Friday 9 September 2011

သတင်းတွေ နဲ့မိတ်ဆက်ခြင်း



သတင်းတွေကို ဘယ်သူဖန်တီးသလဲ

နိဒါန်း
၁။       သတင်းတွေကို ဘယ်သူဖန်တီးသလဲဆိုတဲ့ ခေါင်းစဉ်ကို ရေးသားရာ၌ တောင်သာသားလေးတတ်သ လောက် (၉-၉-၂၀၁၁)နေ့တွင် သင်ကြားသော ရုရှားဘာသာစကားသင်ခန်းစာထဲတွင်ပါရှိသော သတင်းအကြောင်းကို   ရုရှားဘာသာမှ မြန်မာဘာသာသို့ အတတ်နိုင်ဆုံးပြန်ဆိုထားခြင်းဖြစ်ပါတယ်။
သတင်းတွေအစ
၂။       လူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ သတင်းတွေနဲ့သွားလာလှုပ်ရှားရပါတယ်။ အဲ့ဒီလူဟာ ကမ္ဘာ့ပါတ်ဝန်းကျင်ကနေ သတင်းတွေကို အဆက်မပြတ် လက်ခံရရှိတာပါ။ သူဟာ အစမှာတော့ သူ့ရဲ့မှတ်ဥာဏ်ထဲမှာ မှတ်ထားတယ်၊ တွေးတောဆင်ခြင်မှုတွေနဲ့ စိစစ်ခြင်းတွေလုပ်တယ်၊ ပြီးတော့ အခြားသူ တွေနဲ့ သတင်းတွေ လဲလှယ်ခြင်းတွေလုပ်ပါတော့တယ်။
သတင်းတွေ ဘယ်လိုဖြန့်မလဲ
၃။       လူ့အဖွဲ့အစည်းရဲ့သမိုင်းဆိုတာကတော့ စုစည်းခြင်းတွေ(communition)၊ ပြောင်းလဲခြင်းတွေ (exchange)၊ လက်ဆင့်ကမ်းခြင်းတွေ(give)နဲ့အတူ သတင်းတွေရဲ့သမိုင်းကို ဆိုလိုတာပါ။  သတင်းတွေကို ထိန်းသိမ်းတဲ့၊ စနစ်တကျစုစည်းတဲ့၊ လက်ဆင့်ကမ်းပေးတဲ့ ပရော်ဆက်ဆာ(processor)တွေကိုတော့ သတင်းတွေပေးတဲ့ ပရောဆက်ဆာ (information processor) တွေလို့ ခေါ်ရမှာပါ။
၎။       လူတစ်ယောက်နဲ့တစ်ယောက်ကြား သတင်းတွေဖလှယ်မှုမှာတော့ ထူးခြားမှုသွင်ပြင်အနေနဲ့ စာနဲ့ကတဆင့်၊ စကားပြောခြင်းကတဆင့် လဲလှယ်ကြတာပါ။ ဒီနေရာမှာ ပြောမယ်ဆိုရင် ဘာသာစကားဟာ လည်းနိုင်ငံတစ်နိုင်ငံကို ဘာသာစကားတစ်မျိုးဖြစ်တဲ့အတွက် သတင်းဖလှယ်သူတွေအနေနဲ့ အခက်အခဲရှိလာ ပြန်ပါတယ်။ နောက်ဆုံးတော့ ဘုံဘာသာစကားတစ်ခုထားဖို့ ဖြစ်လာတော့ အဆင်ပြေသွားပြန်ပါတယ်။
၅။       ထူးခြားတဲ့သတင်းတွေ၊ လူတွေစိတ်ဝင်စားတဲ့သတင်းတွေကျတော့ သတင်းဖလှယ်သူတွေက စာအုပ်တွေထဲမှာ၊ စက်ပစ္စည်းတွေအကူအညီနဲ့ သူတို့တွေထဲမှာ သိမ်းဆည်းနိုင်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် စက်ပစ္စည်းထုတ်လုပ်သူတွေကလည်း အရေးပါလာပြန်ပါတယ်။ သူတို့ကတော့ သတင်းတွေဖလှယ်ဖို့အတွက် ကွန်ပျူတာတွေ၊ ပရင်တာတွေ၊ စကမ်နာတွေ၊ မော်ဒန်းတွေ ကို တည်ထွင်လာပါတော့တယ်။ နည်းပညာသတင်းဖလှယ်မှုတွေပေးတဲ့ စက်တွေကို အဓိပါယ်ဖွင့်ရမယ်ဆိုရင် စက်ကိရိယာတွေရဲ့အကူအညီနွဲ့ သိမ်းပေးတဲ့၊ စိစစ်ပေးတဲ့၊ လက်ဆင့်ကမ်းပေးတဲ့သတင်းတွေကို ၀ှက်စာ(coding)ပေးဖို့အတွက် ကူညီပေးတဲ့ စက်ကိရိယာတွေကို ခေါ်တာပါ။
ဆက်ပါဦးမည်။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More