Thursday 8 September 2011

တောင်သာသားလေးရဲ့ စူပါဗိုက်ဆာနဲ့ ပထမဆုံးတွေ့ခဲ့စဉ်


                   တောင်သာသားလေးရဲ့ စူပါဗိုက်ဆာနဲ့ ပထမဆုံးတွေ့ခဲ့စဉ်
          တောင်သာသားလေးတစ်ယောက် အိပ်ယာထနောက်ကျနေတာလား၊ ဒါမှမဟုတ် ကျန်တဲ့သူတွေကပဲ စောစောနိုးနေတာလားမသိပါ။ အခန်းပေါက်ဝမှာ စူပါဗိုက်ဆာသွားတွေ့မယ် အကိုကြီးတစ်ယောက်ရယ်၊ သူငယ်ချင်း(၂)ယောက်ရယ် ကတော့ စောင့်နေတာပါ။ ဒါနဲ့ပဲ တောင်သာသားလေးတစ်ယောက် အလျှင်အမြန် လုပ်လိုက်ရတော့တယ်။ နေ့လည်(၁၂)နာရီရောက်နေပါပြီ။ စူပါဗိုက်ဆာအခန်းထဲကို ၀င်ဝင်ချင်း ဆရာက လက်ဆွဲနုတ်ဆက်ပါတယ်။ တောင်သာသားလေးလည်း ရိုကျိုးစွာနဲ့ ပြန်လည်နုတ်ဆက်လိုက်ပါတယ်။
ဆရာ။ တပည့်တို့ မင်္ဂလာပါတဲ့။ ဆရာပြောချင်တာက တပည့်တို့ဘယ် Programming ထဲကမှ parallel နဲ့ modelling ကို ဘာဟာ စိတ်ပိုစိတ်ဝင်စားကြသလဲလို့ မေးပါတယ်။
တပည့်များ။   တောင်သားသားလေးတို့ စဉ်းစားပါသေးတယ်။ နောက်ဆုံးတော့ အဖြေထွက်သွားတာပါပဲ။ တောင်သာသားလေးကတော့ parallel ကိုပိုစိတ်ဝင်စားတယ်လို့ ပြောလိုက်ပါတယ်။
ဆရာ။ တပည့်တို့ (၂)ခုစလုံးကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် သာမန် program ထက်တော့ မြင့်ပါတယ်။ အများကြီးလည်း သိဖို့လိုအပ်တယ်။ နောက်ထပ်(၂)လောက် လေ့လာရမယ်။ တပည့်တို့မှာလည်း ကူညီပေးမယ့်အကိုကြီးတွေရှိပါတယ်။ အချိန်နည်းနေတဲ့အတွက် ချက်ချင်းလုပ်ရပါတော့မယ်။ ရည်ရွယ်ချက်ကို ရောက်ဖို့ ကိုယ်တိုင်လေ့လာရမယ်။ ဆရာကတော့် တခါတလေ စိတ်ဆိုးတတ်တယ် (ဂါ့ ဂါ့ ဂါးးးးးးးးး) ဒါပေမယ့် ရှားပါတယ်။ တပည့်တို့ကိုယ်တိုင်ကမလုပ်ချင်လျှင် ဆရာလည်းဘာမှမတတ်နိုင်မှာ မဟုတ်ဘူး။ လိုချင်တဲ့ ရည်မှန်းချက်ကိုလည်း ရောက်မှာမဟုတ်ပါဘူး။ တပည့်တို့က အခုကတည်းက ကောင်းကောင်းလေ့လာရမယ်။ အငယ်ဖြစ်တဲ့အချိန်မှာ ကောင်းကောင်းလုပ်ရင် အကြီးဖြစ်လာတဲ့အချိန်မှာ အငယ်တွေကိုကောင်းကောင်းသင် နိုင်ပြောနိုင်တဲ့ အကိုကောင်းတစ်ယောက်ဖြစ်လိမ့်မယ်။ အားလုံးပဲ နုတ်ဆက်ပါတယ် တပည့်တို့။ တပည့်တို့ ရည်ရွယ်ချက်တွေ  အောင်မြင်ပါစေ။ ပေါက်မြောက်ပါစေ။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More