Saturday 17 September 2011


Parallel computing ခေါ် ပြိုင်တူတွက်ချက်ခြင်း
MPI အကြောင်း လေ့လာသူများဟာ parallel computing အကြောင်းကို သိထားသင့်ပါတယ် ။ ဒီ post ထဲမှာ parallel computing အကြောင်းကို နဲနဲ ပြောပြပါမယ် ။ ကျွန်တော်တို့ ပုံမှန်ရေးသားနေကြတဲ့ program များဟာ serial computing တွေပါ ။ serial computing ဆိုတာ program ထဲမှာရေးထားတဲ့ instructions တွေကို CPU က ဆောင်ရွက်တဲ့နေရာမှာ တကြိမ်မှာ ခိုင်းစေချက် instruction တစ်ခုကိုပဲ လုပ်ဆောင်တာကို ခေါ်တာဖြစ်ပါတယ် ။ ပြီးတော့ အဲဒီ instructions တွေဟာလဲ တစ်ခုနဲ့တစ်ခု မှီခိုနေပါတယ် ။ ဆိုလိုတာက ရှေ့ instruction မှတွက်ချက်လို့ရတဲ့ အဖြေတွေ ကို နောက် instruction တွေက ယူသုံးထားလို့ဖြစ်ပါတယ် ။

ဒီလိုဆိုရင် parallel computing က ဘာလဲ? parallel computing ဆိုတာ program သို့မဟုတ် problem တစ်ခု ကို တစ်ခုပေါ်တစ်ခု မှီခိုမှု မရှိသော အစိတ်အပိုင်း များအဖြစ် ပိုင်းခြားလိုက်ပါတယ် ။  ပြီးမှ အဲဒီ အစိတ်အပိုင်းများကို တချိန်ထဲတပြိုင်ထဲမှာ CUP များ က ဆောင်ရွက်လိုက်ခြင်းပဲ ဖြစ်ပါတယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKdZyYD4NTe8QXT4qYSoKU7KydrhhMDh1hFt1NDPNvXBy8v28cuBEHu_2M_7KOjRQaAF5KLDVhfO_kiBqVgA_zSGnDV0D9uXIal8t0LoGqKoJSoUH3P3F6n9OiqJcbzMCZ6DvHxp9W_Yw/s640/parallelProblem.gif
 အဲလိုတွက်ချက်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့ ကြီးမားသော program တစ်ပုဒ်ကို အချိန်တိုအတွင်းမှာ လျှင်မြန်စွာ တွက်ချက်နိုင်ပါတယ် ။ ဘာဖြစ်လို့ parallel computing ကိုအသုံးပြုရသလဲဆိုတော့
(၁) အချိန်နဲ့ငွေကုန်သက်သာစေနိုင်ခြင်း
(၂) ကြီးမားသော ပြဿနာ တစ်ခု အား ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း
(၃) serial သဘောအရ တကြိမ်မှာ တစ်ခါသာ ပြုလုပ်နိုင်သော်လည်း parallel သဘောအရ တစ်ချိန်ထဲမှာ မြောက်များစွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း
(၄) ကြီးမားသော parallel network အတွင်း  များစွာသော resource များရရှိနိုင်ခြင်း
(၅) serial computing ကိုကန့်သတ်နိုင်ခြင်းတို့ပဲဖြစ်ပါတယ် ။

ကျွန်တော်တို့ ရိုးရိုး sreial program တစ်ပုဒ်ကို parallel အဖြစ်ပြောင်းလဲရေးရာမှာ အကုန်လုံးကို parallel အဖြစ်ပြောင်းရေးလို့မရပါဘူး ။ ပြဿနာတိုင်းမှာ serial ပဲလုပ်ဆောင်နိုင်တဲ့အပိုင်းရှိသလို parallel လုပ်ဆောင်နိုင်တဲ့အပိုင်းဆိုတာရှိပါတယ် ။ အဲဒါကြောင့် parallel ရေးရာမှာ serial ပဲလုပ်လို့ရတဲ့နေရာမှာ serial အဖြစ်ရေးပြီး ကျန်တဲ့အပိုင်းတွေသာ parallel အဖြစ်ပြောင်းလဲရေးသားပါတယ် ။ အဲဒီလို serial ကော parallel ကော နှစ်ခုလုံးပေါင်းရေးပြီ အားသာချက်များရရှိအောင် ရေးသားတဲ့ သီအိုရီများစွာရှိပါတယ် ။ parallel computing မှာလဲ နည်းနိဿရပေါင်းများစွာရှိပါတယ် ။ အခုတော့ parallel computing ရဲ့ အရေးကြီးသော သီအိုရီများသာ ပြောပြသွားပါမယ် ။

အခု parallel computer တွေမှာ သုံးတဲ့ memory တည်ဆောက်ပုံအကြောင်းကို ပြောပြပါမယ် ။ တည်ဆောက်ပုံ ၂ မျိုးရှိပါတယ် ...
(၁) shared Memory နဲ့
(၂) Distributed Memory တို့ပဲဖြစ်ပါတယ် ။
memory တည်ဆောက်ပုံပေါ်မှာ မူတည်ပြီး parallel programming တွေလဲကွဲပြားကြပါတယ် ။ MPI ကတော့ distributed memory ပေါ်မှာ အသုံးပြုတဲ့ programming ဖြစ်ပါတယ် ။

shared memory ဆိုတာ ဘာလဲ ? shared memory ဆို တာ CPU မြောက်များစွာကနေ memory တစ်ခုထဲကို အသုံးပြုခြင်းပဲဖြစ်ပါတယ် ။ ဆိုလိုတာက ပင်မ memory တစ်ခုထဲကို ပဲ CPU များစွာကနေ share လုပ်ပြီးအသုံးပြုခြင်းပဲဖြစ်ပါတယ် ။ အနီးစပ်ဆုံး ဥပမာ ပေးရရင် ကျွန်တော်တို့ သုံးနေတဲ့ ကွန်ပျူတာ မှာဆိုရင် CPU က core 2 ဆိုရင် CUP 2 ပါတဲ့ သဘောပါ ။ ကွန်ပျူတာ တစ်လုံးမှာ CPU က ၂ လုံးပါသော်လည်း memory ကို အသုံးပြုတဲ့ နေရာမှာတော့ တစ်ခုထဲပဲရှိပါတယ် ။ အဲဒီ memory ကိုပဲ မျှဝေ အသုံးပြုကြတာပါ ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHxdUUMjqcU2ML0GhccUrokWv_GrdGGoX4-fKE4ldK20IZsrOHxJPUpj7QKne19-96iAThNyA67o7Un0vXZpSi3t2N_05QJ25ktk4d_tJqY85-S1JWsz30hGp9KMn2h4al2geJH-NEpS0/s640/shared_mem.gif

Distributed memory ထဲမှာတော့ memory မြောက်မြားစွာ ရှိပါတယ် ။ CPU တစ်ခုဟာ သူ့ရဲ့ ကိုယ်ပိုင် memory တစ်ခု ရှိပါတယ် ။ အဲလို ကိုယ်ပိုင် memory တစ်ခုစီရှိတဲ့ CPU များကို ပေါင်းစပ်ပြီး parallel တွက်ချက်ခြင်း ဖြစ်ပါတယ် ။ ဥပမာ ပြောရရင် သေးငယ်တဲ့ ကွန်ပျူတာ နက်ဝက်လေးတစ်ခုမှာ ကွန်ပျူတာ ၄ လုံးရှိတယ် ဆိုကြပါစို့ ။ ကွန်ပျူတာ တစ်လုံးချင်းစီမှာ သူ့ရဲ့ ကိုယ် ပိုင် CPU နဲ့ ကိုယ်ပိုင် memory တစ်ခုစီ ရှိကြပါတယ် ။ သူတို့ဟာ shared memory လို memory တစ်ခုထဲကို မျှဝေ အသုံးပြုနေတာ မဟုတ်ကြပါဘူး ။ ကိုယ်ပိုင် memory တွေ နဲ့လုပ်ဆောင်နေကြပါတယ် ။ အဲဒီ နက်ဝက်အတွင်းမှာ ရှိတဲ့ ကွန်ပျူတာ ၄ လုံးကို ဆက်သွယ်အသုံးပြုပြီး parallel computing ပြုလုပ်လို့ရပါတယ် ။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiSUCUrkHA2bRIfO87nASmTtKkuXMjni_un4fVE3R-xSI8Aj7SCSZbm69qA-LswmDgI8ilT_eYsDSWjMRFpLTDGUjjcfYCYxJO9o8dUNJpgXljisRMxUBtXBGvnUkgv8dqOc3rMS4yKVU/s1600/distmem.gif
MPI ဟာ distributed memory အမျိုးအစား မှာ အသုံးပြု တဲ့ parallel programming ဖြစ်ပါတယ် ။ MPI ဟာ နက်ဝက်တစ်ခု အတွင်းမှာ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာ တွေ ရဲ့ memory များအကြား data (သို့)message များရဲ့ သွားလာ ဖြတ်သန်းမှု့တွေကို ကိုင်တွက်ဖြေရှင်း ပေးနေသူဖြစ်ပါတယ် ။ memory တစ်ခုမှတစ်ခု သို့ message များ ပို့ဆောင်ရယူဖို့ MPI ကို အသုံးပြုရပါတယ် ။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More