နွေရာသီကျောင်းပိတ်ရက်လေးဖြစ်တာကြောင့် ဘိုသူတစ်ယောက် လေ့လာရေးခရီးလေးတွေ သွားဖြစ်ပါတယ်။ သွားချင်တဲ့သူငယ်ချင်းတွေ စုမိတာလည်း ပါပါတယ်။ စာဖတ်ရင်း ဗဟုသုတရှာနေကြတဲ့သူ များ ဗဟုသုတရစေလိုချင်သောငှာ တင်ပြခြင်းဖြစ်ပါတယ်။
တောက်၊တောက်၊ ဆိုတဲ့ မတိုးမကျယ်တံခါးခေါက်သံလေးကြောင့် ဘိုသူတစ်ယောက် ၀င်လာခဲ့ပါ လို့ ပြောလိုက်ပါတယ်။ သူငယ်ချင်း တစ်ယောက်ရောက် လာ ပြီးေ ကျာင်းကဆရာမတစ်ေ ယာက်
ကေ လ့ လာရေး ခရီးလိုက်ပို့ပေးမယ်ဆိုပြီး သွားမည့်အချိန်နှင့် သွားမည့်နေရာတို့ကို ပါ ပြောသွားပါတယ်။
ဘိုသူတစ်ယောက် အခန်းထဲမှာနေနေရတာ ပျင်းနေတာနဲ့အတော်ပဲဟု ဟန်ကျတဲ့မျက်နှာမျိုးနဲ့ တွေးနေမိ တာတော့အမှန်ပါ။ ညနေ(၅)နာရီလောက်မှာ သူငယ်ချင်းများနှင့်စုပြီး ဆရာမနှင့်ချိန်းထားတဲ့ကားမှတ်တိုင် ဆီကို စကားတပြောပြောနှင့်သွားခဲ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ကလည်း ကင်မရာကြီးတပြင်ပြင်နဲ့ပေါ့။ ဆရာမနှင့်တွေ့တော့ (၁၅)မိနစ်လောက် နောက်ကျနေတာပါ။ ဒီအချိန်မှာ ဆရာမပြောလိုက်တာက ငါက official လား၊ မောင်ကျောင်းသားတို့က official လား ဆိုပြီး အချိန်နောက်ကျလို့ နောက်လိုက်တဲ့ အသံလေး နဲ့ဆီးကြိုနေတာပေါ့။
ဆရာမကို မောင်ကျောင်းသားတို့ထုံးစံအတိုင်း ဘယ်ဟာဘာဖြစ်လို့၊ ဟိုဟာကဘာဖြစ်လို့ဆိုပြီး မသင်ဘဲတတ်တဲ့ပညာရပ်တွေနဲ့ အကြောင်းပြချက်တွေပေးနေရပါသေးတယ်။ ဆရာမနဲ့စုမိပြီးတော့ ကားစီးသွားမလား၊ လမ်းလျှောက်မလားဆိုပြီး ဆရာမကမေးတဲ့အချိန်မှာ လမ်းလျှောက်သွားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတယ်။ နာရီဝက်လောက် လမ်းလျှောက်ပြီးတော့ ဘိုသူတို့လေ့လာရေးခရီးသွားမယ့် နေရာ ကို ရောက်လာခဲ့ပါတယ်။
လေ့လာရေးခရီးက ဘယ်နေရာလဲဆိုတော့ သမိုင်းဝင်တင့်ကားကြီးဆီကိုပါပဲ။ အဲ့ဒီတင့်ကားကြီးဟာ ၁၉၄၁နှစ်မှာ ကျူးကျော်ဂျာမန်စစ်သည်တွေကို တွန်းလှန်တိုက်ခိုက်ခဲ့တဲ့၊ ဒါမှမဟုတ် ရုရှားပြည်သူတွေ ဂျာမန်ကိုလိုနီလက်အောက်မရောက်အောင် ကယ်တင်ခဲ့တဲ့တင့်ကားတေတွထဲက တင့်ကားတစ်စီး ဖြစ်နေတာပါ။
ရောက်တာနဲ့ဘိုသူစိတ်ဝင်စားတဲ့နေရာလေးတစ်ခုကို ချက်ချင်းတွေ့လိုက်ပါတယ်။ ဒီတင့်ကားကြီး အကြောင်းမှတ်တမ်းတင်ထားတဲ့ မော်ကွန်းကျောက်စာလေးပါပဲ။ ဘိုသူလည်း မိခင်ဘာသာစကားမဟုတ်ပေ မယ့် တတ်သလောက်၊ မှတ်သလောက်လေး ဘာသာပြန်ကြည့်နေမိပါတယ်။ ခဏကြာတော့ ဆရာမရောက် လာပြီး ရေးထားတာတွေ နားလည်လားဆိုပြီးမေးတော့ မသိတဲ့စကားလုံးတွေရှိတဲ့အကြောင်း၊ ရှင်းပြပေးဖို့ ပြောလိုက်တဲ့အခါမှာတော့ ဆရာမက စေတနာအပြည့်နဲ့ ရှင်းပြနေပါတယ်။
(၁၅)မိနစ်ခန့်ရှင်းပြပြီးတော့ ဘိုသူတို့အမှတ်တရ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ စတိုင်ကောင်းကောင်း မထုတ်တတ်တဲ့ ဘိုသူတစ်ယောက်လည်း အမှတ်တရအနေနဲ့ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ သူတို့လူမျိုး တွေရဲ့ ဓလေ့စရိုက်လေးတွေကိုလည်း လေးစားမိပါတယ်။ ကိုလိုနီလက်အောက်ခံဘ၀ရောက် လုဆဲဆဲ ကာလမှာ သူတို့ကိုကင်တင်ခဲ့တဲ့ ပစ္စည်းကိုတောင် ဘယ်လောက်တန်ဖိုးထားလဲဆိုတာပေါ့။
ဒီပို့စ်လေးကိုရေးနေတဲ့အချိန်မှာ ဟိုတချိန်က ဘိုသူ့အဘပြောဖူးခဲ့တဲ့ ကိုလိုနီဘ၀ဖြတ်သန်းမှုများကိုလည်း သတိရနေမိပါတယ်။ အစားအသောက်ဘယ်လောက်ခက်ခဲပုံ၊ စီးပွါးရေးဘယ်လောက်ကြပ်တည်းပုံ၊ ကိုလိုနီ နယ်ချဲ့တို့ရဲ့ လုပ်ချင်တိုင်းလုပ်တတ်တဲ့အမူအကျင့်တွေအကြောင်း ခေါင်းထဲကို အစီအရီရောက်လာခဲ့ပါ တယ်။ ဒီကိုလိုနီလက်အောက်ခံဘ၀ကို ဘိုသူတစ်ယောက် ကိုယ်တိုင်မကြုံခဲ့ဖူးပါ။ သို့ပေမယ့်လည်း အဘ ပြောပြတဲ့စကားလုံးတွေကြားရင်းနဲ့တောင် ကိုလိုနီတွေကို နာကြည်းမိတယ်၊ မုန်းတီးမိပါတယ်။ အဘပြောခဲ့တဲ့ င့ါမြေးတို့ပခုံးပေါ်ကို နိုင်ငံရဲ့တာဝန်တွေထမ်းဆောင်ရမယ့်အချိန်ကျရင် အဘတို့ခေတ်က လို ကိုလိုနီလက်အောက်ခံဘ၀ မရောက်အောင်ကြိုစားကြ၊ ပညာတွေသင်ကြ၊ သမိုင်းကဖြစ်ရပ်တွေကို အတုယူကြ ဆိုတဲ့ တမလွန်ဘ၀ကိုရောက်နေပြီဖြစ်တဲ့ အဘရဲ့အမှာစကားလေးနဲ့ အဆုံးသတ်ပါရစေ။
ဆက်လက်ကြိုးစားပါအုံးမည်
တောင်သာခရီးသည်
0 comments:
Post a Comment