဤကုသိုလ်
၁။     အိပ်ယာထ
        မနက်အိပ်ယာက ထတာနဲ့ ကိုယ်လက်သန့်စင်ပြီး မိသားစုကိစ္စတွေကို ဘာမှမလုပ်နဲ့ပါဦး။ ဘုရားခန်းကို အရင်သွားပါ။
          (က)    ဘုရားသောက်တော်ရေကို အရင်ကပ်ပါ။ (ဒါန)
          (ခ)     ကပ်ပြီးရင် (၅)ပါးသီလ ခံယူပါ။ (သီလ)
          (ဂ)     ဂုဏ်တော်ကို (၅)မိနစ်ပွားပါ။ (ဂုဏ်တော်)
          (ဃ)    မေတ္တာကို (၅)မိနစ် ပွားပါ။ (မေတ္တာ)
          (င)     ၀ိပသနာ (၅)မိနစ် ပွားများပါ။ (၀ိပသနာ- မည်သည့်တရားစခန်း၊ မည်သည့်    အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တပလ္လင်ခွေထိုင်၊ ဘယ်လက်ပေါ် ညာလက်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င်လာသည်ဟုသိပေး၊ ထွက်လေထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို နှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမလေ့ကျင့်ကြလျှက် (၇)ရက်စခန်း၊ (၁၀)ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် ပိုတိုးကာ ကြိုးစားကြသင့်ပေသည်။)
၂။     နေ့လည်
အဲ့ဒီလိုနဲ့ အနက်စာစားပြီးတဲ့အခါ ဆန်လက်တစ်ဆုတ်စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေအတွက် ပက်ကျွေးလိုက်ပါဦး။ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ဒီနေ့မနက်ပြုဖြစ်ခဲ့တဲ့ ကုသိုလ်(၅)မျိုးကိုလည်း အမျှပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ဆိုပြီး နတ်ကောင်းနတ်မြတ်များနဲ့တကွ ဝေနေယျအပေါင်းကို အမျှပေးဝေလိုက်ပါဦး။
၃။     ညပိုင်း
     တတ်နိုင်တယ်၊ အချိန်ရတယ်၊ သဒ္ဓါတရားလည်း ထက်သန်လာတယ်ဆိုရင် မနက်ပိုင်းကလုပ်ခဲ့တဲ့ ကုသိုလ် (၅)မျိုး တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး။
    ဒီဆောင်းပါးလေးကတော့ ကျွန်တော်တို့လူငယ်တွေအနေနဲ့ လောကီပညာတွေသင်ရင်း တွဲလုပ်နိုင်တဲ့
နည်းလေးဖြစ်ပါတယ်။  လူငယ်လေးတွေအတွက် ကုသိုလ်နဲ့မိတ်ဆက်မိသလို စွဲမြဲစွာလုပ်သွားရင်လည်း 
အကြိုးရှိစေမယ့် နည်းလမ်းလေးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ 
တောင်သာခရီးသည်

Monday, 12 November 2012

ကွန်ပျူတာဖြင့် အလုပ်လုပ်ကြရာဝယ်





Sunday, 11 November 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်း(၂)












ဆရာကြီး သခင်ကိုယ်တော်မှိုင်း










Wednesday, 7 November 2012

ကျွမ်းကျင်လိမ္မာစွာ စကားပြောကြရာဝယ်

   ဒီနေ့တော့ ကျောင်းအားလက်ရက်လေးဖြစ်လို့ အင်တာနက်မှာ ဘာသတင်းလေးများ ထူးမလဲဆိုပြီး ၀င်ရောက်မွှေနှောက်မိပါတယ်။ သတင်းတွေကတော့ စုံလင်နေတာပါပဲ။ ဒီအထဲကနေ အမေရိကန် သမ္မတသစ် ရွေးချယ်ပွဲမှာ လက်ရှိသမ္မတ Obama က ပြန်လည်အနိုင်ရရှိခဲ့တယ်ဆိုတဲ့သတင်းရယ်၊ ပြီးတော့ သူရဲ့မိသားစုနှင့်အတူ အောင်ပွဲခံစင်မြင့်ထက်မှာ အောင်ပွဲခံနေတာရယ်၊ ပြီးတော့ ယခုပွဲတတ်ရောက်လာကြတဲ့ ပရိတ်သတ်အတွက် ကျေးဇူးတင်စကားကအစပြုလို့ စကားလုံးတိုင်း လူတွေရဲ့စိတ်ထဲမှာကော နားထဲမှာပဲ ၀င်သွားအောင်ပြောနိုင်တဲ့ သမ္မတအိုဘားမားကိုမြင်ပြီး ကျွမ်းကျင်လိမ္မာစွာ စကားပြောကြရာဝယ် ဆိုတဲ့ ဆောင်းပါးလေး ရေးဖြစ်သွားတာပါ။

   ဟုတ်တော့ဟုတ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ကောင်းမွန်းတဲ့ဆက်ဆံရေး၊ မသင့်မြတ်တဲ့ဆက်ဆံရေး စတာတွေဟာလည်း ဒီစကားကနေ ဆင်းသက်လာတယ်လို့ထင်မိတယ်။ ကျွန်တော့်ကို အကိုစီနီယာတစ်ယောက်က စကားတစ်လုံးရဲ့တန်ဖိုးရှိပုံကို ပြောဖူးပါတယ်။ အောက်လက် ငယ်သားတစ်ယောက်ကို အလုပ်ခိုင်းတဲ့အချိန်မှာ  စကားချိုနဲ့ အလုပ်ကိစ္စဆောင်ရွက်တဲ့အခါမှာ  ပိုပြီးအလုပ်ပြီး မြောက်တယ်။ ခိုင်းတဲ့လူကော လုပ်တဲ့လူကော ပျော်ရွှင်စွာနဲ့ အလုပ်ကို ဆောင်ရွက်နိုင်တယ်တဲ့။ ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ စတဲ့မေးခွန်းတွေကို မေးတတ်တဲ့ ကျွန်တော့်အကျင့်လေးကြောင့်ပဲ စီနီယာအကိုက ဒီလိုဥပမာလေးနဲ့ ပြောပြပါတယ်။ ဥပမာ- ညီက တပ်ဖွဲ့ငယ်တစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ပေါ့။ ညီ့ကိုအထက်ကအမိန့်ပေးလာတယ်။ တစ်ဧကရှိတဲ့တောရိုင်းတစ်ခုကို ညီ့ကို ဦးဆောင်ပြီးရှင်းခိုင်းလိုက်တယ်။ ညီက ဒီအချိန်မှာ လက်အောက်ငယ် သားကို စကားနှစ်ခုထဲက တစ်ခုကို ရွေးပြောရလိမ့်မယ်။ ဘာလဲဆိုတော့ ဒီတောကို ရှင်းကြ ဆိုတာရယ်၊ ဒီတောကို ငါတို့အတူတူ ရှင်းလင်းကြစို့ ဆိုတာရယ်ပေါ့။ ဒီစကားတွေထဲက ညီ ဘယ်စကားကို ရွေးမှာလဲ၊ ဘယ်ဟာက နားဝင်ချိုပြီး လက်အောက်ငယ်သားတွေဆောင်ရွက်ချင်စိတ်ရှိမလဲ၊ အလုပ်ဘယ်လောက်ထိ ပြီးမြောက်မယ်လို့ ထင်သလဲတဲ့။ စာဖတ်သူတွေအနေနဲ့ကတော့ အမျိုးအမျိုး အဖုံဖုံ ရွေးကြမယ်လို့ထင်ပါတယ်။ ကျွန်တော်ကတော့ ဒီတောကို ငါတို့အတူတူ ရှင်းလင်းကြစို့ ဆိုတဲ့ဟာကိုရွေးပြီး လက်အောင်ငယ်သားတွေကို ထက်ဆင့်ညွှန်ကြားဆောင်ရွက်သွား မှာပါ။ ရှေ့စကားကော၊ နောက်စကားကော အားလုံးက စကားတွေကြီးပါပဲ။
ရွေးသုံးတတ်ဖို့၊ ကျွမ်းကျင်လိမ္မာစွာ ပြောဆိုတတ်ဖို့ အရေးကြီးပုံလေးကို စီနီယာအကိုပေးတဲ့ စကားလေးနဲ့ ဥပမာပေးလိုက်ပါတယ်။ 
    နောက်တစ်ခါ အင်တာနက်ကနေဖတ်ဖူးတဲ့ ကိုဖြိုးသူရရေးထားတဲ့ message လေး တစ်ခု လက်ဆောင်ပေးပါရစေ။
စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့
ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။

တကယ်တော့ စကားပြောဆိုခြင်းသည် အလွန်အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုဖြစ်သည်ကို လူတိုင်းသိနေကြသော်လည်း စကားမည်သို့မည်ပုံ ပြောဆိုရမည်ဆိုသည့် အချက်အလက်များကိုတော့ လေ့လာမှတ်သား
မကျင့်ကြံကြသည်က များနေသည်ကို တွေ့ရှိရပေသည်။

စကားပြောကောင်းခြင်း၊ စကားကို ရေလည်ပတ်လည် ပြောဆိုတတ်ခြင်း၊ လိုရင်းတိုရင်းဖြစ်အောင် ပြောဆိုတတ်ခြင်းစသည့် အချက်အလက်များကို စကားပြောဆိုရာ၌ အထူးသတိထားရန် လိုအပ်လှပေသည်။ စကားပြောဆိုကောင်းလျှင် အရာရာကို
အောင်မြင်သကဲ့သို့ လူချစ်လူခင်လည်း ပေါများပေသည်။ စကားပြောဆိုခြင်းနဲ့ပတ်သတ်၍
မြတ်ဗုဒ္ဓမိန့်တော်မူခဲ့သော စကားပြောကောင်းခြင်း အင်္ဂါ()ပါးကို တင်ပြချင်ပါသည်။ ၎င်းတို့မှာ...........

၁။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်အမူအရာရှိခြင်း။

၂။ ချစ်ခင်မြတ်နိုးဖွယ် နူတ်အမူအရာရှိခြင်း။

၃။ ချစ်ခင်မြတ်နိုးဖွယ် လိုက်လျှောတတ်ခြင်း။

၎။ ချစ်ခင်မြတ်နိုးဖွယ် မျှတဝေဖန်မူရှိခြင်း။

၅။ ချစ်ခင်မြတ်နိုးဖွယ် ကိုယ်ကျင့်သိက္ခာရှိခြင်း။

၆။ ချစ်ခင်မြတ်နိုးဖွယ် အသိပညာရှိခြင်းတို့ပင် ဖြစ်ပေသည်။

စကားပြောဆိုရာ၌ အဓိကထားရမည့် အချက်မှာ မိမိပြောသောစကားသည် သူတစ်ပါးအတွက် မထိခိုက် မနစ်နာ မကြမ်းတမ်းသော စကားများကိုရှောင်ပြီး ကောင်းကျိုးဖြစ်စေလိုသော မေတ္တာဓာတ်ဖြင့်
ပြောဆိုဆက်ဆံမှသာလျှင် မိမိရဲ့စကားသည် အဓိပ္ပါယ်ရှိ၍ အောင်မြင်မှုရပေလိမ့်မည်။

လူ့လောကစကားပြောကြရာတွင် တစ်ဦးနှင့်တစ်ဦး ဆွေမျိုးမောင်နှမများကဲ့သို့ သဘောထားပြီး လိမ်မာယဉ်ကျေးသော စကားလုံးများဖြင့် ပြောဆိုမှသာလျှင် လူရာဝင်သော စကားဖြစ်ပေလိမ့်မည်။ ထို့ပြင် မိမိစကားပြောဆိုမည်ဆိုလျှင်
မိမိရဲ့စကားသည် မိမိပြောချင်သော အဓိပ္ပါယ်ကိုရောက်မရောက်ဆိုသည့်အချက်လည်း သတိထားရန်
လိုအပ်လှပေသည်။ တစ်ချို့က ပြောချင်ဇောဖြင့် ပြောချလိုက်ရာ ဆိုလိုချင်သည်ကားတခြား
ပြောလိုက်သည်ကတခြား ဖြစ်နေတတ်၍ ဒုက္ခတွေ့တတ်ပေသည်
   စကားတစ်လုံးချင်းဆီမှာ သူ့ရဲ့တန်ဖိုးတွေရှိသလို အဲ့ဒီတန်ဖိုးတွေကို ကျွန်တော်တို့အနေနဲ့ ပိုင်နိုင်စွာ အသုံးချတတ်ဖို့လိုအပ်လှပါတယ်။ ကိုယ်က ကြားခံလူတစ်ယောက်ဖြစ်နေပြီဆိုရင်  ပိုတောင်မှ လိုအပ်ပါသေးတယ်။ မိမိမျက်နှာတစ်ခုရဖို့အတွက် အထက်ကလူကြီးတွေကိုတော့  လုပ်နိုင်ကြောင်း၊ ကိုင်နိုင်ကြောင်း၊ ဆောင်ရွက်နိုင်ကြောင်း လုပ်တတ်ပြီး အောက်လက်ငယ်သားကိုတော့ ဒီနေ့အပြီးလုပ်၊ ဘာအကြောင်းပြချက်မှ မလိုချင်ဘူး စတဲ့စကားပြောတတ်တဲ့ လူတွေ အများကြီးတွေ့ဖူးကြမှာပါ။ မြန်မာ စကားပုံတစ်ခုလည်း ကျွန်တော်ကြားဖူးပါတယ်။ အပေါ်ဖား၊ အောက်ဖိ ဆိုတာ ဒါမျိုးကို ဆိုလိုတယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ အများအကျိုးအတွက် အောက်ကို ဖိပြီးခိုင်းရတဲ့အခါမျိုးကျရင်တော့ ဒီစကားပုံနဲ့အကျုံးဝင်သွားလိမ့်မယ် မထင်ပါဘူး။   အောက်ကိုဖိပြောတယ်ဆိုတာထက် စကားကိုကျွမ်းကျင်လိမ္မာစွာ သုံးတတ်၊ စွဲတတ်ရင် အောက်လက်ငယ်သားကလည်း ချစ်၊ ကြောက်၊ ရိုသေ၊ အထက်လူကြီးကလည်း အလေးထားတဲ့ လူတစ်ယောက်ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။
   လူတိုင်းမှာ သူ့ကိုယ်ပိုင်အရည်အချင်းတွေ ရှိကြစမြဲပါ။ ကျွန်တော်လည်း ကျွန်တော့်မှာရှိတဲ့ မဆိုစလောက်အရည်အချင်းလေးနဲ့ ကျွမ်းကျင်လိမ္မာစွာ စကားပြောကြရာဝယ် ဆောင်းပါးလေးကို ရေးလိုက်မိပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည် 

  

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More