Friday 30 September 2011

ကျွန်တော်တို့ပြောတဲ့ ကျွန်တော်တို့မိခင်အကြောင်း

လမ်းမှာပဲဖြစ်ဖြစ်၊ ကျောင်းမှာပဲဖြစ်ဖြစ် စစခင်တဲ့သူငယ်ချင်းမိတ်ဆွေတွေ၊ အသက်ကြီးတဲ့သူတွေ နဲ့ မိတ်ဆက်ရတဲ့အချိန်မှာ မင်းဘယ်နိုင်ငံကလည်းလို့ မေးပါတယ်။ အဲ့ဒီအချိန်မှာ တောင်သာသားလေးတို့
 ပြန်ဖြေပါတယ်။ တောင်သာလေးတို့က မြန်မာနိုင်ငံကပါ ပြန်ဖြေပါတယ်။ ပြန်ပြောပါတယ်။ ဒါပေမယ့်
(၁၀)ယောက်မိတ်ဆက်ရင် (၉)ယောက်က ကျွန်တော်တို့မိခင်နိုင်ငံကို မသိပါဘူး။ ဒါပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံကိုတော့ ပြောင်းပြန်ပါ။
(၁၀)ယောက်မိတ်ဆက်ရင် (၉)ယောက်လောက်သိပါတယ်။ တောင်သာလေးတို့ အရမ်းကို ၀မ်းနည်းရပါတယ်။ ကျွန်တော်ထင်ပါတယ်။ ဒီ vcd လေးဖန်တီးတဲ့ နောင်တော်တွေမှာလည်း ဒီလိုခံယူချက်တွေ ရှိနေမှာ သေချာပါတယ်။ မိခင်တစ်ယောက်အကြောင်းကို တခြားသူတွေ သိအောင် တတ်နိုင်တဲ့ ၀န်တွေထမ်းသွားခဲ့တာ မြေကြီးလက်ခက်မလွဲပါ။ ပြောပြလိုက်လို့ နိုင်ငံအမည်တောင် မသိဘူးလို့ (၁၀) ယောက်မှာ (၉)ယောက်ကပြောလာခဲ့ရင်
ပြောမပြတတ်အောင် ၀မ်းနည်းမိတာတော့အမှန်ပါ။ ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင် မထင်တဲ့ ပုံစံတွေနဲ့ပါ။ 
အဲ့ဒါကြောင့် တောင်သာသားလေးတို့ မျိုးဆက်သစ်တွေအနေနဲ့ ဆိုးတဲ့နာမည်တွေနဲ့ မဟုတ်ဘဲ ကောင်းတဲ့ နာမည်တွေနဲ့ ကမ္ဘာ ခေါင်းမော့ရင်ကော့ပြီး ကျွန်တော့်တို့နိုင်ငံက မြန်မာနိုင်ငံကပါလို့ နောင်လာမယ့် မျိုးဆက်
သစ်တွေ ဂုဏ်ယူဝင့်ကြွားစွာပြောလာခဲ့ရင် တိုင်းတပါးသားများ သိနိုင်အောင် ကျွန်တော်တို့မျိုးဆက်သစ်တွေကိုယ်တိုင် မိခင်တစ်ယောက်အတွက် အုပ်တစ်ချပ်သဲတပွင့် ကူညီနိုင်ပါစေလို့ ဆန္ဒပြုရင်း----။

0 comments:

Post a Comment

TIME AND TIDE WAIT FOR NO MEN

Share

Twitter Delicious Facebook Digg Stumbleupon Favorites More