Friday 16 September 2011

မသိလို့သောက်မိပါတယ်ဗျာ

 တောင်သာသားလေးတစ်ယောက် မျိုချရမလား၊ ဆက်ပဲသောက်ရမလားမသိတော့ပါဘူး။ အကြံလေးပေးကြပါ အုံးဗျာ။ ပြောရမှာလည်း ရှက်တော့ရှက်ပါတယ်(ခက်တာက မျက်ခွက်ကိုက မရှက်တတ်တာဖြစ်နေလို့ပါ)။ ဖြစ်စဉ်က ဒီလိုဗျ။ တောင်သာသားလေး ကျောင်းစဖွင့်ကတည်းက ကိုယ်ရေးကိုယ်တာအလုပ်တွေကော၊ တခြားအလုပ်တွေကောပါ အိပ်ရေးပျက်လိုက်၊ အစားအသောက်ပျက်လိုက်နဲ့ လုပ်လိုက်ရတာပါ။ တောင်သာသားလေးက လူကအသားမဲမဲ၊ သွားကြဲကြဲ (ရုပ်တော်တော်ဆိုးဗျာ)၊ ဒါပေမယ့် လူကတော့ နုတယ်ဗျ။ အကြမ်းသိပ်မခံနိုင်ဘူးပေါ့ဗျာ။ တောင်သာသားလေး ကိုယ့်ကိုယ်ကို ခံစားနေရတာက လူကနုံးပြီး အားပြတ်နေသလို ခံစားနေရတယ်။ ပြီးတော့ အဆောင်မှာ တုတ်ကွေးလိုလို ချောင်းလေးတွေတဟပ်ဟပ်နဲ့ဆို တော့ ကူးမှာလည်းကြောက်တယ်ပေါ့။ အားတွေပြည့်နေရင် ရောဂါတွေကို အတော်အတန်ကာကွယ်နိုင်တယ်ဆို လို့ စိတ်ထဲမှာ အားသိပ်မရှိသလိုခံစားနေတာရယ်၊ ဗိုင်းရပ်တွေကိုလည်း ကာကွယ်ရာရောက်အောင် အားဆေးသောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခက်တာက ဒီနေရာမှာ ၀ယ်ဖို့ဆေးနာမည်မသိဘူးဖြစ်နေတာ။ သိမယ်ထင်တဲ့သူတစ်ယောက်ကို မေးကြည့်တော့ (ကွန်ပလက်ဘိ)လို့ ပြောတယ်။ တောင်သာသားလေးလည်း ဆေးဆိုင်ကို တစ်ယောက်တည်း သွားပြီး အဲ့ဒီဆေးပေးပါပေါ့။ ပြန်လာလာချင်းပဲ ဆရာမဆီကို နက်ကနေမေးလ်ပို့လိုက်တယ် (ဆေးမှားသောက်မိမှာဆိုးလို့ပါ)။ ဆရာဆီကို  တောင်သာသားလေး ဒီဆေးနာမည်နဲ့ ဆိုဒ်ကနေရှာထားတဲ့ ဆေးသုံးစွဲပုံ၊ ပါဝင်တဲ့ဓါတ်အဟာရတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ဒေါင်းပြီးတော့ မေးလ်ပို့ပေးလိုက်ပါတယ်။ ဆရာက ခဏနေတော့ မေးလ်ပြန်ဝင်လာပါတယ်။ သောက်လို့ရပါတယ်တဲ့။ တနေ့ကို(၂)ကြိမ် ထမင်းစားပြီးသောက်ပါတဲ့။ ဟုတ်ပြီပေါ့။ အဆင်ပြေသွားပြီပေါ့လို့ တွေးနေရင်းပဲရှိသေးတယ်။ နောက်ဆုံးစာကြောင်းက
 ဆရာမ။   ။ ငါ့တပည့် အဲ့ဒီဆေးက အားဆေးတော့ အားဆေးတဲ့။ ယောက်ျာတွေသုံးတဲ့ဆေးမဟုတ်ဘဲ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကလေးမွေးဖွားရလွယ်အောင် အထဲကကလေးဖွံ့ထွားအောင် သောက်တဲ့အားဆေးတဲ့။ အင်ခနဲ့---အာခနဲ့ ပါပဲ။ ဆက်သောက်ရမလား။ ဒီအတိုင်းပဲထားရမလားဗျာ( ဈေးကတော့ ကြီးတယ်ဗျ)

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More