07:05
တောင်သာသားလေး
လက်ထပ်တော့မယ်လို့ ပြင်ဆင်နေတဲ့ အချိန်မှာ စိတ်လှုပ်ရှားရင်ခုန်ရတာက တစ်ဖက်၊ ပင်ပန်းရတာက တစ်ဖက်ဖြစ်နေနိုင်ပါတယ်။ ဝတ်စုံအပ်တာ၊ ဖိတ်စာမှာတာ၊ မင်္ဂလာခန်းမ ငှားတာ.. ဘယ်အရာကိုမှ အလောတကြီး လုပ်လို့ မရပါဘူး။ အရာရာတိုင်းကို အချိန်ယူပြီး စနစ်တကျ စီစဉ်ဆောင်ရွက်မှသာ မင်္ဂလာအချိန်မှာ အစစအရာရာ အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။ မင်္ဂလာခန်းမမှာ အဆင်ပြေချောမွေ့ရုံနဲ့တော့ တစ်ဘဝလုံး သာယာမယ်လို့ မဆိုနိုင်ပါဘူး။ မင်္ဂလာဆောင်ပြီးချိန်မှာ တစ်ဘဝလုံး သာယာချမ်းမြေ့ စေရေးအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဟာ သတို့သားနဲ့ သတို့သမီးရဲ့ ကျန်းမာရေးအပေါ်မှာ မူတည်နေပါတယ်။
လက်မထပ်ခင် ဆေးစစ်ခြင်း
လက်မထပ်ခင်မှာ သတို့သားရော သတို့သမီးပါ ကျန်းမာရေး စစ်ဆေးမှုကို ခံယူ သင့်ပါတယ်။ ဆေးစစ်ရာမှာ တစ်ဦးမှ တစ်ဦးကို လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိ၊ မရှိနဲ့ မျိုးရိုးလိုက်တတ်တဲ့ရောဂါတွေ ရှိ။ မရှိ ဆိုတာကိုစစ်ဆေးသင့်တာ ဖြစ်ပါတယ်။ ဆေးစစ်ကြည့်လို့ လိင်မှ တစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမှန်းသိခဲ့ရင် ကုသပျောက်ကင်းပြီးမှသာ လက်ထပ်သင့်တာဖြစ်လို့ပါ။ လက်မထပ်ခင် ဆေးမစစ်ဘဲ ပေါင်းသင်းပြီးခါမှ ရောဂါ ကူးစက်ခံရတဲ့ အိမ်ထောင်သည်တွေ (အများအားဖြင့် ဇနီးမယားတွေ)ကို အတွေ့ရများနေတဲ့အတွက် ဆေးစစ်ခြင်းဟာ အလေးထားသင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်ရပ်ဖြစ်နေပါတယ်။
ရောဂါတွေ့ခဲ့လျှင်
ဆေးစစ်ကြည့်လိုက်လျှင် တစ်ဦးဦးမှာ ရောဂါတစ်ခုခု ရှိနေခဲ့ရင် တစ်ဦးနဲ့ တစ်ဦး လက်ထပ်ဖို့ ဆုံးဖြတ်ချက်ချတဲ့အခါ အဆင်ပြေပြေ ညှိနှိုင်းနိုင်ပါတယ်။ ဖြစ်တဲ့ ရောဂါကို လက်မထပ်ခင် ကုသပျောက်ကင်းအောင် ကုနိုင်ဖို့ ဆရာဝန်နဲ့ ညှိနှိုင်းတာမျိုး၊ ဒါမှမဟုတ် အပြီးတိုင် မပျောက်နိုင်ဘဲ ထိန်းထားနိုင်တဲ့ HIV ပိုးရှိခဲ့ရင် အကာအကွယ်သုံးပြီး ပေါင်းသင်း နေထိုင်ဖို့ ဆုံးဖြတ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ လက်ထပ်ပြီးမှ ရောဂါရှိမှန်း သိခဲ့ရင်တော့ “ဆုပ်လည်းစူး၊ စားလည်းရူး”လို အဖြစ်မျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး မကူးစက်နိုင်ပေမယ့် နှစ်ဦးစလုံးမှာ ရှိခဲ့ရင် မျိုးရိုးလိုက်နိုင်ခြေများတဲ့ ရောဂါတွေ (ဥပမာ - ဆီးချိုရောဂါ၊ သွေးအားနည်းရောဂါ) ရှိခဲ့ရင်လည်း ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ လက်ထပ်ဖို့ ဆုံးဖြတ်နိုင်ပါတယ်။
သားသမီးရယူရေး
အိမ်ထောင်သားမွေးဆိုတဲ့ စကားအတိုင်း အိမ်ထောင်ပြုပြီးရင် ကလေးယူခြင်းကပါ တွဲပါလာပါတယ်။ ချက်ချင်း ကလေးမယူချင်သေးဘူးဆိုရင် ကာကွယ်တားဆီးထားဖို့နဲ့ ကလေးယူမယ်လို့ ဆုံးဖြတ်ထားရင်လည်း ဆောင်သင့်၊ ရှောင်သင့်တဲ့အချက်တွေ (ဥပမာ - အမျိုးသမီးအနေနဲ့ အားဖြည့်ဆေး ကြိုတင်မှီဝဲထားနိုင်ဖို့) ဆရာဝန်နဲ့ ကြိုတင်ဆွေးနွေး ထားသင့်ပါတယ်။ အထူးသဖြင့် သတို့သမီးနဲ့ အသက် ၂၅ နှစ်ကျော်နေရင် မြန်မြန် ကလေးယူဖို့ ဆရာဝန်တွေက တိုက်တွန်းလေ့ ရှိပါတယ်။
သားသမီးဦးရေ
ဒီနေ့ခေတ်မှာ စီးပွားရေး၊ လူမှုရေး၊ အလုပ်အကိုင်စတဲ့ အကြောင်းကြောင်းတွေကြောင့် ကလေးအများကြီး မယူလိုကြတော့ပါဘူး။ အကောင်းဆုံးကတော့ ကလေးယူတဲ့အခါမှာ သားသမီး တစ်ဦးနဲ့ တစ်ဦးကြား အနည်းဆုံး သုံးနှစ်လောက် ခြားသင့်ပါတယ်။ တစ်နှစ်တစ်ယောက်နှုန်းနဲ့ ကလေးမွေးနေရင် မိခင်မှာ ပင်ပန်းနိုင်သလို မွေးလာတဲ့ ကလေးတိုင်းကို အပြည့်အဝ ဂရုစိုက်နိုင်ဖို့ မလွယ်ပါ။
စောင့်ထိန်းမှု
အိမ်ထောင်မပြုခင်က ဆေးစစ်လိုက်တော့ ဆေးအောင်ပါရဲ့။ အိမ်ထောင်ပြုပြီးချိန်မှာ အိမ်ထောင်ဖက်တစ်ဦးက ထင်သလို စိုင်းလိုက်မယ်ဆိုရင်တော့ ဇနီးမောင်နှံ နှစ်ဦးစလုံးအတွက် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံ သာမက စိတ်ပျော်ရွှင်မှုကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာဆောင် ပြီးချိန်မှာလည်း ခင်ပွန်းကျင့်ဝတ်နဲ့ ဇနီးကျင့်ဝတ်တို့ကို လိုက်နာပြီး သစ္စာရှိရှိ ပေါင်းသင်းနေထိုင်သွားဖို့ အရေးကြီးလှပါတယ်။
Ref: Good Health
15:53
တောင်သာသားလေး
အမေ!
အမေကျန်းမာပါစေ၊ ချမ်းသာပါစေဆိုတဲ့ ဆုတောင်းမှုလေးနဲ့ပဲ ဒီဂုဏ်ပြုဆောင်းပါးလေးကို အစပြုလိုက်ပါတယ်အမေရယ်။ ဒီဆောင်းပါးလေးမှာ အမေ့ရဲ့ဂုဏ်ပုဒ်တွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ဖေးမကူညီမှုတွေ ၊ ပြုစုစောင့်ရှောက်မှုတွေကို ချီးမွမ်းပါရစေအမေရယ်။
အမေတစ်ယောက် သားတွေမျက်စေ့ရှေ့မှာတင် အသက်တွေကြီးလာပြီနော်။ သို့ပေမယ့်လည်း သားတွေမျက်စိထဲမှာတော့ အမေဟာ နုပျိုဆဲ၊ တင့်တယ်ဆဲ့၊ ခေါင်းမော့ဆဲပါအမေရယ်။ ၁၉၄၅ခုနှစ်၊ ဗထူးတပ်မြို့မှာ အမေတစ်ယောက် လူ့လောကထဲကိုရောက်လာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အမေ(၃)နှစ်အရွယ်မှာပဲ ပြင်ဦးလွင်ဆိုတဲ့တောင်ပေါ်မြို့လေးကို ပြောင်းခဲ့ရတယ်လေ။
အမေပြုစုပျိုးထောင်လိုက်တဲ့ သားမောင်တွေကတော့ လူ့လောကအလယ်မှာ နိုင်ငံရဲ့ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်နေကြပြီလေ။ ဒီလိုထမ်းဆောင်နိုင်အောင်လည်း အမေ့ရဲ့ရည်ရွယ်ချက်တွေက အကောင်းသား။ နိုင်ငံတော်အတွက် လိုအပ်တဲ့ စိတ်ဓါတ်၊ စည်းကမ်း၊ ပညာတွေပြည့်စုံတဲ့ သားကောင်း၊ သားမြတ်များ မွေးထုတ်ဖို့ တဲ့။ ပညာရေးဘက်ကကြည့်အုံးမလားအမေ အဆင့်မီတဲ့ဘွဲ့တစ်ခုရအောင် ပညာအမွေပေးခဲ့ပြီး ကျန်းမာရေးနဲ့အထွအထွေဗဟုသုတတွေ လေ့လာတတ်အောင် လိုက်စားတတ်အောင် အမေတစ်ယောက် ဘယ်သားကိုမှ မျက်နှာမလိုက်ပဲ တန်းတူညီမျှ နည်းလမ်းတွေကို သင်ပေးလိုက်တယ်လေ။ အဲ့ဒါကြောင့်လည်းနေမှာပါ။ အမေ့သားတွေက ဘယ်လိုအခက်အခဲပဲကြုံကြုံ ရဲရဲရင့်ရင့်၊ ၀ံ့ဝံ့စားစား ဆုံးဖြတ်နိုင်၊ ဆောင်ရွက်နိုင်ကြတာနေမှာပါ။
အမေ့သားတစ်ယောက်ဖြစ်တဲ့ ဘိုသူကတော့ အမေ့ဆီကနေ ပညာရည်နို့သောက်စို့ပြီး ထွက်လာတာ လာမယ့်(၁၂-၁၂-၂၀၁၂)ဆိုရင် ၄နှစ်တင်းတင်း ပြည့်ပြီအမေ။ အမေမှာလိုက်တဲ့အတိုင်း တိုင်းပြည်ကိုချစ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ နောင်တချိန်မှာ နိုင်ငံရဲ့ကြီးလေးတဲ့တာဝန်တွေ ထမ်းဆောင်နိုင်ရန်အတွက် အကျိုးရှိမယ့်အလုပ်ဟူသမျှ ဇွဲနဲ့လုပ်ဆောင်ဖို့၊ တတ်တတ်ကြွကြွလုပ်ဆောင်ဖို့၊ အမေခင်ပေးတဲ့ လမ်းကြောင်းပေါ်မှာ မကွေ့မကောက်ပဲ ကိုယ်ကျင့်စာရိတ္တမှန်မှန် လျှောက်လှမ်းဖို့၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီဖို့ စတဲ့ အမေ့ရဲ့စကားတွေကို ရင်ဝယ်ထားပြီး လူ့လောကကြီးကို ရင်ဆိုင်နေပြီအမေ။
အမေဂုဏ်ယူနိုင်ဖို့ သားတို့ရဲ့ကောင်းတဲ့လုပ်ရပ်လေးတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီခဲ့တာလေးတွေကို ပြန်ပြောပါရစေအမေ။ (၁၂-၁၂-၂၀၁၁) လပိုင်း ပတ်ဝန်းကျင်မှာ ပခုက္ကူဒေသမှာ မိုးတွေကောင်းပြီး ရေကြီးတာတွေ ချောင်းကမ်ပါးပြိုတွေဖြစ်ခဲ့တယ်အမေ။ အဲ့ဒီလိုဖြစ်တဲ့အချိန်မှာ လူတွေက စားစရာမရှိ၊ နေစရာမရှိ၊ ၀တ်စရာအ၀တ်တောင် လုံလုံလောက်လောက် မရှိရှာဘူးအမေ။ အဲ့ဒီအချိန်မှာပဲ အမေ့သားတွေရဲ့နားထဲမှာ အမေမှာခဲ့တာတွေ ပြန်ကြားယောင်နေမိတယ်အမေ။ သားတို့(၃)နှစ်ပြည့်နဲ့ နှစ်ပတ်လည်နေ့လည်း တိုက်နေတော့ သားတို့ကိုယ်စီ အလှူငွေတွေ ထည့်ကြပြီး အဲ့ဒီဒေသက ဒုက္ခရောက်နေတဲ့ မိဘပြည်သူ၊ ညီအကို၊ မောင်နှမတွေကို ကူညီခဲ့ကြတယ်အမေ။ စာဖတ်ရတာနဲ့ မတင်းတိမ်နိုင်ရဲ့အမေ့အကျင့်တွေကိုသိလို့ သားဓါတ်ပုံလေးပါ ထည့်ပေးလိုက်တယ်အမေ။
(၁၄-၀၂-၂၀၁၂)နေ့လေးမှာတော့ သားတို့စိတ်မကောင်းစရာ သတင်းတစ်ခုကြားခဲ့ရတယ်အမေ။ အမေ့သားတွေထဲက ထက်မြက်ဇော်ရဲ့ မီးဘေးသင့်ခဲ့တယ်အမေ။ ချက်ချင်းဆိုသလိုပါပဲ ကျောင်းသားခေါင်းဆောင်တွေ တာဝန်ယူထားကျတဲ့ အမေ့သားမောင်တွေက ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး အချိန်ပိုင်းဆုံးဖြတ်မှုလေးနဲ့ အလှူခံပြီး ကူညီနိုင်ခဲ့သေးတယ်အမေ။ ဘယ်သူတွေဘယ်လောက်လှူတယ်ဆိုတာတော့ ဓါတ်ပုံထဲမှာ ကြည့်လိုက်နော်အမေ။
ဒီနှစ်အတွက်လည်း သားတို့(၁၄-၀၇-၂၀၁၂) စနေနေ့က (၄)နှစ်ပြည့်မွေးနေ့အတွက် အလှူတစ်ခုခုလုပ်ဖို့ဆိုပြီး အစည်းအဝေးသေးသေးလေး လုပ်ဖြစ်တယ်အမေ။ သားတို့အချင်းချင်းလည်း တာဝန်အသီးသီးကြောင့် ခွဲနေရပေမယ့် အခုလိုအစည်းအဝေးလေးက ပြန်လည်ဆုံစည်းခွင့်ပေးလိုက်တယ်အမေ။ အမေကြိုက်တဲ့ ပုံလေးတွေပါ ထည့်ပေးမယ်နော်အမေ။
အစည်းအဝေးလေးကိုတော့ အမေသင်ပြပေးခဲ့သလို အခမ်းအနားအစီအစဉ်လေးနဲ့ စည်းစနစ်ကျကျလေး လုပ်ဖြစ်တယ်အမေ။ အခမ်းအနားမှူးကိုတော့ အမေ့သား(၅၁)တွေထဲက ရဲကျော်မင်းကို လုပ်ခိုင်းလိုက်တယ်အမေ။ အစီအစဉ်လေးကတော့ အခမ်းအနားဖွင့်၊ အမေ့သား(၅၁)တွေထဲက အကြီးဆုံး ဟန်ဇော်ထွန်းက လုပ်ချင်တဲ့အပိုင်းတွေနဲ့ တွေ့ကြုံနိုင်တဲ့အခက်အခဲတွေကို အကျဉ်းချုံးလေး ပြောပြတယ်အမေ၊ ပြီးတော့ အမေ့သားတွေ (၄)နှစ်ပြည့်အတွက် အစည်းအဝေးလေး ဆွေးနွေးဖြစ်တယ်အမေ။ ဆွေးနွေးတဲ့နေရာမှာ အမေ့သားမင့်သန့်က ရေးထားတယ်အမေ။ (အမေ့သားမင်းသန့်က သူငယ်ချင်းတွေကို ပြောပြတဲ့ပုံစံရေးထားတာမို့ နားလည်စွာ ဖတ်ပေးပါအမေ)။
၁၄ရက် ဇူလှိုင်လ ၂၀၁၂ မှာ မော်စကို ပါဝါကျောင်းတွင် အင်တိတ်ရဲ့  ရာထူးတိုးအထိမ်းအမှတ်အနေနဲ့  လှူဒါန်းမူ့  ဆိုင်ရာ တချို့ နှင့်  အတူ ရှေ့ ဆက်လုပ်ဆောင်သင့်သည့်  အင်တိတ်အကျိုးဆိုင်ရာများကို ကျောင်းပေါင်းစုံခေါင်းဆောင်အသီသီးဖြင့်  ဆွေးနွေးခဲ့ ကြပါသည်။
ပထမဦးစွာ ၁၂-၁၂-၂၀၁၂ တွင် ကျရောက်မဲ့  အင်တိတ် ရာထူးတိုးအခမ်းအနားမှာ အလှူဒါန တခုအနေဖြင့် ပြုလုပ်ရန် ကျောင်းတိုင်းရှိ သူငယ်ချင်းများအား တစ်ယောက်ကို ရူဘယ် (၁၀၀၀)ကျ သက်ဆိုင်ရာ ကျောင်းသားခေါင်းဆောင်အလိုက် ၉ လပိုင်းလကုန်အပြီးပေးသွင်းရန်ဖြစ်ပါသည်။
ရရှိလာသော ငွေ ဖြင့်  (ခန့် မှန် သိန်း ၈၀ ) မြန်မာနိုင်ငံ (မည်သည့် နေရာမဆို) မူလတန်းကျောင်းငယ်လေး တကျောင်း တည်ဆောက်မည်ဟု ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ခဲ့ ကြပါသည်။ထို့ အတွက်လိုအပ်သော ကော်မတီများအားလည်း အသီးသီးဖွဲ့ စည်းပြီးဖြစ်ပါသည်။အလှူဒါန ဟုဆိုရာတွင် ပြည်တွင်း၊ပြည်ပ မခွဲခြားပဲ ပြည်တွင်းသူငယ်ချင်းများကိုလည်း ကော်မတီများတွင် ထည့် သွင်းထားပြီး အတူတူဆောင်ရွက်ရန်တိုင်ပင်ခဲ့ ကြပါသည်။မူလတန်းကျောင်းဆောက်မည် ဆိုသောကြောင့် 
ငွေအားကို ပြည်ပ နေ အင်တိတ်သူငယ်ချင်းများက ၉ လပိုင်းအကုန် ချက်ခြင်း အရောက်ပို့ ပေးမည်ဖြစ်ပြီး ကျောင်းဆောက်မည့်  နေရာ နှင့် ပတ်သတ်ရာ နယ်ခံ လူကြီးတချို့ အားရှာဖွေရန် ၉ လပိုင်းအထိ သတ်မှတ်ထားပါသည်။အကြောင်းမှာ ရာထိုးတိုးနေ့ တွင် အလှူမှတ်တမ်းနှင့်  သက်ဆိုင်ရာ ကျောင်းပြီးစီးမူ့  အချိန်သည် ၂ လ သာအချိန်ခြားသောကြောင့် ဖြစ်ပါသည်။အကြောင်းအမျိုးမျိုးကြောင့်  ကျောင်းတည်ဆောက်မူ့ ပျက်ပြယ်ခဲ့ ပါက ၉ လပိုင်းနောက်ပိုင်း မြန်မာနိင်ငံ ၏ လိုအပ်သော နေရာများကို အသီးသီးလှူဒါန်းသွားမည်ဖြစ်ပါသည်။
ဒုတိယအနေဖြင့်  ရုရှားနိုင်ငံတွင်ပညာသင်ကြားနေသော သူငယ်ချင်းများ ၏ကျန်းမာရေး အတွက် ဆွေးနွေးဖြစ်ခဲ့ ကြပါသည်။
နှစ်စဉ် နှစ်တိုင်း ဆေးရုံတက် ရှိလာပါက ကူညီထောက်ပံပေးနိုင်ရန်အတွက် ကျန်းမာရေးကော်မတီကို လည်းဖွဲ့ စည်းခဲ့ ပြီး ဖန်ငွေအတွက်ပါ ဆွေးနွေးခဲ့ ကြပါသည်။
ကျန်းမာရေးအတွက် ယခုလအကုန်တွင်ဖန်ငွေ အတွက် တစ်ဦးလျှင် ရူဘယ်(၅၀)စတင်ကောက်ခံမည်ဖြစ်ပြီး နောင် လများတွင်မူ တစ်ဦးလျှင် ရူဘယ်(၂၀)ကျ သက်ဆိုင်ရာ ကျောင်း ကျန်းမာရေး တာဝန်ခံတွင် ပေးသွင်းကျ၇န်ဖြစ်ပါသည်။သက်ဆိုင်ရာကျောင်းကျန်းမာရေး တာဝန်ခံများမှတဆင့်  အင်တိတ် ကျန်းမာရေး ဥက္ကဌ ဗိုလ်ထွန်းလွင်ဦး ထံပေးသွင်းရန်ဖြစ်ပါသည်။ကျောင်းတိုင်းမှ တစ်စုံတစ်ဦး ဆေးရုံတက် ဖြစ်ပေါ်လာပါက ကူညီထောက်ပံပေးနိုင်ရန် အတွက် ယင်းကဲ့ သလို ဆွေးနွေးဖြစ်ခဲ့ ပါသည်။
တတိယအချက်အနေဖြင့်  ပြည်တွင်းပြည်ပ အင်တိတ်တခု လုံးအတွက် ကျဆုံးမိသားစုများအားထောက်ပံနိုင်ရန် (သာရေးနာရေးအတွက်)ဖန်ငွေ ပြုလုပ်ရန်ဖြစ်ပါသည်။ဖွဲ့ စည်းထားသော ကော်မတီ ဥက္ကဌအနေဖြင့်  အင်းဝဘဏ်ဖြင့် ဆက်သွယ်ကာ တစ်ဦးလျှင် (၂၀၀၀)ကျနှုန်းဖြင့် ဖန်ငွေ ပြုလုပ်ရန်ဆွေးနွေးမည်ဖြစ်ပါသည်။ပြည်ပ ရောက်သူငယ်ချင်းများအားကျောင်းတိုင်းမှ ကျောင်းသားခေါင်းဆောင်းများမှ အတည်ပြုလက်မှတ်များ ရယူအပြီး အင်းဝဘဏ်သို့  လက်မှတ်များ စုက လိပ်မူ ပေးပို့ မည်ဖြစ်ပါသည်။ယင်းအတွက် သဘောမတူပါက အောက်တွင်ကွန့် မန့် များ ချန်ထားပေးနိုင်ပါသည်။ယင်းအကြောင်းအရာနှင့် ပတ်သတ်ပြီး ယခုအချိန်ထိ အကြောင်းအမျိုးမျိုးကြောင့်  ကျ ဆုံး သူငယ်ချင်းများ၏အမည်နာမများကို သိရှိလိုပါသဖြင့် နီးစပ်ရာ မှ စုံစမ်း(အတည်ပြုပြီးသား ခန့် မှန် မဖြစ်စေလို ပါ)ပြီး အင်တိတ်အက်ဒမင်ထံ ပေးပို့ စေလိုပါသည်။
စတုတ္တအနေဖြင့်  အင်တိတ်စာအုပ်လုပ်ရန်အတွက်ဖြစ်ပါသည်။ယင်းအကြောင်းအရာမှာအနေ ငယ်အခက်အခဲရှိနေပြီး အနည်းဆုံးစစ်ရုံးနှင့်  အဆက်အသွယ်ရှိသူမှသာ အဆင်ပြေမည်ဖြစ်သောကြောင့်  လုပ်ရန်အတွက်သာ ဆွေးနွေးဖြစ်ခဲ့ ပါသည်။ ပြည်းတွင်း မှ သူငယ်ချင်းများအနေ ဖြင့် လည်း ဆိုင်ရာပိုင်ရာ ကူညီပေးမည်ဆိုပါက ပိုကောင်းမည်ဖြစ်ပါသည်။
ကဏ္ဍအလိုက်
ကော်မတီဖွဲ့ စည်းပေးမူ့ အား အင်တိတ်အက်ဒမင်များမှ သီးခြား ပိုစ်တင်ပေးမည်ဖြစ်ပါသည်။
သူငယ်ချင်းများအနေ ဖြင့်  ၀ိုင်းဝန်းအကြံဥာဏ်များ ဖြည့် စွတ်ပြောကြားနိုင်ပါသည်ခင်ဗျာ။
ကျေးဇူးတင်ပါသည်။(မင်းသန့် )
အမေ့သားမင်းသန့်ကတော့ သူငယ်ချင်းတွေကို ပြောသလိုရေးထားတာအမေ၊ အမေနားလည်သလို ပြင်ဖတ်ပေးပါလို့ တောင်းပန်ပါရစေအမေ။
အမေ့သား(၄)နှစ်သားတွေက အမေ့ပေးတဲ့ပညာအမွေတွေနဲ့ မိဘပြည်သူတွေကို ကူညီနေတတ်ပြီအမေ။ အမေ့ကျေးဇူးတွေ ဆပ်မကုန်ဘူးဆိုတာသိပေမယ့် ကျေသလောက်တော့ ဆပ်ခွင့်ပြုပါအမေရယ်။
အမေ ပိုပြီးဂုဏ်ယူသွားအောင် သားတို့အပြင် အမေမွေးထုတ်ပေးလိုက်တဲ့ သားကောင်ရတနာတွေကော အမိတိုင်းပြည်အတွက် ကြီးလေးတဲ့တာဝန်တွေကို ထမ်းဆောင်နေကြပြီလေ။ သားပြောလိုက်တဲ့မေးခွန်းလေးတွေကို ချက်ချင်းဆိုသလို သိချင်တဲ့အမေ့အကျင့်တွေကြောင့် အောက်မှာရေးပေးလိုက်တယ်အမေ။
ဒီအချိန်လောက်ဆို အမေတစ်ယောက် ၀မ်းသာပီတိကြောင့်ဖြစ်ပေါ်လာတဲ့ တန်ဖိုးရှိလှတဲ့ မျက်ရည်တွေ စီးကျနေမယ်ဆိုတာ သားတစ်ယောက် ဒီစာရေးနေရင်း မြင်ယောင်နေမိတယ်အမေ။
အမေ့ရဲ့တုနှိုင်းမရတဲ့ဂုဏ်ပုဒ်တွေကို ရေးလို့မကုန်နိုင်ဘူးဆိုတာ သားသိပါတယ်အမေ။ သားတစ်ယောက် သိသလောက်လေးရေးလိုက်ရတာဖြစ်လို့ မရေးလိုက်ရတဲ့အမေ့ရဲ့ဂုဏ်ပုဒ်တွေ အတွက် သားတောင်းပန်ပါရစေအမေ။ အမေတစ်ယောက် ကမ္ဘာပေါ်မှာ မြန်မာဆိုတာ ရှိနေသရွှေ့ တိုင်းပြည်အတွက် သားကောင်းရတနာများ ဆက်လက်မွေးထုတ်ပေးနိုင်ပါစေ။
ချစ်တဲ့သား
တောင်သာခရီးသည်
03:51
တောင်သာသားလေး
နွေရာသီကျောင်းပိတ်ရက်လေးဖြစ်တာကြောင့် ဘိုသူတစ်ယောက် လေ့လာရေးခရီးလေးတွေ သွားဖြစ်ပါတယ်။ သွားချင်တဲ့သူငယ်ချင်းတွေ စုမိတာလည်း ပါပါတယ်။ စာဖတ်ရင်း ဗဟုသုတရှာနေကြတဲ့သူ များ ဗဟုသုတရစေလိုချင်သောငှာ တင်ပြခြင်းဖြစ်ပါတယ်။
တောက်၊တောက်၊ ဆိုတဲ့ မတိုးမကျယ်တံခါးခေါက်သံလေးကြောင့် ဘိုသူတစ်ယောက် ၀င်လာခဲ့ပါ လို့ ပြောလိုက်ပါတယ်။ သူငယ်ချင်း တစ်ယောက်ရောက် လာ ပြီးေ ကျာင်းကဆရာမတစ်ေ ယာက်
ကေ လ့ လာရေး ခရီးလိုက်ပို့ပေးမယ်ဆိုပြီး သွားမည့်အချိန်နှင့် သွားမည့်နေရာတို့ကို ပါ ပြောသွားပါတယ်။
ဘိုသူတစ်ယောက် အခန်းထဲမှာနေနေရတာ ပျင်းနေတာနဲ့အတော်ပဲဟု ဟန်ကျတဲ့မျက်နှာမျိုးနဲ့ တွေးနေမိ တာတော့အမှန်ပါ။ ညနေ(၅)နာရီလောက်မှာ သူငယ်ချင်းများနှင့်စုပြီး ဆရာမနှင့်ချိန်းထားတဲ့ကားမှတ်တိုင် ဆီကို စကားတပြောပြောနှင့်သွားခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ကလည်း ကင်မရာကြီးတပြင်ပြင်နဲ့ပေါ့။ ဆရာမနှင့်တွေ့တော့ (၁၅)မိနစ်လောက် နောက်ကျနေတာပါ။ ဒီအချိန်မှာ ဆရာမပြောလိုက်တာက ငါက official လား၊ မောင်ကျောင်းသားတို့က official လား ဆိုပြီး အချိန်နောက်ကျလို့ နောက်လိုက်တဲ့ အသံလေး နဲ့ဆီးကြိုနေတာပေါ့။
ဆရာမကို မောင်ကျောင်းသားတို့ထုံးစံအတိုင်း ဘယ်ဟာဘာဖြစ်လို့၊ ဟိုဟာကဘာဖြစ်လို့ဆိုပြီး မသင်ဘဲတတ်တဲ့ပညာရပ်တွေနဲ့ အကြောင်းပြချက်တွေပေးနေရပါသေးတယ်။ ဆရာမနဲ့စုမိပြီးတော့ ကားစီးသွားမလား၊ လမ်းလျှောက်မလားဆိုပြီး ဆရာမကမေးတဲ့အချိန်မှာ လမ်းလျှောက်သွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ ဘိုသူတို့လေ့လာရေးခရီးသွားမယ့် နေရာ ကို ရောက်လာခဲ့ပါတယ်။
လေ့လာရေးခရီးက ဘယ်နေရာလဲဆိုတော့ သမိုင်းဝင်တင့်ကားကြီးဆီကိုပါပဲ။ အဲ့ဒီတင့်ကားကြီးဟာ ၁၉၄၁နှစ်မှာ ကျူးကျော်ဂျာမန်စစ်သည်တွေကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့၊ ဒါမှမဟုတ် ရုရှားပြည်သူတွေ ဂျာမန်ကိုလိုနီလက်အောက်မရောက်အောင် ကယ်တင်ခဲ့တဲ့တင့်ကားတေတွထဲက တင့်ကားတစ်စီး ဖြစ်နေတာပါ။
ရောက်တာနဲ့ဘိုသူစိတ်ဝင်စားတဲ့နေရာလေးတစ်ခုကို ချက်ချင်းတွေ့လိုက်ပါတယ်။ ဒီတင့်ကားကြီး အကြောင်းမှတ်တမ်းတင်ထားတဲ့ မော်ကွန်းကျောက်စာလေးပါပဲ။ ဘိုသူလည်း မိခင်ဘာသာစကားမဟုတ်ပေ မယ့် တတ်သလောက်၊ မှတ်သလောက်လေး ဘာသာပြန်ကြည့်နေမိပါတယ်။ ခဏကြာတော့ ဆရာမရောက် လာပြီး ရေးထားတာတွေ နားလည်လားဆိုပြီးမေးတော့ မသိတဲ့စကားလုံးတွေရှိတဲ့အကြောင်း၊ ရှင်းပြပေးဖို့ ပြောလိုက်တဲ့အခါမှာတော့ ဆရာမက စေတနာအပြည့်နဲ့ ရှင်းပြနေပါတယ်။
(၁၅)မိနစ်ခန့်ရှင်းပြပြီးတော့ ဘိုသူတို့အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ စတိုင်ကောင်းကောင်း မထုတ်တတ်တဲ့ ဘိုသူတစ်ယောက်လည်း အမှတ်တရအနေနဲ့ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ သူတို့လူမျိုး တွေရဲ့ ဓလေ့စရိုက်လေးတွေကိုလည်း လေးစားမိပါတယ်။ ကိုလိုနီလက်အောက်ခံဘ၀ရောက် လုဆဲဆဲ ကာလမှာ သူတို့ကိုကင်တင်ခဲ့တဲ့ ပစ္စည်းကိုတောင် ဘယ်လောက်တန်ဖိုးထားလဲဆိုတာပေါ့။
ဒီပို့စ်လေးကိုရေးနေတဲ့အချိန်မှာ ဟိုတချိန်က ဘိုသူ့အဘပြောဖူးခဲ့တဲ့ ကိုလိုနီဘ၀ဖြတ်သန်းမှုများကိုလည်း သတိရနေမိပါတယ်။ အစားအသောက်ဘယ်လောက်ခက်ခဲပုံ၊ စီးပွါးရေးဘယ်လောက်ကြပ်တည်းပုံ၊ ကိုလိုနီ နယ်ချဲ့တို့ရဲ့ လုပ်ချင်တိုင်းလုပ်တတ်တဲ့အမူအကျင့်တွေအကြောင်း ခေါင်းထဲကို အစီအရီရောက်လာခဲ့ပါ တယ်။ ဒီကိုလိုနီလက်အောက်ခံဘ၀ကို ဘိုသူတစ်ယောက် ကိုယ်တိုင်မကြုံခဲ့ဖူးပါ။ သို့ပေမယ့်လည်း အဘ ပြောပြတဲ့စကားလုံးတွေကြားရင်းနဲ့တောင် ကိုလိုနီတွေကို နာကြည်းမိတယ်၊ မုန်းတီးမိပါတယ်။ အဘပြောခဲ့တဲ့ င့ါမြေးတို့ပခုံးပေါ်ကို နိုင်ငံရဲ့တာဝန်တွေထမ်းဆောင်ရမယ့်အချိန်ကျရင် အဘတို့ခေတ်က လို ကိုလိုနီလက်အောက်ခံဘ၀ မရောက်အောင်ကြိုစားကြ၊ ပညာတွေသင်ကြ၊ သမိုင်းကဖြစ်ရပ်တွေကို အတုယူကြ ဆိုတဲ့ တမလွန်ဘ၀ကိုရောက်နေပြီဖြစ်တဲ့ အဘရဲ့အမှာစကားလေးနဲ့ အဆုံးသတ်ပါရစေ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
15:09
တောင်သာသားလေး
တောင်သာသားလေး (သို့မဟုတ်) ဘိုသူ တစ်ယောက် အမိအိမ်လေး(ဘလော့လေး)နှင့်ခွဲနေရတာ ၂ လလောက်တော့ရှိနေပြီထင်။ အလည်လာသူ အကို အမတွေလည်း အလည်လာပြီး အိမ်ရှင်မတွေ့တော့ အားရှိမယ်မထင်ပါဘူး။ အကြောင်းပြချက်သိပ်မပေးတတ်ပေမယ့် နည်းနည်းတော့ ပြောချင်ပါသေးတယ်။ ပထမ ၁ လကတော့ ဒုတိယနှစ် စာမေးပွဲ(အကြီး)နဲ့ နပန်းလုံးနေရပြီး ဒုတိယ ၁ လကတော့ ကွန်ပျူတာ အဟောင်းလေး ရောင်းပြီး အသစ်ပြန်ဝယ်မယ်လို့ စိတ်ကူးမိလိုက်တာပါပဲ။ ၀ယ်တဲ့အကိုက စာတွေလေ့လာဖို့အတွက် ကွန်ပျူတာမရှိမဖြစ်လိုနေတဲ့အတွက်ကြောင့် ဘိုသူကွန်ပျူတာကိုပေးလိုက်တယ်။ ပိုက်ဆံကို လကုန်မှ ပေးမယ်ဆိုတော့လည်း ဘိုသူတစ်ယောက် ခေါင်းညိတ်ရုံကလွဲလို့ ဘာများတတ်နိုင်အုံးမှာလဲ။ ကွန်ပျူတာမရှိတုန်း ဖတ်ဖြစ်ခဲ့တဲ့ သုတ၊ ရသ စာလေးတွေနဲ့ ဘိုသူရဲ့ စပ်မိစပ်ရာ ကွိစိကွစအတွေးလေးတွေကို အကို၊ အမတို့အတွက် လက်ဆောင်ပေးပါရစေ။
ပထမဆုံးစဉ်းစားမိတာကတော့ ဆရာတော် အရှင်ဇ၀နရေးတဲ့ ထေရ၀ါဒမှတ်ကျောက်စာအုပ်ထဲက တန်ဖိုးသိမှ တန်ဖိုးရှိမယ်ဆိုတဲ့ ဆောင်းပါးတိုလေးပါ။ တောတောင်အတွင်း အလွန်ခေါင်တဲ့ တောရွာတစ်ရွာမှလူတွေက သူတို့အနီးအနားမှာရှိတဲ့ ကျောက်တုံးများကို ဖိုခနှောက် အဖြစ်လည်းကောင်း၊ လူသွားလမ်းအဖြစ်လည်းကောင်း အသုံးပြုကြပါတယ်။ ၄င်းကဲ့သို့ အသုံးပြုနေကြတာ ဘိုးစဉ်ဘောင်ဆက် ကြာလှပါပြီ။ တနေ့တော့ ကျောက်မျက်ရတနာအကြောင်း ကောင်းကောင်းနားလည်တဲ့ လူတစ်စု အဲ့ဒီရွာကို ရောက်သွားပြီးတဲ့အခါကျမှ လမ်းခင်းကျောက်များ၊ ဖိုခနောက်လုပ်ထားတဲ့ ကျောက်တုံး များဟာ စိန်တုံးများ၊ နီလာခဲများဖြစ်နေတာကို သိရတော့တာပါ။ ဒါကြောင့် သက်ရှိဖြစ်စေ၊ သက်မဲ့ဖြစ်စေ တိုင်းတာမရလောက်အောင် အနှစ်သာရပြည့်ဝ၍ အဖိုးတန်ပါသော်လည်း တန်ဖိုးသိသူအတွက်သာ တန်ဖိုးရှိပြီး တန်ဖိုးမသိသူအတွက်တော့ တန်ဖိုးရှိမှာမဟုတ်ပေ။
ဒီဆောင်းပါးတိုလေးဖတ်လိုက်တဲ့ခဏအတွင်းမှာပဲ ဘိုသူတစ်ယောက် စဉ်းစားခန်းဝင်နေမိပါတယ်။ တန်ဖိုးသိမှသာ တန်ဖိုးရှိတယ်ဆိုတာ အဟုတ်တော့ အဟုတ်သားဆိုတာ သဘောက်ပေါက်မိပါတယ်။ ဘိုသူတစ်ယောက် ချစ်သောအမိပြည်မှာတုန်းက ကိုယ်ပိုင်ကွန်ပျူတာ မရှိခဲ့ပါ။ သို့ပါသော်လည်း ရုံးပိတ်ရက်များ၊ တခြားအားလက်ရက်များတွင် အင်တာနက်ဆိုင်များသို့ ကွန်ပျူတာသုံးရန် ရောက်ဖြစ်ပါသည်။ ထိုအချိန်များတွင်လည်း သာမန် Entertainment အတွက်သာ အသုံးချခဲ့မိပါတယ်။ ထိုသို့သောအချိန်က အင်တာနက်နဲ့ပါတ်သတ်လို့ သာမန် gtalk, facebook သုံးရုံလောက်သာ သိပါတယ်။ အင်တာနက်သုံးတယ်ဆိုတာ ဒါသုံးဖို့ပဲပေါ့လို့လည်း တွေးမိခဲ့တယ်။ ပညာတော်သင်မောင်ကျောင်းသားတစ်ယောက် ဖြစ်မှပဲ အင်တာနက်ရဲ့ကျယ်ပြန့်ပုံနဲ့ တန်ဖိုးရှိမှုတွေကို အထိုက်အလျောက် သိခွင့်ရခဲ့ပါတယ်။ တန်ဖိုးနည်းနည်းသိလာတော့ အင်တာနက်ဟာ တန်ဖိုးရှိလာတာကို သိလာခဲ့တော့တာပါ။ အဖိုးမဖြတ်နိုင်တဲ့ စာတွေ၊ အဖိုးမဖြတ်နိုင်တဲ့ ပညာရပ်တွေ လေ့လာနိုင်၊ သိနိုင်တယ်ဆိုတဲ့ အခွင့်အရေးတွေ ရှိတယ်ဆိုတာ မျက်ဝါးထင်ထင်မြင်ခဲ့၊ ကြားခဲ့တာပါ။ ဘိုသူကိုယ်တိုင်ပါပဲ။ အင်တာနက်ဆိုတာကို တန်ဖိုးမသိခဲ့တော့ တန်ဖိုးရှိအောင် မသုံးနိုင်ခဲ့ပါ။ ရသင့်သလောက် တန်ဖိုးတွေ မရရှိလိုက်ပါ။
ဘိုသူ့လမ်းကြာင်းလိုက်နေတဲ့ အလည်လာသူအကိုအမများအတွက်ကိုလည်း စကားလက်ဆောင်လေး၊ ဒါမှမဟုတ် သတိမမူမိတာလေးကို သတိမူဖြစ်သွားအောင်ပြောပြချင်ပါတယ်။ ဘာလဲဆိုတော့ အင်တာနက်ဆိုင်ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကွန်ပျူတာနဲ့ပဲဖြစ်ဖြစ် အင်တာနက်သုံးတဲ့အခါ gtalk, facebook တွေနဲ့ အချိန်ကုန်မယ့်အစား အခြား တန်ဖိုးရှိတဲ့စာပေဗဟုသုတတွေ လေ့လာစေချင်ပါသည်။ လုံးလုံးမသုံးဖို့ ပြောခြင်းမဟုတ်ပါ။ သာမန် Entertainmet တစ်ခုအဖြစ်လောက်တော့ သုံးသင့်ပါသည်။ ဘိုသူ ခဏခဏပြောဖူးပါတယ်။ စာပေနှင့်ဆိုင်တဲ့ စကားလေးတွေကိုပေါ့။ စာဖတ်တိုင်း သမ္မတမဖြစ်ပေမယ့် သမ္မတတိုင်းကတော့စားဖတ်ရမယ်။ စာဖတ်ခြင်းက လူတစ်ယောက်ကိုပြည့်စေတယ် ဆိုတဲ့ စကားလေးတွေပေါ့။
ဘိုသူတစ်ယောက် တတ်လွန်းလို့ ဆရာလုပ်နေခြင်းမဟုတ်ပါ။ ကိုယ်ကိုယ်တိုင် မှားယွင်းစွာ လျှောက်ခဲ့မိတဲ့လမ်းတစ်ခု၊ ၀ိုးတ၀ါးထင်မြင်ခဲ့တဲ့ အမြင်တစ်ခု၊ မသိခဲ့တဲ့ တန်ဖိုးရှိတဲ့အရာတွေကို တန်ဖိုးသိသွားအောင် မြင်သာသွားအောင် ပြောပြခြင်းသာ ဖြစ်ပါတယ်။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်